20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ေဘဘီေလးေတြရဲ႕ အေရျပားက အထိခိုက္မခံႏိုင္တာကေတာ့ သိထားျပီးသားျဖစ္မွာပါ။ အေရျပားမွာျပႆနာေတြျဖစ္တဲ့အခါမွာလည္ လူၾကီးေတြလိုမ်ိဳး ေဆးေတြလူးေပးဖို႔ဆိုတာကမျဖစ္နိုင္ပါဘူး။

ကေလးကငယ္ေလေလ ဘာလုပ္ေပးလို႔လုပ္ေပးရမွန္းမသိေလေလပါပဲေနာ္။ ဒီတစ္ေခါက္ေတာ့ ေဘဘီေလးမွာ ႏို႔ေပြးေပါက္တာေၾကာင့္ စိတ္ညစ္ေနရတဲ့ ေမေမတို႔အတြက္ သတင္းေကာင္းေလးပါးခ်င္တာပါ။

ႏို႔ေပြး (Baby face Ringworm) ဆိုတာကဘာလဲ

ကေလးငယ္ေလးေတြမွာျဖစ္တတ္တဲ့ ႏို႔ေပြးဆိုတာက မိႈပိုးကူးစက္မႈတစ္မ်ိဳးျဖစ္ပါ တယ္။ ေျခေထာက္မိႈစြဲတာကိုျဖစ္ေစတဲ့ မိႈပိုးေၾကာင့္ျဖစ္တာပါ။ အဆိုပါမိႈပိုးက အေရျပားပြန္းပဲ့ရာေတြကေနတဆင့္ ခႏၶာကိုယ္အတြင္းပိုင္းကိုေရာက္ရွိသြားျပီး အေရျပားေပၚမွာျဖစ္ေပၚတာျဖစ္ပါတယ္။ ကေလးငယ္မွာ ကုတ္ရာျခစ္ ရာေသးေသးေလးပဲရွိတယ္ဆိုရင္ေတာင္မွ အဆိုပါမိႈပိုးကူးစက္ခံရႏိုင္ပါတယ္။

ႏို႔ေပြးဆိုတာက အေရျပားေပၚမွာ ပန္းေရာင္ (သို႔) အနီေရာင္ ခပ္ဝိုင္းဝိုင္း သ႑န္ေလးျဖစ္ေပၚတာမ်ိဳးျဖစ္ပါတယ္။ကေလးငယ္ရဲ႕ ခႏၶာကိုယ္အေရျပား (သို႔) ဦးေရျပားေတြေပၚမွာ အျဖစ္မ်ားပါတယ္။

 ေျခလက္ေတြနဲ႔ မ်က္ႏွာေပၚမွာလည္း ျဖစ္တတ္ပါတယ္။ေမြးကင္းစအရြယ္ ကေလးငယ္ေတြနဲ႔ အသက္ ၁၀ ႏွစ္အရြယ္ေလာက္အထိကေလးငယ္ေတြ မွာျဖစ္တတ္ပါတယ္။

ဘယ္လိုကူးစက္ႏို္င္လဲ

ထိေတြ႕မႈေတြကေနတဆင့္ အဆိုပါမိႈပိုးက ကူးစက္တာျဖစ္ပါတယ္။ အရုပ္ေတြ၊ တဘက္ေတြ၊ အခင္းျပားေတြ၊ ေခါင္းျဖီးတဲ့ ဘရွက္စ္ေတြ၊အဝတ္အစားေတြ နဲ႔ ဦးထုပ္ေတြကေနတဆင့္ကူးစက္ႏိုင္ပါတယ္။

