iMyanmarHouse.com - Best Property Website for Myanmar
×

အရြယ္ေရာက္ၿပီးသား လူတစ္ဝက္ခန္႕ဟာ ရံဖန္ရံခါ ေဟာက္တတ္ႀကၿပီး အခ်ိဳ႕လူမ်ားကေတာ့ ပံုမွန္ကိုေဟာက္တတ္ႀကပါတယ္။ ေဟာက္တာက ညဖက္မွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္တာကို အေႏွာင့္အယွက္ျဖစ္ေစရံုသာမက အိမ္ေထာင္ရွင္မ်ားဆိုရင္ေတာ့ ေဘးနားမွာရွိေနတဲ့ ဇနီးသည္ကိုပါ စိတ္ရႈပ္စရာျဖစ္လာေစပါတယ္။

ေဟာက္တဲ့ျပႆနာက အမ်ိဳးသမီးမ်ားထက္ အမ်ိဳးသားမ်ားမွာ ပိုၿပီးအျဖစ္မ်ားၿပီး အသက္အရြယ္ရလာတာနဲ႕အမွ် ကိုယ္အေလးခ်ိန္တက္လာတာနဲ႕အမွ် ပိုၿပီးဆိုးရြားလာႏိုင္ပါတယ္။

ဒါေႀကာင့္ ဒီလိုစိတ္ရႈပ္စရာ အိပ္မက္ဆိုးေတြကေန ျမန္ျမန္လြတ္ေျမာက္ႏိုင္ေအာင္ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးေတြကို လိုက္နာက်င့္သံုးႀကည့္လိုက္ပါ။

အိပ္တဲ့ပံုစံေျပာင္းပါ

ပက္လက္လွန္အိပ္ျခင္းက လွ်ာကိုအေနာက္သို႕လိပ္သြားေစႏိုင္တာေႀကာင့္ အသက္ရွဴလမ္းေႀကာင္းကို ပိတ္ဆို႕သြားေစႏိုင္ၿပီး ေဟာက္တာကိုျဖစ္ေပၚေစပါတယ္။ ဒါေႀကာင့္ မေနတတ္ဘူးဆိုရင္ေတာင္ ေဘးတစ္ျခမ္းေစာင္းၿပီး အိပ္ႀကည့္ေပးပါ။ အစပိုင္းမွာေတာ့ မအိပ္တတ္ေသးရင္ တစ္ခုခု ခံၿပီးအိပ္ေပးပါ။

အရက္ေသစာေရွာင္ႀကဥ္ပါ

မူးယစ္ေသာက္စားျခင္းကလည္း ပံုမွန္အခ်ိန္မွာ မေဟာက္တတ္သူေတြကိုပါ ထိုအက်င့္ရလာေစႏိုင္ပါတယ္။ ဘီယာ၊ အရက္ေတြကို မႀကာခဏေသာက္သံုးျခင္းဟာ ႀကြက္သားေတြကို အလြန္ေျပေလ်ာ့သြားေစၿပီး ညအိပ္သည့္အခါ တုန္ခါျခင္းကို ျဖစ္ေပၚလာေစပါတယ္။ ညအိပ္ရာမဝင္ခင္ ၃ နာရီ ၄ နာရီအလိုေလာက္ကတည္းက အရက္ေတြမေသာက္ေတာ့ပါက အိပ္စက္မႈကိုအေထာက္အကူျပဳေစၿပီး ေဟာက္မွာလည္းမစိုးရိမ္ရေတာ့ပါဘူး။

အိပ္ေရးဝဝအိပ္ပါ

တစ္ေန႕လွ်င္ အနည္းဆံုး ၇ နာရီေလာက္ အိပ္ေရးလံုလံုေလာက္ေလာက္မရရွိပါက ရက္မ်ားဆက္လာသည့္အခါ ေဟာက္တဲ့ျပႆနာကို ပိုၿပီးဆိုးရြားလာေစႏိုင္ပါတယ္။ အလြန္အကၽြံပင္ပန္းႏြမ္းနယ္ျခင္းက ႀကြက္သားေတြကို အားေပ်ာ့လာေစကာ ညအိပ္သည့္အခါ ေဟာက္ျခင္းကိုျဖစ္ေပၚေစပါတယ္။

