20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


အခုေခတ္လူေတြဟာ အေဖၚကို ေတာ္ေတာ္ေလး ခင္မင္ႀကတယ္၊၊ အေဖၚကိုရွာျပီး ေနႀကတယ္၊၊ ေရွးေခတ္ကလည္း အေဖၚရွာႀကတာပဲ၊၊ သို႔ေသာ္ အခုေခတ္ႀကည့္ရ တာ အေဖၚပိုမ်ားသလို ေတြ႕ရတယ္၊၊ အေဖၚဆိုတာ ဘာေတြလဲ၊၊ မ်က္စိနဲ႔ ႀကည့္ ရတာေတြဟာ အေဖၚပဲ၊၊

နားနဲ႔ နားေထာင္စရာဟာလည္း အေဖၚပဲ၊၊ နွာေခါင္းက အနံ႔ရတာလည္း အေဖၚ၊၊ စားေနရတာေတြဟာလည္း တနည္းအားျဖင့္ အေဖၚပဲ၊၊ စိတ္အတြက္ ေဖ်ာ္ေျဖဖို႔ရာ လုပ္ေပးေနရတာပဲ၊၊ သက္ရွိလူေတြကလည္း အေဖၚ၊၊ သက္မဲ့ပစၥည္းေတြကလည္း အေဖၚပဲ၊၊ တစ္ခ်ိဳ႕ေျပာႀကတာ ႀကားဖူးတယ္၊၊

အားေနရင္ စာအုပ္ေလးပဲ အေဖၚလုပ္ျပီး ေနရတာပါတဲ့၊၊ တစ္ခ်ိဳ႕ကေတာ့ အားေန ရင္ တရားတိတ္ေခြနားေထာင္ျပီးေတာ့ ဒါေလး အေဖၚလုပ္ျပီး ေနတယ္၊၊ တရား စာေပဖတ္ျပီး အေဖၚလုပ္ ေနတယ္၊၊ တစ္ခ်ိဳ႕ဆိုရင္ တယ္လီးေဗးရွင္းႀကည့္ျပီး အေဖၚလုပ္ျပီး ေနႀကတာ၊၊

အခုတစ္ေခါက္ ရန္ကုန္လာေတာ့ ဘာေတြ႕သလဲဆိုရင္ ျဂိဳလ္တုကေန အသံဖမ္း လို႔ရတဲ့ dish antenna ကို ေတြ႔ရတယ္၊၊ လူႀကီးေတြက ဘာေျပာသလဲဆိုရင္ ကေလးေတြက ပူဆာလို႔ပါတဲ့၊၊

အဲဒါႀကီး ေရာက္ေနေတာ့ လိုင္းအေတာ္မ်ားမ်ားကို ၂၄နာရီစလံုးဖမ္းနိုင္ေတာ့ အိမ္မွာရွိတဲ့ ကေလးေတာ္ေတာ္မ်ားမ်ားဟာ အဲဒီေရွ႕မွာပဲ ထိုင္ေနႀကေတာ့ တာေနာ္၊၊ တစ္ေန႔တစ္ေန႔ကို ငါးနာရီ၊ ေျခာက္နာရီ အဲသလို အခ်ိန္ကုန္တာ၊၊ ကေလးေတြကိုသာ အေႀကာင္းျပတာေနာ္၊ လူႀကီးေတြလည္း အဲဒီေရွ႕ မထိုင္ဘူး လားဆိုေတာ့ ထိုင္ႀကတာပါပဲ၊၊

တရားအားထုတ္ဖို႔ေတာ့ အခ်ိန္မရဘူး ေျပာႀကတယ္ေနာ္၊ တယ္လီေဗးရွင္းေရွ႕မွာ နွစ္နာရီ၊ သံုးနာရီ၊ ေလးနာရီ၊၊ တစ္ညေနလံုးကုန္၊ တစ္ေနကုန္ ထိုင္ႀကတာပဲ၊၊ အင္မတန္ အဖိုးတန္တဲ့ အခ်ိန္ေတြကို (cheap thrills) အေပါစားေဖ်ာ္ေျဖမႈေတြနဲ႔ ျဖဳန္းလိုက္တာပဲ၊၊

အခ်ိန္ဟာ ဘဝပဲ။
═══════
❖ ဘဝဆိုတာ အင္မတန္ တန္ဖိုးရွိတယ္၊၊ ဘဝဆိုတာ အခ်ိန္၊၊ အခ်ိန္မွ မရွိရင္ ဘဝ မရွိဘူးေနာ္၊၊ အရာရာတိုင္းအတြက္ ကိုယ့္ဘဝနဲ႔ ေပးေနရတာ၊၊ စာအုပ္ကေလး တစ္အုပ္ကို ထိုင္ျပီးေတာ့ ဖတ္လိုက္တာ တစ္နာရီႀကာတယ္ဆိုရင္ အဲဒီ စာ အုပ္ေလးဖို႔ ကိုယ့္ဘဝကို တစ္နာရီ ေပးလိုက္ရတာပဲ၊၊

တစ္ေနကုန္ ထိုင္ဖတ္တယ္ဆိုရင္ ကိုယ့္ဘဝ တစ္ေနကုန္ ေပးလိုက္ရတာပဲ၊၊ ဘဝကို ဘာနဲ႔ တန္ဖိုးျဖတ္မလဲ၊၊ ဘာနဲ႔မွ တန္ဖိုးျဖတ္လို႔ မရဘူးေနာ္၊၊ ဒီအခ်ိန္ေတြ ကို တန္ဖိုးရွိရွိအသံုးခ်မယ္ဆိုရင္ အလြန္ထူျခားတဲ့အသိဥာဏ္ကို ရနိုင္တာပဲ၊၊ အဲဒီ အသိဥာဏ္ကို တန္ဖိုးျဖတ္လို႔ မရဘူး၊၊

သလို တန္ဖိုးရွိတဲ့အခ်ိန္ေတြကို ျဖဳန္းတဲ့လူေတြဟာ၊ ဒီလို ျပင္ပအေဖၚနဲ႔ေနတဲ့ လူေတြဟာ ႀကာတဲ့အခါမွာ သူအေဖၚလုပ္ေနတဲ့အာရုံေတြ မရွိေတာ့တဲ့အခါ မေနတတ္ မထိုင္တတ္ေတာ့ဘူး၊၊

သူ႔စိတ္ကို ျပင္ပက ( stimulant ) လံႈ႕ေဆာ္ေပးေနတဲ့အာရုံတခုခု ရွိေနမွ ေန သာထိုင္သာ ရွိတယ္၊၊ အဲဒီအာရုံမရွိတဲ့အခါ တစ္ေယာက္တည္းျဖစ္သြားတာနဲ႔ တစ္ျပိဳင္နက္ မေနတတ္မထိုင္တတ္ ျဖစ္သြားေတာ့တာပဲ၊၊

 ျပင္ပအာရုံေပၚမွာ မွီခိုမႈမ်ားေလေလ အဲဒီလူဟာ အဲဒီ အေဖၚအာရုံ မရွိတဲ့အခါမွာ မေနတတ္မထိုင္တတ္ ျဖစ္ေလေလပဲ၊၊ အဲဒီလို မွီခိုမႈမ်ားတဲ့လူဟာ မလြတ္ လပ္ေတာ့ဘူးလို႔ ေျပာရမွာပဲ၊၊