အိမ္ေမြးတိရစာၦန္ေတြဆီကေနတဆင့္လည္းကူးစက္ႏိုင္သလို မိႈပိုးေတြရွိေနတဲ့ ေျမၾကီးနဲ႔ထိေတြ႔မႈကေနတဆင့္လည္း ကူးစက္ႏိုင္ပါတယ္။ ကေလးကို ဥယ်ာဥ္ထဲ မွာေပးေဆာ႔တာ၊ ပန္းျခံထဲမွာ ေပးေဆာ႔တာမ်ိဳးေတြမလုပ္ပါနဲ႔။ အမ်ားကူးတဲ့ေရကူး ကန္ေတြနဲ႔အျခားလူအမ်ားနဲ႔မွ်သံုးရတဲ့ေနရာေတြကေနတဆင့္လည္း ကေလးေတြ ကို မိႈပိုးကူးစက္တာမ်ိဳးေတြျဖစ္ေပၚေစႏိုင္ပါတယ္။

လကၡဏာမ်ား

ႏို႔ေပြးက တခါတေလမွာ အေရျပားေပၚမွာ အနီေရာင္အကြက္ေတြျဖစ္တာ မ်ိဳးေတြျဖစ္ေပၚေလ့ရွိပါတယ္။ တစ္ခါတေလ တစ္ကြက္ေလာက္ပဲျဖစ္တာမ်ိဳးရွိသလို တစ္ခါတေလ အကြက္ေတြအမ်ားၾကီးထြက္တာမ်ိဳးလည္းရွိပါတယ္။

တကယ္လို႔မ်ား ႏို႔ေပြးကဦးေရျပားေပၚမွာျဖစ္မယ္ဆိုရင္ အရင္ဆံုးစဥ္စားရမွာက ကေလးက ေဗာက္ထတာလား ဒါမွမဟုတ္ (cradle cap) ကေလးဦးေရျပားမွာ အဆီမ်ားတာေၾကာင့္ အေရခြံကြာတာလားဆိုတာပဲျဖစ္ပါတယ္။ ႏုိ႔ေပြးက ဦးေရျပားေပၚမွာျဖစ္မယ္ဆိုရင္ ဆံပင္ကၽြတ္တာမ်ိဳးေတြျဖစ္ေပၚခံစားရႏိုင္ပါတယ္။

ႏို႔ေပြးက မ်က္ႏွာေပၚမွာလည္းျဖစ္တတ္ပါတယ္။ ႏို႔ေပြးက ၁ လက္မကေန ၂ လက္ မေလာက္ရွိတဲ့ အဝိုင္းေလးျဖစ္ပါတယ္။ အနားသတ္ေနရာေလးမွာ အနီေရာင္အ ဖုခပ္ထူထူေလးေတြေပါက္ေနတတ္ျပီ အလယ္ဘက္မွာေတာ့ ဖုေလးေတြမရွိပါဘူး။

ကေလးေတြမွာ အနီေရာင္ဖုေလးေတြေပါက္ျပီး ယားယံေနတာမ်ိဳးျဖစ္ေနတာကို သတိထားမိႏိုင္ပါတယ္။ ႏို႔ေပြးက ကေလးငယ္ရဲ႕ ပါးေတြ၊ေမးေစ့ေတြ၊ မ်က္လံုးတ ဝိုက္၊ နဖူး နဲ႔ ႏွာေခါင္းေတြမွာျဖစ္တတ္ပါတယ္။

ႏို႔ေပြးျဖစ္ရသည့္ အေၾကာင္းရင္းခံမ်ား

ကေလးငယ္ေလးေတြက တစ္ေနရာကေနတစ္ေနရာ မေရႊ႕ေျပာင္းႏိုင္ၾကပါဘူး။ သူတို႔က အရာဝတၳဳေတြကို ထိေတြ႔ႏိုင္တာမ်ိဳးလည္း မရွိပါဘဲနဲ႔ ေရာဂါဘယ္လိုကူး စက္ရတာလဲဆိုတဲ့ အေၾကာင္းအရင္းအခ်ိဳ႕ကိုေဖာ္ျပေပးလိုက္ပါတယ္။

