iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူတစ္ဦးနဲ႕ တစ္ဦးအၾကားထဲက ခ်စ္ျခင္းေမတၱာေတြကို အေကာင္းဆံုး ေဖာ္ထုတ္ျပသႏုိ္င္တဲ့ အရာကေတာ့ အနမ္းတစ္ပြင့္ပဲ ျဖစ္ပါတယ္။ ဒီလုိ သမီးရည္းစားစံုတြဲတုိင္း မလြတ္ကင္းႏုိင္တဲ့ အနမ္းဟာ စိတ္က်န္းမာေရးအတြက္ေရာ ကုိယ္ခႏၶာက်န္းမာေရးအတြက္ေရာ ေကာင္းက်ိဳးေတြ အမ်ားၾကီးရွိတယ္ဆိုေပမယ့္ ဒီ အနမ္းရဲ႕ ေနာက္ကြယ္မွာ မျမင္ႏုိင္တဲ့ ေရာဂါေတြလည္း ကပ္ပါေနတတ္ပါတယ္။ ဒါဆုိ တစ္ေယာက္နဲ႕ တစ္ေယာက္နမ္းရႈိက္တာကေန ဘယ္လိုေရာဂါေတြ ကူးစက္ႏုိင္မွာလဲ ။ ။

လူႏွစ္ေယာက္ ႏႈတ္ခမ္းခ်င္း ေတ့ျပီး နမ္းရတာျဖစ္တဲ့အတြက္ တစ္ေယာက္ဆီက ေရာဂါပိုးေတြ ေနာက္တစ္ေယာက္ဆီကို တံေတြးကေန တစ္ဆင့္ပ်ံ႕သြားႏုိင္တာေၾကာင့္ အနမ္းေနာက္ကြယ္မွာ မျမင္ႏုိင္တဲ့ လူဆိုးေတြ ရွိေနပါတယ္။ ဘယ္သူေတြမ်ားလဲ ။ ။
နမ္းရႈံ႕တာကေန ကူးစက္ႏုိင္တဲ့ ေရာဂါပိုးမ်ား ။ ။

ဗုိင္းရပ္စ္ ( virus)

တုပ္ေကြး – ေလထဲကတစ္ဆင့္ ( ဒါမွမဟုတ္) ကိုယ္ကေန ထထြက္တဲ့ အရည္ေတြကေန ကူးစက္တတ္တဲ့ ဒီ တုပ္ေကြး ဗိုင္းရပ္စ္ပိုးဟာ နမ္းရာကေန ကူးစက္ႏုိ္င္တယ္ဆိုတာ ေျပာစရာေတာင္လုိမယ္မထင္ပါဘူး။

Glandular fever –  Kissing Fever လုိ႕ေတာင္ေခၚရတဲ့ ဒီ Glandular fever ဟာ  Epstein-Barr virus ေၾကာင့္ျဖစ္ျပီး ဒီေရာဂါပိုးဟာ တံေတြးကေနတစ္ဆင္ တစ္ေယာက္ကေန တစ္ေယာက္ဆီကို ကူးစက္ႏိုင္ပါတယ္။

ေရယုန္ – ေရယုန္က ထြက္တဲ့အရည္ေတြထဲမွာ ေရယုန္ကုိျဖစ္ေစတဲ့ ဗုိင္းရပ္စ္ပိုးေတြ အျပည့္ပါတဲ့အတြက္ေၾကာင့္ ဒီအရည္ထိတဲ့ေနရာတုိင္း ေရယုန္ေတြပြားႏုိင္သလို ဒီ အရည္ေတြကေနပဲ ေနာက္တစ္ေယာက္ဆီကို ကူးစက္ႏုိင္ပါတယ္။

အသည္းေရာင္အသားဝါ B ပိုး – အသည္းေရာင္ အသားဝါ B  ပိုးဟာ ေသြးေတြ၊ ေခၽြးေတြ ကိုယ္ခႏၶာက ထြက္တဲ့အရည္ေတြကေန တစ္ဆင့္ ကူးစက္ႏုိင္တာေၾကာင့္ B ပိုးရွိတဲ့သူနဲ႕ နမ္းရႈံ႕မိရာကေန ေရာဂါပိုးကူးစက္ႏုိ္င္ပါတယ္။

