လူတကာခ်ီးက်ဴးခဲ့ရတဲ့ ေလယာဥ္ေပၚမွ ရင္ခြင္ပိုက္ကေလးမိခင္ရဲ႕လုပ္ရပ္

ကေလးေတြဟာ ခ်စ္ဖို႕ေကာင္းသေလာက္ သူတို႕ေတြ ငိုၿပီဆိုတဲ့အခါမ်ိဳးမွာလည္း ေဘးပတ္ဝန္းက်င္ကိို အေႏွာက္အယွက္ျဖစ္လြန္းလို႕ မ်က္ႏွာမျပႏုိင္ေလာက္တဲထိ မိဘေတြအားနာၾကရတဲ့အခိုက္အတန္႕ေတြ ရွိေနပါတယ္။

တိတ္ဆိတ္တဲ့ရုပ္ရွင္ရံုထဲမွာပဲျဖစ္ျဖစ္၊ ညအိပ္ညေနစီးသြားရတဲ့ Express ကားေပၚမွာပဲျဖစ္ျဖစ္ အခ်ိန္အၾကာႀကီးစီးရတဲ့ ေလယာဥ္ေပၚမွာပဲျဖစ္ျဖစ္ ကေလးငိုတာဟာ သာမန္ပတ္ဝန္းက်င္မ်ိဳးမွာ ငိုတာထက္ ပိုဆိုးသြားေစပါတယ္။

ဒါေၾကာင့္ပဲ တခ်ိဳ႕မဂၤလာေဆာင္ေတြ၊ ပြဲလမ္းသဘင္မ်ိဳးမွာ အသက္ (၆) ႏွစ္အထက္ ကေလးေတြကို ေခၚလာခြင့္မေပးၾကတာပါ။ ကိုယ္စီးမယ့္ေလယာဥ္ေပၚ ကေလးေတြတစ္အုပ္နဲ႕ မိသားစုလိုက္တက္လာတာေတြ႕တဲ့လူတိုင္း မ်က္ႏွာေတြရံႈ႕မဲ႕တတ္ၾကတဲ့ ခရီးသည္ေတြရွိပါတယ္။

ဒီအေလ့အထကိုသိတဲ့ ေမေမတစ္ေယာက္ကေတာ့ သူ႕ရဲ႕ကေလးေၾကာင့္ ေလယာဥ္ခရီးသည္မ်ား အေႏွာက္အယွက္မျဖစ္ေအာင္ဆိုၿပီး လူတကာခ်ီးက်ဴးရေလာက္တဲ့ လုပ္ရပ္ေလးကို ျပဳလုပ္ခဲ့ပါတယ္။ ဒီအေၾကာင္းကို ေလယာဥ္ခရီးသည္တစ္ဦးက သူ႕ရဲ႕ကိုယ္ပိုင္ Facebook account မွာ ခ်ီးက်ဴးစကားနဲ႕အတူ ဓာတ္ပံုရိုက္တင္ထားခဲ့တာပါ။

ကိုရီးယားႏုိင္ငံ၊ ဆိုးလ္မွ ဆန္ဖရန္စစၥကိုသို႕ပ်ံသံတဲ့ ေလယာဥ္ခရီးစဥ္ဟာ အခ်ိန္ (၁၀) နာရီၾကာျမင့္တဲ့ခရီးစဥ္ရွည္တစ္ခုပါ။ ေလယာဥ္ပ်ံသန္းေနစဥ္မွာပဲ ကေလးေလးပိုက္ထားတဲ့ မိခင္တစ္ဦးဟာ ခရီးသည္တစ္ဦးခ်င္းစီကို အထုပ္ကေလးေတြ လိုက္ေဝေနခဲ့ပါတယ္။

အထုပ္ေပါင္း (၂၀၀) ေလာက္ရွိၿပီး အထုပ္ကေလးထဲမွာေတာ့ စာေလးတစ္ေစာင္ရယ္၊ ခ်ိဳခ်ဥ္ေလးေတြနဲ႕ စာေလးတစ္ေစာင္ကိုပါ ထည့္ထားခဲ့ပါတယ္။ စာထဲမွာေတာ့ “မဂၤလာပါ ကၽြန္ေတာ့္နာမည္ ဂၽြန္ဝူျဖစ္ၿပီး အသက္ကေတာ့ (၄) လပါ။