    အေရျပားခ်င္းထိေတြ႔မႈ
    အေရျပားထိခိုက္မႈေတြ
    အသံုးအေဆာင္ေတြကို အတူတူသံုးစြဲတာ
    အိမ္ေမြးတိရစာၦန္ေတြကေနတဆင့္ ကူးစက္တာ
    ရာသီဥတု ပူေႏြးတာ
    အာဟာရမျပည့္ဝတာ
    ကိုယ္ခံအားနည္းတာ
    ေရာဂါပိုးကူးစက္ခံရႏိုင္တဲ့ မ်ိဳးဗီဇရွိတာနဲ႔
    ပူေႏြးစိုစြတ္တဲ့ရာသီဥတုအေနအထားေၾကာင့္ ေခၽြးအလြန္အမင္းထြက္တာ ကလည္း ကေလးငယ္မွာ ႏို႔ေပြးျဖစ္ေစတဲ့အေၾကာင္းအရင္းေတြပဲျဖစ္ပါတယ္။

ဘယ္လိုကုသမလဲ

ဆရာဝန္ညႊန္ၾကားတဲ့ မိႈသတ္ေဆးကုထံုးေတြအတိုင္းလိုက္နာလုပ္ေဆာင္ေပးပါ။
ေဆးျမီးတိုေတြနဲ႔မကုပါနဲ႔။ မွားယြင္းကုသမိတာမ်ိဳးေတြျဖစ္ေပၚခံစားရႏိုင္ပါတယ္။ မလိုလားအပ္ဘဲေရာဂါအေျခအေနဆိုးလာတာမ်ိဳးေတြျဖစ္ေပၚခံစားရႏိုင္ပါတယ္။ ကေလးကိုဆရာဝန္ဆီသြားမျပႏုိင္ေသးခင္မွာ အုန္းဆီစစ္စစ္ ဒါမွမဟုတ္ Baby Oil ေလးလူးေပးလို႔ရပါတယ္ေနာ္။

ဦးေရျပားေပၚမွာ ႏို႔ေပြးျဖစ္မယ္ဆိုရင္ အရွင္းေပ်ာက္ဖို႔က ၆ ပတ္ကေန ၈ ပတ္ေလာက္အထိအခ်ိန္ယူရမွာျဖစ္ပါတယ္။ ဆရာဝန္က ကေလးနဲ႔သင့္ေတာ္မယ့္ မိႈသတ္ေဆး ေခါင္းေလွ်ာ္ရည္ (သို႔) ေဆးျပားေလးေတြကို ညႊန္းေပးပါလိမ့္မယ္။

ကေလးမွာ ေနာက္ဆက္တြဲေရာဂါေတြမျဖစ္လာေစဖို႔ နဲ႔ ခႏၶာကိုယ္ရဲ႕အျခားေန ရာေတြကို ေရာဂါပိုးေတြမျပန္႔ႏွံ႔ေစဖို႔အတြက္ ဆရာဝန္ညႊန္ၾကားတဲ့အတိုင္း အတိအက်လိုက္နာေပးဖို႔လိုပါတယ္။

ဘယ္လိုကာကြယ္မလဲ

ႏို႔ေပြးေနာက္မျဖစ္ေအာင္လုပ္ေဆာင္နိုင္မယ့္အေကာင္းဆံုးေသာနည္းလမ္းတစ္ရပ္က တစ္ကိုယ္ေရသန္႔ရွင္းမႈပဲျဖစ္ပါတယ္။ ကေလးအေရျပားမွာ ကုတ္ရာ ၊ျခစ္ရာေတြမျဖစ္ေစဖို႔ ေမေမတို႔လက္သည္းေတြကို အတိုညွပ္ပါ။
 
ကေလးကိုလည္း သူ႔ဘာသာကုတ္ျခစ္မိတာမ်ိဳးမျဖစ္ေအာင္ လက္သည္းေလးေတြ ညွပ္ေပးပါ။ ကေလးငယ္က သူ႔ဘာသာကုတ္ျခစ္ မိရာကေနလည္း ဘက္တီးရီး ယားေတြကူးစက္နိုင္တာေၾကာင့္ ကေလးအိပ္ေနတဲ့အခ်ိန္မွာ လက္ကိုအဝတ္ လက္အိတ္ေလးစြတ္ထားေပးပါ။
  
