iMyanmarHouse.com - Best Property Website for Myanmar
×














Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #


စိုက်ပျိုးရေးနဲ့ပတ်သက်ရင် အိုအေစစ်လို့ တင်စားခေါ်တွင်ရမယ့် နည်းပညာသစ်တစ်ခုပေါ်ထွန်းလာခဲ့ပါပြီ။ ဒီနည်းပညာဟာ စိုက် ပျိုးရေးမှာ မြေသြဇာမ လို၊ ရေမလိုတဲ့ အံ့သြစရာနည်းပညာအသစ်အဆန်းဖြစ်ခဲ့သလို ဒါကိုတော့ Zero Soil Vertical-farm လို့ ခေါ်ပါတယ်။

အမေရိကန်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Aerofarms ဟာ ဒီနည်းပညာနဲ့ တင်ဆောင်လာပြီး စိုက်ပျိုးရေးအတွက်လမ်းသစ်ဖောက်ခဲ့တာဖြစ်ပါတယ်။ အနာဂတ်မှာ ဒီနည်းပညာအရ လယ်ယာစိုက်ပျိုးသူတွေဟာ မြေသြဇာကို လုံးဝ အသုံးပြုစရာမလိုတော့ဘဲ ရေသုံးစွဲမှုမှာ ၉၅ ရာခိုင်နှုန်း အထိ လျှော့ချသွားနိုင်မှာပါ။

အခြားတစ်ဖက်မှာလည်း Zero Soil ဟာ သီးနှံပျိုးခင်းတွေအတွက် မြေဆီလွှာ အစစ်အတိုင်း သတ္တုဓာတ်တွေလုံလောက်စွာရရှိတဲ့ပုံစံမျိုး စွမ်းဆောင်စေနိုင်ပါ့မ လား၊ ဓာတုဓာတ်ဘယ်လောက်ကင်းစင်စေနိုင်မှာလဲ စသဖြင့် အမနာပပြော ဆိုဝေဖန်မှုတွေနဲ့အတူ လူများစွာရဲ့စိတ်ပါဝင်စားစွာ ဆွေးနွေးငြင်းခုံလာမှုတွေဟာ အကြိတ်အနယ်ဖြစ်ခဲ့ရတယ်။

ဒီနည်းပညာရဲ့အသက်ကဘာလဲဆိုတာ စူးစမ်းလေ့လာသူတွေများပြားလာခဲ့တယ်။
ဒီနည်းပညာရဲ့ အသက်ကတော့ ပင်စည်ပင်ရင်းရဲ့ အမြစ်တွေကိုထိန်း သိမ်းစောင့်ရှောက်ပုံနည်းလမ်းလျို့ဝှက်ချက်ပါပဲ။ သီးနှံစိုက်ပျိုးမှု နဲ့ စိုက်ပျိုးပင်တွေ အတွက် လိုအပ်လှတဲ့ အာဟာရသြဇာဓာတ် နဲ့ သတ္တုဓာတ်များစွာ အပြည့်အဝရ ရှိစေပြီး ကျန်းမာဝေဆာစွာ ကြီးထွားရှင်သန်စေတာပါ။

ဒီရဲ့သော့ချက်ကတော့ အပင်တွေရဲ့အမြစ်တွေဟာ ရေထဲမှာ နေရပြီး အမြစ်တွေ တစ်ခုနဲ့တစ်ခု Oxygenation ဖြစ်စဉ်နဲ့ ကုစားဖြည့်စွမ်းပေးတာပဲဖြစ်ပါတယ်။ ပိုး သတ်ဆေး၊ ဖျန်းဆေးကို လုံးဝအသုံးမပြုပါဘူး။

ကျိန်းသေပေါက် အနေနဲ့ Zero Soil Vertical Farming စိုက်ပျိုးနည်းပညာသစ်ဟာ စိတ်ပါဝင်စားဖို့သိပ်ကောင်းနေသလို အနာဂတ်မှာလည်း အလားအလာ သိပ်ကောင်းနေတဲ့ ဖန်တီးတီထွင်မှုတစ်ခုပါပဲ။ မြို့တွင်းအနီးအနားမှာပဲ သီးသန့်နေရာတစ်ခုနဲ့စိုက်ပျိုးနိုင်ကြတာမို့ တောနယ်ကျေးက လယ်ယာတွေကနေ ထွက်ရှိလာတဲ့သီးနှံပျိုးပင် နဲ့ ပျိုးခင်းတွေကို ခရီးဝေးသယ်ယူပို့ဆောင်ရတဲ့ ဒုက္ခကိုဖြေ ရှင်းပြီးသားဖြစ်စေပါတယ်။

တောင်သူဦးကြီးတွေအတွက်တော့ မျှော်လင့်စရာတိုးတက်လာတဲ့သတင်းကောင်း တစ်ခုပါပဲ။ နည်းပညာစိန်ခေါ်မှုဖြစ်ပေမယ့် အများကောင်းကျိုးအတွက်သာဖြစ်လာစေမှာ အမှန်ပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top