“အာရုံေတြမ်ားမ်ားေပၚမွာ မွီခိုေလ ဒီလူရဲ႕စိတ္ဟာ လြတ္လပ္မႈ မရွိေလပဲ၊၊” ဒီအာရုံေတြကို ေန႔စဥ္ႀကည့္ရႈ၊နားေထာင္ေနေတာ့ မသိမသာ ဒီအာရုံေတြဟာ ကိုယ့္ရဲ႕စိတ္ေနသေဘာထားနဲ႔ အသိဥာဏ္၊ အေတြးအေခၚေတြကို လႊမ္းမိုးတယ္၊၊ အဲဒါအင္မတန္ေႀကာက္စရာ ေကာင္းတယ္၊၊💃🏃

အေဖၚေကာင္းကိုလိုခ်င္ရင္
═══════
ကိုယ့္စိတ္ကို ကိုယ္ သိမွပဲ သူတစ္ပါးကို မထိခိုက္ေအာင္ မနစ္နာေအာင္ သတိနဲ႔ ထိန္းသိမ္းျပီး ေနလို႔ရမွာေနာ္၊၊ သာမန္အားျဖင့္ ကိုယ့္စိတ္ကို ကိုယ္ မသိႀကေတာ့ ကိုယ့္မွာလည္း စိတ္ထဲမွာ စိတ္ညစ္စရာ၊ စိုးရိမ္စရာ၊ ေသာကျဖစ္စရာေတြက မ်ားေနေတာ့ ခ်စ္တယ္လို႔ဆိုေသာ္လည္း ကိုယ့္အနားမွာ ရွိေနတဲ့သူေတြကို လႊတ္ ကနဲ လႊတ္ကနဲ ေျပာမိတယ္၊၊

 ေျပာမိေတာ့ တစ္ဖက္က စိတ္ဆင္းရဲရျပီ၊၊ သူက ေျပာလိုက္ ကိုယ္က ေျပာလိုက္နဲ႔ စိတ္ဆင္းရဲစရာေတြက ေန႔တိုင္းလိုလိုပဲ ေတြ႔ရတာပဲ၊၊ အဲဒီလို တစ္ေယာက္ကို တစ္ေယာက္ စိတ္ဆင္းရဲေအာင္ လုပ္ေနတဲ့လူခ်င္းပဲ အေဖၚလုပ္ျပီး ေနႀကတာပါပဲ၊၊

ကိုယ့္စိတ္ ကိုယ္ေတာင္မွ စိတ္ခ်မ္းသာေအာင္ မထားနိုင္ေသးဘူးဆိုရင္ သူတစ္ပါး ကို စိတ္ခ်မ္းသာေအာင္ လုပ္မေပးနိုင္ပါဘူး၊၊ ဒါကိုလည္း ေသေသခ်ာခ်ာ နားလည္ သေဘာေပါက္ေစခ်င္တယ္၊၊

သူ႔ကို ငါ သိပ္ခ်စ္တယ္၊ သူ႔ကို ငါ သိပ္သနားတယ္၊ သူ႔ကို ငါ စိတ္ခ်မ္းသာေအာင္ ထားခ်င္တယ္လို႔ ဘယ္လိုပင္ ေျပာေသာ္လည္းပဲ ကိုယ့္ဟာကိုယ္မွ စိတ္ခ်မ္း သာေအာင္ မေနနိုင္ရင္ ကိုယ့္စိတ္မႀကည္တဲ့အခါမွာ အျပစ္ရွာျပီး ေျပာေတာ့တာပဲေနာ္၊၊

ကိုယ့္မွာ အားငယ္ေနတယ္၊ ေႀကာက္ေနတယ္ဆိုရင္ အဲဒါေလးကို ကာကြယ္တဲ့ အေနနဲ႔ သူတစ္ပါးကို အျပစ္ဖို႔ခ်င္တယ္၊၊ ေသေသခ်ာခ်ာ ျပန္ႀကည့္မယ္ဆိုရင္ အနီးမွာေနတဲ့လူေတြကို အဲဒါမ်ိဳးေျပာမိတာ အမ်ားဆံုးပဲ၊၊

အားငယ္စိတ္၊ ေႀကာက္စိတ္၊ ေဒါသျဖစ္တဲ့စိတ္နဲ႔ တစ္ဦးကိုတစ္ဦး ထိခိုက္ေအာင္၊ နစ္နာေအာင္ ေျပာေန ဆိုေနႀကတာပဲ၊၊ ငါ့ကို အထင္မႀကီးဘူး၊ ငါ့ကို မေလးစား ဘူး၊ အဲဒီလို အေတြးေတြက ျဖစ္ေနတာေနာ္၊၊

မိသားစုအခ်င္းခ်င္းေတာင္ သူတို႔က ငါ့ကို ဘယ္လိုထင္ေနတယ္ စသျဖင့္ ေတြး တတ္တယ္၊၊ အားရွိတဲ့လူဟာ ဘယ္သူ႔ကိုမွ မနိုင္ခ်င္ဘူး၊၊ သူ အနိုင္အရံႈးကို မလိုခ်င္ဘူး၊၊ ကိုယ့္စိတ္ထဲမွာ အားငယ္ေနျပီဆိုရင္ေတာ့ နိုင္ရမယ့္လူ ရွာေတာ့ တာပဲ၊၊

ကိုယ့္အားငယ္စိတ္ကို ကိုယ့္ဟာကိုယ္ ျပန္ႀကည့္မယ္ဆိုရင္ “ ေအာ္ ငါ့စိတ္မွာ နဲနဲ အားငယ္ေနတာကိုး ” လို႔ သိေနရင္ကိုပဲ ဒီစိတ္ကေလးဟာ နဲနဲ သက္သာသြား တယ္၊၊ သိေနတဲ့အတြက္ သူ႔ရဲ႕လြမ္းမိုးမႈကို မခံရေတာ့ဘူး၊၊ မခံရေတာ့ သူတပါးကို အန္ုင္ယူဖို႔ မႀကိဳးစားေတာ့ဘူ၊၊

အဲဒီ အားငယ္စိတ္ကို ပိုျပီးေတာ့ျမင္လာတဲ့အခါမွာ ဒီအားငယ္စိတ္ဟာ ေပ်ာက္ သြားနိုင္တယ္၊၊ သူမ်ားကိုယ့္ထက္ ဘယ္ေလာက္သာေနေန ကိစၥမရွိဘူး၊၊ သူတို႔က ငါ့ထက္သာသြားလို႔ဆိုျပီး အားမငယ္ဘူး၊၊

တစ္ေယာက္ကိုတစ္ေယာက္ အျပစ္မရွာပဲ၊ ကိုယ့္စိတ္ကိုကိုယ္ ခ်မ္းသာေအာင္ ထားတတ္တဲ့ လူနွစ္ေယာက္ ဆက္ဆံရင္ ဘယ္ေလာက္ေကာင္းမလဲ၊၊ ဒါေႀကာင့္ အဲသလိုမွ မျဖစ္ေသးဘူးဆိုရင္ေတာ့ လက္ရွိ ရွိေနတဲ့ဆက္ဆံေရးဟာ စိတ္ေက် နပ္မႈ၊ စိတ္ေအးခ်မ္းမႈ မရနိုင္ေသးဘူး၊၊

