(၁၀) မြွေသေများ
(၈) အိုင်ဖုန်းများ
(၄) နှုတ်ခမ်းနီ လက်နက်
(၃) လက်ပစ်ဗုံး ၄လုံး
(၂) ဗြဟ္မစရိယ ခါးပတ်
(၁) ၈နှစ်ကောင်လေး
Credit: Nanmalgyi
#Unicode Version#
လေဆိပ်လုံခြုံရေးတွေလည်း သူတို့ရဲ့တာဝန်ကိုအပြည့်ဝထမ်းဆောင်နိုင်ဖို့အတွက် ချမှတ်ထားတဲ့စည်းကမ်းတွေကို သေသေချာချာ ထမ်းဆောင်ရပါတယ်။ လေဆိပ်ဆိုတာ လုံခြုံရေးတွေတင်းကြပ်မှန်းလည်းသိပေမယ့် တစ်ချို့ထူးထူးဆန်းဆန်း လူတွေကလည်း ဘာတွေသယ်လာမှန်းမသိလို့ နားလည်ရခက်ရပြန်တယ်။ သူတို့ဘယ်လို ထူးဆန်းတဲ့ ပစ္စည်းတွေသယ်လာလည်းဆိုတာ ကြည့်လိုက်ရအောင်!
(၁၀) မြွေသေများ
၂၀၀၇ခုနှစ် Atlanta International Airport မှာဖြစ်ပွားခဲ့တာပါ။ တောင်ကိုရီးယားက လူတစ်ယောက်အိတ်ကို စစ်ကြည့်တော့ ပုလင်းထဲမှာ မြွေသေတွေများစွာထည့်ထားတာတွေ့ရပါတယ်။ ဒီမြွေသေတွေနဲ့ သူဘာလုပ်ဖို့လဲဆိုတာတော့ သေချာတိကျတဲ့ သတင်းတွေတော့ထွက်မလာခဲ့ဘူး။
(၉) ရှေးခေတ်အမြှောက်ဆန်
ယာဉ်မောင်းတစ်ဦး ၁၈ရာစုကသင်္ဘောပျက်တစ်ခုတွင် အမြှောက်ဆန်တွေကို အမှတ်တမဲ့ရှာတွေ့သွားပြီး စိတ်ဝင်စားလို့ သူ့ခရီးဆောင်အိတ်ထဲထည့်လာတာဖြစ်ပါတယ်။ လေဆိပ်မှာ စစ်ဆေးတွေ့ရှိတော့ ဒီအမြှောက်တွေဟာ အခန့်မသင့်ရင်ပေါက်ကွဲစေနိုင်တယ်တဲ့။.ခရီးသည်ပေါင်း ၃၀၀ရာကျော် ဘေးကင်းစေဖို့အတွက် ုံခြုံရေးတွေတော်တော်အလုပ်ရှုပ်သွားကြောင်းလည်း သိရပါတယ်။
(၈) အိုင်ဖုန်းများ
တရုတ်နိုင်ငံတွင် ၂၀၀၄ခုနှစ်က ဖြစ်ခဲ့တာပါ။ ခနာကိုယ်မှာ ထူးဆန်းတဲ့ သတ္တုပစ္စည်းတွေကို တွေ့တော့ ထိုလူကိုစစ်ဆေးရာမှာ အိုင်ဖုန်း အလုံး ၉၄လုံးတောင်ခနာကိုယ်မှာ တိပ်နဲ့ပတ်ချည်ထားတာတွေ့ရပါတယ်။
ဒီဖုန်းတွေကို ဈေးကောင်းကောင်းနဲ့ရောင်းချင်လို့ ဒီလိုလုပ်လာတယ်လို့ပြောပါတယ်။
(၇) အဆိပ်ပြင်း ပင့်ကူအကောင် ၂၀၀
အမ်စတာဒန် လေဆိပ်မှာ လုံခြုံရေးအရာရှိတွေ အံ့သြစွာတွေ့ရှိခဲ့ရတဲ့ ခရီးသည်တစ်ယောက်အိတ်ထဲကပါ။ အိတ်ပိုင်ရှင်တွေကတော့ ဂျာမနီလင်မယားဖြစ်ပါတယ်။ တောင်အမေရိကကိုသွားတုန်းက ပါလာခဲ့တဲ့ ပင့်ကူအကောင် ၂၀၀ကို အိမ်သယ်သွားမလို့တဲ့။
