20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ရုံးပေတသီးေတြက အမွ်င္ဓာတ္၊ ဗီတာမင္ စီ၊ K ၊ Folate၊ ကယ္ဆီယမ္ နဲ႔ ပိုတက္ဆီယမ္ဓာတ္တို႔ ပါဝင္ေနပါတယ္။

အဲ့ဒီအျပင္ ဗီတာမင္ B3၊ ဗီတာမင္ B1 ၊ ဗီတာမင္ B6 ၊ မဂၢနီဆီယမ္၊ Beta-Carotene နဲ႔  Lutein ဓာတ္တို႔ပါဝင္ေနပါတယ္။

ကိုယ္ခံအား စနစ္ကို ျမွင့္တင္ေပး

ရုံးပေတသီး မွာ ကိုယ္ခံအားစနစ္ကို ျမွင့္တင္ေပးတဲ့ ဓာတ္ေတြပါဝင္ပါတယ္။ ဗီတာမင္ စီဓာတ္ပါဝင္မႈျမင့္မားတာေၾကာင့္ ေသြးျဖဴဥေတြ ထုတ္လုပ္မႈကို အားေကာင္းေစၿပီး ခႏၶာကိုယ္ထဲမွာရွိတဲ့ Free Radicals ေတြကို စြန္႔ထုတ္ေပးႏုိင္ပါတယ္။

စြမ္းအားျမင့္  Antioxidant  ေတြလည္းပါဝင္တာေၾကာင့္ ကိုယ္ခံအားကို ျမွင့္တင္ေပးၿပီး ဖ်ားနာမႈေတြကို ေလ်ာ့ခ်ေပးပါတယ္။

အဲ့ဒီအျပင္ ပံုမွန္စားေပးရင္ ပါဝင္တဲ့ Antioxidant ေတြေၾကာင့္ ႏွလံုးေရာဂါ၊ ကင္ဆာ ႏွင့္ အရြယ္မတိုင္ခင္ အိုမင္းျခင္းေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

အသည္းေရာဂါေတြကို ကာကြယ္ေပး

ရုံးပေတသီးမွာ စီးကပ္တဲ့ Bile အက္ဆစ္ေတြက အသည္းမွာရွိတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။

အသည္းမွာ အဆီေတြစုၿပံုလာတာကိို ကာကြယ္ေပးပါတယ္။

၂၀၁၂ ခုႏွစ္မွာ Saudi Pharmaceutical ဂ်ာနယ္မွာပါဝင္တဲ့ သုေတသနအရ ရုံးပေတသီးမွာပါဝင္တဲ့ Antioxidant ေတြက အသည္းပ်က္စီးတာကို ဓာတုနည္းအရ ကာကြယ္ေပးႏိုင္စြမ္းရွိပါတယ္။

အသည္းက်န္းမာေရးကို ျမွင့္တင္ဖို႔အတြက္ ရုံးပေတသီးကို ေန႔စဥ္ စားသံုးေပးသင့္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Myfoodmyanmar
#Unicode Version#
ရုံးပတေသီးတွေက အမျှင်ဓာတ်၊ ဗီတာမင် စီ၊ K ၊ Folate၊ ကယ်ဆီယမ် နဲ့ ပိုတက်ဆီယမ်ဓာတ်တို့ ပါဝင်နေပါတယ်။

အဲ့ဒီအပြင် ဗီတာမင် B3၊ ဗီတာမင် B1 ၊ ဗီတာမင် B6 ၊ မဂ္ဂနီဆီယမ်၊ Beta-Carotene နဲ့  Lutein ဓာတ်တို့ပါဝင်နေပါတယ်။

ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေး

ရုံးပတေသီး မှာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့ ဓာတ်တွေပါဝင်ပါတယ်။ ဗီတာမင် စီဓာတ်ပါဝင်မှုမြင့်မားတာကြောင့် သွေးဖြူဥတွေ ထုတ်လုပ်မှုကို အားကောင်းစေပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ Free Radicals တွေကို စွန့်ထုတ်ပေးနိုင်ပါတယ်။

စွမ်းအားမြင့်  Antioxidant  တွေလည်းပါဝင်တာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ဖျားနာမှုတွေကို လျော့ချပေးပါတယ်။

အဲ့ဒီအပြင် ပုံမှန်စားပေးရင် ပါဝင်တဲ့ Antioxidant တွေကြောင့် နှလုံးရောဂါ၊ ကင်ဆာ နှင့် အရွယ်မတိုင်ခင် အိုမင်းခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

အသည်းရောဂါတွေကို ကာကွယ်ပေး

ရုံးပတေသီးမှာ စီးကပ်တဲ့ Bile အက်ဆစ်တွေက အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အသည်းမှာ အဆီတွေစုပြုံလာတာကို ကာကွယ်ပေးပါတယ်။

၂၀၁၂ ခုနှစ်မှာ Saudi Pharmaceutical ဂျာနယ်မှာပါဝင်တဲ့ သုတေသနအရ ရုံးပတေသီးမှာပါဝင်တဲ့ Antioxidant တွေက အသည်းပျက်စီးတာကို ဓာတုနည်းအရ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

အသည်းကျန်းမာရေးကို မြှင့်တင်ဖို့အတွက် ရုံးပတေသီးကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top