20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါ ျပည္နယ္မွ ကမၻာလွည့္သာသနာျပဳ ဆရာေတာ္ ႐ူးမား၏ ဆ႒မအႀကိမ္ေျမာက္ ျမန္မာႏိုင္ငံခရီးစဥ္တြင္ ၿမိဳ႕နယ္ ၄ၿမိဳ႕နယ္မွ ေက်း႐ြာ ၁၂ ႐ြာ၏ ေဒသႏွင့္ လူမႈဘဝဖြံ႔ၿဖိဳး ေရးလုပ္ငန္းမ်ားအတြက္ က်ပ္သိန္း ၁၂၀၀ ေက်ာ္လွဴဒါန္းခဲ့ေၾကာင္း ဆရာေတာ္၏ ျမန္မာႏိုင္ငံတာဝန္ခံ ဒါယကာ၊ ဒါယိကာမမ်ားထံမွ သိရွိရသည္။

ပုပၸားေတာင္ေျခ ေ႐ႊစည္တိုင္ ေက်း႐ြာတြင္ ဓမၼာ႐ံုတည္ေဆာက္ၿပီး ဆရာေတာ္ ႐ူးမားကိုယ္တိုင္ မတ္လ ၂၈ ရက္မြန္းလြဲပိုင္းက ဖြင့္လွစ္ေပးခဲ့သည္။ ယင္းဓမၼာ႐ံုသည္ အလ်ား ၆၅ ေပ၊ အနံ ၃၅ ေပ၊ အျမင့္ေပ ၂၀ ရွိကာ က်ပ္သိန္း ၂၈၀ ေက်ာ္ ကုန္က်ၿပီး ဆရာေတာ္႐ူးမားဓမၼာ႐ံုရိပ္သာဟု အမည္ေပးထားေၾကာင္း ၎တို႔ထံမွ သိရွိရသည္။

ဓမၼာ႐ံုဝင္းအတြင္း ၄၈ သိန္းခန္႔ ကုန္က်ေသာ ေလးခန္းတြဲသန္႔စင္ခန္း၊ ၁၅ သိန္းခန္႔ကုန္က်ေသာ ေရအုတ္ကန္တို႔ ပါရွိေၾကာင္း၊ ဓမၼာ႐ံုဖြင့္ပြဲတြင္ ေ႐ႊစည္တိုင္ ေက်း႐ြာ၊ ျဖဴထြားေက်း႐ြာ၊ ဆင္လူးအိုင္ ေက်း႐ြာတို႔ရွိ အိမ္ေထာင္စု ၁၈၀ ခန္႔ကို တစ္အိမ္ေထာင္လွ်င္ ဆန္ေျခာက္ျပည္၊ ဆီတစ္ပိႆာ၊ ပဲငံျပာရည္တစ္ဘူးစီ လွဴဒါန္းခဲ့ေၾကာင္း ျမန္မာျပည္တာဝန္ခံ ဦးေက်ာ္စြာဝင္းက ရွင္းျပသည္။

ထို႔ျပင္ ေ႐ႊစည္တိုင္ေက်း႐ြာ လွ်ပ္စစ္မီးလင္းေရးအတြက္ က်ပ္သိန္း ၁၅၀၊ ေက်း႐ြာဖြံ႔ၿဖိဳးေရးလုပ္ငန္းမ်ားအတြက္ သိန္း ၂၀ ႏွင့္ ဆင္လူးအိုင္ေက်း႐ြာပညာေရးအတြက္ က်ပ္သိန္း ၂၀ ဆက္လက္လွဴဒါန္းခဲ့ေၾကာင္း၊ ဆရာေတာ္႐ူးမားသည္ ၂၀၁၂ ခုမွစၿပီး သာသနာျပဳလုပ္ငန္းမ်ား ျပဳလုပ္ၿပီး ေက်းလက္ေနလူထုဘဝကို ကူညီေပးေနေၾကာင္း ၎က ရွင္းျပသည္။

