20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×




Credit:Min Thu

#Unicode Version# ဖြင့်ဖတ်ပါ ။

မျက်မှန်တပ်တဲ့သူတွေကတော့ အစင်းကြောင်းထင်နေတဲ့မျက်မှန်ဟာ ဘယ်လောက်တောင်စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလဲဆိုတာနားလည်မှာပါ ။တွေ့ကရာဆပ်ပြာနဲ့ဆေးကြောလိုက်တာမျိုးဟာ ကိုင်းကအရောင်တွေပျက်သွားစေနိုင်သလို ၊ အဝတ်ကြမ်းတစ်ခုနဲ့မှန်ကိုပွတ်တာမျိုးဟာလည်း မျက်မှန်မှာ အစင်းကြောင်းတွေထင်သွားစေနိုင်ပါတယ် ။

မျက်မှန်ကို အသစ်အတိုင်းကြည်လင်နေစေပြီး အစင်းလည်းမထင်ရအောင် ဘယ်လိုသန့်ရှင်းရမလဲ ။အလွယ်ကူဆုံးနည်းလမ်းကတော့ ပန်းကန်ဆေးဆပ်ပြာရည်နဲ့ဆေးကြောခြင်းပါ ။ပန်းကန်ဆေးဆပ်ပြာရည်အနုစား နဲ့ ရေအနည်းငယ်ရောပြီးတော့ မျက်မှန်ကိုဆေးကြောပြီး မိုက်ခရိုဖိုက်ဘာစတစ်ခုနဲ့ မှန်တွေကို ပွတ်ပြီးသန့်ရှင်းပေးပါ ။

စက္ကူတစ်ရှူးတွေက အစင်းကြောင်းထင်ရခြင်းရဲ့တရားခံတွေဖြစ်တဲ့အတွက်လုံးဝမသုံးပါနဲ့ ။နှာခေါင်းထောက်တဲ့ ရာဘာပြားလေးတွေကလည်း ဘတ်တီးရီးယားပေါက်ပွားတဲ့နေရာတွေဖြစ်တဲ့အတွက် သန့်ရှင်းဆေးကြောပေးသင့်ပါတယ် ။ဒီရာဘာပြားလေးတွေကိုတော့ စက္ကူတစ်ရှူးတစ်ခုခုနဲ့ ပွတ်တိုက်ပြီး သန့်ရှင်းပေးနိုင်ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:Min Thu
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top