iMyanmarHouse.com - Best Property Website for Myanmar
×

ဧရာဝတီတိုင္းေဒသႀကီး၊ သာေပါင္းၿမိဳ႕နယ္ ၊ ကြၽန္းကုန္းေက်းရြာတြင္ အသက္ ၁၃ ႏွစ္အရြယ္ မယားပါသမီးကို အဓမၼျပဳက်င့္ခဲ့သည့္ ပေထြးျဖစ္သူကို ပုသိမ္ခ႐ုိင္တရား႐ုံးမွ ေဖေဖာ္ဝါရီ ၂၈ ရက္က ေထာင္ဒဏ္အႏွစ္ ၂၀ ခ်မွတ္လိုက္ေၾကာင္း သိရွိရသည္။

၂၀၁၈ ခုႏွစ္ ႏုိဝင္ဘာလကုန္ပိုင္းတြင္ ကြ်န္းကုန္းရြာေန တရားခံျဖစ္သူ ေစာထူးစိုး (၄၂) ႏွစ္သည္ မိခင္အား လုပ္ငန္းခြင္တြင္ ေနရစ္ေစခဲ့ၿပီး ေနအိမ္သို႔ျပန္လာကာ အသက္ ၁၃ ႏွစ္အရြယ္ မယားပါသမီးအား အဓမၼျပဳက်င့္ခဲ့သျဖင့္ မိခင္ျဖစ္သူက တရားလိုျပဳလုပ္ကာ အမႈဖြင့္ခဲ့ျခင္းကို ပုသိမ္ခရိုင္တရားရံုးမွ ဒုတိယခရိုင္ (၃) တရားသူႀကီး ေဒၚခင္ခ်ဳိထက္က အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း ကေလးသူငယ္ အခြင့္အေရးလႈပ္ရွားသူမ်ားထံမွ သိရသည္။

“ေတာင္းဆိုမႈေတြမ်ားတဲ့ ေနာက္ပိုင္းေတာ့ တရား႐ုံးေတြကလည္း လိုက္ပါေဆာင္ရြက္ေပးလာပါတယ္။ ဒီလို ထိေရာက္တဲ့ ျပစ္ဒဏ္ေတြ ခ်မွတ္လာတယ္။ ဒါေပမဲ႔ လံုေလာက္တဲ့ ပညာေပးမႈေတြေတာ့ လိုပါေသးတယ္”ဟု ဧရာဝတီတိုင္းေဒသႀကီး ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ေကာ္မတီဝင္ ဦးျမင့္ေဌးက ေျပာသည္။

အဆိုပါ အမႈကို သာေပါင္းၿမိဳ႕မ ရဲစခန္းက(ပ) ၃၄၅/၂၀၁၈ ျဖင့္ အမႈဖြင့္ခဲ့ၿပီး ပုသိမ္ခရိုင္တရားရံုးသို႔ ရာႀကီးအမႈ အမွတ္ ၁၄၉/၂၀၁၈ ျဖင့္ တရားစြဲတင္ပို႔ခဲ့ရာ တရားခံ ေစာထူးစုိးအား ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“စစ္ေဆးေပၚေပါက္ခ်က္ေတြအရ ဥပေဒနဲ႔ ႀကီးေလးတဲ့ အေရးယူအျပစ္ေပးျခင္းေတြ ျပဳလုပ္လ်က္ရွိေနေပမယ့္ ၂၀၁၈ စစ္တမ္းေတြအရေတာ့ ဧရာဝတီတိုင္းမွာ သက္ငယ္မုဒိမ္းျဖစ္ပြားမႈေတြက ရန္ကုန္တိုင္းၿပီးရင္ ဒုတိယအျဖစ္ အမ်ားဆုံးေနရာမွာ ရွိေနျမဲျဖစ္ပါတယ္”ဟု ကေလးသူငယ္အခြင့္အေရးလႈပ္ရွားသူ ဦးဝင္းႏုုိင္က ေျပာသည္။

ပုသိမ္ခ႐ုိင္တရား႐ုံးသည္ ၂၀၁၉ ခုႏွစ္အတြင္း သက္ငယ္မုဒိန္းမႈ ၅ မႈကိုေထာင္ဒဏ္ ႏွစ္ ၂၀ စီခ်မွတ္ခဲ့ၿပီး ျဖစ္ေၾကာင္း တရား႐ုံးမွတ္တမ္းမ်ားအရ သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Bamakhit
#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် ၊ ကျွန်းကုန်းကျေးရွာတွင် အသက် ၁၃ နှစ်အရွယ် မယားပါသမီးကို အဓမ္မပြုကျင့်ခဲ့သည့် ပထွေးဖြစ်သူကို ပုသိမ်ခရိုင်တရားရုံးမှ ဖေဖော်ဝါရီ ၂၈ ရက်က ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရှိရသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် ကျွန်းကုန်းရွာနေ တရားခံဖြစ်သူ စောထူးစိုး (၄၂) နှစ်သည် မိခင်အား လုပ်ငန်းခွင်တွင် နေရစ်စေခဲ့ပြီး နေအိမ်သို့ပြန်လာကာ အသက် ၁၃ နှစ်အရွယ် မယားပါသမီးအား အဓမ္မပြုကျင့်ခဲ့သဖြင့် မိခင်ဖြစ်သူက တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်းကို ပုသိမ်ခရိုင်တရားရုံးမှ ဒုတိယခရိုင် (၃) တရားသူကြီး ဒေါ်ခင်ချိုထက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ကလေးသူငယ် အခွင့်အရေးလှုပ်ရှားသူများထံမှ သိရသည်။

“တောင်းဆိုမှုတွေများတဲ့ နောက်ပိုင်းတော့ တရားရုံးတွေကလည်း လိုက်ပါဆောင်ရွက်ပေးလာပါတယ်။ ဒီလို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်လာတယ်။ ဒါပေမဲ့ လုံလောက်တဲ့ ပညာပေးမှုတွေတော့ လိုပါသေးတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက ပြောသည်။

အဆိုပါ အမှုကို သာပေါင်းမြို့မ ရဲစခန်းက(ပ) ၃၄၅/၂၀၁၈ ဖြင့် အမှုဖွင့်ခဲ့ပြီး ပုသိမ်ခရိုင်တရားရုံးသို့ ရာကြီးအမှု အမှတ် ၁၄၉/၂၀၁၈ ဖြင့် တရားစွဲတင်ပို့ခဲ့ရာ တရားခံ စောထူးစိုးအား ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“စစ်ဆေးပေါ်ပေါက်ချက်တွေအရ ဥပဒေနဲ့ ကြီးလေးတဲ့ အရေးယူအပြစ်ပေးခြင်းတွေ ပြုလုပ်လျက်ရှိနေပေမယ့် ၂၀၁၈ စစ်တမ်းတွေအရတော့ ဧရာဝတီတိုင်းမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှုတွေက ရန်ကုန်တိုင်းပြီးရင် ဒုတိယအဖြစ် အများဆုံးနေရာမှာ ရှိနေမြဲဖြစ်ပါတယ်”ဟု ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူ ဦးဝင်းနိုင်က ပြောသည်။

ပုသိမ်ခရိုင်တရားရုံးသည် ၂၀၁၉ ခုနှစ်အတွင်း သက်ငယ်မုဒိန်းမှု ၅ မှုကိုထောင်ဒဏ် နှစ် ၂၀ စီချမှတ်ခဲ့ပြီး ဖြစ်ကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top