အိပ္ခန္းသန္႕ရွင္းေရးလုပ္ပါ

ဓာတ္မတည့္တာ၊ ဖုန္မႈန္႕မ်ားကလည္း ေဟာက္ျခင္းကို ျဖစ္ေပၚေစတဲ့ အေႀကာင္းအရင္းမ်ားထဲမွ တစ္ခုအပါအဝင္ပါပဲ။ ကိုယ့္ရဲ႕အိပ္ခန္းကို မႀကာခဏ ဖုန္သန္႕ရွင္းၿပီး မ်က္ႏွာႀကက္မွာပန္ကာတပ္ထားပါက တပါတည္းသန္႕ရွင္းေရးလုပ္ပါ။ အိပ္ရာခင္းမ်ားကိုလည္း မွန္မွန္ေလွ်ာ္ဖြပ္ၿပီး ကန္႕လန္႕ကာမ်ားကိုလည္း ဖုန္ခါပါ။ အကယ္လို႕ သင္ဟာ ညအိပ္တဲ့အခါ ေဟာက္တတ္ပါက အိမ္ေမြးတိရစာၦန္ေလးမ်ားကို အိပ္ရာေပၚေခၚမသိပ္ပါနဲ႕။

ေရမ်ားမ်ားေသာက္ပါ

အာေျခာက္သည့္အခါ ႏွာေခါင္းနဲ႕လည္ပင္းတို႕လည္း ေျခာက္ေသြ႕လာပါတယ္။ ထိုမွတဆင့္ အက်ိအခၽြဲမ်ားျဖစ္ေပၚလာၿပီး ယားယံျခင္း၊ ေရာင္ရမ္းျခင္းတို႕ျဖစ္ေပၚလာပါတယ္။ ဒါ့ေႀကာင့္ ေရမ်ားမ်ားေသာက္ေပးပါက ေဟာက္တာကိုသက္သာေစႏိုင္မွာပါ။

ေဆးလိပ္မေသာက္ပါနဲ႕

ေဆးလိပ္ေသာက္ျခင္းက ႏွာေခါင္းနဲ႕လည္ပင္းရွိ အေျမွးေလးေတြကို ယားယံေစ၊ ေရာင္ရမ္းေစၿပီး အသက္ရွဴလမ္းေႀကာင္း ပိတ္ဆို႕ျခင္းကို ျဖစ္ေပၚေစပါတယ္။ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ျခင္းႏွင့္အတူ ေဆးလိပ္ျဖတ္လိုက္ပါက ေဟာက္တာသာမကပဲ အျခားေသာအက်ိဳးေက်းဇူးေတြကိုပါ ရရွိႏိုင္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Myhealthymyanmar

#Unicode Version#
အရွယ်ရောက်ပြီးသား လူတစ်ဝက်ခန့်ဟာ ရံဖန်ရံခါ ဟောက်တတ်ကြပြီး အချို့လူများကတော့ ပုံမှန်ကိုဟောက်တတ်ကြပါတယ်။ ဟောက်တာက ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်တာကို အနှောင့်အယှက်ဖြစ်စေရုံသာမက အိမ်ထောင်ရှင်များဆိုရင်တော့ ဘေးနားမှာရှိနေတဲ့ ဇနီးသည်ကိုပါ စိတ်ရှုပ်စရာဖြစ်လာစေပါတယ်။

ဟောက်တဲ့ပြဿနာက အမျိုးသမီးများထက် အမျိုးသားများမှာ ပိုပြီးအဖြစ်များပြီး အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်အလေးချိန်တက်လာတာနဲ့အမျှ ပိုပြီးဆိုးရွားလာနိုင်ပါတယ်။

ဒါကြောင့် ဒီလိုစိတ်ရှုပ်စရာ အိပ်မက်ဆိုးတွေကနေ မြန်မြန်လွတ်မြောက်နိုင်အောင် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးကြည့်လိုက်ပါ။

