20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


သူႏွစ္ဦးၾကားကအနမ္းဆိုတာ

ဒီဘက္ေခတ္မွာအနမ္းကိုအၾကင္နာေပးတယ္လို႔ေခၚၾကပါတယ္။ အနမ္းဟာႏိုင္ငံ အလိုက္ေနရာေဒသအလိုက္အမ်ိဳးမ်ိဳးကြဲလြဲတတ္ၾကပါတယ္။ဒါေပမယ့္ဘယ္လိုပဲျဖစ္ျဖစ္အနမ္းဆိုတာခ်စ္သူခင္သူႏွစ္ဦးၾကားကလိုအပ္တဲ႔ေပါင္းကူးတံတားေလးပါပဲ။

ဒါေၾကာင့္အနမ္းအမ်ိဳးအစားတခ်ိဳ႕ကိုေဖာ္ျပေပးလိုက္ပါတယ္။ ဒီေန႔ေခတ္မွာေတာ့ အၾကင္နာေပးတယ္ဆိုတာႏႈတ္ခမ္းခ်င္းထိေတြ႔နမ္းၾကတာပဲလို႔ဆိုၾကမွာပါပဲ။ ဒါေပမယ့္ေရွးေခတ္ျမန္မာေတြကေတာ့ႏႈတ္ခမ္းခ်င္းထိေတြ႔တဲ႔အနမ္းမ်ိဳးမနမ္းၾကဘူးလို႔ဆိုၾကတာပါပဲ။

ဒါေပမယ့္ဒီေန႔ေခတ္ျမန္မာျပည္မွာေတာ့အၾကင္နာေပးတယ္ဆိုတာခ်စ္သူႏွစ္ဦး ၾကားကရင္ခုန္စိတ္လႈပ္ရွားဖြယ္ကိစၥရပ္ေလးအျဖစ္တည္ရွိလာခဲ႔ပါၿပီ။ႏႈတ္ခမ္းခ်င္းထိေတြ႔တဲ႔အနမ္းအျပင္တျခားေသာအနမ္းမ်ိဳးေတြဟာလည္းသူ႔အဓိပၸါယ္နဲ႔သူရွိေနၾက ပါတယ္။ ဒါေၾကာင့္တျခားေသာအနမ္းတစ္ခ်ိဳ႕ကိုလည္းေဖာ္ျပေပးလိုက္ပါတယ္။

၁။Cheek kissing(ပါးအနမ္း)

ဒီအနမ္းကလိင္ရမၼက္မပါဝင္တဲ႔အနမ္းမ်ိဳးေပါ့။ ပါးအနမ္းကေအာင္ျမင္မူအတြက္ ဂုဏ္ယူ ခ်ီးေျမာက္ေၾကာင္းျပသတဲ႔တဲ႔အနမ္းမ်ိဳးေပါ့။ ခင္မင္ရသူေတြၾကားမွာလည္း ဆက္လက္ေႏြးေထြးဆဲဆိုတာျပသတဲ႔အခါ။

ေနာက္ေတာ့ေၾကကြဲဝမ္းနည္းစရာအျဖစ္အပ်က္အတြက္စာနာနားလည္ေပးေၾကာင္းျပသတဲ႔အခါပါးျပင္ကိုနမ္းတတ္ၾကပါတယ္။ တခ်ိဳ႕ေသာလူမ်ိဳးတစ္ခ်ိဳ႕ ကေတာ့ႏူတ္ဆက္လမ္းခြဲတဲ႔အခါပါးျပင္ကိုနမ္းတတ္ၾကပါတယ္။

၂။Air Kiss(ေလထဲပ်ံဝဲတဲ႔အနမ္း)fly kiss

ႏွစ္မ်ိဳးလံုးေခၚဆိုႏိုင္ပါတယ္။အထူးသျဖင့္စင္ေပၚေရာက္ေနတဲ႔အဆိုေတာ္ေတြမ်က္လွည့္ဆရာေတြျပဳမူတတ္ၾကတဲ႔အနမ္းမ်ိဳးေပါ့။ ကိုယ့္အေပၚအားေပးေထာက္ခံ သူေတြရင္းႏွီးကြ်မ္းဝင္ရတဲ႔လူေတြကိုအထိေတြ႔မပါပဲနမ္းတဲ႔အနမ္းမ်ိဳးေပါ့။ ဒီအ နမ္းကလည္းလူမူဆက္ဆံေရးနယ္ပယ္မွာအသံုးမ်ားတဲ႔အနမ္းမ်ိဳးပါပဲ။

၃။Hand kiss(လက္အနမ္း)

