ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


ေပ ႏွစ္ေထာင္ေက်ာ္အရွည္ရွိသည့္ ေျမာင္းျမတံတား တည္ေဆာက္မႈ ၉၂ ရာ ခုိင္ႏႈန္း ၿပီးစီးၿပီျဖစ္သည့္ ေျမာင္း ျမတံတားကုိ သတ္မွတ္ရက္အ တြင္းဖြင့္လွစ္မည္ျဖစ္ေၾကာင္း အ ဆုိပါ တံတားတည္ေဆာက္ေနေသာ တံတားဦးစီးဌာန တည္ေဆာက္ေရးအဖြဲ႕(၁) ၫႊန္ၾကားေရးမွဴး(ၿမိဳ႕ျပ)ဦးမ်ိဳး၀င္းက ေျပာသည္။

အဆုိပါတံတားကုိ ၂၀၁၇ ေမလက စတင္တည္ေဆာက္ၿပီး ဧၿပီ ၁ ရက္တြင္ အမ်ားျပည္သူ စတင္အသုံးျပဳႏုိင္မည္ျဖစ္ေၾကာင္း ၎က ရွင္းျပသည္။

‘‘ျပည္သူေတြ အသုံးမျပဳခင္ တံတားရဲ႕ခံႏုိင္၀န္ကုိ ဒီလ ၂၄ ရက္ေန႔မွာ စမ္းသပ္ပါမယ္။ အဲဒီ ေန႔ကေတာ့ တံတားတည္ေဆာက္ မႈ ၁၀၀ ရာခုိင္ႏႈန္းၿပီးစီးၿပီလုိ႔သတ္ မွတ္ရမွာျဖစ္ပါတယ္’’ ဟု ဦးမ်ိဳး ၀င္းက ေျပာသည္။

အဆုိပါတံတားကုိ ေဆာက္ လုပ္ေရး၀န္ႀကီးဌာန တံတားအ ထူးအဖြဲ႕(၁)၊ လမ္းအထူးအဖြဲ႕ (၂၁)ႏွင့္ ဂ်ပန္ႏုိင္ငံ JFE ကုမၸဏီ တို႔ ပူးေပါင္းတည္ေဆာက္ေနျခင္းျဖစ္သည္။ ၂၀၁၈ ဧၿပီ ၁ ရက္တြင္ ေျမာင္းျမႀကိဳးတံတား က်ိဳးပ်က္က်ခဲ့သျဖင့္ မူလပုံစံအစား ဒီဇုိင္းသစ္ေရးဆြဲကာ တစ္ႏွစ္အတြင္းအၿပီးတည္ေဆာက္ျခင္း ျဖစ္သည္။

တံတားၿပီးစီးပါက တံတား ေပၚမွ ကုန္တင္ေဆာင္ထားသည့္ ယာဥ္တစ္စီးခ်င္း ၇၅ တန္အထိ ျဖတ္သန္းသြားႏုိင္ေသာ္လည္း လမ္းဦးစီးဌာန သတ္မွတ္ခ်က္အရတန္ ၆၀ အထိသာခြင့္ျပဳ မည္ဟု၎ကဆုိသည္။

 ေပႏွစ္ေထာင္ေက်ာ္ ရွိသည့္ အဆုိပါတံတားသည္ ေရြး ျမစ္ကုိျဖတ္၍ ေျမာင္းျမၿမိဳ႕ႏွင့္ တစ္ဖက္ကမ္းရွိ ကြယ္လြယ္ေက်း ရြာသုိ႔ ဆက္သြယ္ေပးထားၿပီး တည္ေဆာက္မႈအတြက္ က်ပ္ ၂,၅၂၅ သန္းခန္႔ ကုန္က်မည္ဟုတံတားတည္ေဆာက္ေရး အဖြဲ႕က ခန္႔မွန္းထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version # ျဖင့္ ဖတ္ပါ #


ပေ နှစ်ထောင်ကျော်အရှည်ရှိသည့် မြောင်းမြတံတား တည်ဆောက်မှု ၉၂ ရာ ခိုင်နှုန်း ပြီးစီးပြီဖြစ်သည့် မြောင်း မြတံတားကို သတ်မှတ်ရက်အ တွင်းဖွင့်လှစ်မည်ဖြစ်ကြောင်း အ ဆိုပါ တံတားတည်ဆောက်နေသော တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၁) ညွှန်ကြားရေးမှူး(မြို့ပြ)ဦးမျိုးဝင်းက ပြောသည်။

အဆိုပါတံတားကို ၂၀၁၇ မေလက စတင်တည်ဆောက်ပြီး ဧပြီ ၁ ရက်တွင် အများပြည်သူ စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

‘‘ပြည်သူတွေ အသုံးမပြုခင် တံတားရဲ့ခံနိုင်ဝန်ကို ဒီလ ၂၄ ရက်နေ့မှာ စမ်းသပ်ပါမယ်။ အဲဒီ နေ့ကတော့ တံတားတည်ဆောက် မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီလို့သတ် မှတ်ရမှာဖြစ်ပါတယ်’’ ဟု ဦးမျိုး ဝင်းက ပြောသည်။

အဆိုပါတံတားကို ဆောက် လုပ်ရေးဝန်ကြီးဌာန တံတားအ ထူးအဖွဲ့(၁)၊ လမ်းအထူးအဖွဲ့ (၂၁)နှင့် ဂျပန်နိုင်ငံ JFE ကုမ္ပဏီ တို့ ပူးပေါင်းတည်ဆောက်နေခြင်းဖြစ်သည်။ ၂၀၁၈ ဧပြီ ၁ ရက်တွင် မြောင်းမြကြိုးတံတား ကျိုးပျက်ကျခဲ့သဖြင့် မူလပုံစံအစား ဒီဇိုင်းသစ်ရေးဆွဲကာ တစ်နှစ်အတွင်းအပြီးတည်ဆောက်ခြင်း ဖြစ်သည်။

တံတားပြီးစီးပါက တံတား ပေါ်မှ ကုန်တင်ဆောင်ထားသည့် ယာဉ်တစ်စီးချင်း ၇၅ တန်အထိ ဖြတ်သန်းသွားနိုင်သော်လည်း လမ်းဦးစီးဌာန သတ်မှတ်ချက်အရတန် ၆၀ အထိသာခွင့်ပြု မည်ဟု၎င်းကဆိုသည်။

 ပေနှစ်ထောင်ကျော် ရှိသည့် အဆိုပါတံတားသည် ရွေး မြစ်ကိုဖြတ်၍ မြောင်းမြမြို့နှင့် တစ်ဖက်ကမ်းရှိ ကွယ်လွယ်ကျေး ရွာသို့ ဆက်သွယ်ပေးထားပြီး တည်ဆောက်မှုအတွက် ကျပ် ၂,၅၂၅ သန်းခန့် ကုန်ကျမည်ဟုတံတားတည်ဆောက်ရေး အဖွဲ့က ခန့်မှန်းထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top