iMyanmarHouse.com - Best Property Website for Myanmar
×

ျပည္​တြင္​းမွ ဒန္​႔သလြန္​သီးကုိ ျပည္​ပႏိုင္​ငံမ်ားမွ ဝယ္​ယူရန္​ကမ္​းလွမ္​းမႈမ်ား ရွိေန​ေၾကာင္​း ျမန္​မာႏိုင္​ငံ ဒန္​႔သလြန္​သီးႏွင္​့ ရဲယုိစိုက္​ပ်ိဳးထုတ္​လုပ္​တင္​ပို႔​ေရာင္​းခ်သူမ်ား အစုအဖြဲ႕(ယာယီ)မွ သတင္းရရွိသည္။

လက္ရွိတြင္ ဒန္​႔သလြန္​သီးကုိ ျပည္​ပႏိုင္​ငံမ်ားမွ ဓာတ္​ဆာအျဖစ္​အသုံးျပဳရန္​အတြက္​ ကမ္​းလွမ္​းလာျခင္​းျဖစ္​​ေၾကာင္​းႏွင္​့ ကမ္​းလွမ္​းသည္​့ ႏိုင္​ငံမ်ားမွာ ဂ်ပန္​၊ တရုတ္​(တုိင္​​ေပ)၊ အ​ေမရိကန္​ႏိုင္​ငံတို႔ျဖစ္​​ေၾကာင္​း ျမန္​မာႏိုင္​ငံ ဒန္​႔သလြန္​သီးႏွင္​့ ရဲယုိ စိုက္​ပ်ိဳးထုတ္​လုပ္​တင္​ပို႔​ေရာင္​းခ်သူမ်ား အစုအဖြဲ႕(ယာယီ) ၏ ဥကၠဌ ဦးျမင္​့ကုိက ေျပာ သည္​။

” ဒန္​႔သလြန္​သီးနဲ႔ ပတ္​သက္​ၿပီး ဝယ္​ယူတာမ်ိဳးလည္း လုပ္​မယ္​။ နည္​းပညာနဲ႔ ပ်ိဳးပင္​​ေတြကအစ ကူညီ​ေပးဖို႔ ကမ္​းလွမ္​း ထားၾကတယ္​။ သူတို႔ဘက္​က ကမ္​းလွမ္​းခ်က္​အတိုင္​း ျပည္​တြင္​းမွာ မရႏိုင္​​ေသးဘူး။ ထပ္​စိုက္​ဖို႔လုိ​ေသးတယ္​” ဟု  ဦးျမင့္ကုိက ေျပာသည္​။

လက္​ရွိ ျပည္​တြင္​း​ေစ်းကြက္​တြင္​ ဒန္​႔သလြန္​သီး အမႈန္​႔ တစ္​ကီလိုလွ်င္​ ၆၀,၀၀၀ က်ပ္​၊ အ​ေစ့ ၁၀ မီလီဂရမ္​လွ်င္​ ၅,၀၀၀ က်ပ္​ခန္႔ေစ်းရွိ​ေနၿပီး ဒန္​႔သလြန္​သီးမွာ ​ေနရာမ​ေ႐ြး စိုက္​ပ်ိဳးႏိုင္​​ကာ  လက္​ရိွတြင္ ဒန္​႔သလြန္​သီးကို မ​ေကြးတိုင္​းေဒသႀကီးႏွင္​့ စစ္​ကိုင္​းတိုင္​းေဒသႀကီးတို႔ဘက္​တြင္ အမ်ားဆုံးရရွိ​ေန​ေၾကာင္​း သိရသည္​။

လတ္​တ​ေလာတြင္​  ဒန္​႔သလြန္​သီးကုိ တရုတ္​ႏွင္​့ ကုိရီယားႏုိင္​ငံမ်ားသို႔ တင္​ပို႔​ေရာင္​းခ်​ေန​ၿပီး၊ ျပည္​တြင္​း၌ ဒန္​႔သလြန္​သီး ထြက္​ရွိသည့္ ပမာဏတိုးပြားလာပါက အျခားျပည္​ပႏိုင္​ငံမ်ားသုိ႔လည္း တိုးခ်ဲ႕တင္​ပို႔သြားမည္​ျဖစ္​​ေၾကာင္​း သိရသည္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: AMIA

#Unicode Version# ျဖင့္ဖတ္ပါ ။

ပြည်တွင်းမှ ဒန့်သလွန်သီးကို ပြည်ပနိုင်ငံများမှ ဝယ်ယူရန်ကမ်းလှမ်းမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ ဒန့်သလွန်သီးနှင့် ရဲယိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့(ယာယီ)မှ သတင်းရရှိသည်။

လက်ရှိတွင် ဒန့်သလွန်သီးကို ပြည်ပနိုင်ငံများမှ ဓာတ်ဆာအဖြစ်အသုံးပြုရန်အတွက် ကမ်းလှမ်းလာခြင်းဖြစ်ကြောင်းနှင့် ကမ်းလှမ်းသည့် နိုင်ငံများမှာ ဂျပန်၊ တရုတ်(တိုင်ပေ)၊ အမေရိကန်နိုင်ငံတို့ဖြစ်ကြောင်း မြန်မာနိုင်ငံ ဒန့်သလွန်သီးနှင့် ရဲယို စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့(ယာယီ) ၏ ဥက္ကဌ ဦးမြင့်ကိုက ပြော သည်။

” ဒန့်သလွန်သီးနဲ့ ပတ်သက်ပြီး ဝယ်ယူတာမျိုးလည်း လုပ်မယ်။ နည်းပညာနဲ့ ပျိုးပင်တွေကအစ ကူညီပေးဖို့ ကမ်းလှမ်း ထားကြတယ်။ သူတို့ဘက်က ကမ်းလှမ်းချက်အတိုင်း ပြည်တွင်းမှာ မရနိုင်သေးဘူး။ ထပ်စိုက်ဖို့လိုသေးတယ်” ဟု  ဦးမြင့်ကိုက ပြောသည်။

လက်ရှိ ပြည်တွင်းဈေးကွက်တွင် ဒန့်သလွန်သီး အမှုန့် တစ်ကီလိုလျှင် ၆၀,၀၀၀ ကျပ်၊ အစေ့ ၁၀ မီလီဂရမ်လျှင် ၅,၀၀၀ ကျပ်ခန့်ဈေးရှိနေပြီး ဒန့်သလွန်သီးမှာ နေရာမရွေး စိုက်ပျိုးနိုင်ကာ  လက်ရှိတွင် ဒန့်သလွန်သီးကို မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ဘက်တွင် အများဆုံးရရှိနေကြောင်း သိရသည်။

လတ်တလောတွင်  ဒန့်သလွန်သီးကို တရုတ်နှင့် ကိုရီယားနိုင်ငံများသို့ တင်ပို့ရောင်းချနေပြီး၊ ပြည်တွင်း၌ ဒန့်သလွန်သီး ထွက်ရှိသည့် ပမာဏတိုးပွားလာပါက အခြားပြည်ပနိုင်ငံများသို့လည်း တိုးချဲ့တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: AMIA
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top