20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×















Credit:7daydaily
# Unicode Version # ဖြင့် ဖတ်ပါ #


‘လှပ်၍ လွင့်သော’ ရုပ်ရှင်တွင် မို့မို့မြင့်အောင်၏ငယ်ဘဝ ကို သရုပ်ဆောင်ရသဖြင့် တာ ဝန်ကြီးသလို ယင်းဇာတ်ရုပ်အပေါ် ပရိသတ်များ၏ တုံ့ပြန်မှုကိုလည်း စိတ်လှုပ် ရှားနေကြောင်း ခင်ဝင့်ဝါ က ပြောသည်။

‘‘ဒီဇာတ်ကောင်ကို သေသေ ချာချာ မုဒ်သွင်းထားတယ်။ ဇာတ် ညွှန်းဖတ်ကတည်းက ဇာတ် ကောင်နဲ့ ပတ်သက်ပြီး အရမ်း လည်း ဝမ်းနည်းတယ်။ ဒိုင်ယာ လော့ခ်တစ်ခုချင်းစီတိုင်း၊ ဒရာမာ ခန်းရောက်တိုင်း အဲဒါတွေကိုဖတ် ပြီး ငိုတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါရုပ်ရှင်တွင် ခင်ဝင့်ဝါ က မောင်ကို   အရမ်းချစ်သည့် အစ်မအဖြစ် ပါဝင်သရုပ် ဆောင် ထားပြီး ရိုက်ကူးစဉ်ကလည်း ယင်းဇာတ်ရုပ်အတွက် စိတ်လှုပ်ရှားခဲ့ကြောင်းဆိုသည်။

‘‘ညီမ Narration ပြောတာ တွေပါတော့ အရင်က ကိုယ့်အသံ ကိုယ်အားမရဘူး။ ဒါပေမဲ့ Narration သွင်းတဲ့ အချိန်မှာ ကိုဝိုင်းက အသံမသွင်းခင် အသံနေအသံထားကို အသေး စိတ်က အစ သင်ကြားပြသပေးတယ်’’ဟု ခင်ဝင့်ဝါက ပြောသည်။

မို့မို့မြင့်အောင်၏ ငယ်ဘဝ ကို သရုပ်ဆောင်ရခြင်းဖြစ်၍ မှဲ့ အတုတပ်သည်မှ လွဲ၍ မို့မို့မြင့် အောင်နှင့်တူအောင် လိုက်၍ မလုပ်ထားဘဲ ဇာတ်လမ်းထဲမှ ဇာတ်ကောင်နှင့် လိုက် ဖက်အောင်သာ သရုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

‘‘အမေမွှေး(မို့မို့မြင့်အောင်) ပြောတာတွေက ညီမအတွက် တော်တော်ပညာရတယ်။ ခန္ဓာ ကိုယ်လှုပ်ရှားမှုတွေက အစ အက်တင်လုပ်ရမယ်ဆိုတာ၊ သရုပ် ဆောင်တစ်ယောက်က ဘယ်အ ရာမှ ပေါ့ပေါ့လေးမဟုတ်ဘူးဆို တာ သင်ပေးသွားတယ်’’ဟု သရုပ်ဆောင် ပိုင်းနှင့်ပတ်သက်၍ မို့မို့ မြင့်အောင်က သင်ကြားပေးသည့် အပေါ် ခင်ဝင့်ဝါက ပြောသည်။

လှပ်၍ လွင့်သော ရုပ်ရှင်တွင်ကျော်ရဲအောင်၊ မို့မို့မြင့်အောင်၊ ဖွေးဖွေးနှင့် ခင်ဝင့်ဝါတို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး မတ် လ ၂၂ ရက်တွင် စတင်ရုံတင်ပြသ မည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top