iMyanmarHouse.com - Best Property Website for Myanmar
×

တည္းခိုခန္းမွာ ေျခာက္တဲ့ သရဲ

လြန္ခဲ့ေသာနွစ္အနည္းငယ္ေလာက္ကအျဖစ္ေလးပါ က်ေတာ့သူငယ္ခ်င္းတစ္ေယာက္နဲ အေရာင္းဝယ္တစ္ခု ဘာလဲဆိုေတာ့ သဲေတာဝမ္းတြင္းျမိဳ႕ေလးက ထြက္တဲ့ခ်ည္လံုးေတြ ထုပ္တဲ့ေဘအိပ္ခြန္ေပါ့ သူကအဝတ္အိတ္ခြံပါ။ ဒါေတြကိုက်ေတာ္တို႔ကဝယ္ပီးေတာ့ပခုကၠဴကိုျပန္သြင္းတာပါ။ပခုကၠဴကဒါေတြကိုဘာလုပ္လဲဆိုေတာ့ဒီပိတ္စေတြကိုေကာ္သုတ္ပီးေသခ်ာျပန္လိတ္လို႔ျမန္မာတစ္ျပည္လံုးျပန္ျဖန္႔တဲ့ဖိနပ္သဲၾကိဳးေနရာအစားထိုးတာပါ။

အကုန္က်သက္သာတာေပါ့ဗ်ာ ဒီေကာင္ေတြကို က်ေတာ္တို႔ၾကားပြဲစားသေဘာေပါ့ဗ်ာ။ လုပ္ရတာ ပင္ပန္းသေလာက္ ထက္ဝက္ျမတ္တဲ့လုပ္ငန္းပါ။

အဲတစ္ေခါက္ေတာ့က်ေတာ့သူငယ္ခ်င္းနဲ႔ဝယ္ပီးပစၥည္းကဝယ္ဖို႔က်န္ေနတာနဲ႔မန္းေလးျပန္ယူေနရင္ပင္ပန္းမယ္လူပန္းမယ္ေလဘာလို႔ဆိုေတာ့က်ေတာ္တို႔ကဆိုင္ကယ္နဲ႔ဆိုေတာ့ဖုန္းဆက္ပီးေငြလြွဲခိုင္းတာေပါ့ဗ်ာ။သဲေတာဝမ္းတြင္းမွာဘဏ္ကမရွိဒါနဲ႔အနီးဆံုးမိတၴီလာေလဒါနဲ႔သဲေတာကေနညေနေစာင္းေလာက္ဆိုင္ကယ္နဲ႔မိတၴီလာကိုဒိုး။

ဟိုေရာက္ေတာ့မိုးလဲခ်ဳပ္ေနေတာ့မနက္မွေငြထုတ္မယ္ေပါ့ညအိပ္ဖို႔တည္းခိုခန္းတစ္ခုရွာအထုတ္အပိုးေတြထားပီးျမိဳ႕ထဲေလ်ွာက္သြားပီး၁၀နာရီေလာက္မွတည္းခိုခန္းျပန္အိပ္ရတာေပါ့။

လူကလဲပန္းဆိုေတာ့နွစ္ေယာက္သားအိပ္တာတစ္ခ်ိဳးထဲ။ကုတင္ကနွစ္လံုးဆိုေတာ့တစ္ေယာက္တစ္လံုးအိပ္လို႔က်ေတာ္အိပ္ေပ်ာ္မလိုရွိေသးတယ္က်ေတာ့ေျခေထာက္ကိုတစ္စံုတစ္ေယာက္လွဳပ္နွိဳးလိုက္သလိုျဖစ္ေတာ့သူငယ္ခ်င္းစတယ္ထင္ပီးက်ေတာ္က”ေအးေဆးအိပ္စမ္းကြာ”လို႔ေျပာပီးျပန္အိပ္ေပ်ာ္မယ္ရွိေသးတယ္တစ္ခါထပ္ဆြဲျပန္ေရာ။