ဒီအနမ္းမ်ိဳးကေတာ့ေတာ္ဝင္မိသားစုေတြနဲ႔အဆင့္တန္းျမင့္မားတဲ႔အေျခေနအသိုင္းဝိုင္းမွာအသံုးမ်ားတတ္ၾကပါတယ္။လက္ကိုနမ္းဖို႕ျငင္းဆန္ရင္ေတာ့ျငင္းဆန္သူဟာရိုင္းစိုင္းတယ္လို႔သတ္မွတ္တတ္ၾကပါတယ္။

၄။France kiss(ျပင္သစ္အနမ္း)

ဒီအနမ္းကေတာ့ရင္ခုန္စိတ္လႈပ္ရွားဖြယ္အေကာင္းဆံုးအနမ္းေပါ့။အားလံုးသိၾကတဲ႔ခ်စ္သူႏွစ္ဦးၾကားမွာသာရွိတတ္တဲ႔အနမ္းမ်ိဳးေပါ့။ လိင္ပိုင္းဆိုင္ရာနဲ႔ခ်စ္ျခင္းေမတၱာ ကိုႏိုးဆြတဲ႔အနမ္းမ်ိဳးေပါ့။

သုေတသနေတြအရလည္းမိန္းမေရာေယာက္က်ၤားႏွစ္ဦးလံုးဟာလိင္မဆက္ဆံခင္ႏႈတ္ခမ္းခ်င္းနမ္းရတာကိုႏွစ္သက္သက္ၾကပါတယ္။ေနာက္ေတာ့လူရဲ႕ခႏၡာကိုယ္မွာအသန္မာဆံုးၾကြက္သားဆိုကလွ်ာပါပဲ။

အသန္မာဆံုးၾကြက္သားႏွစ္ခုလိမ္ယွက္ၿပီးနမ္းရတဲ႔အနမ္းျဖစ္တဲ႔အတြက္တျခားေသာအနမ္းေတြထက္လည္းအာရံုခံစားမူပိုမိုေကာင္းမြန္ေစပါတယ္။ ဒါေပမယ့္ဒီအ နမ္းကလ်ွာခ်င္းတံေတြးခ်င္းထိေတြ႔ရတာေၾကာင့္ခံတြင္းေရာဂါတစ္ခ်ိဳ႕ကိုလည္းကူး
စက္သြားေစႏိုင္ပါတယ္။

ဒါေၾကာင့္ခ်စ္သူကြ်မ္းဝင္သူမ်ားၾကားမွာသာနမ္းသင့္တဲ႔အနမ္းမ်ိဳးပါလို႕ေဖာ္ျပရင္းခ်စ္တဲ႔သူတိုင္းအနမ္းမ်ားႏွင့္သာယာၾကည္ႏူးႏိုင္ပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:marry
# Unicode Version # ျဖင့္ ဖတ္ပါ #


သူနှစ်ဦးကြားကအနမ်းဆိုတာ

ဒီဘက်ခေတ်မှာအနမ်းကိုအကြင်နာပေးတယ်လို့ခေါ်ကြပါတယ်။ အနမ်းဟာနိုင်ငံ အလိုက်နေရာဒေသအလိုက်အမျိုးမျိုးကွဲလွဲတတ်ကြပါတယ်။ဒါပေမယ့်ဘယ်လိုပဲဖြစ်ဖြစ်အနမ်းဆိုတာချစ်သူခင်သူနှစ်ဦးကြားကလိုအပ်တဲ့ပေါင်းကူးတံတားလေးပါပဲ။

ဒါကြောင့်အနမ်းအမျိုးအစားတချို့ကိုဖော်ပြပေးလိုက်ပါတယ်။ ဒီနေ့ခေတ်မှာတော့ အကြင်နာပေးတယ်ဆိုတာနှုတ်ခမ်းချင်းထိတွေ့နမ်းကြတာပဲလို့ဆိုကြမှာပါပဲ။ ဒါပေမယ့်ရှေးခေတ်မြန်မာတွေကတော့နှုတ်ခမ်းချင်းထိတွေ့တဲ့အနမ်းမျိုးမနမ်းကြဘူးလို့ဆိုကြတာပါပဲ။

ဒါပေမယ့်ဒီနေ့ခေတ်မြန်မာပြည်မှာတော့အကြင်နာပေးတယ်ဆိုတာချစ်သူနှစ်ဦး ကြားကရင်ခုန်စိတ်လှုပ်ရှားဖွယ်ကိစ္စရပ်လေးအဖြစ်တည်ရှိလာခဲ့ပါပြီ။နှုတ်ခမ်းချင်းထိတွေ့တဲ့အနမ်းအပြင်တခြားသောအနမ်းမျိုးတွေဟာလည်းသူ့အဓိပ္ပါယ်နဲ့သူရှိနေကြ ပါတယ်။ ဒါကြောင့်တခြားသောအနမ်းတစ်ချို့ကိုလည်းဖော်ပြပေးလိုက်ပါတယ်။