 ႏို႔ေပြးျဖစ္ေနတဲ့ေနရာကို ညင္ညင္သာသာသန္႔စင္ေပးျပီး ေျခာက္ေသြ ႔ေအာင္ထားပါ။ ကေလးကို မထိေတြ႔ခင္ လက္ကိုသန္႔ရွင္းစင္ၾကယ္ေအာင္ အရင္လုပ္ပါ။

ခရင္မ္ေတြ ေခါင္းေလွ်ာ္ရည္ေတြနဲ႔ထိေတြ႔ျပီးရင္လည္း လက္ကိုေသေသခ်ာ ခ်ာေဆးေၾကာေပးပါ။ မိသားစုဝင္အားလံုးလည္း တစ္ကိုယ္ေရသန္႔ရွင္းေရးကို ဂရုစိုက္ပါ။

အိမ္မွာ  အိမ္ေမြးတိရစာၦန္ေလးေတြေမြးထားတယ္ဆိုရင္လည္း အိမ္ေမြး တိရစာၦန္ေလးေတြကို ပံုမွန္ က်န္းမာေရးစစ္ေဆးမႈလုပ္ေဆာင္ေပးပါ။ သူတို႔ေလးေတြရဲ႕ ခႏၶာကိုယ္မွာ ယားယံေနတာ၊အေမႊးေတြကြက္ေနတာ မ်ိဳးေတြျဖစ္ေနလားဆိုတာကို ၾကည့္ရႈ႕ေပးပါ။
   
ကေလးရဲ႕ အရုပ္ေတြအပါအဝင္ အသံုးအေဆာင္ေတြကို မၾကာခဏဆိုသလို သန္႔ရွင္းေရးလုပ္ေပးပါ။ ကေလးအသံုးအေဆာင္ေတြကိုအျခားသူေတြကို ေပးမသံုးပါနဲ႔။
   
ကေလးကို ခ်ည္သားအဝတ္အစားေလးေတြ လံုလံုျခံဳျခံဳဝတ္ေပးပါ။ လက္ေလးေတြ ေျခေထာက္ေလးေတြပါ လံုျခံဳေနေအာင္ထားေပးပါ။ မလိုအပ္ဘဲေခၽြးထြက္တာ မ်ိဳးမျဖစ္ေအာင္ ကေလးကိုမလိုအပ္ဘဲ အကႌ်အထူေတြမဝတ္ေပးပါနဲ႔။
   
ကေလးကလမ္းေလွ်ာက္တတ္စအရြယ္ေရာက္ေနျပီ ဆိုပါက ကေလးကို ဖိနပ္စီးေပးဖို႔မေေမ့ပါနဲ႔။ ကဲ ကေလးမွာျဖစ္တဲ့ႏို႔ေပြးကို ကာကြယ္ေပးလို႔ရတဲ့ နည္းေတြကိုသံုးျပီး ကာကြယ္ေပးပါ။ ကာကြယ္ျခင္းက ကုသျခင္းထက္ပိုထိေရာက္တာကိုး။

 ျဖစ္လာျပီဆိုရင္လဲ ေသခ်ာေလးဂရုစိုက္ေပးပါေနာ္။ အေရျပားျပႆနာကင္းျပီး ကေလးငယ္ေလးေတြ ေန႔တိုင္းေပ်ာ္ရႊင္နိုင္ၾကပါေစေၾကာင္း………

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


ဘေဘီလေးတွေရဲ့ အရေပြားက အထိခိုက်မခံနိုင်တာကတော့ သိထားပြီးသားဖြစ်မှာပါ။ အရေပြားမှာပြဿနာတွေဖြစ်တဲ့အခါမှာလည် လူကြီးတွေလိုမျိုး ဆေးတွေလူးပေးဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။

ကလေးကငယ်လေလေ ဘာလုပ်ပေးလို့လုပ်ပေးရမှန်းမသိလေလေပါပဲနော်။ ဒီတစ်ခေါက်တော့ ဘေဘီလေးမှာ နို့ပွေးပေါက်တာကြောင့် စိတ်ညစ်နေရတဲ့ မေမေတို့အတွက် သတင်းကောင်းလေးပါးချင်တာပါ။

