20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


အင္ဒုိနီး႐ွားႏုိင္ငံ အေ႐ွ႕ဘက္စြန္း႐ွိ ပါပူအာျပည္နယ္မွာ ႐ုတ္တရက္ ေရႀကီး မႈေတြေၾကာင့္ လူ ၄၂ ဦးထက္မနည္း ေသဆုံးၿပီး အျခား ၂၁ ဦး ဒဏ္ရာရ ခဲ့ေၾကာင္း ေဒသခံ သဘာဝေဘးအႏၱရာယ္ဆုိင္ရာဌာနမွ တာဝန္႐ွိသူတစ္ဦးက ယေန႕ (မတ္လ ၁၇ ရက္) ေျပာပါတယ္။

ပါပူအာ ( (Papua) ျပည္နယ္ၿမဳိ႕ေတာ္ ဂ်ာယာပူရာၿမဳိ႕အနီး႐ွိ ဆန္တာနီ (Sentani) ေဒသမွာ စေနေန႕ (မတ္လ ၁၆ ရက္) ညပုိင္းမွစၿပီး မုိးသည္းထန္စြာ ႐ြာသြန္းခဲ့ရာ မွာ ေရႀကီးမႈေတြျဖစ္ေပၚခဲ့တယ္လို႕ သဘာဝေဘးအႏၱရာယ္ဆုိင္ရာဌာနမွ ကုိရီဆမ္ဘုိလြန္က ေျပာခဲ့ေၾကာင္း Reuters သတင္းမွာ ေဖာ္ျပပါတယ္။



မုိးသည္းထန္ၿပီး ေရႀကီးမႈေတြေၾကာင့္ အနည္းဆုံး ေနအိမ္ ၉ လုံးနဲ႕ တံတားႏွစ္စင္း ပ်က္စီးခဲ့ၿပီး ႐ွာေဖြကယ္ဆယ္ေရးအဖြဲ႕က ေရႀကီးမႈျဖစ္တဲ့ ေနရာေဒသအားလုံးကုိ မေရာက္႐ွိႏုိင္ေသးေၾကာင္း အင္ဒုိနီး႐ွား သဘာဝေဘးအႏၱရာယ္ဆုိင္ရာဌာနမွ ေျပာခြင့္ရပုဂၢဳိလ္ ဆူတုိပုိပြာဝုိ ႏူဂ႐ုိဟုိက ေျပာပါတယ္။



"ေရေတြကေတာ့ ျပန္က်သြားၿပီး ႐ႊံ႕ႏြံေတြ၊ သစ္ကုိင္းေတြနဲ႕ ႐ုတ္တရက္ ေရႀကီးမႈထဲမွာ ပါလာခဲ့တဲ့ တျခား ပစၥည္းေတြ က်န္ေနခဲ့တယ္" လုိ႕ ႏူဂ႐ုိဟုိက ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

 ေရႀကီးမႈေၾကာင့္ ေနအိမ္စြန္႕ခြာခဲ့ရတဲ့ ေဒသခံ ၁၂၀ ေက်ာ္ကုိ ယာယီခုိလႈံႏုိင္ရန္ အတြက္ အစိုးရ႐ုံးမ်ားသုိ႕ ေ႐ႊ႕ေျပာင္းေပးခဲ့ေၾကာင္းလည္း ၎ကဆုိပါတယ္။ ေရေဘးသင့္သူေတြကုိ ၾကက္ေျခနီအဖြဲ႕နဲ႕ ေစတနာ့ဝန္ထမ္းေတြက ကူညီေ႐ႊ႕ေျပာင္းခဲ့ေပးခဲ့ၾကပါတယ္။

"႐ွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြက ေရႀကီးခဲ့တဲ့ တျခား ေနရာေတြကုိ ေရာက္ ႐ွိႏုိင္ေအာင္ ႀကဳိးစားေနၾကဆဲ ျဖစ္ပါတယ္၊ ေသဆုံးဒဏ္ရာရသူ အေရအတြက္နဲ႕ ေရႀကီးမႈေၾကာင့္ ပ်က္စီးဆုံး႐ႈံးမႈက ျမင့္တက္လာႏုိင္ပါတယ္" လုိ႕လည္း ႏူဂ႐ုိဟုိက ျဖည့္စြက္ေျပာခဲ့ပါတယ္။ အင္ဒုိနီး႐ွားမွာ မုိးရာသီကာလျဖစ္တဲ့ ေအာက္တုိဘာမွ ဧၿပီလအတြင္း ေရႀကီးမႈေတြ ျဖစ္ေပၚေလ့႐ွိေၾကာင္း သိရပါတယ္။



