20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ကရင္ျပည္နယ္ လိႈင္းဘြဲၿမိဳ႕နယ္တြင္ မတ္လ ၁၃ ရက္ေန႔နံနက္ပိုင္းက အသက္ (၄-ႏွစ္၊ ၄-လ)အရြယ္ အမ်ိဳးသမီးငယ္တစ္ဦးကို သားမယားအျဖစ္ ျပဳက်င္႔ခဲ႔သူသည့္သက္ငယ္မုဒိမ္းမွဳက်ဴးလြန္သူအား နယ္ေျမခံရဲတပ္ဖြဲ႕ဝင္မ်ားက အခ်ိန္မီဖမ္းဆီး၍ အမွဳဖြင့္အေရးယူထားေၾကာင္း သတင္းရရွိရသည္။

မတ္လ ၁၃ ရက္ေန႔ နံနက္ ၁၁နာရီ ၃၀မိနစ္အခ်ိန္ခန္႔က လိႈင္းဘြဲၿမိဳ႕နယ္၊ ကေမာ႔ကခ်ဴး ေက်းရြာအုပ္စု၊ ကုလားစုေက်းရြာေန ေဒၚမိသိန္း(ခ)ဟာေဆြနာဘီ၏ သမီးျဖစ္သူ မႏွင္းအိျဖဴ(ခ)ဇိုႏိုင္ဒါ(၄-ႏွစ္၊ ၃-လ)အရြယ္ အမ်ိဳးသမီးငယ္သည္ ေနအိမ္ ေျခရင္းဘက္တြင္ကေလးငယ္မ်ားႏွင္႔အတူ ေဆာ႔ကစားရာမွ ငိုယိုၿပီးျပန္လာသျဖင္႔ ေမးျမန္းၾကည္႔ရာ တစ္ၿခံ ေက်ာ္တြင္ ေနထိုင္သည္႔ ကမာဒင္(၃၂-ႏွစ္)မွ မႏွင္းအိျဖဴတို႔ေဆာ႔ကစားသည္႔ေနရာသို႔ေရာက္ရွိိလာၿပီး

သမီးငယ္အား ပိႏၷဲသီးအႏုခူးရန္ေခၚေဆာင္သြား၍ ရာဘာၿခံႏွင္႔ကၽြန္းၿခံအစပ္ မရမ္းပင္ေအာက္တြင္ သမီးျဖစ္သူ၏ ေဘာင္းဘီအားခၽြတ္ကာ အလိုမတူဘဲ သားမယားအျဖစ္ ျပဳက်င္႔ခဲ႔ျခင္းျဖစ္ေၾကာင္း ေျပာျပသိရွိရသျဖင္႔ မိခင္ျဖစ္သူ ေဒၚမိသိန္း(ခ)ဟာေဆြနာဘီ(၄၀-ႏွစ္)မွ အသက္(၄-ႏွစ္၊ ၃-လအရြယ္)သမီးျဖစ္သူ မႏွင္းအိျဖဴ(ခ)ဇိုႏိုင္ဒါအား အလိုမတူဘဲ သားမယားအျဖစ္ျပဳက်င္႔ခဲ႔သူ ကမာဒင္အား ဥပေဒအရ အေရးယူေပးရန္လိႈင္းဘြဲၿမိဳ႕မ ရဲစခန္းသို႔ လာေရာက္တိုင္တန္းခဲ႔မွဳျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင္႔ ကမာဒင္အား လိႈင္းဘြဲၿမိဳ႕မရဲစခန္းက (ပ)၈/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင္႔အမွဳဖြင္႔ အေရးယူထားေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ဘားအံသတင္း
#Unicode Version#
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မတ်လ ၁၃ ရက်နေ့နံနက်ပိုင်းက အသက် (၄-နှစ်၊ ၄-လ)အရွယ် အမျိုးသမီးငယ်တစ်ဦးကို သားမယားအဖြစ် ပြုကျင့်ခဲ့သူသည့်သက်ငယ်မုဒိမ်းမှုကျူးလွန်သူအား နယ်မြေခံရဲတပ်ဖွဲ့ဝင်များက အချိန်မီဖမ်းဆီး၍ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိရသည်။

မတ်လ ၁၃ ရက်နေ့ နံနက် ၁၁နာရီ ၃၀မိနစ်အချိန်ခန့်က လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူး ကျေးရွာအုပ်စု၊ ကုလားစုကျေးရွာနေ ဒေါ်မိသိန်း(ခ)ဟာဆွေနာဘီ၏ သမီးဖြစ်သူ မနှင်းအိဖြူ(ခ)ဇိုနိုင်ဒါ(၄-နှစ်၊ ၃-လ)အရွယ် အမျိုးသမီးငယ်သည် နေအိမ်ခြေရင်းဘက်တွင်ကလေးငယ်များနှင့်အတူ ဆော့ကစားရာမှ ငိုယိုပြီးပြန်လာသဖြင့် မေးမြန်းကြည့်ရာ တစ်ခြံကျော်တွင် နေထိုင်သည့် ကမာဒင်(၃၂-နှစ်)မှ မနှင်းအိဖြူတို့ဆော့ကစားသည့်နေရာသို့ရောက်ရှိလာပြီး

သမီးငယ်အား ပိန္နဲသီးအနုခူးရန်ခေါ်ဆောင်သွား၍ ရာဘာခြံနှင့်ကျွန်းခြံအစပ် မရမ်းပင်အောက်တွင် သမီးဖြစ်သူ၏ ဘောင်းဘီအားချွတ်ကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် မိခင်ဖြစ်သူ ဒေါ်မိသိန်း(ခ)ဟာဆွေနာဘီ(၄၀-နှစ်)မှ အသက်(၄-နှစ်၊ ၃-လအရွယ်)သမီးဖြစ်သူ မနှင်းအိဖြူ(ခ)ဇိုနိုင်ဒါအား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သူ ကမာဒင်အား ဥပဒေအရ အရေးယူပေးရန်လှိုင်းဘွဲမြို့မ ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့မှုဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကမာဒင်အား လှိုင်းဘွဲမြို့မရဲစခန်းက (ပ)၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ဘားအံသတင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top