iMyanmarHouse.com - Best Property Website for Myanmar
×






#Unicode Version#


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်နယ်မြေမဲဆောက်ထောင်အနောက်ဘက်

ခလွန်ချွန်ပရဌာန်လမ်းအနီးတွင်(၉.၃.၂၀၁၉)နေ့လူသေအလောင်းတွေ့ရှိကြောင်းကိုအမျိုးသမီးတစ်ဦး၏ အကူညီတောင်းခံမှုဖြင့်မဲဆောက်စခန်း
စုံစမ်းစစ်ဆေးရေး(အမြဲတမ်း)လက်ထောက်ဗိုက်မှူးPraser Tthavornနှင့်မဲဆောက်စခန်းစုံစမ်းစစ်ဆေးရေးလက်ထောက်ညွှန်ကြားရေးမှုးဒုဗိုလ်မှူးကြီး Jirasak Sitham နှင့် စစ်ဆေးရေးအဖွဲ့များသည် အခင်းဖြစ်ပွားရာနေရာသို့သွားရောက်စစ်ဆေးကြောင်းသိရသည်။

အိမ်အမှတ်မရှိဥယျာဉ်ခြံတစ်ခုအတွင်းဆောက်ထားနေအိမ်ဆောက်လုပ်ထားပြီးတံခါးသော့ပွင့်လျက် အိပ်ခန်းအတွင်းဝင်ရောက်စစ်ဆေးရာတွင်လည်း သေချာသပ်ရပ်စွာရှင်းလင်းထားပြီးမြန်မာနိုင်ငံသားကိုအောင်နိုင်အမည်အသက်(၄၂)နှစ်နိုင်ငံကူးလက်မှတ်တွေ့ရှိရပြီး

အခန်းထဲသေဆုံးနေခြင်းမရှိပဲ အိပ်ယာထဲလူအိပ်နေသည့်ပုံသဏ္ဍာန် ပိုက်ခေါင်းအုံးထားပြီး စောင်ဖြင့်ဖုံးအုပ်ထားသည်ကိုတွေ့ရပြီး နေအိမ်အနီးနားလိုက်လံရှာဖွေရာ နေအိမ်အနောက်ဖက် ခြုံတွင် သေဆုံးသူအလောင်းတွေ့ရပြီးအလောင်းမှာ သေဆုံးတာ(၃)ရက်ခန့်ရှိပြီးဖြစ်ကြောင်းနှင့် အဆိုပါအလာင်းကိုမဲဆောက်ဆေးရုံကြီးသို့ သယ်ဆောင်ကာ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

(၁၀.၃.၂၀၁၉)နေ့တွင် မဲဆောက်ခရိုင်မှတဆင့် ဖိစပ်နုလုံးခရိုင်စစ်ဆေးရေးဌာနသို့တဖန်ပြန်လည်ပို့ဆောင်စစ်ဆေးခဲ့ကြောင်းသိရသည်။ယနေ့နောက်ဆုံးစစ်ဆေးချက်အရ သေဆုံးသူမှာအခင်းဖြစ်ပွားသည့်နေရာက အလုပ်သမားဖြစ်ပြီးအခုရာဇဝတ်မှုကျူးလွန်သူနှင့်ကိစ္စတစ်ခုခုညှိနှိုင်းဆွေးနွေးပြောဆိုကြစဉ် နှစ်ဦးနှစ်ဖက်သဘောတူညီမှုမရကြရာမှ သတ်ခံရတာဖြစ်နိုင်ကြောင်းနှင့်

တရားခံဟာ(၂)ဦးထက်မနည်းရှိနိုင်ကြောင်းလူသတ်တရားခံဟာ ပြစ်မှူမထင်ရှားရန် သေခံခံပစ္စည်းများနှင့် ခြေရာလက်ရာ
ဖျောက်ကာအမှူပျောက်ရန်ကြိုးစားပြီး အလောင်းဖျောက်၍ ထွက်ပြေးသွားတာဖြစ်နိုင်တယ်လို့တာ့ခရိုင်စစ်ဆေးရေးတာဝန်ရှိ ရဲအရာရှိတစ်ဦးမှ အတည်ပြုပြောကြားသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:အလုပ်သမားဟစ်တိုင်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top