iMyanmarHouse.com - Best Property Website for Myanmar
×


 ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခားသို႔ ေကာ္ဖီတင္ပို႔မႈသည္ ယခင္ႏွစ္ေတြထက္ ၂ ဆ၊ ၃ ဆ တိုးတက္ လာေၾကာင္း ျမန္မာႏိုင္ငံေကာ္ဖီအသင္း (ရန္ကုန္အစုအဖြဲ႕ )၏ ဥကၠ႒ ဦးေမာင္ေမာင္မင္း ဇင္က ေျပာသည္။

“တိုးတက္လာတာ ကိန္းဂဏန္းေတာ့ ေသခ်ာမမွတ္မိဘူး။ ဒါေပမယ့္ တိုးတက္မႈအရ ေျပာရမယ္ဆိုရင္ အမ်ားႀကီး တိုးတက္လာတယ္လို႔ ေျပာလို႔ရတယ္။ အရင္၊ အရင္ႏွစ္ေတြတုန္းကထက္ဆိုရင္ ၂ ဆနီးပါး၊ ၃ ဆ နီးပါး တိုးတက္လာတယ္။

ဟိုးအရင္တုန္းကဆိုရင္ ေကာ္ဖီကို တင္ပို႔တယ္ဆိုတာ ေစ်းႏႈန္းေကာင္းေကာင္း မရဘူး။ အခုၾကေတာ့ ေစ်းႏႈန္းကို ႏိုင္ငံတကာတန္းတူ ရတယ္။ တစ္ခ်ိဳ႕ေကာ္ဖီေတြဆိုရင္ ႏိုင္ငံ တကာထက္ပိုၿပီး ရတာေတြ ရွိတယ္” ဟု ၄င္းက ဆိုသည္။

မတ္လ ၁၄ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ ေတာင္ဥကၠလာပၿမိဳ႕နယ္ ဉာဏ္ႀကီးရွင္ရွမ္းေတာင္ျမင့္ ေကာ္ဖီလုပ္ငန္း ႐ုံးခ်ဳပ္တြင္ ျပဳလုပ္ခဲ့ေသာ ျမန္မာႏိုင္ငံတြင္ ပထမဆုံးအႀကိမ္ျပည္သူမ်ားပါ ပါဝင္ႏိုင္သည့္ ေကာ္ဖီအရည္အေသြး အကဲျဖတ္ပြဲတြင္ ေျပာခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၏ ေကာ္ဖီစိုက္ပ်ိဳးမႈထုတ္လုပ္မႈအေျခအေနသည္ အေျခအေနေကာင္း ျဖစ္လာၿပီး ရလဒ္ေကာင္းမ်ား ရရွိလာၿပီျဖစ္ေၾကာင္း ဉာဏ္ႀကီးရွင္ ရွမ္းေတာင္ျမင့္ေကာ္ဖီလုပ္ငန္း ဒါ႐ိုက္ တာ ဦးေငြထြန္းက ေျပာသည္။

  “ကြၽန္ေတာ္တို႔က ေကာ္ဖီစိုက္ပ်ိဳးထုတ္လုပ္မႈႏွင့္ ပတ္သက္လို႔ ျမန္မာႏိုင္ငံသည္ အရမ္းကို အေျခအေန ေကာင္း ျဖစ္လာပါၿပီဆိုတာ ျပခ်င္လို႔လည္း ကြၽန္ေတာ္တို႔ ဒီပြဲေလး လုပ္ျဖစ္တာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ အမွတ္ ၉ဝ ေက်ာ္ ရဖူးတဲ့ ေကာ္ဖီတစ္ခါမွ မထြက္ဖူးပါဘူး” ဟု ၄င္းက ေျပာသည္။

ေကာ္ဖီအရည္အေသြးအကဲျဖတ္ပြဲတြင္ ရွမ္းျပည္နယ္၊ ႐ြာငံၿမိဳ႕နယ္မွထြက္ရွိသည့္ ေကာ္ဖီေစ့နမူနာ ၅ မ်ိဳးကို စင္ကာပူႏွင့္ ေဟာင္ေကာင္တို႔မွ အကဲျဖတ္အဖြဲ႕ဝင္မ်ား၊ ျမန္မာႏိုင္ငံမွ ေကာ္ဖီျမည္းစမ္းမႈ ကြၽမ္းက်င္သူမ်ားက အကဲျဖတ္ခဲ့ၾကသည္။



