ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ျမန္မာတစ္ႏိုင္ငံလုံးမွ ဘုရားဖူးဧည့္သည္မ်ားသာမက ကမာၻလွည့္ခရီးသြားမ်ားပါ ေန႔စဥ္လာေရာက္မႈမ်ားသည့္ ေ႐ႊတိဂုံေစတီေတာ္တြင္ လက္ရွိဘ႑ာေတာ္ေငြမွာ က်ပ္သန္းေပါင္း ၇၈,ဝဝဝ ေက်ာ္(၇၈,၆၉၁ သန္း)ႏွင့္ ႏိုင္ငံျခားေငြ အေမရိကန္ေဒၚလာ ၁၅ ဒႆမ ၉ သန္းရွိေၾကာင္း ေ႐ႊတိဂုံေစတီေတာ္ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕မွ သိရသည္။

အဆိုပါ ဘ႑ာေငြပမာဏမွာ ၂ဝ၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ၊ ၂၈ ရက္ေန႔အထိ စာရင္းခ်ဳပ္ထားသည့္ ေငြပမာဏ ျဖစ္ေၾကာင္း သိရသည္။

” ဘ႑ာေတာ္ေငြနဲ႔ ပတ္သက္လို႔လည္း ကြၽန္ေတာ္တို႔ စည္းကမ္းတက်ေဆာင္႐ြက္ထားပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ ကြၽန္ေတာ္တို႔ အတိုခ်ဳံးရွင္းျပရမယ္ဆိုရင္ေတာ့ ႏွစ္အလိုက္ ရသုံးမွန္းေျခေငြစာရင္းေရးဆြဲပါတယ္။ ရသမွ် ေငြသိမ္း၊ သုံးစရာရွိတာ ထုတ္သုံးတာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ အရင္ ၂ဝ၁၈၊ ၂ဝ၁၇၊ ၂ဝ၁၆ တုန္းက ရတဲ့ ရေငြအားလုံး၊ သုံးေငြအားလုံးကို ရသုံးခန႔္မွန္းေျခေရးဆြဲၿပီးေတာ့မွ သုံးစြဲတာျဖစ္သလို အခု ၂ဝ၁၉ ခုႏွစ္၊ ဇန္နဝါရီလကေန စၿပီးေတာ့ ဒီဇင္ဘာလအထိ အလႉကရမယ့္ေငြ၊ ေကာက္ခံရရွိမယ့္ေငြအားလုံးကိုလည္း ရသုံး ရေငြအျဖစ္နဲ႔ တြက္ခ်က္ၿပီး သုံးေငြခန႔္မွန္းေျခကိုလည္း တြက္ခ်က္ထားၿပီးေတာ့ စနစ္တက်သုံးစြဲပါတယ္“ဟု ေ႐ႊတိဂုံေစတီေတာ္၏ ဘ႑ာေငြသုံးစြဲမႈႏွင့္ ပတ္သက္ၿပီး ေဂါပကအဖြဲ႕မွ ဦးေသာင္းထိုက္က ေျပာသည္။

ထိုသို႔ ေ႐ႊတိဂုံေစတီေတာ္၏ ဘ႑ာေငြသုံးစြဲမႈႏွင့္ ပတ္သတ္၍ မမွန္မကန္မျဖစ္ေစေရးအတြက္လည္း ရန္ကုန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ရန္ကုန္တိုင္းစာရင္းစစ္႐ုံး၊ ဗဟိုစာရင္းစစ္႐ုံးသို႔ တာဝန္ေပးထားသည့္ ပုဂၢိဳလ္မ်ားျဖင့္ စစ္ေဆးၿပီး ေငြစာရင္းမ်ားမွန္ကန္မႈရွိေစရန္ ေဆာင္႐ြက္ထားေၾကာင္း ေ႐ႊတိဂုံေစတီေတာ္ေဂါပကအဖြဲ႕မွ ဦးေသာင္းထိုက္က ဆက္ေျပာသည္။

ေ႐ႊတိဂုံေစတီေတာ္တြင္ လက္ရွိဘ႑ာေတာ္ေငြမွာ ဘဏ္အပ္ေငြ(စာရင္းရွင္) က်ပ္သန္းေပါင္း ၂,၆၇၃၊ ေငြစု စာအုပ္မ်ား(ေငြစုဘဏ္) က်ပ္သန္းေပါင္း ၆၄,၄၉ဝ၊ ေငြစုလက္မွတ္မ်ားတန္ဖိုး က်ပ္သန္းေပါင္း ၈,၅၂၈၊ ဘဏ္ အပ္ေငြ(Fixed Deposit) က်ပ္သန္းေပါင္း ၃,ဝဝဝ၊ စုစုေပါင္း က်ပ္သန္းေပါင္း ၇၈,၆၉၁ သန္းႏွင့္ ႏိုင္ငံျခားေငြ အေမရိကန္ ေဒၚလာ ၁၅ ဒသမ ၉ သန္း ရွိေၾကာင္းသိရသည္။