ေမေမရယ္၊ ဖြားဖြားရယ္ ကၽြန္ေတာ္ရယ္ အေမရိကမွာရွိတဲ့ အေဒၚဆီကို သြားလည္ဖို႕ ေလယာဥ္ေပၚေရာက္ေနၾကတာပါ။ ေလယာဥ္စီးဖူးတာပထမဆံုးမို႕လို႕ ကၽြန္ေတာ္အရမ္းေတြစိတ္လႈပ္ရွားၿပီး ေၾကာက္ေနပါတယ္။

ဒါေၾကာင့္ အခန္႕မသင့္ ငိုမိခဲ့ရင္ ကၽြန္ေတာ့္ေၾကာင့္ စိတ္အေႏွာက္အယွက္မျဖစ္ဖို႕အတြက္ ႀကိဳၿပီး ေတာင္းပန္ထားတာပါဗ်ာ။ ေမေမကလည္း လူႀကီးမင္းတို႕အတြက္ ဒီခ်ိဳခ်ဥ္အိတ္ကေလးေတြကို ျပင္ဆင္ထားၿပီး အသံလံုနားၾကပ္ကိုလည္း ထည့္ေပးထားပါတယ္။

ေပ်ာ္ရႊင္စရာခရီးစဥ္ေလးျဖစ္ပါေစ၊ ေက်းဇူးတင္ပါတယ္ဗ်။” ဆိုၿပီး ကေလးေမေမက ခ်စ္စဖြယ္ေကာင္းတဲ့ ေတာင္းပန္စာေလးကို ေရးထားခဲ့တာပါ။

ကေလးေလးေမေမဟာ ကေလးေလးကိုခ်ီရင္း ခရီးသည္တစ္ေယာက္ခ်င္းစီကို အထုပ္ေလးေတြ ဂရုတစိုက္လိုက္ကမ္းရင္း ယဥ္ေက်းစြာျပံဳးေနခဲ့တာပါ။ ဒီပံုရိပ္ေလးေတြကို Facebook မွာ ျပန္လည္မွ်ေဝတဲ့အခ်ိန္မွာေတာ့ Facebook user ေတြရဲ႕ ခ်ီးမြန္းျခင္းကို ခံခဲ့ရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thein Lwin

#Unicode Version# ျဖင့္ဖတ္ပါ ။

လူတကာချီးကျူးခဲ့ရတဲ့ လေယာဉ်ပေါ်မှ ရင်ခွင်ပိုက်ကလေးမိခင်ရဲ့လုပ်ရပ်

ကလေးတွေဟာ ချစ်ဖို့ကောင်းသလောက် သူတို့တွေ ငိုပြီဆိုတဲ့အခါမျိုးမှာလည်း ဘေးပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်လွန်းလို့ မျက်နှာမပြနိုင်လောက်တဲထိ မိဘတွေအားနာကြရတဲ့အခိုက်အတန့်တွေ ရှိနေပါတယ်။

တိတ်ဆိတ်တဲ့ရုပ်ရှင်ရုံထဲမှာပဲဖြစ်ဖြစ်၊ ညအိပ်ညနေစီးသွားရတဲ့ Express ကားပေါ်မှာပဲဖြစ်ဖြစ် အချိန်အကြာကြီးစီးရတဲ့ လေယာဉ်ပေါ်မှာပဲဖြစ်ဖြစ် ကလေးငိုတာဟာ သာမန်ပတ်ဝန်းကျင်မျိုးမှာ ငိုတာထက် ပိုဆိုးသွားစေပါတယ်။

ဒါကြောင့်ပဲ တချို့မင်္ဂလာဆောင်တွေ၊ ပွဲလမ်းသဘင်မျိုးမှာ အသက် (၆) နှစ်အထက် ကလေးတွေကို ခေါ်လာခွင့်မပေးကြတာပါ။ ကိုယ်စီးမယ့်လေယာဉ်ပေါ် ကလေးတွေတစ်အုပ်နဲ့ မိသားစုလိုက်တက်လာတာတွေ့တဲ့လူတိုင်း မျက်နှာတွေရှုံ့မဲ့တတ်ကြတဲ့ ခရီးသည်တွေရှိပါတယ်။