ယခုႏွစ္ ဇန္နဝါရီလအတြင္းကလည္း ဆူလာေဝစီကၽြန္းမွာ ေရႀကီးမႈနဲ႕ ေျမၿပဳိ မႈေတြေၾကာင့္ လူ ၇၀ ထက္မနည္းေသဆုံးခဲ့ပါတယ္။ ယခုလ အေစာပုိင္းကလည္း အေနာက္ဂ်ာဗားျပည္နယ္မွာ မုိးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးမႈေတြေၾကာင့္ ေဒသခံျပည္သူ ရာနဲ႕ခ်ီၿပီး ေ႐ႊ႕ေျပာင္းခဲ့ရေၾကာင္း Reuters သတင္းက ေဖာ္ျပ ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက်စွန်းရှိ ပါပူအာပြည်နယ်မှာ ရုတ်တရက် ရေကြီး မှုတွေကြောင့် လူ ၄၂ ဦးထက်မနည်း သေဆုံးပြီး အခြား ၂၁ ဦး ဒဏ်ရာရ ခဲ့ကြောင်း ဒေသခံ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ (မတ်လ ၁၇ ရက်) ပြောပါတယ်။

ပါပူအာ ( (Papua) ပြည်နယ်မြို့တော် ဂျာယာပူရာမြို့အနီးရှိ ဆန်တာနီ (Sentani) ဒေသမှာ စနေနေ့ (မတ်လ ၁၆ ရက်) ညပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ မှာ ရေကြီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ ကိုရီဆမ်ဘိုလွန်က ပြောခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် အနည်းဆုံး နေအိမ် ၉ လုံးနဲ့ တံတားနှစ်စင်း ပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ရေကြီးမှုဖြစ်တဲ့ နေရာဒေသအားလုံးကို မရောက်ရှိနိုင်သေးကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ပြောပါတယ်။

"ရေတွေကတော့ ပြန်ကျသွားပြီး ရွှံ့နွံတွေ၊ သစ်ကိုင်းတွေနဲ့ ရုတ်တရက် ရေကြီးမှုထဲမှာ ပါလာခဲ့တဲ့ တခြား ပစ္စည်းတွေ ကျန်နေခဲ့တယ်" လို့ နူဂရိုဟိုက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

 ရေကြီးမှုကြောင့် နေအိမ်စွန့်ခွာခဲ့ရတဲ့ ဒေသခံ ၁၂၀ ကျော်ကို ယာယီခိုလှုံနိုင်ရန် အတွက် အစိုးရရုံးများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းလည်း ၎င်းကဆိုပါတယ်။ ရေဘေးသင့်သူတွေကို ကြက်ခြေနီအဖွဲ့နဲ့ စေတနာ့ဝန်ထမ်းတွေက ကူညီရွှေ့ပြောင်းခဲ့ပေးခဲ့ကြပါတယ်။

"ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ရေကြီးခဲ့တဲ့ တခြား နေရာတွေကို ရောက် ရှိနိုင်အောင် ကြိုးစားနေကြဆဲ ဖြစ်ပါတယ်၊ သေဆုံးဒဏ်ရာရသူ အရေအတွက်နဲ့ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုက မြင့်တက်လာနိုင်ပါတယ်" လို့လည်း နူဂရိုဟိုက ဖြည့်စွက်ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ မိုးရာသီကာလဖြစ်တဲ့ အောက်တိုဘာမှ ဧပြီလအတွင်း ရေကြီးမှုတွေ ဖြစ်ပေါ်လေ့ရှိကြောင်း သိရပါတယ်။

ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ဆူလာဝေစီကျွန်းမှာ ရေကြီးမှုနဲ့ မြေပြို မှုတွေကြောင့် လူ ၇၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။ ယခုလ အစောပိုင်းကလည်း အနောက်ဂျာဗားပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေကြောင့် ဒေသခံပြည်သူ ရာနဲ့ချီပြီး ရွှေ့ပြောင်းခဲ့ရကြောင်း Reuters သတင်းက ဖော်ပြ ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top