ေ႐ႊတိဂုံေစတီေတာ္သို႔ လာေရာက္သည့္ ႏိုင္ငံျခားသား ခရီးသြားမ်ားကို တစ္ဦးလွ်င္ က်ပ္ေငြ ၁ဝ,ဝဝဝ ေကာက္ခံၿပီး တစ္ရက္လွ်င္ ႏိုင္ငံျခားသားဧည့္သည္ ၂၅ဝဝ မွ ၃၅ဝဝ ၾကား ထိ ေ႐ႊတိဂုံေစတီေတာ္သို႔လာေရာက္ေၾကာင္း၊ ျပည္တြင္းဧည့္သည္မ်ားမွာ ေသာင္းဂဏန္းဝန္းက်င္ထိ လာေရာက္ေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Mizzima
#Unicode Version#
မြန်မာတစ်နိုင်ငံလုံးမှ ဘုရားဖူးဧည့်သည်များသာမက ကမ္ဘာလှည့်ခရီးသွားများပါ နေ့စဉ်လာရောက်မှုများသည့် ရွှေတိဂုံစေတီတော်တွင် လက်ရှိဘဏ္ဍာတော်ငွေမှာ ကျပ်သန်းပေါင်း ၇၈,ဝဝဝ ကျော်(၇၈,၆၉၁ သန်း)နှင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၉ သန်းရှိကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ ဘဏ္ဍာငွေပမာဏမှာ ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၈ ရက်နေ့အထိ စာရင်းချုပ်ထားသည့် ငွေပမာဏ ဖြစ်ကြောင်း သိရသည်။

” ဘဏ္ဍာတော်ငွေနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ စည်းကမ်းတကျဆောင်ရွက်ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အတိုချုံးရှင်းပြရမယ်ဆိုရင်တော့ နှစ်အလိုက် ရသုံးမှန်းခြေငွေစာရင်းရေးဆွဲပါတယ်။ ရသမျှ ငွေသိမ်း၊ သုံးစရာရှိတာ ထုတ်သုံးတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အရင် ၂ဝ၁၈၊ ၂ဝ၁၇၊ ၂ဝ၁၆ တုန်းက ရတဲ့ ရငွေအားလုံး၊ သုံးငွေအားလုံးကို ရသုံးခန့်မှန်းခြေရေးဆွဲပြီးတော့မှ သုံးစွဲတာဖြစ်သလို အခု ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလကနေ စပြီးတော့ ဒီဇင်ဘာလအထိ အလှူကရမယ့်ငွေ၊ ကောက်ခံရရှိမယ့်ငွေအားလုံးကိုလည်း ရသုံး ရငွေအဖြစ်နဲ့ တွက်ချက်ပြီး သုံးငွေခန့်မှန်းခြေကိုလည်း တွက်ချက်ထားပြီးတော့ စနစ်တကျသုံးစွဲပါတယ်“ဟု ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာငွေသုံးစွဲမှုနှင့် ပတ်သက်ပြီး ဂေါပကအဖွဲ့မှ ဦးသောင်းထိုက်က ပြောသည်။

ထိုသို့ ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာငွေသုံးစွဲမှုနှင့် ပတ်သတ်၍ မမှန်မကန်မဖြစ်စေရေးအတွက်လည်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်တိုင်းစာရင်းစစ်ရုံး၊ ဗဟိုစာရင်းစစ်ရုံးသို့ တာဝန်ပေးထားသည့် ပုဂ္ဂိုလ်များဖြင့် စစ်ဆေးပြီး ငွေစာရင်းများမှန်ကန်မှုရှိစေရန် ဆောင်ရွက်ထားကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ ဦးသောင်းထိုက်က ဆက်ပြောသည်။

ရွှေတိဂုံစေတီတော်တွင် လက်ရှိဘဏ္ဍာတော်ငွေမှာ ဘဏ်အပ်ငွေ(စာရင်းရှင်) ကျပ်သန်းပေါင်း ၂,၆၇၃၊ ငွေစု စာအုပ်များ(ငွေစုဘဏ်) ကျပ်သန်းပေါင်း ၆၄,၄၉ဝ၊ ငွေစုလက်မှတ်များတန်ဖိုး ကျပ်သန်းပေါင်း ၈,၅၂၈၊ ဘဏ် အပ်ငွေ(Fixed Deposit) ကျပ်သန်းပေါင်း ၃,ဝဝဝ၊ စုစုပေါင်း ကျပ်သန်းပေါင်း ၇၈,၆၉၁ သန်းနှင့် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၉ သန်း ရှိကြောင်းသိရသည်။

ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများကို တစ်ဦးလျှင် ကျပ်ငွေ ၁ဝ,ဝဝဝ ကောက်ခံပြီး တစ်ရက်လျှင် နိုင်ငံခြားသားဧည့်သည် ၂၅ဝဝ မှ ၃၅ဝဝ ကြား ထိ ရွှေတိဂုံစေတီတော်သို့လာရောက်ကြောင်း၊ ပြည်တွင်းဧည့်သည်များမှာ သောင်းဂဏန်းဝန်းကျင်ထိ လာရောက်ကြောင်း သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top