20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


အႏုပညာေလာကထဲကို လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္က ဝင္ေရာက္လာျပီး ျပီးခဲ့တဲ့ႏွစ္ေတြကမွ ျမန္မာဆန္ဆန္ ဓါတ္ပံုေလးေတြနဲ႔ ရုပ္သံဇာတ္လမ္းတြဲေတြေၾကာင့္ လူပိုသိျပီး ပရိသတ္ အခိုင္အမာ ရရွိလာတဲ့ မင္းသမီးေခ်ာ ျမႏွင္းရည္လြင္ကေတာ့ အိမ္ေထာင္ေရးမွာ ဘယ္အရာက အေရးၾကီးလည္းဆိုတာကို ေျပာၾကားသြား ခဲ့ပါတယ္။ သာယာတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားတဲ့ ျမႏွင္းရည္လြင္ကေတာ့ အိမ္ေထာင္ေရးမွာ နားလည္မႈ ယံုၾကည္မႈက အဓိက က်တယ္လို႔ ေျပာၾကားသြား ခဲ့ပါတယ္။

ျမႏွင္းရည္လြင္ကေတာ့ Myanmarload နဲ႔ အင္တာဗ်ဴးတြင္ ခင္ပြန္းျဖစ္သူက အႏုပညာအလုပ္ေတြမွာ ကူညီေပးေတာ့ ဘယ္လိုခံစားရလဲဆိုတဲ့ အေပၚမွာေတာ့ “ေပ်ာ္တာေပါ့။ အားပိုရွိတာေပါ့။ ကိုယ္တေယာက္ထဲ လုပ္ေနရတာထက္ သူကလည္း တဖက္တလမ္းကေန အျမဲရွိေနေတာ့ ကိုယ္ကပိုျပီးေတာ့ လုပ္ရတာ အားရွိတယ္။ ခရီးေတြ ဘာေတြသြားေတာ့လည္း သူက အကုန္စီစဥ္ေပးေတာ့ ကိုယ္ကလည္း အလုပ္ဖက္ကို ပိုျပီးေတာ့ ဂရုစိုက္ႏိုင္တာေပါ့။ ျမႏွင္းကေတာ့ တခါတေလက်ရင္ သရုပ္ေဆာင္တာ လုပ္တာ စကားေတြ ေျပာရမွာ ဝန္ေလးတဲ့သူ။ သူကေတာ့ အျမဲတမ္း စကားမ်ားေနတာ။ ေနာက္ဆံုး ရႈတင္ေတြေရာက္ရင္ေတာင္မွ သူကပဲ ဒိုင္ခံေျပာေနတာ။ အဲ့ေၾကာင့္ အရမ္းအားကိုးရပါတယ္”

ျမႏွင္းရည္လြင္ အမ်ိဳးသား ျဖစ္တဲ့ ကိုမ်ိဳးသြင္ကေတာ့ “ကိုယ့္အတြက္ အဲ့ဒါေတြကေတာ့ အခက္ခဲမရွိဘူးေပါ့။ သူအတြက္ျပင္ဆင္ေပးရတာေတြကေတာ့”

“အဓိကကေတာ့ အစ္မတို႔က အစားအေသာက္ပါပဲ။ က်န္းမာေရးေပ့ါ။ က်န္တာေတြကေတာ့ မလိုပါဘူး။ သူကလည္း ၾကိဳးစားေနတယ္။ အစ္မကလည္း ၾကိဳးစားေနေတာ့ က်န္တာေတြက ကိစၥမရွိပါဘူး။ လူတိုင္းမွာေတာ့ Perfect ေတာ့ မျဖစ္ေနဘူးေပါ့။ လိုခ်င္တာကေတာ့လည္း အမ်ားၾကီးေပ့ါ။ အဓိကကေတာ့ က်န္းမာဖို႔ပါပဲ။ က်န္းမာမွပဲ လူကလည္း စိတ္ခ်မ္းသာမွာေလ။ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနႏိုင္တာေပါ့”



ပရိသတ္ကို ေျပာခ်င္တာကေတာ့ “လူတိုင္းကေတာ့ လိုေနတာပါပဲ။ ျမႏွင္းတို႔လည္း အိမ္ေထာင္ေရးမွာ အဖက္ဖက္က ျပည့္စံုေနတာ မဟုတ္ဘူး။ ဒီတိုင္းပဲ ျငိယူျပီးေတာ့ ၾကိဳးစားေနရတဲ့သူေတြပဲေလ။ အဓိကကေတာ့ တေယာက္နဲ႔ တေယာက္ နားလည္မႈ ယံုၾကည္မႈ ကိုယ္ယံုၾကည္ရာဘာသာေရးေပါ့။

အဲ့ဒါေတြပဲ ရွိဖို႔လိုပါတယ္။ ကိုယ့္အိမ္ေထာင္ေရးကို စိတ္ခ်မ္းသာေအာင္ ကိုယ့္ဘာကုိယ္ပဲ ဖန္တီးရမွာေပါ့။ မွားေနရင္လည္း ျပန္ျပင္လို႔ရပါတယ္။ ဘာလို႔လည္းဆိုေတာ့ အရင္းႏွီးဆံုးသူေတြ ျဖစ္တာေၾကာင့္ေပါ့။ ကုုိယ့္ဖက္က သစၥာရွိေအာင္ ၾကိဳးစားေပါ့” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bahuthuta
# Unicode Version # ျဖင့္ ဖတ္ပါ #


အနုပညာလောကထဲကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဝင်ရောက်လာပြီး ပြီးခဲ့တဲ့နှစ်တွေကမှ မြန်မာဆန်ဆန် ဓါတ်ပုံလေးတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကြောင့် လူပိုသိပြီး ပရိသတ် အခိုင်အမာ ရရှိလာတဲ့ မင်းသမီးချော မြနှင်းရည်လွင်ကတော့ အိမ်ထောင်ရေးမှာ ဘယ်အရာက အရေးကြီးလည်းဆိုတာကို ပြောကြားသွား ခဲ့ပါတယ်။ သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ မြနှင်းရည်လွင်ကတော့ အိမ်ထောင်ရေးမှာ နားလည်မှု ယုံကြည်မှုက အဓိက ကျတယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

မြနှင်းရည်လွင်ကတော့ Myanmarload နဲ့ အင်တာဗျူးတွင် ခင်ပွန်းဖြစ်သူက အနုပညာအလုပ်တွေမှာ ကူညီပေးတော့ ဘယ်လိုခံစားရလဲဆိုတဲ့ အပေါ်မှာတော့ “ပျော်တာပေါ့။ အားပိုရှိတာပေါ့။ ကိုယ်တယောက်ထဲ လုပ်နေရတာထက် သူကလည်း တဖက်တလမ်းကနေ အမြဲရှိနေတော့ ကိုယ်ကပိုပြီးတော့ လုပ်ရတာ အားရှိတယ်။ ခရီးတွေ ဘာတွေသွားတော့လည်း သူက အကုန်စီစဉ်ပေးတော့ ကိုယ်ကလည်း အလုပ်ဖက်ကို ပိုပြီးတော့ ဂရုစိုက်နိုင်တာပေါ့။ မြနှင်းကတော့ တခါတလေကျရင် သရုပ်ဆောင်တာ လုပ်တာ စကားတွေ ပြောရမှာ ဝန်လေးတဲ့သူ။ သူကတော့ အမြဲတမ်း စကားများနေတာ။ နောက်ဆုံး ရှုတင်တွေရောက်ရင်တောင်မှ သူကပဲ ဒိုင်ခံပြောနေတာ။ အဲ့ကြောင့် အရမ်းအားကိုးရပါတယ်”

မြနှင်းရည်လွင် အမျိုးသား ဖြစ်တဲ့ ကိုမျိုးသွင်ကတော့ “ကိုယ့်အတွက် အဲ့ဒါတွေကတော့ အခက်ခဲမရှိဘူးပေါ့။ သူအတွက်ပြင်ဆင်ပေးရတာတွေကတော့”

“အဓိကကတော့ အစ်မတို့က အစားအသောက်ပါပဲ။ ကျန်းမာရေးပေ့ါ။ ကျန်တာတွေကတော့ မလိုပါဘူး။ သူကလည်း ကြိုးစားနေတယ်။ အစ်မကလည်း ကြိုးစားနေတော့ ကျန်တာတွေက ကိစ္စမရှိပါဘူး။ လူတိုင်းမှာတော့ Perfect တော့ မဖြစ်နေဘူးပေါ့။ လိုချင်တာကတော့လည်း အများကြီးပေ့ါ။ အဓိကကတော့ ကျန်းမာဖို့ပါပဲ။ ကျန်းမာမှပဲ လူကလည်း စိတ်ချမ်းသာမှာလေ။ ပျော်ပျော်ရွှင်ရွှင်နေနိုင်တာပေါ့”

ပရိသတ်ကို ပြောချင်တာကတော့ “လူတိုင်းကတော့ လိုနေတာပါပဲ။ မြနှင်းတို့လည်း အိမ်ထောင်ရေးမှာ အဖက်ဖက်က ပြည့်စုံနေတာ မဟုတ်ဘူး။ ဒီတိုင်းပဲ ငြိယူပြီးတော့ ကြိုးစားနေရတဲ့သူတွေပဲလေ။ အဓိကကတော့ တယောက်နဲ့ တယောက် နားလည်မှု ယုံကြည်မှု ကိုယ်ယုံကြည်ရာဘာသာရေးပေါ့။

အဲ့ဒါတွေပဲ ရှိဖို့လိုပါတယ်။ ကိုယ့်အိမ်ထောင်ရေးကို စိတ်ချမ်းသာအောင် ကိုယ့်ဘာကိုယ်ပဲ ဖန်တီးရမှာပေါ့။ မှားနေရင်လည်း ပြန်ပြင်လို့ရပါတယ်။ ဘာလို့လည်းဆိုတော့ အရင်းနှီးဆုံးသူတွေ ဖြစ်တာကြောင့်ပေါ့။ ကိုယ့်ဖက်က သစ္စာရှိအောင် ကြိုးစားပေါ့” ဟု ပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:bahuthuta
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top