နဲနဲေတာ့ အေဖၚရတာေပါ့၊၊ တစ္ေယာက္တည္း ျဖစ္မေနဘူး၊၊ ကိုယ့္အတြက္ စားဝတ္ေနေရးအတြက္ အေထာက္အပံ့ေပးမယ္၊၊ တကယ့္အေဖၚေကာင္းေတာ့ မျဖစ္နိုင္ဘူး၊၊ ဒါေႀကာင့္ “တကယ့္အေဖၚေကာင္းကို လိုခ်င္ရင္ ပထမဆံုး ကိုယ့္ကိုယ္ကို အေဖၚေကာင္းျဖစ္ေအာင္လုပ္ျပီး ေနနိုင္ဖို႔ လိုတယ္၊၊”🏃💃🚶

ကိုယ့္စိတ္က ကိုယ့္မိတ္ေဆြ
═══════
ကိုယ့္ဟာကိုယ္ တရားအားထုတ္ျပီးေနရင္ ကိုယ့္စိတ္က ကိုယ့္မိတ္ေဆြ ျဖစ္ေန တယ္၊၊ ကိုယ့္ကို အမ်ားဆံုးစိတ္ဆင္းရဲေအာင္လုပ္တာဟာ သူမ်ားမဟုတ္ပါဘူး၊၊ ကိုယ့္စိတ္ပါ၊ ကိုယ့္အေတြးပါ၊၊

ကိုယ့္သေဘာထား မွားေနလို႔၊ ကိုယ့္စိတ္ကိုကိုယ္ နားမလည္လို႔၊ ကိုယ့္စိတ္ကို ကိုယ္ တည္ျငိမ္ေအာင္၊ ေအးခ်မ္းေအာင္ မထားတတ္လို႔ အဲဒီစိတ္က အေတြးေတြ အမ်ိဳးမ်ိးေတြးျပီးေတာ့ ကိုယ့္ကိုယ္ကို ျပန္နိွပ္စက္ေနတာပါ၊၊

ကိုယ့္ကိုယ္ကို အျပစ္မတင္ပါနဲ႔၊၊ ငါ မေကာင္းဘူး၊ ငါ ဆိုးတယ္၊ ငါ အသံုးမက်ဘူး၊ အဲဒီလိုေတာ့ မေတြးပါနဲ႔၊၊ ငါမတတ္နိုင္တဲ့ကိစၥ ရွိတယ္၊၊ ငါတတ္နိုင္တဲ့ကိစၥ ရွိတယ္၊၊ ငါဆိုးတဲ့အပိုင္း ရွိသလို ငါေကာင္းတဲ့အပိုင္းလည္း ရွိတယ္ဆိုတာ လက္ခံျပီး ထားပါ၊၊ ေကာင္းတာေတြကို တစ္ေန႔တျခား ပိုပိုျပီးေတာ့ လုပ္သြားပါ၊၊

ေန႔စဥ္ေန႔တိုင္း ကိုယ့္စိတ္ကို ကိုယ္ သိျပီးေတာ့ ေနသြားမယ္ဆိုရင္ အလိုေလွ်ာက္ပဲ ေကာင္းတဲ့ဘက္က တိုးတက္လာတယ္၊၊ ဆိုးတဲ့ဘက္က ေလွ်ာ့သြားတယ္၊၊ သတိပဠာန္တရား အားထုတ္လာတဲ့အခါမွာ အသိအျမင္တမ်ိဳး ေလးနက္ရင့္က်က္လာတဲ့အတြက္ေႀကာင့္ ေရြးခ်ယ္နိုင္တဲ့စြမ္းအား ႀကီးလာတယ္၊၊

ဘဝကို အဓိပၸါယ္ရွိရွိ၊ အနွစ္သာရျပည့္ျပည့္ ေနသြားခ်င္တယ္ဆိုရင္ တရားအား ထုတ္ပါ၊၊ လုပ္သင့္တာေတြကို လုပ္ပါ၊၊ ဒါဆိုရင္ ကိုယ့္ကိုယ္ကို ေလးစားလာမယ္၊၊ ခ်စ္လာမယ္၊၊ ကိုယ့္ကိုယ္ကို တန္ဖိုးထားလာမယ္၊၊ ကိုယ့္ကိုယ္ကို အထင္ မေသးေတာ့ဘူး၊၊ ကိုယ့္ဘဝ ကိုယ္ေက်နပ္ျပီး ႀကည္လင္ရႊင္လန္းတဲ့သူ ျဖစ္ေန မယ္၊၊

လူတိုင္းလူတိုင္း ကိုယ့္ကိုယ္ကို မိတ္ေဆြေကာင္းျဖစ္ေအာင္ ႀကိဳးစားပါ၊၊ တရားအားထုတ္လာျပီး သတိ၊ သမာဓိ၊ ဥာဏ္ပညာ၊ ရင့္က်က္လာတဲ့အခါမွာ အနားမွာဘယ္သူမွမရွိေပမဲ့ အေဖၚမဲ့လို႔ အားငယ္ေနတဲ့သေဘာမ်ိဳး မျဖစ္ဘူး၊၊ အေဖၚကို အျပင္မွာမရွာေတာ့ဘူး၊၊ ကိုယ့္ကိုယ္ကို ေက်နပ္ေနတဲ့စိတ္ဟာ ကိုယ့္အေဖၚ ျဖစ္ေနတယ္၊၊ ငါ့မွာ အေဖၚမရွိပါလားဆိုျပီးေတာ့ အားမငယ္ဘူး၊ မေႀကာက္ဘူး၊၊

သတိပ႒ာန္အေဖၚ
═══════
သတိပ႒ာန္အေဖၚကို အေဖာ္ေကာင္း ျဖစ္လာေအာင္ ေသေသခ်ာခ်ာ ႀကိဳးစားရမယ္။ တကယ္ေတာ့ ေနာက္ဆံုးအခ်ိန္မွာ ဘယ္သူ အေဖၚျဖစ္နိုင္မလဲ။ ေနာက္ဆံုးအခ်ိန္မွာ သတိပ႒ာန္အေဖၚနဲ႔ပဲ လက္တြဲျပီးေတာ့ ဘဝသံသရာခရီးကို သြားရမွာပဲ။

ဒီဘုန္းႀကီးလည္း အရင္တခါ အႀကီးအက်ယ္ ေနမေကာင္းျဖစ္လိုက္တယ္။ တစ္သက္လံုး ျပင္းျပင္းထန္ထန္ ေနမေကာင္းျဖစ္တာ ဒီတစ္ခါပဲရွိတယ္။ ဘယ္ေလာက္ထိေအာင္ အားနဲသြားလဲဆိုရင္ မ်က္စိဖြင့္လို႔ မရေတာ့ဘူး။ စကားတခြန္းေျပာဖို႔ကို ေတာ္ေတာ္ ပင္ပန္းတယ္။ ခႏၶာကိုယ္တစ္ကိုယ္လံုး ေရာင္ေနတယ္။ အသက္ရႈလို႔ မဝဘူး။