ဒီအလေ့အထကိုသိတဲ့ မေမေတစ်ယောက်ကတော့ သူ့ရဲ့ကလေးကြောင့် လေယာဉ်ခရီးသည်များ အနှောက်အယှက်မဖြစ်အောင်ဆိုပြီး လူတကာချီးကျူးရလောက်တဲ့ လုပ်ရပ်လေးကို ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို လေယာဉ်ခရီးသည်တစ်ဦးက သူ့ရဲ့ကိုယ်ပိုင် Facebook account မှာ ချီးကျူးစကားနဲ့အတူ ဓာတ်ပုံရိုက်တင်ထားခဲ့တာပါ။

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မှ ဆန်ဖရန်စစ္စကိုသို့ပျံသံတဲ့ လေယာဉ်ခရီးစဉ်ဟာ အချိန် (၁၀) နာရီကြာမြင့်တဲ့ခရီးစဉ်ရှည်တစ်ခုပါ။ လေယာဉ်ပျံသန်းနေစဉ်မှာပဲ ကလေးလေးပိုက်ထားတဲ့ မိခင်တစ်ဦးဟာ ခရီးသည်တစ်ဦးချင်းစီကို အထုပ်ကလေးတွေ လိုက်ဝေနေခဲ့ပါတယ်။

အထုပ်ပေါင်း (၂၀၀) လောက်ရှိပြီး အထုပ်ကလေးထဲမှာတော့ စာလေးတစ်စောင်ရယ်၊ ချိုချဉ်လေးတွေနဲ့ စာလေးတစ်စောင်ကိုပါ ထည့်ထားခဲ့ပါတယ်။ စာထဲမှာတော့ “မင်္ဂလာပါ ကျွန်တော့်နာမည် ဂျွန်ဝူဖြစ်ပြီး အသက်ကတော့ (၄) လပါ။

မေမေရယ်၊ ဖွားဖွားရယ် ကျွန်တော်ရယ် အမေရိကမှာရှိတဲ့ အဒေါ်ဆီကို သွားလည်ဖို့ လေယာဉ်ပေါ်ရောက်နေကြတာပါ။ လေယာဉ်စီးဖူးတာပထမဆုံးမို့လို့ ကျွန်တော်အရမ်းတွေစိတ်လှုပ်ရှားပြီး ကြောက်နေပါတယ်။

ဒါကြောင့် အခန့်မသင့် ငိုမိခဲ့ရင် ကျွန်တော့်ကြောင့် စိတ်အနှောက်အယှက်မဖြစ်ဖို့အတွက် ကြိုပြီး တောင်းပန်ထားတာပါဗျာ။ မေမေကလည်း လူကြီးမင်းတို့အတွက် ဒီချိုချဉ်အိတ်ကလေးတွေကို ပြင်ဆင်ထားပြီး အသံလုံနားကြပ်ကိုလည်း ထည့်ပေးထားပါတယ်။

ပျော်ရွှင်စရာခရီးစဉ်လေးဖြစ်ပါစေ၊ ကျေးဇူးတင်ပါတယ်ဗျ။” ဆိုပြီး ကလေးမေမေက ချစ်စဖွယ်ကောင်းတဲ့ တောင်းပန်စာလေးကို ရေးထားခဲ့တာပါ။

ကလေးလေးမေမေဟာ ကလေးလေးကိုချီရင်း ခရီးသည်တစ်ယောက်ချင်းစီကို အထုပ်လေးတွေ ဂရုတစိုက်လိုက်ကမ်းရင်း ယဉ်ကျေးစွာပြုံးနေခဲ့တာပါ။ ဒီပုံရိပ်လေးတွေကို Facebook မှာ ပြန်လည်မျှဝေတဲ့အချိန်မှာတော့ Facebook user တွေရဲ့ ချီးမွန်းခြင်းကို ခံခဲ့ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Thein Lwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top