နို့ပွေး (Baby face Ringworm) ဆိုတာကဘာလဲ

ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ နို့ပွေးဆိုတာက မှိုပိုးကူးစက်မှုတစ်မျိုးဖြစ်ပါ တယ်။ ခြေထောက်မှိုစွဲတာကိုဖြစ်စေတဲ့ မှိုပိုးကြောင့်ဖြစ်တာပါ။ အဆိုပါမှိုပိုးက အရေပြားပွန်းပဲ့ရာတွေကနေတဆင့် ခန္ဓာကိုယ်အတွင်းပိုင်းကိုရောက်ရှိသွားပြီး အရေပြားပေါ်မှာဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်မှာ ကုတ်ရာခြစ် ရာသေးသေးလေးပဲရှိတယ်ဆိုရင်တောင်မှ အဆိုပါမှိုပိုးကူးစက်ခံရနိုင်ပါတယ်။

နို့ပွေးဆိုတာက အရေပြားပေါ်မှာ ပန်းရောင် (သို့) အနီရောင် ခပ်ဝိုင်းဝိုင်း သဏ္ဍန်လေးဖြစ်ပေါ်တာမျိုးဖြစ်ပါတယ်။ကလေးငယ်ရဲ့ ခန္ဓာကိုယ်အရေပြား (သို့) ဦးရေပြားတွေပေါ်မှာ အဖြစ်များပါတယ်။

 ခြေလက်တွေနဲ့ မျက်နှာပေါ်မှာလည်း ဖြစ်တတ်ပါတယ်။မွေးကင်းစအရွယ် ကလေးငယ်တွေနဲ့ အသက် ၁၀ နှစ်အရွယ်လောက်အထိကလေးငယ်တွေ မှာဖြစ်တတ်ပါတယ်။

ဘယ်လိုကူးစက်နိုင်လဲ

ထိတွေ့မှုတွေကနေတဆင့် အဆိုပါမှိုပိုးက ကူးစက်တာဖြစ်ပါတယ်။ အရုပ်တွေ၊ တဘက်တွေ၊ အခင်းပြားတွေ၊ ခေါင်းဖြီးတဲ့ ဘရှက်စ်တွေ၊အဝတ်အစားတွေ နဲ့ ဦးထုပ်တွေကနေတဆင့်ကူးစက်နိုင်ပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေဆီကနေတဆင့်လည်းကူးစက်နိုင်သလို မှိုပိုးတွေရှိနေတဲ့ မြေကြီးနဲ့ထိတွေ့မှုကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ကလေးကို ဥယျာဉ်ထဲ မှာပေးဆော့တာ၊ ပန်းခြံထဲမှာ ပေးဆော့တာမျိုးတွေမလုပ်ပါနဲ့။ အများကူးတဲ့ရေကူး ကန်တွေနဲ့အခြားလူအများနဲ့မျှသုံးရတဲ့နေရာတွေကနေတဆင့်လည်း ကလေးတွေ ကို မှိုပိုးကူးစက်တာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။

လက္ခဏာများ

နို့ပွေးက တခါတလေမှာ အရေပြားပေါ်မှာ အနီရောင်အကွက်တွေဖြစ်တာ မျိုးတွေဖြစ်ပေါ်လေ့ရှိပါတယ်။ တစ်ခါတလေ တစ်ကွက်လောက်ပဲဖြစ်တာမျိုးရှိသလို တစ်ခါတလေ အကွက်တွေအများကြီးထွက်တာမျိုးလည်းရှိပါတယ်။

တကယ်လို့များ နို့ပွေးကဦးရေပြားပေါ်မှာဖြစ်မယ်ဆိုရင် အရင်ဆုံးစဉ်စားရမှာက ကလေးက ဗောက်ထတာလား ဒါမှမဟုတ် (cradle cap) ကလေးဦးရေပြားမှာ အဆီများတာကြောင့် အရေခွံကွာတာလားဆိုတာပဲဖြစ်ပါတယ်။ နို့ပွေးက ဦးရေပြားပေါ်မှာဖြစ်မယ်ဆိုရင် ဆံပင်ကျွတ်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

