ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


ျမတ္စြာဘုရားက လႉတဲ့အခါ ကိုယ္လႉတဲ့ပုဂၢိဳလ္အေပၚကို စိတ္မေရာက္ေစနဲ႔တဲ့ သံဃာကိုပဲ စိတ္ေရာက္ေအာင္ရည္စူးၿပီးလႉတဲ့ ဒါျဖင့္ သံဃာကိုစိတ္ေရာက္ ရမယ္ဆိုရင္ကိုယ့္အိမ္မွာဆြမ္းေလာင္းတယ္ဆိုပါစို႔..

ဆြမ္းေလာင္းတယ္ဆိုတာ ဘယ္ပုဂၢိဳလ္ပဲႂကြႂကြ ေဩာ္ဒါဟာဘုရားလက္ထက္က သံဃာေတြရဲ႕အဆက္အႏြယ္အဲဒီ ဘုရားလက္ထက္ကသံဃာေတြထိေအာင္ အာ ရုံျပဳၿပီးေတာ့ လႉလိုက္တာ..သူ႔ကိုမၾကည့္ဘူး ပုဂၢိဳလ္ကိုမၾကည့္ဘူး သံဃာဆို တဲ့အေနနဲ႔ပဲၾကည့္တာ ဒီလိုျဖစ္ရမယ္..

အခုႂကြလာတာဟာ အဲဒီသံဃာေတြရဲ႕ကိုယ္စားလွယ္ပဲလို႔ပဲ စိတ္ထဲမွာထား.. သံဃာကိုလႉတာဟာ ဒီပုဂၢိဳလ္ကိုလႉတာမဟုတ္ဘူး ဒီလိုဆိုတာျမတ္စြာဘုရား ကအဲ့ေတာ့ သံဃာလႉတာနဲ႔ ပုဂၢိဳလ္လႉတာနဲ႔က အလြန္ကြာျခားတယ္..

ပုဂၢိဳလ္ဆိုတာက အေကာင္းအဆိုးရွိႏိုင္တယ္..ပုဂၢိဳလ္ကိုမၾကည့္ပါနဲ႔ မ်က္ႏွာကိုမၾကည့္နဲ႔..ေနာ္..ဆြမ္းေလာင္းလို႔ရွိရင္လည္း ဘုန္းႀကီးမ်က္ႏွာလည္း မၾကည့္နဲ႔ဘုန္းႀကီးကလည္း ဒကာမမ်က္ႏွာကို မၾကည့္ရဘူး ၾကည့္ရင္အျပစ္ ပဲသူက..ဆိုလိုတာက မ်က္ႏွာမၾကည့္နဲ႔ သံဃာဆိုတဲ့အေနနဲ႔သာ သတ္မွတ္.. အက်ိဳးရွိေအာင္လို႔ ျမတ္စြာဘုရားက အဲ့လိုေဟာတာ.

 ျမတ္စြာဘုရားက သံဃာကိုသာလႉဆိုတဲ့ေနရာမွာဘယ္ေလာက္ထိေအာင္ေျပာ ထားတုန္းဆိုလို႔ရွိရင္ေအး ေနာက္ပိုင္းေရာက္လာလို႔ရွိရင္ သာသနာပ်က္ၿပီဆိုတဲ့ အခ်ိန္မွာတဲ့သာသနာကြယ္ၿပီဆိုတဲ့အခ်ိန္မွာ ရဟန္းတုရဟန္းေယာင္(ဒုသီလ ပုဂၢိဳလ္)ေတြ ေပၚလာလိမ့္မယ္..

သူတို႔မွာ ဘုန္းႀကီးဆိုတဲ့အထိမ္းအမွတ္ဟာဒီ လည္ပင္းကို သကၤန္းေရာင္ေလး ပတ္ထားတာေလးေလာက္ပဲ ရွိေတာ့မယ္က်န္တာက လူဝတ္လူစား အဲ့တာ ဂ်ပန္ႏိုင္ငံမွာရွိေနၿပီျမန္မာျပည္မွာလည္း ရွိရင္ရွိလာမွာေပါ့ေလ..

ဂ်ပန္မွာက ဂ်ပန္ဘုန္းႀကီးလို႔သာေျပာရတာ အိမ္ေထာင္လည္းျပဳတယ္.. ဘုန္းႀကီးတို႔ သီရိလကၤာမွာေနတုန္းကဒီJapanese Buddhismနဲ႔ Zin Buddhism ကို လာၿပီးေတာ့သင္ေပးတဲ့ ဂ်ပန္ဆရာတစ္ဦးရွိတယ္.. ဂ်ပန္လူႀကီးထင္ေနတာ.. မဟုတ္ဘူး ..အဲ့ဒါဘုန္းႀကီးတဲ့..