မတ္လ ၂၉ရက္တြင္ ေညာင္ဦးၿမိဳ႕နယ္ ဇီးအိုေက်း႐ြာတြင္ ေငြက်ပ္သိန္း ၂၆၀ ကုန္က်ေသာ စက္ေရတြင္းတူးေဖာ္ၿပီး၍ လွဴဒါန္းခဲ့ၿပီး ေက်ာက္ဆစ္ကန္႐ြာႏွင့္ ဘုန္းေတာ္ႀကီး႐ြာ စာသင္ေက်ာင္းေဆာင္ ေဆာက္လုပ္လွဴဒါန္းမည္ျဖစ္၍ ယင္းေန႔တြင္ မတည္ေငြက်ပ္သိန္း ၂၀ စီ၊ ကုန္းတန္းႀကီးေက်း႐ြာရွိလမ္းမ်ားတြင္ လွ်ပ္စစ္မီးလင္းေရး ေငြက်ပ္ သိန္း ၂၀၊ ဇီးယိုေက်း႐ြာရွိ ဆရာေတာ္လွဴဒါန္းထားေသာ စက္ေရတြင္းၿခံစည္း႐ိုးကာရန္ ေငြက်ပ္သိန္း ၂၀ လွဴဒါန္းခဲ့သည္။

ထို႔အျပင္ ဆရာေတာ္က ကုန္းတန္းႀကီး ေက်း႐ြာ၊ ေက်ာက္ဆစ္ကန္ေက်း႐ြာ၊ ဇီးအိုေက်း႐ြာတို႔တြင္ ေနထိုင္ေသာ အိမ္ေထာင္စု ၅၃၂ စု အတြက္ တစ္အိမ္ေထာင္လွ်င္ ဆန္ေျခာက္ျပည္၊ ဆီတစ္ပိႆာတစ္ဗူး၊ ပဲငံျပာရည္တစ္ပိႆာ တစ္ဘူးစီေပးေဝျခင္းႏွင့္ ယင္းေက်း႐ြာမ်ားရွိ ေက်ာင္းသား၊ ေက်ာင္းသူ ၃၀၂ ဦး အတြက္ ဗလာစာအုပ္ ၁၄၄ ဒါဇင္လွဴဒါန္းခဲ့သည္။

ေက်ာက္ဆစ္ကန္ေက်း႐ြာတြင္ ေငြက်ပ္သိန္း ၁၅၀ ကုန္က်ေသာ စက္ေရတြင္း၊ အိမ္တိုင္ရာေရာက္ ေရေပးေဝမႈစနစ္ ပိုက္လိုင္းသြယ္တန္းရန္အတြက္ ေငြက်ပ္သိန္း ၄၀ ၊ ေက်း႐ြာေနျပည္သူမ်ား ေရသံုးစြဲမႈတြင္ သက္သာေစရန္ ေရမီတာခအတြက္ တစ္လလွ်င္ ေငြက်ပ္ ၅ ေသာင္းႏႈန္းျဖင့္ ၅ ႏွစ္စာ ေငြက်ပ္သိန္း ၃၀ လွဴဒါန္းသည္။

မတ္လ ၃၀ ရက္တြင္ ပခုကၠဴၿမိဳ႕နယ္ ဆိကၡဝေက်း႐ြာအုပ္စု ကၽြန္းသီရိေက်း႐ြာတြင္ ယင္းေက်း႐ြာႏွင့္ ဇီးကုန္းေက်း႐ြာတို႔ရွိ ဘုန္းေတာ္ႀကီးသင္စာသင္ေက်ာင္းတြင္ ယခုႏွစ္အတြင္း စာသင္ခန္းေဆာက္လုပ္ႏိုင္ရန္ အလွဴေငြ လွဴဒါန္းျခင္းႏွင့္ ယင္းဘုန္းေတာ္ႀကီးေက်ာင္းတြင္ ယခင္ႏွစ္က စာေက်ာင္းေဆာက္လုပ္ရန္ ေငြက်ပ္ သိန္း ၄၀ လွဴဒါန္းထားေၾကာင္း၊ ယင္းေက်း႐ြာရွိ အိမ္ေထာင္စုမ်ားကို ဆန္ေျခာက္ျပည္၊ ဆီတစ္ပိႆာတစ္ဘူး၊ ပဲငံျပာရည္ တစ္ပိႆာ ဘူးတစ္ဘူးလွဴဒါန္းခဲ့သည္။

