
ချစ်ပရိသတ်တွေအတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ကျက်သရေရှိလှတဲ့ အလှတရားတွေကို ပြသခဲ့တဲ့ ချစ်သုဝေရဲ့ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။








Credit:   MM

#Unicode Version# ဖြင့်ဖတ်ပါ ။

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ ချစ်သုဝေကတော့ အနုပညာပိုင်းမှာရော မိသားစုမှာပါ တာဝန်ကျေတဲ့ အမျိုးသမီးတစ်ဦးဖြစ်အောင် ကြိုးစားနေထိုင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ချစ်သုဝေက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ခမ်းခမ်းနားနားကျင်းပပြုလုပ်ခဲ့တဲ့ပွဲကို ကျက်သရေရှိလှတဲ့ မြန်မာဆန်ဆန် ဝတ်စုံလေးနဲ့ အလှဆုံးတက်ရောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။ နိုင်ငံတစ်ကာက တက်ရောက်ကြတဲ့ နိုင်ငံခြားသူလေးတွေကြားမှာတော့ ချစ်သုဝေက ထင်ထင်ရှားရှားနဲ့ တောက်ပနေခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ကျက်သရေရှိလှတဲ့ အလှတရားတွေကို ပြသခဲ့တဲ့ ချစ်သုဝေရဲ့ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နေ်ာ။

ချစ်သုဝေကတော့ “East meets West!!! It’s an honor to attend and meet all the beautiful ladies inside out on international women’s day!! Special thanks to Ma phyu from parami maw& co. for lovely jewelry,,,Sruti Dalmia for lovely Myanmar dress which was made in 2days,,,& Mrs. Mae Marciel for letting me take pics in your residence which is flavored in Myanmar culture❤️…Of course I’ve got so much pleasure to be a part of this event.”

“အရှေ့တိုင်း နဲ့ အနောက်တိုင်းတွေ့ကြပြီ!! နိုင်ငံတကာ အမျိုးသမီးများနေ့မှာ အရမ်းလှတဲ့အမျိုးသမီးတွေနဲ့ ဆုံတွေ့ဖို့ ပွဲတက်ခဲ့ရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။

ချစ်ဖို့ကောင်းတဲ့ လက်ဝတ်ရတနာတွေအတွက် parami maw& co. မှ မဖြုကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ဒီလောက်ချစ်ဖို့ကောင်းတဲ့မြန်မာဝတ်စုံကို ၂ရက်နဲ့ အပြီး ချုပ်ပေးခဲ့တဲ့ Sruti Dalmia ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။မြန်မာရိုးရာယဉ်ကျေးမှုတွေကို ဖော်ကျူးထားတဲ့ နေအိမ်မှာ ဓာတ်ပုံရိုက်ခွင့်ပေးခဲ့တဲ့ အိမ်ပိုင်ရှင် Mrs. Mae Marciel ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ဆုံးအနေနဲ့ ဒီလိုပွဲမျိုးမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခဲ့ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ အများကြီးဖြစ်ခဲ့ပါတယ်။”ဆိုပြီး ကြည်နူးစွာ ရေးသားထားတာပါ။

အဆိုပါပွဲကိုတော့ မင်းသမီးချောလေး ပိုင်ဖြိုးသုနဲ့ ဧရီရယ်သုတတို့ကလည်း ချစ်သုဝေနဲ့အတူ တက်ရောက်ခဲ့ကြပါသေးတယ်။

လှလိုက်တာ ချစ်သုဝေရယ်…

တစ်မျိုးစီလှတဲ့ နိုင်ငံခြားသူလေးတွေနဲ့ ကျက်သရေရှိလွန်းလှတဲ့ မြန်မာမလေး ချစ်သုဝေ

ချစ်သုဝေကတော့ လတ်တလောမှာ ချစ်ပရိသတ်တွေရဲ့လက်ထဲကို “ကတိ” ဆိုတဲ့အခွေလေးကို ထည့်ပေးထားပါသေးတယ်။ အရမ်းကိုချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ချစ်သုဝေကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။ ချစ်ပရိသတ်တွေလည်း အရမ်းကို ကျက်သရေရှိလှတဲ့ အလှတရားတွေကို ပြသခဲ့တဲ့ ချစ်သုဝေလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:   MM
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top