ဘုန္းႀကီးကလည္း ဘိုေကနဲ႔ နက္ကတိုင္နဲ႔ ေဘာင္းဘီနဲ႔လာတာကိုး အဲေတာ့ ဘုန္းႀကီးမွန္းမသိဘူး..ဘာသာေရးကိစၥေဆာင္ရြက္တဲ့အခါေလးမွာသာ ရဟန္း အသြင္ယူ အေပၚကပတ္လိုက္တာဒိျပင္အခ်ိန္မွာ လူဝတ္ပဲသူက အဲ့လိုေနတာ..

အဲ့ေတာ့ ျမတ္စြာဘုရားက ဘာေဟာထားတုန္းဆိုရင္ ေနာင္အနာဂတ္မွာ တဲ့သံဃိကဒါနဟာ ဘယ္ေလာက္ထိအက်ိဳးေပးႏိုင္တုန္းဆိုလို႔ရွိရင္ဒီရဟန္းတု ရဟန္းေယာင္ေတြကို လႉတဲ့အခါမွာေတာင္သံဃာအစစ္ကို ရည္မွန္းၿပီးေတာ့ လႉဒါန္းပါတယ္ဆိုရင္ အဲဒီဒါနကုသိုလ္ဟာအတိုင္းအဆမဲ့အက်ိဳးရႏိုင္တယ္လို႔ ဒီလိုဟာထားတာ ‘ဒကၡိဏဝိဘဂၤသုတ္’မွာ..

အဲ့ေတာ့ ကိုယ့္စိတ္က အဓိကက်တယ္ဒါေၾကာင့္မို႔ အိမ္မွာဆြမ္းခံႂကြလာတယ္ ဆိုရင္ သံဃာပဲသံဃာအေနနဲ႔ပဲလႉ ဒါကို တိုက္တြန္းတာသံဃာဆိုတာ ဒီပုဂၢိဳလ္ ကိုရည္ညႊန္းတာမဟုတ္ဘူးတစ္သာသနာလုံးမွာရွိတဲ့သံဃာေတြကို ရည္ညႊန္းလိုက္ တာအဖြဲ႕အစည္းတစ္ခုလုံးကို ရည္ညႊန္းတာေနာ္..

အဲ့ဒီလို သံဃာဆိုတဲ့အမွတ္နဲ႔ ရည္စူးၿပီးေတာ့လႉလိုက္မယ္ဆိုရင္ စိတ္ထဲမွာ ၾကည္ညိဳလိမ့္မယ္လႉတဲ့ဆြမ္းဟာ ရွင္သာရိပုတၱရာတို႔အထိ ဘုရားလက္ထက္က အရိယာသံဃာေတြအထိ ေရာက္သြားတယ္..

ဒီကိုယ္ေတာ္က ကိုယ္စားလွယ္ သံဃာ့ကိုယ္စားလွယ္လို႔ စိတ္ထဲမွာထား..ေနာ္ သံဃာ့ကိုယ္စားလွယ္အေနနဲ႔လႉလိုက္ရင္ အဲဒါကို အာရုံျပဳလိုက္ရတဲ့အခါမွာ

စိတ္ေတြၾကည္ႏူးလာမယ္ အဲဒီလိုၾကည္ႏူးတဲ့စိတ္နဲ႔ ေသဆုံးသြားရမယ္ဆို လို႔ရွိရင္ေကာင္းရာသုဂတိဘုံကိုေရာက္ႏိုင္ပါတယ္လို႔ ျမတ္စြာဘုရားက ေဟာတာေနာ္..ဒါက ဒါနနဲ႔ပတ္သက္တဲ့ ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ရဲ႕ မိန္႔မွာခ်က္ပဲျဖစ္တယ္ေနာ္..

လႉဒါန္းရတဲ့အခ်ိန္ကာလမွာမိမိတို႔ရဲ႕စိတ္ေစတနာဟာမွန္ကန္တဲ့ လမ္းေၾကာင္းေပၚေရာက္ဖို႔အတြက္ ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္သည္အက်ိဳး စီးပြားမ်ားျပားေစဖို႔အတြက္ အခုလိုဒါနနဲ႔ပတ္သက္တဲ့စကားကို မိန္႔ၾကားတာပဲျဖစ္ တယ္..