အက်ိတ္ေတြလည္း ေရာင္ေနတာ လည္ပင္းႀကီးကို ဖုထြက္ေနတယ္။ ေခါင္း အင္မတန္ကိုက္တယ္။ ပ်ိဳ႕ခ်င္ အန္ခ်င္တယ္။ လံုးဝ မထနိုင္ေတာ့ဘူး။ အိပ္ရာမွာ အိပ္ေနရတယ္။ အသားအဆီ မရွိေတာ့ဘူး။ အရုိးေတြနဲ႔အေရပဲ က်န္တယ္။ ေရကို ဇြန္းနဲ႔ ထည့္ေပးရတယ္။ ေသြးအား အလြန္နဲသြားတယ္။

ဘယ္ေလာက္ထိေအာင္ ပင္ပန္းလဲဆိုရင္ ဟုိဘက္၊ သည္ဘက္ ေစာင္းခ်င္တာေတာင္ မေျပာနိုင္ဘူး။ အဲဒီအခ်ိန္မွာ ဘယ္သူ႔ကို အေဖၚလုပ္မလဲ။ အနားမွာ ထိုင္ေနတဲ့လူေတြ၊ ျပဳစုေပးတဲ့လူေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမဲ့ ကိုယ္ခံစားေနရတာကို သူတို႔ မသိနိုင္ဘူး။ အဲဒီအခါ တရားကိုပဲ ေသေသခ်ာခ်ာ ထိထိမိမိျဖစ္ေအာင္ ရႈမွတ္ရတာပဲ။

ခႏၶာကိုယ္ နာေနတာလည္း သိတယ္။ စိတ္ကလည္း နာလိုက္တာလို႔ေျပာေနတာ သိတယ္။ သတိေလးနဲ႔ အဲဒီသေဘာေတြကို ျမင္ေအာင္ ႀကည့္ရင္း ႀကည့္ရင္းနဲ႔ အေတြးေတြတိတ္သြားတဲ့အခါ စိတ္မွာ ေဒါမနႆ မရွိေတာ့ဘူး။ ဥပကၡာပဲ ျဖစ္ေနတယ္၊၊

 ဥပကၡာဆိုတာ ဝမ္းသာ၊ ဝမ္းနဲ မရွိဘူး။ ဟိုလို ျဖစ္ခ်င္တယ္၊ ဒီလို ျဖစ္ခ်င္တယ္ဆိုတဲ့ ေတာင့္တမႈလည္း မရွိဘူး။ စိတ္က လံုးဝ ညီမွ်ေနတယ္။ ျငိမ္ေနတယ္။ အားလံုးကို လက္ခံထားတဲ့အေျခအေနမ်ိဳး ျဖစ္သြားတယ္။

သူျဖစ္စရာအေႀကာင္းရွိလို႔ ျဖစ္တာ၊ လုပ္သင့္တာေတြ လုပ္ထားတယ္။ ေပ်ာက္သင့္တဲ့အခ်ိန္မွာ ေပ်ာက္လိမ့္မယ္ဆိုျပီး စိတ္ကိုေလွ်ာ့ခ်ထားျပီး သိရုံကေလး ပဲ သိေနတယ္။ ဘုရားေဟာတဲ့ “ကိုယ္မွာပင္ နာေသာ္လည္း၊ စိတ္မွာ မနာေအာင္ေန” ဆိုတာ ေကာင္းေကာင္း နားလည္သြားတယ္။

အဲဒါေႀကာင့္ ဒကာ,ဒကာမေတြ အားလံုး ႀကိဳႀကိဳတင္တင္ သတိပ႒ာန္တရားကို ကိုယ္နဲ႔မကြာ အျမဲတမ္းပါတဲ့ မိတ္ေဆြေကာင္း ျဖစ္ေအာင္ ေလ့က်င့္ ျပဳစုပ်ိဳးေထာင္ ထားပါ။ အဓိကအေနနဲ႔ အထပ္ထပ္ အခါခါ ေျပာခ်င္တာ ဒါပါပဲ။ ဘယ္အသက္အရြယ္ေရာက္ေနေန လုပ္ပါ။

အခုက စ,လုပ္ပါ။ ဘယ္ေသာအခါမွ ေနာက္မက်ပါဘူး။ ကိုယ့္ကိုယ္ကို အေဖၚလုပ္ပါ။ ဒီစကားႀကားရင္ေတာ့ ထူးဆန္းေနမယ္ ထင္ပါတယ္။ လူေတြထင္တာက အေဖၚဆိုတာ ေနာက္တစ္ေယာက္ရွိမွလို႔ ထင္ႀကတာ။ ေနာက္လူတစ္ေယာက္ မဟုတ္ရင္ေတာင္မွ Radio, T.V, Video စသည္ျဖင့္ ပစၥည္းကို အေဖၚ လုပ္ႀကတယ္။

 တယ္လီဖုန္းကို အေဖၚ လုပ္ႀကတယ္။ နိုင္ငံျခားမွာဆိုရင္ အေဖၚမဲ့အထီး က်န္ျဖစ္လြန္းလို႔၊ အားငယ္လြန္းလို႔၊ ပ်င္းလို႔ တယ္လီဖုန္း တစ္ေယာက္ နဲ႔တစ္ေယာက္ဆက္ႀကတဲ့လူေတြ အမ်ားႀကီးရွိတယ္။ သူတို႔နိုင္ငံမွာ အားငယ္ တဲ့သူေတြ ဖုန္းဆက္လို႔ရတဲ့ဌာန ရွိတယ္။

ကိုယ္က အားငယ္ေနလို႔၊ ေႀကာက္ေနလို႔ ဖုန္းဆက္ရင္ေတာင္မွ တဖက္က အခ်ိန္ေပးျပီး နားမေထာင္နိုင္ႀကဘူး။ အလုပ္ေတြက အင္မတန္ မ်ားႀကတယ္။ အဲဒီေတာ့ T.V, Video ေတြနဲ႔ အေဖာ္ လုပ္ႀကျပန္တယ္။

တခါတေလ T.V ေရွ႕မွာ ထိုင္ေနေပမဲ့ ဘာျပမွန္း မသိေတာ့ဘူး။ စိတ္က ေတြးခ်င္ရာေတြး၊ ေငးခ်င္ရာေငး ေနေတာ့တာပဲ။ ဇနီးခင္ပြန္းနွစ္ေယာက္ တစ္အိမ္ထဲမွာ အတူေနႀကတယ္။ မိန္းမက T.V ႀကည့္ရင္းနဲ႔ သူ႔အိပ္ခန္းထဲမွာ ထိုင္လွ်က္ႀကီးေသေနတာကို ေယာက်္ားက ( ၃ ) ရက္ႀကာမွ သိတယ္တဲ့။ အဲဒီေလာက္ထိေအာင္ ကင္းကြာသြားႀကတာ ရွိတယ္ေနာ္။