နို့ပွေးက မျက်နှာပေါ်မှာလည်းဖြစ်တတ်ပါတယ်။ နို့ပွေးက ၁ လက်မကနေ ၂ လက် မလောက်ရှိတဲ့ အဝိုင်းလေးဖြစ်ပါတယ်။ အနားသတ်နေရာလေးမှာ အနီရောင်အ ဖုခပ်ထူထူလေးတွေပေါက်နေတတ်ပြီ အလယ်ဘက်မှာတော့ ဖုလေးတွေမရှိပါဘူး။

ကလေးတွေမှာ အနီရောင်ဖုလေးတွေပေါက်ပြီး ယားယံနေတာမျိုးဖြစ်နေတာကို သတိထားမိနိုင်ပါတယ်။ နို့ပွေးက ကလေးငယ်ရဲ့ ပါးတွေ၊မေးစေ့တွေ၊ မျက်လုံးတ ဝိုက်၊ နဖူး နဲ့ နှာခေါင်းတွေမှာဖြစ်တတ်ပါတယ်။

နို့ပွေးဖြစ်ရသည့် အကြောင်းရင်းခံများ

ကလေးငယ်လေးတွေက တစ်နေရာကနေတစ်နေရာ မရွှေ့ပြောင်းနိုင်ကြပါဘူး။ သူတို့က အရာဝတ္ထုတွေကို ထိတွေ့နိုင်တာမျိုးလည်း မရှိပါဘဲနဲ့ ရောဂါဘယ်လိုကူး စက်ရတာလဲဆိုတဲ့ အကြောင်းအရင်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

    အရေပြားချင်းထိတွေ့မှု
    အရေပြားထိခိုက်မှုတွေ
    အသုံးအဆောင်တွေကို အတူတူသုံးစွဲတာ
    အိမ်မွေးတိရစ္ဆာန်တွေကနေတဆင့် ကူးစက်တာ
    ရာသီဥတု ပူနွေးတာ
    အာဟာရမပြည့်ဝတာ
    ကိုယ်ခံအားနည်းတာ
    ရောဂါပိုးကူးစက်ခံရနိုင်တဲ့ မျိုးဗီဇရှိတာနဲ့
    ပူနွေးစိုစွတ်တဲ့ရာသီဥတုအနေအထားကြောင့် ချွေးအလွန်အမင်းထွက်တာ ကလည်း ကလေးငယ်မှာ နို့ပွေးဖြစ်စေတဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။

ဘယ်လိုကုသမလဲ

ဆရာဝန်ညွှန်ကြားတဲ့ မှိုသတ်ဆေးကုထုံးတွေအတိုင်းလိုက်နာလုပ်ဆောင်ပေးပါ။
ဆေးမြီးတိုတွေနဲ့မကုပါနဲ့။ မှားယွင်းကုသမိတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ မလိုလားအပ်ဘဲရောဂါအခြေအနေဆိုးလာတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကလေးကိုဆရာဝန်ဆီသွားမပြနိုင်သေးခင်မှာ အုန်းဆီစစ်စစ် ဒါမှမဟုတ် Baby Oil လေးလူးပေးလို့ရပါတယ်နော်။

ဦးရေပြားပေါ်မှာ နို့ပွေးဖြစ်မယ်ဆိုရင် အရှင်းပျောက်ဖို့က ၆ ပတ်ကနေ ၈ ပတ်လောက်အထိအချိန်ယူရမှာဖြစ်ပါတယ်။ ဆရာဝန်က ကလေးနဲ့သင့်တော်မယ့် မှိုသတ်ဆေး ခေါင်းလျှော်ရည် (သို့) ဆေးပြားလေးတွေကို ညွှန်းပေးပါလိမ့်မယ်။

ကလေးမှာ နောက်ဆက်တွဲရောဂါတွေမဖြစ်လာစေဖို့ နဲ့ ခန္ဓာကိုယ်ရဲ့အခြားနေ ရာတွေကို ရောဂါပိုးတွေမပြန့်နှံ့စေဖို့အတွက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်နာပေးဖို့လိုပါတယ်။