(၆) ၁.၂ မီလီလျံတန် ရွှေတုံးများ
Mumbai ကနေ ဘန်ကောက်သို့သွားမယ့် ခရီးစဉ်က ခရီးသည်တစ်ဦးထံမှာတွေ့ရတဲ့ ရွှေတုံးတွေပါ။ ရွေတုံး ၂၄တုံးကို လေယာဉ် သန့်စင်ခန်းထဲမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ သိပ်တော့ ထူးဆန်းစရာမရှိပါဘူး။
အိန္ဒိယက ကမ္ဘာပေါ်မှာ ရွှေသုံးစွဲသူအပေါများဆုံးနိုင်ငံဖြစ်ပြီး ရွှေမှောင်ခိုလုပ်တာတွေလည်း အများဆုံးပါ။
(၅) အပူပိုင်းဒေသ ငါးပေါင်း ၅၁ကောင်
၂၀၀၅ခုနှစ် Melbourne လေဆိပ်တွင် အမျိုးသမီးတစ်ယောက်ရဲ့စကတ်ထူးဆန်းလို့ လုံခြုံရေးတွေစစ်ဆေးကြည့်ရာ စကတ်အောက်တွင်
အပူပိုင်းဒေသ ငါး ၅၁ကောင်ကို ခိုးပြီးသယ်လာတာတွေ့ရပါတယ်။
(၄) နှုတ်ခမ်းနီ လက်နက်
အမျိုးသမီးတစ်ယောက် အိတ်ထဲမှ ထူးဆန်းတဲ့နှုတ်ခမ်းနီဘူးဖြစ်ပါတယ်။
သံသယမကင်းလို့ သေချာစစ်ဆေးကြည့်တော့ ဒါဟာအလှကုန်ပစ္စည်းသက်သက်မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။
လျှပ်စစ်ဗို့အား ၃၅၀၀၀၀ ပါတဲ့လက်နတ်တစ်ခုဖြစ်ပါတယ်။
(၃) လက်ပစ်ဗုံး ၄လုံး
လက်ပစ်ဗုံး ၄လုံးနဲ့ လေယာဉ်စီးဖို့ ကြိုးစားခဲ့တဲ့ ခရီးသည်တစ်ဦးပါ။ ခရီးသည်တွေဘေးကင်းနိုင်ဖို့အတွက် ဒီလူကိုသေချာစစ်ဆေးပြီး ဖမ်းလိုက်ရတာပေါ့။ ဘာကြောင့် ဗုံးတွေသယ်လာတယ်ဆိုတာကိုတော့
အတိကျမဖော်ပြထားခဲ့ပါဘူး။
(၂) ဗြဟ္မစရိယ ခါးပတ်
ဒီခါးပတ်က တရားမဝင်တာလည်းမဟုတ်သလို၊ ပြစ်မှုတစ်ခုကျုးလွန်လို့လည်းမရပါဘူး။ အရမ်းထူးဆန်းလို့ပါ..။ဗြိတိန်အမျိုးသမီးတစ်ယောက်ဆီက ဒီခါးပတ်ကို ရှာဖွေတွေ့ရှိခဲ့တာပါ။
သူမယောက်ျားကို ဒီခါးပတ်ကြီးဝတ်ထားပါ့မယ်လို့ ကတိပေးထားလို့ သူမဝတ်ထားကြောင်းရှင်းပြခဲ့တယ်။
(၁) ၈နှစ်ကောင်လေး
၈နှစ်ကောင်လေးကို ခရီးဆောင်အိတ်ထဲထည့်ပြီး ခေါ်ဆောင်လာတာပါ။စပိန်ကနေ Morocco သို့သွားတဲ့ခရီးစဉ်မှာစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top