ဧရာ၀တီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕ အက်ဥ္းေထာင္တြင္ မတ္လ ၁၃ ရက္ေန႔က အက်ဥ္းေထာင္၀င္စာလာေတြ႕သူထံမွ မူးယစ္ေဆးဝါးမ်ား ဖမ္းမီခဲ့ေၾကာင္း သတင္းရရိွသည္။

အက်ဥ္းေထာင္တြင္ လူသတ္မုဒိန္းမႈျဖင့္ ျပစ္ဒဏ္က်ခံေနရသည့္ေနလိႈင္​း (၃၁)ႏွစ္​ထံေထာင္၀င္စာလာေတြ႕သည့္ ဟိန္​းမင္​းလတ္​(ခ)မင္​းမင္​း၊(၂၅)ႏွစ္​ထံမွ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ံုးမွ သိရသည္။

“ကြၽန္ေတာ္တို႔ႏိုင္ငံမွ ခုျဖစ္ေနတာက မူးယစ္ေဆးကိစၥေတြနဲ႕ လူငယ္ေတြေတာ္ေတာ္မ်ားမ်ား ေထာင္ထဲေရာက္ေနၾကတယ္၊ မိဳ႕မွာဆိုရင္လည္းဒီလိုပဲ ခဏခဏမိတယ္။ ဖမ္းမိတိုင္းလည္း လူငယ္္ေတြခ်ည္းပဲ။ အဲ႕ဒီေတာ့ သက္ဆိုင္ရာက မူးယစ္ေဆးဝါးနဲ႕ ပတ္သက္လာရင္ အဓိက ဇစ္ျမစ္ျဖစ္တဲ႕ ေရာင္းခ်သူေတြကိုပါ ကြင္းဆက္အေနနဲ႕ေဖၚထုတ္ေပးပါ”ဟု ျမကန္သာရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးမ်ိဳးေအာင္ကေျပာသည္။

အက်ဥ္းေထာင္သို႔ေထာင္၀င္စာလာေတြ႕သည့္ ဟိန္​းမင္​းလတ္​(ခ)မင္​းမင္​းယူေဆာင္လာသည့္အထုပ္မ်ားကို မသကၤာ၍ အက်ဥ္းေထာင္ ၀န္ထမ္းမ်ားမွ ရဲတပ္ဖြဲ႕သို႔အေၾကာင္းၾကားခဲ့ၿပီး အထုတ္မ်ား ကိုရွာေဖြစဥ္ မူးယစ္ေဆးဝါးမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။

အက်ဥ္းေထာင္မွအေၾကာင္းၾကားသျဖင့္ ေျမာင္းျမခ႐ိုင္မႈ/ႏိွမ္မွ (ခ႐ိုင္မႈခင္းႏိွမ္နင္ေရးတပ္ဖြဲ႕)ရဲတပ္ဖြဲ႕၀င္မ်ား၊ ေျမာင္းျမၿမိဳ႕မ ရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္​​ ေအာင္​​ေဆြျမင္​့ႏွင္​့ နယ္​ထိန္​းအဖြဲ႔ မ်ားႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားပါ၀င္ေသာ ပူးေပါင္းအဖြဲ႕မွသြားေရာက္ရွာ ေဖြစဥ္ ဟိန္​းမင္​းလတ္​(ခ)မင္​းမင္​းယူေဆာင္လာသည့္အထုပ္မ်ားထဲမွ WY ပန္​း​ေရာင္​စိတ္​ႂကြ႐ူးသြပ္​​ေဆးျပား(၃၉၀)ျပား၊ ICE အမ်ဳိးအစား အျဖဴ​ေရာင္​အခဲ (၁.၂၅) ဂရမ္​တို႔အား ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္သည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူဖမ္းဆီးရမိေသာ ဟိန္​းမင္​းလတ္​(ခ)မင္​းမင္းႏွင့္ အက်ဥ္းက်ေနသူ ေနလိႈင္​းတို႔အား ေျမာင္းျမၿမိဳ႕မရဲစခန္းမွ မယ(ပ)၃/၂၀၁၉၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲ ေစတက္ေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒပုဒ္မ ၁၉(က)/၂၁ အမႈဖြင့္စစ္ေဆး လ်က္ရိွေၾကာင္း ေျမာင္းျမၿမိဳ႕မရဲစခန္းမွ သိရိွရသည္။

အလားတူျဖစ္စဥ္မ်ဳိး ဇန္နဝါရီလ ၂၉ ရက္ေန႔က ေျမာင္းျမအက်ဥ္း ေထာင္တြင္ျဖစ္ပြားခဲ့ၿပီး ေထာင္၀င္စာလာေတြ႕သူထံမွ စိတ္ႂကြ႐ူးသြပ္ ေဆးျပား ၃၅၀ ျပားဖမ္းဆီးရမိခဲ့သည္။

ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔က ေျမာင္းျမၿမိဳ႕၊ ၁၀ ရပ္ကြက္တြင္ မူးယစ္ေဆးဝါးသံုးစြဲေနသည့္ ဇနီးေမာင္ႏွံ ၂ ဦးကို စိတ္ႂကြ႐ူးသြပ္ ေဆးျပား ၅၉ ျပားႏွင့္အတူ တာ၀န္ရိွသူမ်ားကဖမ္းဆီးခဲ့သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Ayeyarwaddy_Times
ဓာတ္ပံု – ဘိုဘို (ေျမာင္းျမ)
#Unicode Version#
 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ အကျဉ်းထောင်တွင် မတ်လ ၁၃ ရက်နေ့က အကျဉ်းထောင်ဝင်စာလာတွေ့သူထံမှ မူးယစ်ဆေးဝါးများ ဖမ်းမီခဲ့ကြောင်း သတင်းရရှိသည်။

အကျဉ်းထောင်တွင် လူသတ်မုဒိန်းမှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့်နေလှိုင်း (၃၁)နှစ်ထံထောင်ဝင်စာလာတွေ့သည့် ဟိန်းမင်းလတ်(ခ)မင်းမင်း၊(၂၅)နှစ်ထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“ကျွန်တော်တို့နိုင်ငံမှ ခုဖြစ်နေတာက မူးယစ်ဆေးကိစ္စတွေနဲ့ လူငယ်တွေတော်တော်များများ ထောင်ထဲရောက်နေကြတယ်၊ မို့မှာဆိုရင်လည်းဒီလိုပဲ ခဏခဏမိတယ်။ ဖမ်းမိတိုင်းလည်း လူငယ်တွေချည်းပဲ။ အဲ့ဒီတော့ သက်ဆိုင်ရာက မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် အဓိက ဇစ်မြစ်ဖြစ်တဲ့ ရောင်းချသူတွေကိုပါ ကွင်းဆက်အနေနဲ့ဖေါ်ထုတ်ပေးပါ”ဟု မြကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်ကပြောသည်။

အကျဉ်းထောင်သို့ထောင်ဝင်စာလာတွေ့သည့် ဟိန်းမင်းလတ်(ခ)မင်းမင်းယူဆောင်လာသည့်အထုပ်များကို မသင်္ကာ၍ အကျဉ်းထောင် ဝန်ထမ်းများမှ ရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့ပြီး အထုတ်များ ကိုရှာဖွေစဉ် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အကျဉ်းထောင်မှအကြောင်းကြားသဖြင့် မြောင်းမြခရိုင်မှု/နှိမ်မှ (ခရိုင်မှုခင်းနှိမ်နင်ရေးတပ်ဖွဲ့)ရဲတပ်ဖွဲ့ဝင်များ၊ မြောင်းမြမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် အောင်ဆွေမြင့်နှင့် နယ်ထိန်းအဖွဲ့ များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့မှသွားရောက်ရှာ ဖွေစဉ် ဟိန်းမင်းလတ်(ခ)မင်းမင်းယူဆောင်လာသည့်အထုပ်များထဲမှ WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၃၉၀)ပြား၊ ICE အမျိုးအစား အဖြူရောင်အခဲ (၁.၂၅) ဂရမ်တို့အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိသော ဟိန်းမင်းလတ်(ခ)မင်းမင်းနှင့် အကျဉ်းကျနေသူ နေလှိုင်းတို့အား မြောင်းမြမြို့မရဲစခန်းမှ မယ(ပ)၃/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေတက်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း မြောင်းမြမြို့မရဲစခန်းမှ သိရှိရသည်။

အလားတူဖြစ်စဉ်မျိုး ဇန်နဝါရီလ ၂၉ ရက်နေ့က မြောင်းမြအကျဉ်း ထောင်တွင်ဖြစ်ပွားခဲ့ပြီး ထောင်ဝင်စာလာတွေ့သူထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၃၅၀ ပြားဖမ်းဆီးရမိခဲ့သည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မြောင်းမြမြို့၊ ၁၀ ရပ်ကွက်တွင် မူးယစ်ဆေးဝါးသုံးစွဲနေသည့် ဇနီးမောင်နှံ ၂ ဦးကို စိတ်ကြွရူးသွပ် ဆေးပြား ၅၉ ပြားနှင့်အတူ တာဝန်ရှိသူများကဖမ်းဆီးခဲ့သည်။



ဖိုးသူတော်(www.phothutaw.com)
Credit:Ayeyarwaddy_Times

ဓာတ်ပုံ – ဘိုဘို (မြောင်းမြ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top