မေလးရွားႏိုင္ငံတြင္ အၿမဲတမ္းေနထိုင္ခြင့္ရရွိမည့္ အခြင့္အေရးႏွင့္ ကြာလာလမ္ပူၿမိဳ႕ရွိ Pavilion Damansara Heights ကြန္ဒိုအေရာင္းျပပြဲ
×

လွေတာသား စကားကပ္ေတာ့ ဆရာေတာ္က လွည္းႀကံဳ မတင္ခ်င္ဘူး။ စကားမမ်ားပါဘူး ဆိုတဲ့ ကတိနဲ႕
လိုက္ခြင့္ေတာ့ ျပဳလိုက္သတဲ့။

လမ္းမွာ ဖြတ္တေကာင္ ျဖတ္ေျပးတာ ေတြ႕ေတာ့ ဆ်ာေတာ္က ”တြင္းေအာင္း သတြာေဒမ်ား ေက်ာရိုး တယ္ရွည္သကိုး” လို႕ ေျပာတာကို လွေတာသားက ”တြင္းေအာင္း သတြာတိုင္း ေက်ာရိုးရွည္ရမယ္ဆို ကဏန္းေတြဆို ရထားတြဲလိုေနမွာဗ်” လို႕ ကပ္သတဲ့။ ဆ်ာေတာ္ မ်က္ေစာင္းထိုးေတာ့ လွေတာသား ျငိမ္ပု သြားေရာ။

တစ္ေနရာ ေရာက္ေတာ့ ေရတိုက္စားလို႕ ကမ္းပါးၿပိဳေနတာကို ျမင္ေတာ့ ”သံေစာင္းထက္ ေရေစာင္းထက္ ဆိုတာ အဲဒါေပါ့” လို ဆိုျပန္သတဲ့။ လွေတာသား ပါစပ္ျပင္လိုက္ေသးတယ္ ေနာက္မွ ျပန္ထိန္းပီး ေနလိုက္တယ္။ မေနလဲ ႏြားရိုက္တဲ့ ႀကိမ္က သူ႕ေက်ာကို ထိမွာကိုး။

လမ္းခုလတ္မွ လွည္းကို ရပ္ ဆ်ာတာ္ကိုလဲ ဆြမ္းကပ္ဖို႕နဲ႕ ႏြားေတြလဲ အနားေပးရင္း ဇရပ္တစ္ခုမွာ စခန္းခ်ၾကသတဲ့။

”ေဟ့ဒကာ မင္းလဲ အလကားမေနနဲ႕ သြား ေရေႏြးတည္ဖို႕ ထင္းရွာေခ်” လို႕ဆိုေတာ့ ထြက္သြားတယ္။ ေတာ္ေတာ္နဲ႕ ျပန္မေရာက္။ ဆ်ာေတာ္က ဆြမ္းဘုဥ္းပီးလို႕ ေရေႏြးေသာက္ခ်င္ေနပီ။

လိုက္သြားၾကည့္ေတာ့မွ ထင္းတံုးကို ေရနဲ႕ ေလာင္းေနတာ ေတြ႕ရတယ္။ ေမးၾကည့္ေတာ့ ”ဆ်ာေတာ္ပဲ သံေစာင္းထက္ ေရေစာင္း ထက္ဆို အာ့ေၾကာင့္ ဓားနဲ႕ မခြဲပဲ႕ေရနဲ႕ပက္ခြဲနာ” လို႕ေျဖတယ္။ ဆ်ာေတာ္လဲ သူ႕စကားနဲ႕သူဆိုေတာ့ အံက်ိတ္ေနရတယ္။

ေရေႏြးမေသာက္ရေတာ့ စိတ္က မေက်နပ္ဘူး။ ဒါနဲ႕ သူ႕ဒကာကပ္တဲ့ သေဘၤားသီးေလး အခ်ိဳးတည္းရင္းက ”ပင္မွည့္သီးမ်ား တယ္ခ်ိဳသကိုးကြယ့္” လို႕ ေရရြတ္သတဲ့။

ဆ်ာေတာ္ ဆြမ္းက်န္ကို ကပၸိယနဲ႕ အတူဝါးေနတဲ့ လွေတာသားက ကိုက္လက္စ ငရုပ္သီးမွည့္ေလး ေထာင္ျပသတဲ့။ ဆ်ာေတာ္ ေဒါသဒီကရီက မရေတာ့ဘူး။ ႏြားရိုက္တဲ့ ႀကိမ္ေျပးဆြဲၿပီးေက်ာေကာ့ေအာင္ ေဆာ္ေတာ့တယ္။

ဒါေတာင္ လွေတာသား ကမမွတ္ေသးပဲ ” ရတနာ ႏွစ္ပါးကယ္ေတာ္မူပါ” လို႕ ေအာ္သတဲ့။ ”ရတနာဆိုတာ သံုးပါးရွိတာဟ ကဲဟာ ကဲဟာ” နဲ႕ ဆက္တီးတာ။