ဒါနဲ႔စိတ္ကတိုလာတာနဲ႔ဟိုေကာင့္ဖင္ပိတ္ကန္ပစ္တာမသာကသူမဟုတ္သလိုနဲ႔”ေဟ့ေကာင္ငါ့ဘာလို႔ကန္တာလဲတဲ့”က်ေတာ္ကလဲ”ဘာျဖစ္လို႔ငါ့ေျခေထာက္လာလာဆြဲေနတာလဲမသာမ”ဟိုေကာင္ကလဲသူမဆြဲဖူးေပါ့ဒါနဲ႔က်ေတာ္လဲလက္ပူးလက္က်ပ္မိတာမဟုတ္ေတာ့အိပ္ခ်င္ဟန္ေဆာင္ပီးျပန္အိပ္ေတာ့ခနေနေတာ့ဒီေကာင္အိပ္တဲ့ကုတင္ဘက္ကဝန္းဆိုတဲ့အသံၾကားေတာ့က်ေတာ္လဲထၾကည့္ေတာ့ေသနာကကုတင္ေအာက္မွာငုတ္တုတ္ေလး။

က်ေတာ့ကိုေၾကာင္ၾကည့္ပီးမင္းလုပ္တာလားတဲ့ေမးေရာသူဒီလိုေမးေတာ့က်ေတာ္က်က္သီးထလိုျဖစ္လာလို႔မဟုတ္ဖူးေပါ့တစ္ခုခုေတာ့ထူးေနပီဆိုေတာ့နွစ္ေယာက္သားတစ္ေယာက္အိပ္ကုတင္ေလးေပၚနွစ္ေယာက္အိပ္ရင္းစကားကိုမေျပာနိုင္က်ဘူး။ဟုတ္တယ္ေလနွစ္ေယာက္ထဲရွိတဲ့ဒီအခန္းတစ္ေယာက္တလွည့္ျဖစ္ေနေတာ့မရိုးေတာ့ဘူးေလ။ဒါနဲ႔ဒီေကာင္လဲျပန္မအိပ္နိုင္က်ေတာ္လဲအိပ္မေပ်ာ္ေတာ့ဘူးနွစ္ေယာက္သားထထိုင္ရင္းေဆးလိပ္ထိုင္ေသာက္ေနတုန္းက်ေတာ္အခန္းေခါင္းရင္းေပါက္ကဖြင့္ထားတာဆိုေတာ့လူတစ္ေယာက္လမ္းေလ်ာက္ေနတာက်ေတာ္တို႔ေခါင္းရင္းမွာဟိုဒီေလ်ာက္ေနေတာ့သူ႔ကိုအသာလက္ကုတ္လို႔ထၾကည့္ေတာ့လူတစ္ေယာက္ေတာက္တစ္ေခါက္နဲ႔လမ္းေလ်ာက္ေနတာၾကည့္ေနရင္းဘယ္ေပ်ာက္သြားတယ္မသိ။

က်ေတာ္တို႔လဲဒီအတိုင္းမိုးလင္းထိုင္ေတာ့တာပဲျပန္မအိပ္ရဲေတာ့ဘူး။ဒီလိုနဲ႔မနက္ငါးနာရီခြဲေလာက္က်ေတာ့အထုတ္ပိုးေတြယူအခန္းေသာ့ျပန္အပ္ရင္းစာေရးမကိုက်ေတာ္တို႔”အမဒီတည္းခိုခန္းသူရဲေျခာက္တယ္ေနာ္”ဆိုေတာ့အင္းးတဲ့ၾကာပါပီတဲ့သူကဒီတည္းခိုခန္းပိုင္ရွင္ေလတဲ့သူတို႔ကေတာ့ရိုးေနပီတဲ့ရွင္တို႔ကလဲေယာက်ၤားနွစ္ေယာက္ျဖစ္ပီးဒီေလာက္ေၾကာက္သလားတဲ့ရွက္လိုက္တာဗ်ာမိန္းကေလးကေတာင္ေျပာင္သလိုလိုေျပာေနေတာ့ဟုတ္တယ္ေလသူရဲအေၾကာင္းေတာ့ေရးေနပီးသူရဲေၾကာက္ေနတာကိုယ့္ကိုကိုယ္ရွက္တာေပါ့။ဒါနဲ႔တည္းခိုခန္းကထြက္ေတာ့နာမည္ေလးေသခ်ာမွတ္ခဲ့ရတယ္ေနာက္တစ္ခါလာအိပ္ဖို႔မဟုတ္ပါဘူးေဝါင္ေဝါင္ေရွးေဝးေဝးေရွာင္ဖို႔ပါ။

ဟုတ္တယ္ေလသရဲေၾကာင္းေရးတာနဲ႔သရဲမေၾကာက္ရဘူးလို႔ဘယ္သူေျပာလို႔လဲမဟုတ္လား အိပ္ခ်င္ရင္ ေျပာေနာ္ သရဲေျခာက္ တတ္တဲ့အိမ္ေတြ လိုက္ပို႔ေပးမယ္..