ယေန႔ အကဲျဖတ္ပြဲတြင္ Geisha၊ Pink Bourborn၊ Yellow Cattura၊ Red Cataui ႏွင့္ Saramon စသည့္ ေကာ္ဖီ ၅ မ်ိဳးကို အကဲျဖတ္ ခဲ့ၿပီး Geisha မ်ိဳးသည္ အမွတ္ ၉ဝ ေက်ာ္ ရရွိကာ အထူးတန္းဝင္ေကာ္ဖီအျဖစ္ သတ္မွတ္ခံခဲ့ရျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံမွထြက္ရွိေသာ ေကာ္ဖီမ်ားသည္ ေကာ္ဖီအဆင့္သတ္မွတ္ခ်က္ အမွတ္ ၈ဝ ႏွင့္အထက္တြင္ ရွိၿပီး အေမရိကန္၊ ကေနဒါ၊ ဂ်ပန္ႏိုင္ငံသို႔ အဓိကတင္ပို႔ေနၿပီး လက္ရွိတြင္ ႏိုင္ငံျခားတင္ပို႔မႈလည္း တိုးတက္ေနလွ်က္ ရွိေၾကာင္း ျမန္မာႏိုင္ငံေကာ္ဖီအသင္းမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


 မြန်မာနိုင်ငံ၏ နိုင်ငံခြားသို့ ကော်ဖီတင်ပို့မှုသည် ယခင်နှစ်တွေထက် ၂ ဆ၊ ၃ ဆ တိုးတက် လာကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း (ရန်ကုန်အစုအဖွဲ့ )၏ ဥက္ကဋ္ဌ ဦးမောင်မောင်မင်း ဇင်က ပြောသည်။

“တိုးတက်လာတာ ကိန်းဂဏန်းတော့ သေချာမမှတ်မိဘူး။ ဒါပေမယ့် တိုးတက်မှုအရ ပြောရမယ်ဆိုရင် အများကြီး တိုးတက်လာတယ်လို့ ပြောလို့ရတယ်။ အရင်၊ အရင်နှစ်တွေတုန်းကထက်ဆိုရင် ၂ ဆနီးပါး၊ ၃ ဆ နီးပါး တိုးတက်လာတယ်။

ဟိုးအရင်တုန်းကဆိုရင် ကော်ဖီကို တင်ပို့တယ်ဆိုတာ ဈေးနှုန်းကောင်းကောင်း မရဘူး။ အခုကြတော့ ဈေးနှုန်းကို နိုင်ငံတကာတန်းတူ ရတယ်။ တစ်ချို့ကော်ဖီတွေဆိုရင် နိုင်ငံ တကာထက်ပိုပြီး ရတာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။

မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ဉာဏ်ကြီးရှင်ရှမ်းတောင်မြင့် ကော်ဖီလုပ်ငန်း ရုံးချုပ်တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြည်သူများပါ ပါဝင်နိုင်သည့် ကော်ဖီအရည်အသွေး အကဲဖြတ်ပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုထုတ်လုပ်မှုအခြေအနေသည် အခြေအနေကောင်း ဖြစ်လာပြီး ရလဒ်ကောင်းများ ရရှိလာပြီဖြစ်ကြောင်း ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီလုပ်ငန်း ဒါရိုက် တာ ဦးငွေထွန်းက ပြောသည်။

  “ကျွန်တော်တို့က ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်လို့ မြန်မာနိုင်ငံသည် အရမ်းကို အခြေအနေ ကောင်း ဖြစ်လာပါပြီဆိုတာ ပြချင်လို့လည်း ကျွန်တော်တို့ ဒီပွဲလေး လုပ်ဖြစ်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အမှတ် ၉ဝ ကျော် ရဖူးတဲ့ ကော်ဖီတစ်ခါမှ မထွက်ဖူးပါဘူး” ဟု ၎င်းက ပြောသည်။

ကော်ဖီအရည်အသွေးအကဲဖြတ်ပွဲတွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်မှထွက်ရှိသည့် ကော်ဖီစေ့နမူနာ ၅ မျိုးကို စင်ကာပူနှင့် ဟောင်ကောင်တို့မှ အကဲဖြတ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမှ ကော်ဖီမြည်းစမ်းမှု ကျွမ်းကျင်သူများက အကဲဖြတ်ခဲ့ကြသည်။

ယနေ့ အကဲဖြတ်ပွဲတွင် Geisha၊ Pink Bourborn၊ Yellow Cattura၊ Red Cataui နှင့် Saramon စသည့် ကော်ဖီ ၅ မျိုးကို အကဲဖြတ် ခဲ့ပြီး Geisha မျိုးသည် အမှတ် ၉ဝ ကျော် ရရှိကာ အထူးတန်းဝင်ကော်ဖီအဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှထွက်ရှိသော ကော်ဖီများသည် ကော်ဖီအဆင့်သတ်မှတ်ချက် အမှတ် ၈ဝ နှင့်အထက်တွင် ရှိပြီး အမေရိကန်၊ ကနေဒါ၊ ဂျပန်နိုင်ငံသို့ အဓိကတင်ပို့နေပြီး လက်ရှိတွင် နိုင်ငံခြားတင်ပို့မှုလည်း တိုးတက်နေလျှက် ရှိကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top