ဆရာေတာ္သည္ ဧၿပီလ ၂ ရက္တြင္ စစ္ကိုင္းၿမိဳ႕နယ္ ေခ်ာင္းမႀကီးေက်း႐ြာ၊ ရွားေရာင္းေက်း႐ြာ၊ ကင္းေက်း႐ြာတို႔ရွိ လူဦးေရ ၁၉၆၀ လွ်ပ္စစ္မီးလင္းေရး လိုအပ္ေငြ က်ပ္ ၄၅သိန္း လွဴဒါန္းမည္ျဖစ္ၿပီး ယင္းေက်း႐ြာတို႔ရွိ အိမ္ေထာင္စုမ်ားကို ဆန္၊ ဆီ၊ ပဲငံျပာရည္စသည္တို႔ လွဴဒါန္းသြားမည္ျဖစ္ေၾကာင္း ဒါယကာ၊ ဒါယိကာမမ်ားထံမွ သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Voice Daily

#Unicode Version# ျဖင့္ဖတ္ပါ ။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်မှ ကမ္ဘာလှည့်သာသနာပြု ဆရာတော် ရူးမား၏ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်တွင် မြို့နယ် ၄မြို့နယ်မှ ကျေးရွာ ၁၂ ရွာ၏ ဒေသနှင့် လူမှုဘဝဖွံ့ဖြိုး ရေးလုပ်ငန်းများအတွက် ကျပ်သိန်း ၁၂၀၀ ကျော်လှူဒါန်းခဲ့ကြောင်း ဆရာတော်၏ မြန်မာနိုင်ငံတာဝန်ခံ ဒါယကာ၊ ဒါယိကာမများထံမှ သိရှိရသည်။

ပုပ္ပားတောင်ခြေ ရွှေစည်တိုင် ကျေးရွာတွင် ဓမ္မာရုံတည်ဆောက်ပြီး ဆရာတော် ရူးမားကိုယ်တိုင် မတ်လ ၂၈ ရက်မွန်းလွဲပိုင်းက ဖွင့်လှစ်ပေးခဲ့သည်။ ယင်းဓမ္မာရုံသည် အလျား ၆၅ ပေ၊ အနံ ၃၅ ပေ၊ အမြင့်ပေ ၂၀ ရှိကာ ကျပ်သိန်း ၂၈၀ ကျော် ကုန်ကျပြီး ဆရာတော်ရူးမားဓမ္မာရုံရိပ်သာဟု အမည်ပေးထားကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ဓမ္မာရုံဝင်းအတွင်း ၄၈ သိန်းခန့် ကုန်ကျသော လေးခန်းတွဲသန့်စင်ခန်း၊ ၁၅ သိန်းခန့်ကုန်ကျသော ရေအုတ်ကန်တို့ ပါရှိကြောင်း၊ ဓမ္မာရုံဖွင့်ပွဲတွင် ရွှေစည်တိုင် ကျေးရွာ၊ ဖြူထွားကျေးရွာ၊ ဆင်လူးအိုင် ကျေးရွာတို့ရှိ အိမ်ထောင်စု ၁၈၀ ခန့်ကို တစ်အိမ်ထောင်လျှင် ဆန်ခြောက်ပြည်၊ ဆီတစ်ပိဿာ၊ ပဲငံပြာရည်တစ်ဘူးစီ လှူဒါန်းခဲ့ကြောင်း မြန်မာပြည်တာဝန်ခံ ဦးကျော်စွာဝင်းက ရှင်းပြသည်။

ထို့ပြင် ရွှေစည်တိုင်ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ကျပ်သိန်း ၁၅၀၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သိန်း ၂၀ နှင့် ဆင်လူးအိုင်ကျေးရွာပညာရေးအတွက် ကျပ်သိန်း ၂၀ ဆက်လက်လှူဒါန်းခဲ့ကြောင်း၊ ဆရာတော်ရူးမားသည် ၂၀၁၂ ခုမှစပြီး သာသနာပြုလုပ်ငန်းများ ပြုလုပ်ပြီး ကျေးလက်နေလူထုဘဝကို ကူညီပေးနေကြောင်း ၎င်းက ရှင်းပြသည်။