ဘယ္ေလာက္ အေဖၚမဲ့အထီးက်န္ ျဖစ္လိုက္မလဲဆိုတာ စဥ္းစားႀကည့္ပါ။ ဒါေႀကာင့္ တစ္ကိုယ္တည္းျဖစ္ေနတဲ့အခ်ိန္မွာ ငါဟာ ငါနဲ႔အတူတူရွိေနေအာင္ ႀကိဳး စားပါ။ ငါနဲ႔ ငါပဲ အေဖၚရေနေအာင္၊ ကိုယ့္စိတ္ကို အေဖၚေကာင္း ျဖစ္ေအာင္ ၊ ကိုယ့္ရဲ႕ ႀကည္လင္ရႊင္လန္းျပီး ေမတၱာစိတ္ျဖစ္ေနတဲ့ စိတ္ကေလးကိုပဲ အေဖၚျဖစ္ျပီးေနတတ္ေအာင္ ႀကိဳးစားႀကပါ။

သတိပ႒ာန္တရားကို ကိုယ္နဲ႔မကြာအျမဲတမ္းပါတဲ့ အေဖၚေကာင္းျဖစ္ေအာင္ လုပ္ပါ၊၊ မိတ္ေဆြေကာင္းလိုခ်င္ရင္ ကိုယ္ကိုယ္တိုင္ကပဲ မိတ္ေဆြေကာင္း၊ အေဖၚေကာင္းပီသေအာင္ ေနလိုက္ပါ။
သတိဆိုတဲ့အေဖၚေကာင္းနဲ႔ အျမဲတမ္း အေဖၚလုပ္ျပီးေနနိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗုဒၶေရအိုးစင္
# Unicode Version # ျဖင့္ ဖတ္ပါ #


အခုခေတ်လူတွေဟာ အဖေါ်ကို တော်တော်လေး ခင်မင်ကြတယ်၊၊ အဖေါ်ကိုရှာပြီး နေကြတယ်၊၊ ရှေးခေတ်ကလည်း အဖေါ်ရှာကြတာပဲ၊၊ သို့သော် အခုခေတ်ကြည့်ရ တာ အဖေါ်ပိုများသလို တွေ့ရတယ်၊၊ အဖေါ်ဆိုတာ ဘာတွေလဲ၊၊ မျက်စိနဲ့ ကြည့် ရတာတွေဟာ အဖေါ်ပဲ၊၊

နားနဲ့ နားထောင်စရာဟာလည်း အဖေါ်ပဲ၊၊ နှာခေါင်းက အနံ့ရတာလည်း အဖေါ်၊၊ စားနေရတာတွေဟာလည်း တနည်းအားဖြင့် အဖေါ်ပဲ၊၊ စိတ်အတွက် ဖျော်ဖြေဖို့ရာ လုပ်ပေးနေရတာပဲ၊၊ သက်ရှိလူတွေကလည်း အဖေါ်၊၊ သက်မဲ့ပစ္စည်းတွေကလည်း အဖေါ်ပဲ၊၊ တစ်ချို့ပြောကြတာ ကြားဖူးတယ်၊၊

အားနေရင် စာအုပ်လေးပဲ အဖေါ်လုပ်ပြီး နေရတာပါတဲ့၊၊ တစ်ချို့ကတော့ အားနေ ရင် တရားတိတ်ခွေနားထောင်ပြီးတော့ ဒါလေး အဖေါ်လုပ်ပြီး နေတယ်၊၊ တရား စာပေဖတ်ပြီး အဖေါ်လုပ် နေတယ်၊၊ တစ်ချို့ဆိုရင် တယ်လီးဗေးရှင်းကြည့်ပြီး အဖေါ်လုပ်ပြီး နေကြတာ၊၊

အခုတစ်ခေါက် ရန်ကုန်လာတော့ ဘာတွေ့သလဲဆိုရင် ဂြိုလ်တုကနေ အသံဖမ်း လို့ရတဲ့ dish antenna ကို တွေ့ရတယ်၊၊ လူကြီးတွေက ဘာပြောသလဲဆိုရင် ကလေးတွေက ပူဆာလို့ပါတဲ့၊၊

အဲဒါကြီး ရောက်နေတော့ လိုင်းအတော်များများကို ၂၄နာရီစလုံးဖမ်းနိုင်တော့ အိမ်မှာရှိတဲ့ ကလေးတော်တော်များများဟာ အဲဒီရှေ့မှာပဲ ထိုင်နေကြတော့ တာနော်၊၊ တစ်နေ့တစ်နေ့ကို ငါးနာရီ၊ ခြောက်နာရီ အဲသလို အချိန်ကုန်တာ၊၊ ကလေးတွေကိုသာ အကြောင်းပြတာနော်၊ လူကြီးတွေလည်း အဲဒီရှေ့ မထိုင်ဘူး လားဆိုတော့ ထိုင်ကြတာပါပဲ၊၊

တရားအားထုတ်ဖို့တော့ အချိန်မရဘူး ပြောကြတယ်နော်၊ တယ်လီဗေးရှင်းရှေ့မှာ နှစ်နာရီ၊ သုံးနာရီ၊ လေးနာရီ၊၊ တစ်ညနေလုံးကုန်၊ တစ်နေကုန် ထိုင်ကြတာပဲ၊၊ အင်မတန် အဖိုးတန်တဲ့ အချိန်တွေကို (cheap thrills) အပေါစားဖျော်ဖြေမှုတွေနဲ့ ဖြုန်းလိုက်တာပဲ၊၊

အချိန်ဟာ ဘဝပဲ။
═══════
❖ ဘဝဆိုတာ အင်မတန် တန်ဖိုးရှိတယ်၊၊ ဘဝဆိုတာ အချိန်၊၊ အချိန်မှ မရှိရင် ဘဝ မရှိဘူးနော်၊၊ အရာရာတိုင်းအတွက် ကိုယ့်ဘဝနဲ့ ပေးနေရတာ၊၊ စာအုပ်ကလေး တစ်အုပ်ကို ထိုင်ပြီးတော့ ဖတ်လိုက်တာ တစ်နာရီကြာတယ်ဆိုရင် အဲဒီ စာ အုပ်လေးဖို့ ကိုယ့်ဘဝကို တစ်နာရီ ပေးလိုက်ရတာပဲ၊၊

တစ်နေကုန် ထိုင်ဖတ်တယ်ဆိုရင် ကိုယ့်ဘဝ တစ်နေကုန် ပေးလိုက်ရတာပဲ၊၊ ဘဝကို ဘာနဲ့ တန်ဖိုးဖြတ်မလဲ၊၊ ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရဘူးနော်၊၊ ဒီအချိန်တွေ ကို တန်ဖိုးရှိရှိအသုံးချမယ်ဆိုရင် အလွန်ထူခြားတဲ့အသိဉာဏ်ကို ရနိုင်တာပဲ၊၊ အဲဒီ အသိဉာဏ်ကို တန်ဖိုးဖြတ်လို့ မရဘူး၊၊

သလို တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတဲ့လူတွေဟာ၊ ဒီလို ပြင်ပအဖေါ်နဲ့နေတဲ့ လူတွေဟာ ကြာတဲ့အခါမှာ သူအဖေါ်လုပ်နေတဲ့အာရုံတွေ မရှိတော့တဲ့အခါ မနေတတ် မထိုင်တတ်တော့ဘူး၊၊