ဘယ်လိုကာကွယ်မလဲ

နို့ပွေးနောက်မဖြစ်အောင်လုပ်ဆောင်နိုင်မယ့်အကောင်းဆုံးသောနည်းလမ်းတစ်ရပ်က တစ်ကိုယ်ရေသန့်ရှင်းမှုပဲဖြစ်ပါတယ်။ ကလေးအရေပြားမှာ ကုတ်ရာ ၊ခြစ်ရာတွေမဖြစ်စေဖို့ မေမေတို့လက်သည်းတွေကို အတိုညှပ်ပါ။
 
ကလေးကိုလည်း သူ့ဘာသာကုတ်ခြစ်မိတာမျိုးမဖြစ်အောင် လက်သည်းလေးတွေ ညှပ်ပေးပါ။ ကလေးငယ်က သူ့ဘာသာကုတ်ခြစ် မိရာကနေလည်း ဘက်တီးရီး ယားတွေကူးစက်နိုင်တာကြောင့် ကလေးအိပ်နေတဲ့အချိန်မှာ လက်ကိုအဝတ် လက်အိတ်လေးစွတ်ထားပေးပါ။
  
 နို့ပွေးဖြစ်နေတဲ့နေရာကို ညင်ညင်သာသာသန့်စင်ပေးပြီး ခြောက်သွေ့အောင်ထားပါ။ ကလေးကို မထိတွေ့ခင် လက်ကိုသန့်ရှင်းစင်ကြယ်အောင် အရင်လုပ်ပါ။

ခရင်မ်တွေ ခေါင်းလျှော်ရည်တွေနဲ့ထိတွေ့ပြီးရင်လည်း လက်ကိုသေသေချာ ချာဆေးကြောပေးပါ။ မိသားစုဝင်အားလုံးလည်း တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။

အိမ်မှာ  အိမ်မွေးတိရစ္ဆာန်လေးတွေမွေးထားတယ်ဆိုရင်လည်း အိမ်မွေး တိရစ္ဆာန်လေးတွေကို ပုံမှန် ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်ပေးပါ။ သူတို့လေးတွေရဲ့ ခန္ဓာကိုယ်မှာ ယားယံနေတာ၊အမွှေးတွေကွက်နေတာ မျိုးတွေဖြစ်နေလားဆိုတာကို ကြည့်ရှု့ပေးပါ။
   
ကလေးရဲ့ အရုပ်တွေအပါအဝင် အသုံးအဆောင်တွေကို မကြာခဏဆိုသလို သန့်ရှင်းရေးလုပ်ပေးပါ။ ကလေးအသုံးအဆောင်တွေကိုအခြားသူတွေကို ပေးမသုံးပါနဲ့။
   
ကလေးကို ချည်သားအဝတ်အစားလေးတွေ လုံလုံခြုံခြုံဝတ်ပေးပါ။ လက်လေးတွေ ခြေထောက်လေးတွေပါ လုံခြုံနေအောင်ထားပေးပါ။ မလိုအပ်ဘဲချွေးထွက်တာ မျိုးမဖြစ်အောင် ကလေးကိုမလိုအပ်ဘဲ အင်္ကျီအထူတွေမဝတ်ပေးပါနဲ့။
   
ကလေးကလမ်းလျှောက်တတ်စအရွယ်ရောက်နေပြီ ဆိုပါက ကလေးကို ဖိနပ်စီးပေးဖို့မေမေ့ပါနဲ့။ ကဲ ကလေးမှာဖြစ်တဲ့နို့ပွေးကို ကာကွယ်ပေးလို့ရတဲ့ နည်းတွေကိုသုံးပြီး ကာကွယ်ပေးပါ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်တာကိုး။

 ဖြစ်လာပြီဆိုရင်လဲ သေချာလေးဂရုစိုက်ပေးပါနော်။ အရေပြားပြဿနာကင်းပြီး ကလေးငယ်လေးတွေ နေ့တိုင်းပျော်ရွှင်နိုင်ကြပါစေကြောင်း………

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top