ရန်ကင်းရှိ ဇူလိုင်လတွင်အခန်းအပ်မည့် Skysuites ကွန်ဒိုအရောင်းပြပွဲ
×











Credit:tameelay
# Unicode Version # ဖြင့် ဖတ်ပါ #


မိန်းမတစ်ယောက်ကို ကြည့်ပြီး အပျိုစစ်တယ် မစစ်ဘူး ပြောဆိုရင်း တန်ဖိုးဖြတ် တတ်တဲ့သူဟာ သူများ သားပျို သမီးပျိုကို ဖျက်ဆီးဘူးတဲ့ လူတစ်ယောက် ဖြစ်ပါ လိမ့်မယ်

မိန်းမတစ်ယောက်ကို ကြည့်ပြီး ချမ်းသာလား မချမ်းသာဘူးလား ဆိုတဲ့စိတ်နဲ့ ငွေကြေးပေါ် မူတည်ပြီး တန်ဖိုးဖြတ်တတ်တဲ့ သူဟာ မိန်းမတွေဆီက ကပ် စားဘူးတဲ့ လူတစ်ယောက် ဖြစ်ပါလိမ့်မယ်

မိန်းမတယောက်ကိုကြည့်ပြီး ဆရာဝန်လား အင်ဂျင်နီယာလား ဘာလား ဘွဲ့ တစ်ခုကို ကြည့်ပြီး တန်ဖိုးဖြတ်တတ်တဲ့သူဟာ မိန်းမအရှိန်နဲ့ ပတ်ဝန်းကျင်ကြား မာန်တက်ချင်တဲ့ လူတစ်ယောက် ဖြစ်ပါလိမ့်မယ်

မိန်းမတယောက် အားနည်းချက်ကို ကြည့်ပြီး ငါပြောရင်ရမယ် ဆိုတဲ့စိတ်နဲ့ ထင်ရာ စော်ကား ပြောဆိုတတ် တန်ဖိုးဖြတ်တတ်တဲ့သူဟာ တွေ့ရာ မိန်းမ လက်တည့်စမ်းတတ်တဲ့လူတစ်ယောက် ဖြစ်ပါလိမ့်မယ်

မိန်းမတစ်ယောက်တည်း ရပ်တည်နေတာဘဲ အားကိုးမရှိဘူး နာမည်ဖျက်ပြမယ် သိက္ခာချပြမယ် ဆိုတဲ့စိတ်ဓာတ်ရှိသူဟာ သတ္တိရှိတာ မဟုတ်ပါဘူး ယုတ် မာခြင်းသာ ဖြစ်ပါလိမ့်မယ်

စိတ်ဓာတ်မြင့်မြတ်ပြီး အမေ နှစ်မခြင်း ကိုယ်ချင်းစာနာတတ်သူဟာ မိန်းမ တယောက်ကို ကြည့်ပြီး စိတ်ထင်ရာ ပြစ်တင်ခြင်း ဝေဖန်ခြင်း ပြောဆိုခြင်း ကဲ့ရဲ့ခြင်း မရှိကြပါဘူး ( အထူးလေးစားစရာ ကောင်းတဲ့ လူမျိုးတွေပေါ့ )

မိန်းမတယောက်ကိုကြည့်ပြီး ပြစ်တင် ဝေဖန် စော်ကားတတ်ခြင်းနဲ့ ယဉ်ကျေးမှု မဲ့စွာ လုပ်တတ်တဲ့ အပြုအမူတိုင်းဟာ ထိုလူတစ်ယောက်ရဲ့ စိတ်ဓာတ်ပါဘဲ ( ခင်မင်စွာ စခြင်း နောက်ခြင်းများအား မဆိုလိုပါ )

အဆင့်အတန်း ဆိုတာ ငွေကြေး ရာထူး ရုပ်ရည် ပညာရှိခြင်းကို ပြောတာ မဟုတ် ပါဘူး စိတ်ဓာတ်ကို ခေါ်ဆိုတာပါ။ စိတ်ဓာတ်မြင့်ရင် အဆင့်အတန်းမြင့်မယ်
စိတ်ဓာတ်နိမ့်ရင်တော့ ဘယ်လိုလူမျိုးဖြစ်နေပါစေ အဆင့်အတန်းသည်လည်း ..,

မည်သူ့ကိုမှမရည်ရွယ်ပါ

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top