သူ့စိတ်ကို ပြင်ပက ( stimulant ) လှုံ့ဆော်ပေးနေတဲ့အာရုံတခုခု ရှိနေမှ နေ သာထိုင်သာ ရှိတယ်၊၊ အဲဒီအာရုံမရှိတဲ့အခါ တစ်ယောက်တည်းဖြစ်သွားတာနဲ့ တစ်ပြိုင်နက် မနေတတ်မထိုင်တတ် ဖြစ်သွားတော့တာပဲ၊၊

 ပြင်ပအာရုံပေါ်မှာ မှီခိုမှုများလေလေ အဲဒီလူဟာ အဲဒီ အဖေါ်အာရုံ မရှိတဲ့အခါမှာ မနေတတ်မထိုင်တတ် ဖြစ်လေလေပဲ၊၊ အဲဒီလို မှီခိုမှုများတဲ့လူဟာ မလွတ် လပ်တော့ဘူးလို့ ပြောရမှာပဲ၊၊

“အာရုံတွေများများပေါ်မှာ မှီခိုလေ ဒီလူရဲ့စိတ်ဟာ လွတ်လပ်မှု မရှိလေပဲ၊၊” ဒီအာရုံတွေကို နေ့စဉ်ကြည့်ရှု၊နားထောင်နေတော့ မသိမသာ ဒီအာရုံတွေဟာ ကိုယ့်ရဲ့စိတ်နေသဘောထားနဲ့ အသိဉာဏ်၊ အတွေးအခေါ်တွေကို လွှမ်းမိုးတယ်၊၊ အဲဒါအင်မတန်ကြောက်စရာ ကောင်းတယ်၊၊💃🏃

အဖေါ်ကောင်းကိုလိုချင်ရင်
═══════
ကိုယ့်စိတ်ကို ကိုယ် သိမှပဲ သူတစ်ပါးကို မထိခိုက်အောင် မနစ်နာအောင် သတိနဲ့ ထိန်းသိမ်းပြီး နေလို့ရမှာနော်၊၊ သာမန်အားဖြင့် ကိုယ့်စိတ်ကို ကိုယ် မသိကြတော့ ကိုယ့်မှာလည်း စိတ်ထဲမှာ စိတ်ညစ်စရာ၊ စိုးရိမ်စရာ၊ သောကဖြစ်စရာတွေက များနေတော့ ချစ်တယ်လို့ဆိုသော်လည်း ကိုယ့်အနားမှာ ရှိနေတဲ့သူတွေကို လွှတ် ကနဲ လွှတ်ကနဲ ပြောမိတယ်၊၊

 ပြောမိတော့ တစ်ဖက်က စိတ်ဆင်းရဲရပြီ၊၊ သူက ပြောလိုက် ကိုယ်က ပြောလိုက်နဲ့ စိတ်ဆင်းရဲစရာတွေက နေ့တိုင်းလိုလိုပဲ တွေ့ရတာပဲ၊၊ အဲဒီလို တစ်ယောက်ကို တစ်ယောက် စိတ်ဆင်းရဲအောင် လုပ်နေတဲ့လူချင်းပဲ အဖေါ်လုပ်ပြီး နေကြတာပါပဲ၊၊

ကိုယ့်စိတ် ကိုယ်တောင်မှ စိတ်ချမ်းသာအောင် မထားနိုင်သေးဘူးဆိုရင် သူတစ်ပါး ကို စိတ်ချမ်းသာအောင် လုပ်မပေးနိုင်ပါဘူး၊၊ ဒါကိုလည်း သေသေချာချာ နားလည် သဘောပေါက်စေချင်တယ်၊၊

သူ့ကို ငါ သိပ်ချစ်တယ်၊ သူ့ကို ငါ သိပ်သနားတယ်၊ သူ့ကို ငါ စိတ်ချမ်းသာအောင် ထားချင်တယ်လို့ ဘယ်လိုပင် ပြောသော်လည်းပဲ ကိုယ့်ဟာကိုယ်မှ စိတ်ချမ်း သာအောင် မနေနိုင်ရင် ကိုယ့်စိတ်မကြည်တဲ့အခါမှာ အပြစ်ရှာပြီး ပြောတော့တာပဲနော်၊၊

ကိုယ့်မှာ အားငယ်နေတယ်၊ ကြောက်နေတယ်ဆိုရင် အဲဒါလေးကို ကာကွယ်တဲ့ အနေနဲ့ သူတစ်ပါးကို အပြစ်ဖို့ချင်တယ်၊၊ သေသေချာချာ ပြန်ကြည့်မယ်ဆိုရင် အနီးမှာနေတဲ့လူတွေကို အဲဒါမျိုးပြောမိတာ အများဆုံးပဲ၊၊

အားငယ်စိတ်၊ ကြောက်စိတ်၊ ဒေါသဖြစ်တဲ့စိတ်နဲ့ တစ်ဦးကိုတစ်ဦး ထိခိုက်အောင်၊ နစ်နာအောင် ပြောနေ ဆိုနေကြတာပဲ၊၊ ငါ့ကို အထင်မကြီးဘူး၊ ငါ့ကို မလေးစား ဘူး၊ အဲဒီလို အတွေးတွေက ဖြစ်နေတာနော်၊၊

မိသားစုအချင်းချင်းတောင် သူတို့က ငါ့ကို ဘယ်လိုထင်နေတယ် စသဖြင့် တွေး တတ်တယ်၊၊ အားရှိတဲ့လူဟာ ဘယ်သူ့ကိုမှ မနိုင်ချင်ဘူး၊၊ သူ အနိုင်အရှုံးကို မလိုချင်ဘူး၊၊ ကိုယ့်စိတ်ထဲမှာ အားငယ်နေပြီဆိုရင်တော့ နိုင်ရမယ့်လူ ရှာတော့ တာပဲ၊၊

ကိုယ့်အားငယ်စိတ်ကို ကိုယ့်ဟာကိုယ် ပြန်ကြည့်မယ်ဆိုရင် “ အော် ငါ့စိတ်မှာ နဲနဲ အားငယ်နေတာကိုး ” လို့ သိနေရင်ကိုပဲ ဒီစိတ်ကလေးဟာ နဲနဲ သက်သာသွား တယ်၊၊ သိနေတဲ့အတွက် သူ့ရဲ့လွမ်းမိုးမှုကို မခံရတော့ဘူး၊၊ မခံရတော့ သူတပါးကို အန်ုင်ယူဖို့ မကြိုးစားတော့ဘူ၊၊

အဲဒီ အားငယ်စိတ်ကို ပိုပြီးတော့မြင်လာတဲ့အခါမှာ ဒီအားငယ်စိတ်ဟာ ပျောက် သွားနိုင်တယ်၊၊ သူများကိုယ့်ထက် ဘယ်လောက်သာနေနေ ကိစ္စမရှိဘူး၊၊ သူတို့က ငါ့ထက်သာသွားလို့ဆိုပြီး အားမငယ်ဘူး၊၊