မတ်လ ၂၉ရက်တွင် ညောင်ဦးမြို့နယ် ဇီးအိုကျေးရွာတွင် ငွေကျပ်သိန်း ၂၆၀ ကုန်ကျသော စက်ရေတွင်းတူးဖော်ပြီး၍ လှူဒါန်းခဲ့ပြီး ကျောက်ဆစ်ကန်ရွာနှင့် ဘုန်းတော်ကြီးရွာ စာသင်ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းမည်ဖြစ်၍ ယင်းနေ့တွင် မတည်ငွေကျပ်သိန်း ၂၀ စီ၊ ကုန်းတန်းကြီးကျေးရွာရှိလမ်းများတွင် လျှပ်စစ်မီးလင်းရေး ငွေကျပ် သိန်း ၂၀၊ ဇီးယိုကျေးရွာရှိ ဆရာတော်လှူဒါန်းထားသော စက်ရေတွင်းခြံစည်းရိုးကာရန် ငွေကျပ်သိန်း ၂၀ လှူဒါန်းခဲ့သည်။

ထို့အပြင် ဆရာတော်က ကုန်းတန်းကြီး ကျေးရွာ၊ ကျောက်ဆစ်ကန်ကျေးရွာ၊ ဇီးအိုကျေးရွာတို့တွင် နေထိုင်သော အိမ်ထောင်စု ၅၃၂ စု အတွက် တစ်အိမ်ထောင်လျှင် ဆန်ခြောက်ပြည်၊ ဆီတစ်ပိဿာတစ်ဗူး၊ ပဲငံပြာရည်တစ်ပိဿာ တစ်ဘူးစီပေးဝေခြင်းနှင့် ယင်းကျေးရွာများရှိ ကျောင်းသား၊ ကျောင်းသူ ၃၀၂ ဦး အတွက် ဗလာစာအုပ် ၁၄၄ ဒါဇင်လှူဒါန်းခဲ့သည်။

ကျောက်ဆစ်ကန်ကျေးရွာတွင် ငွေကျပ်သိန်း ၁၅၀ ကုန်ကျသော စက်ရေတွင်း၊ အိမ်တိုင်ရာရောက် ရေပေးဝေမှုစနစ် ပိုက်လိုင်းသွယ်တန်းရန်အတွက် ငွေကျပ်သိန်း ၄၀ ၊ ကျေးရွာနေပြည်သူများ ရေသုံးစွဲမှုတွင် သက်သာစေရန် ရေမီတာခအတွက် တစ်လလျှင် ငွေကျပ် ၅ သောင်းနှုန်းဖြင့် ၅ နှစ်စာ ငွေကျပ်သိန်း ၃၀ လှူဒါန်းသည်။

မတ်လ ၃၀ ရက်တွင် ပခုက္ကူမြို့နယ် ဆိက္ခဝကျေးရွာအုပ်စု ကျွန်းသီရိကျေးရွာတွင် ယင်းကျေးရွာနှင့် ဇီးကုန်းကျေးရွာတို့ရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွင် ယခုနှစ်အတွင်း စာသင်ခန်းဆောက်လုပ်နိုင်ရန် အလှူငွေ လှူဒါန်းခြင်းနှင့် ယင်းဘုန်းတော်ကြီးကျောင်းတွင် ယခင်နှစ်က စာကျောင်းဆောက်လုပ်ရန် ငွေကျပ် သိန်း ၄၀ လှူဒါန်းထားကြောင်း၊ ယင်းကျေးရွာရှိ အိမ်ထောင်စုများကို ဆန်ခြောက်ပြည်၊ ဆီတစ်ပိဿာတစ်ဘူး၊ ပဲငံပြာရည် တစ်ပိဿာ ဘူးတစ်ဘူးလှူဒါန်းခဲ့သည်။

ဆရာတော်သည် ဧပြီလ ၂ ရက်တွင် စစ်ကိုင်းမြို့နယ် ချောင်းမကြီးကျေးရွာ၊ ရှားရောင်းကျေးရွာ၊ ကင်းကျေးရွာတို့ရှိ လူဦးရေ ၁၉၆၀ လျှပ်စစ်မီးလင်းရေး လိုအပ်ငွေ ကျပ် ၄၅သိန်း လှူဒါန်းမည်ဖြစ်ပြီး ယင်းကျေးရွာတို့ရှိ အိမ်ထောင်စုများကို ဆန်၊ ဆီ၊ ပဲငံပြာရည်စသည်တို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဒါယကာ၊ ဒါယိကာမများထံမှ သိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:The Voice Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top