အိပ်တဲ့ပုံစံပြောင်းပါ

ပက်လက်လှန်အိပ်ခြင်းက လျှာကိုအနောက်သို့လိပ်သွားစေနိုင်တာကြောင့် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သွားစေနိုင်ပြီး ဟောက်တာကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မနေတတ်ဘူးဆိုရင်တောင် ဘေးတစ်ခြမ်းစောင်းပြီး အိပ်ကြည့်ပေးပါ။ အစပိုင်းမှာတော့ မအိပ်တတ်သေးရင် တစ်ခုခု ခံပြီးအိပ်ပေးပါ။

အရက်သေစာရှောင်ကြဉ်ပါ

မူးယစ်သောက်စားခြင်းကလည်း ပုံမှန်အချိန်မှာ မဟောက်တတ်သူတွေကိုပါ ထိုအကျင့်ရလာစေနိုင်ပါတယ်။ ဘီယာ၊ အရက်တွေကို မကြာခဏသောက်သုံးခြင်းဟာ ကြွက်သားတွေကို အလွန်ပြေလျော့သွားစေပြီး ညအိပ်သည့်အခါ တုန်ခါခြင်းကို ဖြစ်ပေါ်လာစေပါတယ်။ ညအိပ်ရာမဝင်ခင် ၃ နာရီ ၄ နာရီအလိုလောက်ကတည်းက အရက်တွေမသောက်တော့ပါက အိပ်စက်မှုကိုအထောက်အကူပြုစေပြီး ဟောက်မှာလည်းမစိုးရိမ်ရတော့ပါဘူး။

အိပ်ရေးဝဝအိပ်ပါ

တစ်နေ့လျှင် အနည်းဆုံး ၇ နာရီလောက် အိပ်ရေးလုံလုံလောက်လောက်မရရှိပါက ရက်များဆက်လာသည့်အခါ ဟောက်တဲ့ပြဿနာကို ပိုပြီးဆိုးရွားလာစေနိုင်ပါတယ်။ အလွန်အကျွံပင်ပန်းနွမ်းနယ်ခြင်းက ကြွက်သားတွေကို အားပျော့လာစေကာ ညအိပ်သည့်အခါ ဟောက်ခြင်းကိုဖြစ်ပေါ်စေပါတယ်။

အိပ်ခန်းသန့်ရှင်းရေးလုပ်ပါ

ဓာတ်မတည့်တာ၊ ဖုန်မှုန့်များကလည်း ဟောက်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းများထဲမှ တစ်ခုအပါအဝင်ပါပဲ။ ကိုယ့်ရဲ့အိပ်ခန်းကို မကြာခဏ ဖုန်သန့်ရှင်းပြီး မျက်နှာကြက်မှာပန်ကာတပ်ထားပါက တပါတည်းသန့်ရှင်းရေးလုပ်ပါ။ အိပ်ရာခင်းများကိုလည်း မှန်မှန်လျှော်ဖွပ်ပြီး ကန့်လန့်ကာများကိုလည်း ဖုန်ခါပါ။ အကယ်လို့ သင်ဟာ ညအိပ်တဲ့အခါ ဟောက်တတ်ပါက အိမ်မွေးတိရစ္ဆာန်လေးများကို အိပ်ရာပေါ်ခေါ်မသိပ်ပါနဲ့။

ရေများများသောက်ပါ

အာခြောက်သည့်အခါ နှာခေါင်းနဲ့လည်ပင်းတို့လည်း ခြောက်သွေ့လာပါတယ်။ ထိုမှတဆင့် အကျိအချွဲများဖြစ်ပေါ်လာပြီး ယားယံခြင်း၊ ရောင်ရမ်းခြင်းတို့ဖြစ်ပေါ်လာပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပေးပါက ဟောက်တာကိုသက်သာစေနိုင်မှာပါ။

ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်ခြင်းက နှာခေါင်းနဲ့လည်ပင်းရှိ အမြှေးလေးတွေကို ယားယံစေ၊ ရောင်ရမ်းစေပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်အလေးချိန်လျော့ချခြင်းနှင့်အတူ ဆေးလိပ်ဖြတ်လိုက်ပါက ဟောက်တာသာမကပဲ အခြားသောအကျိုးကျေးဇူးတွေကိုပါ ရရှိနိုင်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Myhealthymyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top