တစ်ယောက်ကိုတစ်ယောက် အပြစ်မရှာပဲ၊ ကိုယ့်စိတ်ကိုကိုယ် ချမ်းသာအောင် ထားတတ်တဲ့ လူနှစ်ယောက် ဆက်ဆံရင် ဘယ်လောက်ကောင်းမလဲ၊၊ ဒါကြောင့် အဲသလိုမှ မဖြစ်သေးဘူးဆိုရင်တော့ လက်ရှိ ရှိနေတဲ့ဆက်ဆံရေးဟာ စိတ်ကျေ နပ်မှု၊ စိတ်အေးချမ်းမှု မရနိုင်သေးဘူး၊၊

နဲနဲတော့ အဖေါ်ရတာပေါ့၊၊ တစ်ယောက်တည်း ဖြစ်မနေဘူး၊၊ ကိုယ့်အတွက် စားဝတ်နေရေးအတွက် အထောက်အပံ့ပေးမယ်၊၊ တကယ့်အဖေါ်ကောင်းတော့ မဖြစ်နိုင်ဘူး၊၊ ဒါကြောင့် “တကယ့်အဖေါ်ကောင်းကို လိုချင်ရင် ပထမဆုံး ကိုယ့်ကိုယ်ကို အဖေါ်ကောင်းဖြစ်အောင်လုပ်ပြီး နေနိုင်ဖို့ လိုတယ်၊၊”🏃💃🚶

ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ
═══════
ကိုယ့်ဟာကိုယ် တရားအားထုတ်ပြီးနေရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ ဖြစ်နေ တယ်၊၊ ကိုယ့်ကို အများဆုံးစိတ်ဆင်းရဲအောင်လုပ်တာဟာ သူများမဟုတ်ပါဘူး၊၊ ကိုယ့်စိတ်ပါ၊ ကိုယ့်အတွေးပါ၊၊

ကိုယ့်သဘောထား မှားနေလို့၊ ကိုယ့်စိတ်ကိုကိုယ် နားမလည်လို့၊ ကိုယ့်စိတ်ကို ကိုယ် တည်ငြိမ်အောင်၊ အေးချမ်းအောင် မထားတတ်လို့ အဲဒီစိတ်က အတွေးတွေ အမျိုးမျိးတွေးပြီးတော့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ၊၊

ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့၊၊ ငါ မကောင်းဘူး၊ ငါ ဆိုးတယ်၊ ငါ အသုံးမကျဘူး၊ အဲဒီလိုတော့ မတွေးပါနဲ့၊၊ ငါမတတ်နိုင်တဲ့ကိစ္စ ရှိတယ်၊၊ ငါတတ်နိုင်တဲ့ကိစ္စ ရှိတယ်၊၊ ငါဆိုးတဲ့အပိုင်း ရှိသလို ငါကောင်းတဲ့အပိုင်းလည်း ရှိတယ်ဆိုတာ လက်ခံပြီး ထားပါ၊၊ ကောင်းတာတွေကို တစ်နေ့တခြား ပိုပိုပြီးတော့ လုပ်သွားပါ၊၊

နေ့စဉ်နေ့တိုင်း ကိုယ့်စိတ်ကို ကိုယ် သိပြီးတော့ နေသွားမယ်ဆိုရင် အလိုလျှောက်ပဲ ကောင်းတဲ့ဘက်က တိုးတက်လာတယ်၊၊ ဆိုးတဲ့ဘက်က လျှော့သွားတယ်၊၊ သတိပဠာန်တရား အားထုတ်လာတဲ့အခါမှာ အသိအမြင်တမျိုး လေးနက်ရင့်ကျက်လာတဲ့အတွက်ကြောင့် ရွေးချယ်နိုင်တဲ့စွမ်းအား ကြီးလာတယ်၊၊

ဘဝကို အဓိပ္ပါယ်ရှိရှိ၊ အနှစ်သာရပြည့်ပြည့် နေသွားချင်တယ်ဆိုရင် တရားအား ထုတ်ပါ၊၊ လုပ်သင့်တာတွေကို လုပ်ပါ၊၊ ဒါဆိုရင် ကိုယ့်ကိုယ်ကို လေးစားလာမယ်၊၊ ချစ်လာမယ်၊၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားလာမယ်၊၊ ကိုယ့်ကိုယ်ကို အထင် မသေးတော့ဘူး၊၊ ကိုယ့်ဘဝ ကိုယ်ကျေနပ်ပြီး ကြည်လင်ရွှင်လန်းတဲ့သူ ဖြစ်နေ မယ်၊၊

လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကို မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားပါ၊၊ တရားအားထုတ်လာပြီး သတိ၊ သမာဓိ၊ ဉာဏ်ပညာ၊ ရင့်ကျက်လာတဲ့အခါမှာ အနားမှာဘယ်သူမှမရှိပေမဲ့ အဖေါ်မဲ့လို့ အားငယ်နေတဲ့သဘောမျိုး မဖြစ်ဘူး၊၊ အဖေါ်ကို အပြင်မှာမရှာတော့ဘူး၊၊ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့စိတ်ဟာ ကိုယ့်အဖေါ် ဖြစ်နေတယ်၊၊ ငါ့မှာ အဖေါ်မရှိပါလားဆိုပြီးတော့ အားမငယ်ဘူး၊ မကြောက်ဘူး၊၊

သတိပဋ္ဌာန်အဖေါ်
═══════
သတိပဋ္ဌာန်အဖေါ်ကို အဖော်ကောင်း ဖြစ်လာအောင် သေသေချာချာ ကြိုးစားရမယ်။ တကယ်တော့ နောက်ဆုံးအချိန်မှာ ဘယ်သူ အဖေါ်ဖြစ်နိုင်မလဲ။ နောက်ဆုံးအချိန်မှာ သတိပဋ္ဌာန်အဖေါ်နဲ့ပဲ လက်တွဲပြီးတော့ ဘဝသံသရာခရီးကို သွားရမှာပဲ။

ဒီဘုန်းကြီးလည်း အရင်တခါ အကြီးအကျယ် နေမကောင်းဖြစ်လိုက်တယ်။ တစ်သက်လုံး ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်တာ ဒီတစ်ခါပဲရှိတယ်။ ဘယ်လောက်ထိအောင် အားနဲသွားလဲဆိုရင် မျက်စိဖွင့်လို့ မရတော့ဘူး။ စကားတခွန်းပြောဖို့ကို တော်တော် ပင်ပန်းတယ်။ ခန္ဓာကိုယ်တစ်ကိုယ်လုံး ရောင်နေတယ်။ အသက်ရှုလို့ မဝဘူး။

အကျိတ်တွေလည်း ရောင်နေတာ လည်ပင်းကြီးကို ဖုထွက်နေတယ်။ ခေါင်း အင်မတန်ကိုက်တယ်။ ပျို့ချင် အန်ချင်တယ်။ လုံးဝ မထနိုင်တော့ဘူး။ အိပ်ရာမှာ အိပ်နေရတယ်။ အသားအဆီ မရှိတော့ဘူး။ အရိုးတွေနဲ့အရေပဲ ကျန်တယ်။ ရေကို ဇွန်းနဲ့ ထည့်ပေးရတယ်။ သွေးအား အလွန်နဲသွားတယ်။