ဖိုးသူေတာ္ (www.phothutaw.com)
Credit:သရဲၾကီးkogyi

#Unicode Version# ျဖင့္ဖတ္ပါ ။

တည်းခိုခန်းမှာ ခြောက်တဲ့ သရဲ

လွန်ခဲ့သောနှစ်အနည်းငယ်လောက်ကအဖြစ်လေးပါ ကျတော့သူငယ်ချင်းတစ်ယောက်နဲ အရောင်းဝယ်တစ်ခု ဘာလဲဆိုတော့ သဲတောဝမ်းတွင်းမြို့လေးက ထွက်တဲ့ချည်လုံးတွေ ထုပ်တဲ့ဘေအိပ်ခွန်ပေါ့ သူကအဝတ်အိတ်ခွံပါ။ ဒါတွေကိုကျတော်တို့ကဝယ်ပီးတော့ပခုက္ကူကိုပြန်သွင်းတာပါ။ပခုက္ကူကဒါတွေကိုဘာလုပ်လဲဆိုတော့ဒီပိတ်စတွေကိုကော်သုတ်ပီးသေချာပြန်လိတ်လို့မြန်မာတစ်ပြည်လုံးပြန်ဖြန့်တဲ့ဖိနပ်သဲကြိုးနေရာအစားထိုးတာပါ။

အကုန်ကျသက်သာတာပေါ့ဗျာ ဒီကောင်တွေကို ကျတော်တို့ကြားပွဲစားသဘောပေါ့ဗျာ။ လုပ်ရတာ ပင်ပန်းသလောက် ထက်ဝက်မြတ်တဲ့လုပ်ငန်းပါ။

အဲတစ်ခေါက်တော့ကျတော့သူငယ်ချင်းနဲ့ဝယ်ပီးပစ္စည်းကဝယ်ဖို့ကျန်နေတာနဲ့မန်းလေးပြန်ယူနေရင်ပင်ပန်းမယ်လူပန်းမယ်လေဘာလို့ဆိုတော့ကျတော်တို့ကဆိုင်ကယ်နဲ့ဆိုတော့ဖုန်းဆက်ပီးငွေလွှဲခိုင်းတာပေါ့ဗျာ။သဲတောဝမ်းတွင်းမှာဘဏ်ကမရှိဒါနဲ့အနီးဆုံးမိတ္ထီလာလေဒါနဲ့သဲတောကနေညနေစောင်းလောက်ဆိုင်ကယ်နဲ့မိတ္ထီလာကိုဒိုး။

ဟိုရောက်တော့မိုးလဲချုပ်နေတော့မနက်မှငွေထုတ်မယ်ပေါ့ညအိပ်ဖို့တည်းခိုခန်းတစ်ခုရှာအထုတ်အပိုးတွေထားပီးမြို့ထဲလျှောက်သွားပီး၁၀နာရီလောက်မှတည်းခိုခန်းပြန်အိပ်ရတာပေါ့။

လူကလဲပန်းဆိုတော့နှစ်ယောက်သားအိပ်တာတစ်ချိုးထဲ။ကုတင်ကနှစ်လုံးဆိုတော့တစ်ယောက်တစ်လုံးအိပ်လို့ကျတော်အိပ်ပျော်မလိုရှိသေးတယ်ကျတော့ခြေထောက်ကိုတစ်စုံတစ်ယောက်လှုပ်နှိုးလိုက်သလိုဖြစ်တော့သူငယ်ချင်းစတယ်ထင်ပီးကျတော်က”အေးဆေးအိပ်စမ်းကွာ”လို့ပြောပီးပြန်အိပ်ပျော်မယ်ရှိသေးတယ်တစ်ခါထပ်ဆွဲပြန်ရော။