၁။Cheek kissing(ပါးအနမ်း)

ဒီအနမ်းကလိင်ရမ္မက်မပါဝင်တဲ့အနမ်းမျိုးပေါ့။ ပါးအနမ်းကအောင်မြင်မူအတွက် ဂုဏ်ယူ ချီးမြောက်ကြောင်းပြသတဲ့တဲ့အနမ်းမျိုးပေါ့။ ခင်မင်ရသူတွေကြားမှာလည်း ဆက်လက်နွေးထွေးဆဲဆိုတာပြသတဲ့အခါ။

နောက်တော့ကြေကွဲဝမ်းနည်းစရာအဖြစ်အပျက်အတွက်စာနာနားလည်ပေးကြောင်းပြသတဲ့အခါပါးပြင်ကိုနမ်းတတ်ကြပါတယ်။ တချို့သောလူမျိုးတစ်ချို့ ကတော့နူတ်ဆက်လမ်းခွဲတဲ့အခါပါးပြင်ကိုနမ်းတတ်ကြပါတယ်။

၂။Air Kiss(လေထဲပျံဝဲတဲ့အနမ်း)fly kiss

နှစ်မျိုးလုံးခေါ်ဆိုနိုင်ပါတယ်။အထူးသဖြင့်စင်ပေါ်ရောက်နေတဲ့အဆိုတော်တွေမျက်လှည့်ဆရာတွေပြုမူတတ်ကြတဲ့အနမ်းမျိုးပေါ့။ ကိုယ့်အပေါ်အားပေးထောက်ခံ သူတွေရင်းနှီးကျွမ်းဝင်ရတဲ့လူတွေကိုအထိတွေ့မပါပဲနမ်းတဲ့အနမ်းမျိုးပေါ့။ ဒီအ နမ်းကလည်းလူမူဆက်ဆံရေးနယ်ပယ်မှာအသုံးများတဲ့အနမ်းမျိုးပါပဲ။

၃။Hand kiss(လက်အနမ်း)

ဒီအနမ်းမျိုးကတော့တော်ဝင်မိသားစုတွေနဲ့အဆင့်တန်းမြင့်မားတဲ့အခြေနေအသိုင်းဝိုင်းမှာအသုံးများတတ်ကြပါတယ်။လက်ကိုနမ်းဖို့ငြင်းဆန်ရင်တော့ငြင်းဆန်သူဟာရိုင်းစိုင်းတယ်လို့သတ်မှတ်တတ်ကြပါတယ်။

၄။France kiss(ပြင်သစ်အနမ်း)

ဒီအနမ်းကတော့ရင်ခုန်စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးအနမ်းပေါ့။အားလုံးသိကြတဲ့ချစ်သူနှစ်ဦးကြားမှာသာရှိတတ်တဲ့အနမ်းမျိုးပေါ့။ လိင်ပိုင်းဆိုင်ရာနဲ့ချစ်ခြင်းမေတ္တာ ကိုနိုးဆွတဲ့အနမ်းမျိုးပေါ့။

သုတေသနတွေအရလည်းမိန်းမရောယောက်င်္ကျားနှစ်ဦးလုံးဟာလိင်မဆက်ဆံခင်နှုတ်ခမ်းချင်းနမ်းရတာကိုနှစ်သက်သက်ကြပါတယ်။နောက်တော့လူရဲ့ခန္ခာကိုယ်မှာအသန်မာဆုံးကြွက်သားဆိုကလျှာပါပဲ။

အသန်မာဆုံးကြွက်သားနှစ်ခုလိမ်ယှက်ပြီးနမ်းရတဲ့အနမ်းဖြစ်တဲ့အတွက်တခြားသောအနမ်းတွေထက်လည်းအာရုံခံစားမူပိုမိုကောင်းမွန်စေပါတယ်။ ဒါပေမယ့်ဒီအ နမ်းကလျှာချင်းတံတွေးချင်းထိတွေ့ရတာကြောင့်ခံတွင်းရောဂါတစ်ချို့ကိုလည်းကူး
စက်သွားစေနိုင်ပါတယ်။

ဒါကြောင့်ချစ်သူကျွမ်းဝင်သူများကြားမှာသာနမ်းသင့်တဲ့အနမ်းမျိုးပါလို့ဖော်ပြရင်းချစ်တဲ့သူတိုင်းအနမ်းများနှင့်သာယာကြည်နူးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top