ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

မနၱေလးၿမိဳ႕လယ္ေကာင္တြင္ ေတာင္းရမ္းစားေသာက္ေနသည့္ လူရႊင္ေတာ္ ဦးတိုင္းေက်ာ္ကို မႏၱေလးသဘင္အစည္းအ႐ံုးက ရွာေဖြေတြ႔ ရွိၿပီး ျမန္မာႏိုင္ငံသဘင္အစည္းအ႐ံုးက ကူညီေစာင့္ေရွာက္သြားမည္ဟု သိရသည္။

“သူ႔ကိုေတြ႔ၿပီ၊ အခု႐ံုးေရာက္ၿပီဆိုေတာ့ ဘာေတြလုပ္ေပးရမလဲတိုင္ပင္ၾကမယ္။ တိုင္းေက်ာ္ကေတာ့ ဦးခ်စ္တို႔သိတဲ့ တိုင္းေက်ာ္မဟုတ္ဘူး။ ဒါေပမ့ဲ သူလည္းသဘင္မွာ လူရႊင္ေတာ္တစ္ေယာက္ျဖစ္တယ္ နာမည္တူမရွား လူတူမရွားဆိုသလိုေပါ့” ဟု မႏၱေလးသဘင္အစည္းအရံုး ဥကၠ႒ ဦးခ်စ္စရာက ေျပာသည္။

လူမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚတြင္ မႏၲေလးမွလူရႊင္ေတာ္ႀကီး ဦးတိုင္းေက်ာ္ေတာင္းရမ္းစားေသာက္ေနသည္ကို ေဖာ္ျပခဲ့ၿပီးေနာက္ပိုင္း သဘင္လူမႈကူညီေစာင့္ေရွာက္ေရးေကာ္မတီက ခ်ိတ္ဆက္ၿပီး စံုစမ္းရွာေဖြခဲ့ၿပီး ယခုကဲ့သို႔ ကူညီေစာင့္ေရွာက္ရန္စီစဥ္ခဲ့ျခင္း ျဖစ္သည္။

“သူ႔ကို ဘိုးဘြားရိပ္သာကိုပို႔ရမွာလားဆိုတာကေတာ့ သူ႔မွာလဲ ဇနီးရရွိေသးတယ္ ၾကားတယ္ အဲဒီအတြက္ အစ္မတို႔ဘက္က ဘာကူညီေပးႏိုင္လဲ အရင္ဆံုးစီစဥ္ရမယ္”ဟု ရန္ကုန္သဘင္အစည္းအရံုးမွ တာ၀န္ရွိသူတစ္ဦးျဖစ္သူ ေဒၚပတၱျမားေကခိုင္ က ေျပာသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:The Standard Time Daily

#Unicode Version#
မန္တလေးမြို့လယ်ကောင်တွင် တောင်းရမ်းစားသောက်နေသည့် လူရွှင်တော် ဦးတိုင်းကျော်ကို မန္တလေးသဘင်အစည်းအရုံးက ရှာဖွေတွေ့ ရှိပြီး မြန်မာနိုင်ငံသဘင်အစည်းအရုံးက ကူညီစောင့်ရှောက်သွားမည်ဟု သိရသည်။

“သူ့ကိုတွေ့ပြီ၊ အခုရုံးရောက်ပြီဆိုတော့ ဘာတွေလုပ်ပေးရမလဲတိုင်ပင်ကြမယ်။ တိုင်းကျော်ကတော့ ဦးချစ်တို့သိတဲ့ တိုင်းကျော်မဟုတ်ဘူး။ ဒါပေမဲ့ သူလည်းသဘင်မှာ လူရွှင်တော်တစ်ယောက်ဖြစ်တယ် နာမည်တူမရှား လူတူမရှားဆိုသလိုပေါ့” ဟု မန္တလေးသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးချစ်စရာက ပြောသည်။

လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မန္တလေးမှလူရွှင်တော်ကြီး ဦးတိုင်းကျော်တောင်းရမ်းစားသောက်နေသည်ကို ဖော်ပြခဲ့ပြီးနောက်ပိုင်း သဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီက ချိတ်ဆက်ပြီး စုံစမ်းရှာဖွေခဲ့ပြီး ယခုကဲ့သို့ ကူညီစောင့်ရှောက်ရန်စီစဉ်ခဲ့ခြင်း ဖြစ်သည်။

“သူ့ကို ဘိုးဘွားရိပ်သာကိုပို့ရမှာလားဆိုတာကတော့ သူ့မှာလဲ ဇနီးရရှိသေးတယ် ကြားတယ် အဲဒီအတွက် အစ်မတို့ဘက်က ဘာကူညီပေးနိုင်လဲ အရင်ဆုံးစီစဉ်ရမယ်”ဟု ရန်ကုန်သဘင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်ပတ္တမြားကေခိုင် က ပြောသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:The Standard Time Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top