ဘယ်လောက်ထိအောင် ပင်ပန်းလဲဆိုရင် ဟိုဘက်၊ သည်ဘက် စောင်းချင်တာတောင် မပြောနိုင်ဘူး။ အဲဒီအချိန်မှာ ဘယ်သူ့ကို အဖေါ်လုပ်မလဲ။ အနားမှာ ထိုင်နေတဲ့လူတွေ၊ ပြုစုပေးတဲ့လူတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ်ခံစားနေရတာကို သူတို့ မသိနိုင်ဘူး။ အဲဒီအခါ တရားကိုပဲ သေသေချာချာ ထိထိမိမိဖြစ်အောင် ရှုမှတ်ရတာပဲ။

ခန္ဓာကိုယ် နာနေတာလည်း သိတယ်။ စိတ်ကလည်း နာလိုက်တာလို့ပြောနေတာ သိတယ်။ သတိလေးနဲ့ အဲဒီသဘောတွေကို မြင်အောင် ကြည့်ရင်း ကြည့်ရင်းနဲ့ အတွေးတွေတိတ်သွားတဲ့အခါ စိတ်မှာ ဒေါမနဿ မရှိတော့ဘူး။ ဥပက္ခာပဲ ဖြစ်နေတယ်၊၊

 ဥပက္ခာဆိုတာ ဝမ်းသာ၊ ဝမ်းနဲ မရှိဘူး။ ဟိုလို ဖြစ်ချင်တယ်၊ ဒီလို ဖြစ်ချင်တယ်ဆိုတဲ့ တောင့်တမှုလည်း မရှိဘူး။ စိတ်က လုံးဝ ညီမျှနေတယ်။ ငြိမ်နေတယ်။ အားလုံးကို လက်ခံထားတဲ့အခြေအနေမျိုး ဖြစ်သွားတယ်။

သူဖြစ်စရာအကြောင်းရှိလို့ ဖြစ်တာ၊ လုပ်သင့်တာတွေ လုပ်ထားတယ်။ ပျောက်သင့်တဲ့အချိန်မှာ ပျောက်လိမ့်မယ်ဆိုပြီး စိတ်ကိုလျှော့ချထားပြီး သိရုံကလေး ပဲ သိနေတယ်။ ဘုရားဟောတဲ့ “ကိုယ်မှာပင် နာသော်လည်း၊ စိတ်မှာ မနာအောင်နေ” ဆိုတာ ကောင်းကောင်း နားလည်သွားတယ်။

အဲဒါကြောင့် ဒကာ,ဒကာမတွေ အားလုံး ကြိုကြိုတင်တင် သတိပဋ္ဌာန်တရားကို ကိုယ်နဲ့မကွာ အမြဲတမ်းပါတဲ့ မိတ်ဆွေကောင်း ဖြစ်အောင် လေ့ကျင့် ပြုစုပျိုးထောင် ထားပါ။ အဓိကအနေနဲ့ အထပ်ထပ် အခါခါ ပြောချင်တာ ဒါပါပဲ။ ဘယ်အသက်အရွယ်ရောက်နေနေ လုပ်ပါ။

အခုက စ,လုပ်ပါ။ ဘယ်သောအခါမှ နောက်မကျပါဘူး။ ကိုယ့်ကိုယ်ကို အဖေါ်လုပ်ပါ။ ဒီစကားကြားရင်တော့ ထူးဆန်းနေမယ် ထင်ပါတယ်။ လူတွေထင်တာက အဖေါ်ဆိုတာ နောက်တစ်ယောက်ရှိမှလို့ ထင်ကြတာ။ နောက်လူတစ်ယောက် မဟုတ်ရင်တောင်မှ Radio, T.V, Video စသည်ဖြင့် ပစ္စည်းကို အဖေါ် လုပ်ကြတယ်။

 တယ်လီဖုန်းကို အဖေါ် လုပ်ကြတယ်။ နိုင်ငံခြားမှာဆိုရင် အဖေါ်မဲ့အထီး ကျန်ဖြစ်လွန်းလို့၊ အားငယ်လွန်းလို့၊ ပျင်းလို့ တယ်လီဖုန်း တစ်ယောက် နဲ့တစ်ယောက်ဆက်ကြတဲ့လူတွေ အများကြီးရှိတယ်။ သူတို့နိုင်ငံမှာ အားငယ် တဲ့သူတွေ ဖုန်းဆက်လို့ရတဲ့ဌာန ရှိတယ်။

ကိုယ်က အားငယ်နေလို့၊ ကြောက်နေလို့ ဖုန်းဆက်ရင်တောင်မှ တဖက်က အချိန်ပေးပြီး နားမထောင်နိုင်ကြဘူး။ အလုပ်တွေက အင်မတန် များကြတယ်။ အဲဒီတော့ T.V, Video တွေနဲ့ အဖော် လုပ်ကြပြန်တယ်။

တခါတလေ T.V ရှေ့မှာ ထိုင်နေပေမဲ့ ဘာပြမှန်း မသိတော့ဘူး။ စိတ်က တွေးချင်ရာတွေး၊ ငေးချင်ရာငေး နေတော့တာပဲ။ ဇနီးခင်ပွန်းနှစ်ယောက် တစ်အိမ်ထဲမှာ အတူနေကြတယ်။ မိန်းမက T.V ကြည့်ရင်းနဲ့ သူ့အိပ်ခန်းထဲမှာ ထိုင်လျှက်ကြီးသေနေတာကို ယောကျ်ားက ( ၃ ) ရက်ကြာမှ သိတယ်တဲ့။ အဲဒီလောက်ထိအောင် ကင်းကွာသွားကြတာ ရှိတယ်နော်။

ဘယ်လောက် အဖေါ်မဲ့အထီးကျန် ဖြစ်လိုက်မလဲဆိုတာ စဉ်းစားကြည့်ပါ။ ဒါကြောင့် တစ်ကိုယ်တည်းဖြစ်နေတဲ့အချိန်မှာ ငါဟာ ငါနဲ့အတူတူရှိနေအောင် ကြိုး စားပါ။ ငါနဲ့ ငါပဲ အဖေါ်ရနေအောင်၊ ကိုယ့်စိတ်ကို အဖေါ်ကောင်း ဖြစ်အောင် ၊ ကိုယ့်ရဲ့ ကြည်လင်ရွှင်လန်းပြီး မေတ္တာစိတ်ဖြစ်နေတဲ့ စိတ်ကလေးကိုပဲ အဖေါ်ဖြစ်ပြီးနေတတ်အောင် ကြိုးစားကြပါ။

သတိပဋ္ဌာန်တရားကို ကိုယ်နဲ့မကွာအမြဲတမ်းပါတဲ့ အဖေါ်ကောင်းဖြစ်အောင် လုပ်ပါ၊၊ မိတ်ဆွေကောင်းလိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ မိတ်ဆွေကောင်း၊ အဖေါ်ကောင်းပီသအောင် နေလိုက်ပါ။
သတိဆိုတဲ့အဖေါ်ကောင်းနဲ့ အမြဲတမ်း အဖေါ်လုပ်ပြီးနေနိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:ဗုဒ္ဓရေအိုးစင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top