”ရတနာ တစ္ပါးက ကိုယ့္ေဆာ္ေနတာ ဘယ္လိုလုပ္ ကယ္ႏိုင္မလဲဖ်ာ့” လို႕ ျပန္ေလွ်ာက္သတဲ့။

ကဲ….ဘယ္နဲ ့ရွိ စ……

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Writer

#Unicode Version# ျဖင့္ဖတ္ပါ ။

လှတောသား စကားကပ်တော့ ဆရာတော်က လှည်းကြုံ မတင်ချင်ဘူး။ စကားမများပါဘူး ဆိုတဲ့ ကတိနဲ့
လိုက်ခွင့်တော့ ပြုလိုက်သတဲ့။

လမ်းမှာ ဖွတ်တကောင် ဖြတ်ပြေးတာ တွေ့တော့ ဆျာတော်က ”တွင်းအောင်း သတွာဒေများ ကျောရိုး တယ်ရှည်သကိုး” လို့ ပြောတာကို လှတောသားက ”တွင်းအောင်း သတွာတိုင်း ကျောရိုးရှည်ရမယ်ဆို ကဏန်းတွေဆို ရထားတွဲလိုနေမှာဗျ” လို့ ကပ်သတဲ့။ ဆျာတော် မျက်စောင်းထိုးတော့ လှတောသား ငြိမ်ပု သွားရော။

တစ်နေရာ ရောက်တော့ ရေတိုက်စားလို့ ကမ်းပါးပြိုနေတာကို မြင်တော့ ”သံစောင်းထက် ရေစောင်းထက် ဆိုတာ အဲဒါပေါ့” လို ဆိုပြန်သတဲ့။ လှတောသား ပါစပ်ပြင်လိုက်သေးတယ် နောက်မှ ပြန်ထိန်းပီး နေလိုက်တယ်။ မနေလဲ နွားရိုက်တဲ့ ကြိမ်က သူ့ကျောကို ထိမှာကိုး။

လမ်းခုလတ်မှ လှည်းကို ရပ် ဆျာတာ်ကိုလဲ ဆွမ်းကပ်ဖို့နဲ့ နွားတွေလဲ အနားပေးရင်း ဇရပ်တစ်ခုမှာ စခန်းချကြသတဲ့။

”ဟေ့ဒကာ မင်းလဲ အလကားမနေနဲ့ သွား ရေနွေးတည်ဖို့ ထင်းရှာချေ” လို့ဆိုတော့ ထွက်သွားတယ်။ တော်တော်နဲ့ ပြန်မရောက်။ ဆျာတော်က ဆွမ်းဘုဉ်းပီးလို့ ရေနွေးသောက်ချင်နေပီ။

လိုက်သွားကြည့်တော့မှ ထင်းတုံးကို ရေနဲ့ လောင်းနေတာ တွေ့ရတယ်။ မေးကြည့်တော့ ”ဆျာတော်ပဲ သံစောင်းထက် ရေစောင်း ထက်ဆို အာ့ကြောင့် ဓားနဲ့ မခွဲပဲ့ရေနဲ့ပက်ခွဲနာ” လို့ဖြေတယ်။ ဆျာတော်လဲ သူ့စကားနဲ့သူဆိုတော့ အံကျိတ်နေရတယ်။

ရေနွေးမသောက်ရတော့ စိတ်က မကျေနပ်ဘူး။ ဒါနဲ့ သူ့ဒကာကပ်တဲ့ သင်္ဘေားသီးလေး အချိုးတည်းရင်းက ”ပင်မှည့်သီးများ တယ်ချိုသကိုးကွယ့်” လို့ ရေရွတ်သတဲ့။

ဆျာတော် ဆွမ်းကျန်ကို ကပ္ပိယနဲ့ အတူဝါးနေတဲ့ လှတောသားက ကိုက်လက်စ ငရုပ်သီးမှည့်လေး ထောင်ပြသတဲ့။ ဆျာတော် ဒေါသဒီကရီက မရတော့ဘူး။ နွားရိုက်တဲ့ ကြိမ်ပြေးဆွဲပြီးကျောကော့အောင် ဆော်တော့တယ်။

ဒါတောင် လှတောသား ကမမှတ်သေးပဲ ” ရတနာ နှစ်ပါးကယ်တော်မူပါ” လို့ အော်သတဲ့။ ”ရတနာဆိုတာ သုံးပါးရှိတာဟ ကဲဟာ ကဲဟာ” နဲ့ ဆက်တီးတာ။

”ရတနာ တစ်ပါးက ကိုယ့်ဆော်နေတာ ဘယ်လိုလုပ် ကယ်နိုင်မလဲဖျာ့” လို့ ပြန်လျှောက်သတဲ့။

ကဲ….ဘယ်နဲ့ရှိ စ……

ဖိုးသူတော် (www.phothutaw.com)
Credit:Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top