iMyanmarHouse.com - Best Property Website for Myanmar
×







Credit:Than Htun Aung‎

#Unicode Version# ဖြင့်ဖတ်ပါ ။

လှိုင်သာယာ ညောင်ရွာ မီးလောင်မှုရဲ့တရားခံနာမည်က ကိုစိုးလွင် သူ့မိန်းမက ကျောင်းဆရာမ။ကုန်စုံဆိုင်နဲ့အတူ ဓာတ်ဆီရောင်းတယ် ဓာတ်ဆီကိုပီပါတွေနဲ့လှောင်ထားတယ်။

အောက်ကပုံထဲကပီပါတွေက မီးလောင်ပေါက်ကွဲထားတဲ့ဓာတ်ဆီပီပါတွေဖြစ်ပါတယ်။ မီးသွေးလည်းရောင်းပါတယ်။ပြီးခဲ့တဲ့ ညကမှ မီးသွေး၁၂ဘီးကားကြီးနဲ့လာချသွားပါတယ်။

အိတ်ရေမသိရပေမယ့် အောက်ကပုံထဲကမီးလောင်နေတာမီးသွေးတွေပါ။မီးလောင်မှုဖြစ်စဉ်က ဓာတ်ဆီဗူးတင်ရောင်းရန် သံဖရိန်စင်ကို တရားခံ ကိုစိုးလွင်ကိုယ်တိုင် ဆိုင်ထဲမှာ ဝရိန်ဆော်ရာက စပြီးမီးစွဲလောင်တာဖြစ်ပါတယ်။

မီးလောင်မှုဖြစ်နေစဉ် မီးလောင်မှုတရားခံ ကိုစိုးလွင်နှင့် ဇနီးက လှိုင်သာယာ ဒဂုံဧရာအဝေးကွင်းရောက်နေတာ တွေ့ခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောပြပါတယ်။

လူနေထူထပ်တဲ့ နေရာ ကုန်စုံဆိုင်မှာ ဓာတ်ဆီသိုလှောင်ရောင်းချခြင်းကို သက်ဆိုင်ရာက မသိရော့လေသလား။အခုတော့ မီးဘေးသင့်အိမ်ခြေ တစ်ရာကျော်ခန့်က မိသားစုမီးဘေးဒုက္ခသည်တွေ နီးစပ်ရာဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြရပါတယ်။

မီးသတ်တပ်ဖွဲ့များ ကြက်ခြေနီ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်သားများ သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းကပုဂ္ဂိုလ်များအားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေတာတွေ့ရပါတယ်။ အားလုံးမီးဘေးအန္တရာယ်မှကင်းဝေးကြပါစေ…..။

ဖိုးသူတော် (www.phothutaw.com)
Credit:Than Htun Aung‎
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top