ရန်ကင်းရှိ ဇူလိုင်လတွင်အခန်းအပ်မည့် Skysuites ကွန်ဒိုအရောင်းပြပွဲ
×







#Unicode Version#
လတ်တစ်လော face book စာမျက် နှာပေါ်မှာ လူပြောများနေတဲ့ မန်းလေးမြို့က ဟာသလူရွှင်တော်ကြီး ဦးတိုင်ကျော် တောင်းရမ်းစားသောက်နေရတဲ့ သတင်း ကြားကြားချင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှ အတွင်ရေးမှု(၁) ဦးဝင်းနောင်နှင့် မန်လေးတိုင်း သဘင်အစည်းအရုံး အလုပ်အမှုဆောင်များ လူရွှင်တော်အသင်း (မန္တလေး)မှ နာယကကြီးများနှင့် အလုပ်အမှုဆောင်များ မှ ကိုယ်တိုင်သွားရောက် စုံစမ်း မေမြန်းလျက်ရှိပြီး

ဦးတိုင်းကျော်၏ ဇနီး ဆိုသူနှင့်သာတွေ့ဆုံရပြီး ဦးတိုင်းကျော် မှာညနေ၅ နာရီခန့်လောက်မှသာပြန်လာမည်ဟုပြောဆိုပါသောကြောင့် ညနေ၅နာရီတွင် သဘင်အစည်းအရုံး အလုပ်အမှုဆောင်များ ထပ်မံသွားရောက် မေးမြန်းစုံစမ်းမည်ဖြစ်ပြီး

လက်ရှိမျက်မြင်အခြေအနေနှင့် ဦးတိုင်းကျော်၏ ဇနီးဆိုသူ၏ ပြောပြချက်များအရ မန်းလေးမြို့ပေါ်တွင် ဦးတိုင်ကျော်သည် လက်ရှိ ပေ ၄၀×၆၀ ခန့်ရှိသော ခြံဝင်းနှင့် ကိုယ်ပိုင်ပျဉ်ထောင်အိမ်လေးအပြင် အိမ်တစ်လုံးအားသီးသန့်ဆောက်လုပ်၍ တစ်လ ၁၅၀၀၀ နှင်ငှားရမ်းထားကြောင်း

ထို့ကြောင့် fb ပေါ်တက်လာသောသတင်းနှင့် လက်တွေ့အခြေအနေမှာ ကွဲလဲမှုများရှိနေကြောင်းနှင့် ဦးတိုင်းကျော်ပြန်လာမှ အသေးစိတ် အခြေအနေမှန်များ သိရှိရမည်ဖြစ်ကြောင်း သတင်းရ ရှိပါသည် ။

သေချာတိကျမှန်ကန်သော သတင်းများအား ဆက်လက်တင်ပြ ပေးပါမည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ကောင်းကျော် (ပြန်ကြားရေးမှုး)

လူရွှင်တော်အသင်း(ရန်ကုန်) 15-3-2019 ညနေ ၃း၄၀
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top