ပါခ်ဳပ္ဆရာေတာ္ႀကီး

တရားေတာ္အသံဖိုင္မွ ေကာက္ႏုတ္ပူေဇာ္ထားျခင္းျဖစ္၍စာလုံးသတ္ပုံမွား ယြင္းပါက သည္းခံခြင့္လႊတ္ေပးၾကပါရန္

ေစတနာေမတၱာအရင္းခံျဖင့္


ဖိုးသူေတာ္ (www.phothutaw.com)
Credit:ohmarshin(oms)
# Unicode Version # ျဖင့္ ဖတ္ပါ #


မြတ်စွာဘုရားက လှူတဲ့အခါ ကိုယ်လှူတဲ့ပုဂ္ဂိုလ်အပေါ်ကို စိတ်မရောက်စေနဲ့တဲ့ သံဃာကိုပဲ စိတ်ရောက်အောင်ရည်စူးပြီးလှူတဲ့ ဒါဖြင့် သံဃာကိုစိတ်ရောက် ရမယ်ဆိုရင်ကိုယ့်အိမ်မှာဆွမ်းလောင်းတယ်ဆိုပါစို့..

ဆွမ်းလောင်းတယ်ဆိုတာ ဘယ်ပုဂ္ဂိုလ်ပဲကြွကြွ ေဩာ်ဒါဟာဘုရားလက်ထက်က သံဃာတွေရဲ့အဆက်အနွယ်အဲဒီ ဘုရားလက်ထက်ကသံဃာတွေထိအောင် အာ ရုံပြုပြီးတော့ လှူလိုက်တာ..သူ့ကိုမကြည့်ဘူး ပုဂ္ဂိုလ်ကိုမကြည့်ဘူး သံဃာဆို တဲ့အနေနဲ့ပဲကြည့်တာ ဒီလိုဖြစ်ရမယ်..

အခုကြွလာတာဟာ အဲဒီသံဃာတွေရဲ့ကိုယ်စားလှယ်ပဲလို့ပဲ စိတ်ထဲမှာထား.. သံဃာကိုလှူတာဟာ ဒီပုဂ္ဂိုလ်ကိုလှူတာမဟုတ်ဘူး ဒီလိုဆိုတာမြတ်စွာဘုရား ကအဲ့တော့ သံဃာလှူတာနဲ့ ပုဂ္ဂိုလ်လှူတာနဲ့က အလွန်ကွာခြားတယ်..

ပုဂ္ဂိုလ်ဆိုတာက အကောင်းအဆိုးရှိနိုင်တယ်..ပုဂ္ဂိုလ်ကိုမကြည့်ပါနဲ့ မျက်နှာကိုမကြည့်နဲ့..နော်..ဆွမ်းလောင်းလို့ရှိရင်လည်း ဘုန်းကြီးမျက်နှာလည်း မကြည့်နဲ့ဘုန်းကြီးကလည်း ဒကာမမျက်နှာကို မကြည့်ရဘူး ကြည့်ရင်အပြစ် ပဲသူက..ဆိုလိုတာက မျက်နှာမကြည့်နဲ့ သံဃာဆိုတဲ့အနေနဲ့သာ သတ်မှတ်.. အကျိုးရှိအောင်လို့ မြတ်စွာဘုရားက အဲ့လိုဟောတာ.

 မြတ်စွာဘုရားက သံဃာကိုသာလှူဆိုတဲ့နေရာမှာဘယ်လောက်ထိအောင်ပြော ထားတုန်းဆိုလို့ရှိရင်အေး နောက်ပိုင်းရောက်လာလို့ရှိရင် သာသနာပျက်ပြီဆိုတဲ့ အချိန်မှာတဲ့သာသနာကွယ်ပြီဆိုတဲ့အချိန်မှာ ရဟန်းတုရဟန်းယောင်(ဒုသီလ ပုဂ္ဂိုလ်)တွေ ပေါ်လာလိမ့်မယ်..

သူတို့မှာ ဘုန်းကြီးဆိုတဲ့အထိမ်းအမှတ်ဟာဒီ လည်ပင်းကို သင်္ကန်းရောင်လေး ပတ်ထားတာလေးလောက်ပဲ ရှိတော့မယ်ကျန်တာက လူဝတ်လူစား အဲ့တာ ဂျပန်နိုင်ငံမှာရှိနေပြီမြန်မာပြည်မှာလည်း ရှိရင်ရှိလာမှာပေါ့လေ..

ဂျပန်မှာက ဂျပန်ဘုန်းကြီးလို့သာပြောရတာ အိမ်ထောင်လည်းပြုတယ်.. ဘုန်းကြီးတို့ သီရိလင်္ကာမှာနေတုန်းကဒီJapanese Buddhismနဲ့ Zin Buddhism ကို လာပြီးတော့သင်ပေးတဲ့ ဂျပန်ဆရာတစ်ဦးရှိတယ်.. ဂျပန်လူကြီးထင်နေတာ.. မဟုတ်ဘူး ..အဲ့ဒါဘုန်းကြီးတဲ့..