ဒါနဲ့စိတ်ကတိုလာတာနဲ့ဟိုကောင့်ဖင်ပိတ်ကန်ပစ်တာမသာကသူမဟုတ်သလိုနဲ့”ဟေ့ကောင်ငါ့ဘာလို့ကန်တာလဲတဲ့”ကျတော်ကလဲ”ဘာဖြစ်လို့ငါ့ခြေထောက်လာလာဆွဲနေတာလဲမသာမ”ဟိုကောင်ကလဲသူမဆွဲဖူးပေါ့ဒါနဲ့ကျတော်လဲလက်ပူးလက်ကျပ်မိတာမဟုတ်တော့အိပ်ချင်ဟန်ဆောင်ပီးပြန်အိပ်တော့ခနနေတော့ဒီကောင်အိပ်တဲ့ကုတင်ဘက်ကဝန်းဆိုတဲ့အသံကြားတော့ကျတော်လဲထကြည့်တော့သေနာကကုတင်အောက်မှာငုတ်တုတ်လေး။

ကျတော့ကိုကြောင်ကြည့်ပီးမင်းလုပ်တာလားတဲ့မေးရောသူဒီလိုမေးတော့ကျတော်ကျက်သီးထလိုဖြစ်လာလို့မဟုတ်ဖူးပေါ့တစ်ခုခုတော့ထူးနေပီဆိုတော့နှစ်ယောက်သားတစ်ယောက်အိပ်ကုတင်လေးပေါ်နှစ်ယောက်အိပ်ရင်းစကားကိုမပြောနိုင်ကျဘူး။ဟုတ်တယ်လေနှစ်ယောက်ထဲရှိတဲ့ဒီအခန်းတစ်ယောက်တလှည့်ဖြစ်နေတော့မရိုးတော့ဘူးလေ။ဒါနဲ့ဒီကောင်လဲပြန်မအိပ်နိုင်ကျတော်လဲအိပ်မပျော်တော့ဘူးနှစ်ယောက်သားထထိုင်ရင်းဆေးလိပ်ထိုင်သောက်နေတုန်းကျတော်အခန်းခေါင်းရင်းပေါက်ကဖွင့်ထားတာဆိုတော့လူတစ်ယောက်လမ်းလျောက်နေတာကျတော်တို့ခေါင်းရင်းမှာဟိုဒီလျောက်နေတော့သူ့ကိုအသာလက်ကုတ်လို့ထကြည့်တော့လူတစ်ယောက်တောက်တစ်ခေါက်နဲ့လမ်းလျောက်နေတာကြည့်နေရင်းဘယ်ပျောက်သွားတယ်မသိ။

ကျတော်တို့လဲဒီအတိုင်းမိုးလင်းထိုင်တော့တာပဲပြန်မအိပ်ရဲတော့ဘူး။ဒီလိုနဲ့မနက်ငါးနာရီခွဲလောက်ကျတော့အထုတ်ပိုးတွေယူအခန်းသော့ပြန်အပ်ရင်းစာရေးမကိုကျတော်တို့”အမဒီတည်းခိုခန်းသူရဲခြောက်တယ်နော်”ဆိုတော့အင်းးတဲ့ကြာပါပီတဲ့သူကဒီတည်းခိုခန်းပိုင်ရှင်လေတဲ့သူတို့ကတော့ရိုးနေပီတဲ့ရှင်တို့ကလဲယောင်္ကျားနှစ်ယောက်ဖြစ်ပီးဒီလောက်ကြောက်သလားတဲ့ရှက်လိုက်တာဗျာမိန်းကလေးကတောင်ပြောင်သလိုလိုပြောနေတော့ဟုတ်တယ်လေသူရဲအကြောင်းတော့ရေးနေပီးသူရဲကြောက်နေတာကိုယ့်ကိုကိုယ်ရှက်တာပေါ့။ဒါနဲ့တည်းခိုခန်းကထွက်တော့နာမည်လေးသေချာမှတ်ခဲ့ရတယ်နောက်တစ်ခါလာအိပ်ဖို့မဟုတ်ပါဘူးဝေါင်ဝေါင်ရှေးဝေးဝေးရှောင်ဖို့ပါ။

ဟုတ်တယ်လေသရဲကြောင်းရေးတာနဲ့သရဲမကြောက်ရဘူးလို့ဘယ်သူပြောလို့လဲမဟုတ်လား အိပ်ချင်ရင် ပြောနော် သရဲခြောက် တတ်တဲ့အိမ်တွေ လိုက်ပို့ပေးမယ်..

ဖိုးသူတော် (www.phothutaw.com)
Credit:သရဲကြီးkogyi

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top