ဘုန်းကြီးကလည်း ဘိုကေနဲ့ နက်ကတိုင်နဲ့ ဘောင်းဘီနဲ့လာတာကိုး အဲတော့ ဘုန်းကြီးမှန်းမသိဘူး..ဘာသာရေးကိစ္စဆောင်ရွက်တဲ့အခါလေးမှာသာ ရဟန်း အသွင်ယူ အပေါ်ကပတ်လိုက်တာဒိပြင်အချိန်မှာ လူဝတ်ပဲသူက အဲ့လိုနေတာ..

အဲ့တော့ မြတ်စွာဘုရားက ဘာဟောထားတုန်းဆိုရင် နောင်အနာဂတ်မှာ တဲ့သံဃိကဒါနဟာ ဘယ်လောက်ထိအကျိုးပေးနိုင်တုန်းဆိုလို့ရှိရင်ဒီရဟန်းတု ရဟန်းယောင်တွေကို လှူတဲ့အခါမှာတောင်သံဃာအစစ်ကို ရည်မှန်းပြီးတော့ လှူဒါန်းပါတယ်ဆိုရင် အဲဒီဒါနကုသိုလ်ဟာအတိုင်းအဆမဲ့အကျိုးရနိုင်တယ်လို့ ဒီလိုဟာထားတာ ‘ဒက္ခိဏဝိဘင်္ဂသုတ်’မှာ..

အဲ့တော့ ကိုယ့်စိတ်က အဓိကကျတယ်ဒါကြောင့်မို့ အိမ်မှာဆွမ်းခံကြွလာတယ် ဆိုရင် သံဃာပဲသံဃာအနေနဲ့ပဲလှူ ဒါကို တိုက်တွန်းတာသံဃာဆိုတာ ဒီပုဂ္ဂိုလ် ကိုရည်ညွှန်းတာမဟုတ်ဘူးတစ်သာသနာလုံးမှာရှိတဲ့သံဃာတွေကို ရည်ညွှန်းလိုက် တာအဖွဲ့အစည်းတစ်ခုလုံးကို ရည်ညွှန်းတာနော်..

အဲ့ဒီလို သံဃာဆိုတဲ့အမှတ်နဲ့ ရည်စူးပြီးတော့လှူလိုက်မယ်ဆိုရင် စိတ်ထဲမှာ ကြည်ညိုလိမ့်မယ်လှူတဲ့ဆွမ်းဟာ ရှင်သာရိပုတ္တရာတို့အထိ ဘုရားလက်ထက်က အရိယာသံဃာတွေအထိ ရောက်သွားတယ်..

ဒီကိုယ်တော်က ကိုယ်စားလှယ် သံဃာ့ကိုယ်စားလှယ်လို့ စိတ်ထဲမှာထား..နော် သံဃာ့ကိုယ်စားလှယ်အနေနဲ့လှူလိုက်ရင် အဲဒါကို အာရုံပြုလိုက်ရတဲ့အခါမှာ

စိတ်တွေကြည်နူးလာမယ် အဲဒီလိုကြည်နူးတဲ့စိတ်နဲ့ သေဆုံးသွားရမယ်ဆို လို့ရှိရင်ကောင်းရာသုဂတိဘုံကိုရောက်နိုင်ပါတယ်လို့ မြတ်စွာဘုရားက ဟောတာနော်..ဒါက ဒါနနဲ့ပတ်သက်တဲ့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ မိန့်မှာချက်ပဲဖြစ်တယ်နော်..

လှူဒါန်းရတဲ့အချိန်ကာလမှာမိမိတို့ရဲ့စိတ်စေတနာဟာမှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်ဖို့အတွက် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည်အကျိုး စီးပွားများပြားစေဖို့အတွက် အခုလိုဒါနနဲ့ပတ်သက်တဲ့စကားကို မိန့်ကြားတာပဲဖြစ် တယ်..

ပါချုပ်ဆရာတော်ကြီး

တရားတော်အသံဖိုင်မှ ကောက်နုတ်ပူဇော်ထားခြင်းဖြစ်၍စာလုံးသတ်ပုံမှား ယွင်းပါက သည်းခံခွင့်လွှတ်ပေးကြပါရန်

စေတနာမေတ္တာအရင်းခံဖြင့်


ဖိုးသူတော် (www.phothutaw.com)
Credit:ohmarshin(oms)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top