ၾကြက္ႏုိ႕ – ပါးစပ္ထဲမွာရွိတဲ့ ၾကြက္ႏုိ႔ဟာလည္း နမ္းရႈံ႕ျခင္းကေနတစ္ဆင့္ အခ်င္းခ်င္းကို ကူးစက္ေစတတ္တဲ့ ေရာဂါတစ္ခုပါ။
ဘက္တီးရီးယား

Meningococcal disease – ဦးေႏွာက္ အေျမွးပါးေရာင္ျခင္းကိုျဖစ္ေစတဲ့ ဘက္တီးရီယားေရာဂါပိုးတစ္မ်ိဳးပါ။ ဒီေရာဂါပိုးရွိတဲ့ သူတစ္္ေယာက္နဲ႔ နမ္းလိုက္ရင္ ေနာက္လူက ဒီေရာဂါပိုးခ်က္ခ်င္း တန္းကူးစက္သြားျပီး ေသြးဆိပ္ေတြသင့္ကာ အသက္ဆံုးႏုိင္တဲ့အထိ ျပင္းထန္ပါတယ္။

သြားပုိးစားျခငး္ – ခံတြင္းထဲမွာရွိတဲ့ သြားပုိးစားျခင္းကိုျဖစ္ေစတဲ့ ဘက္တီးရီးယားေတြက အနမ္းကေနတစ္ဆင့္ အျခားတစ္ေယာက္ဆီကို ေရာက္သြားျပီး ေနာက္လူဆီမွာလည္း သြားပုိးစားျခင္းကို ထပ္ျဖစ္ေစပါတယ္။
ဒါဆို တစ္ေယာက္နဲတစ္ေယာက္ အနမ္းခ်င္း ဖလွယ္လို႕မရေတာ့ဘူးလား။  ။

အေပၚမွာေျပာခဲ့တဲ့ အနမ္းကေန ကူးစက္ႏိုင္တဲ့ ေရာဂါပိုးေတြဟာ ရွိေတာ့ရွိတယ္ ရွားတယ္ဆုိတဲ့ အထဲမွာပါဝင္ပါတယ္။ နမ္းတဲ့သူတုိင္း ဒီေရာဂါေတြ ကူးကိုကူးႏုိင္တယ္လို႕မဆိုလိုပါဘူး။ ကူးသြားခဲ့တယ္ဆုိရင္ေတာင္ ေဝဒနာ ျပင္းထန္တဲ့သူရွားပါတယ္။

ဒါဆုိ ေရာဂါပိုးေတြ တစ္ေယာက္ကေန တစ္ေယာက္ဆီ အနမ္းကတစ္ဆင့္ မကူးစက္ေအာင္ ဘယ္လိုကာကြယ္ၾကမလဲ  ။ ။

    ေနမေကာင္းျဖစ္ေနတဲ့သူနဲ႔ အနမ္းဖလွယ္တာကို ေရွာင္ပါ။
    ပါးစပ္ထဲမွာ ၊ ပါးစပ္နားတစ္ဝုိက္မွာ ေရယုန္၊ အနာေတြ ေပါက္ေနတဲ့သူနဲ႔ အနမ္းခ်င္း မဖလွယ္ပါနဲ႕။
    ကိုယ့္ရဲ႕ ခံတြင္းက်န္းမာေရးကို ဂရုစိုက္ပါ။
    အနမ္းေဖာ္ မမ်ားပါနဲ႔။ အနမ္းအေပၚမွာ သစၥာရွိပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Hellosayarwon
#Unicode Version#
ချစ်သူတစ်ဦးနဲ့ တစ်ဦးအကြားထဲက ချစ်ခြင်းမေတ္တာတွေကို အကောင်းဆုံး ဖော်ထုတ်ပြသနိုင်တဲ့ အရာကတော့ အနမ်းတစ်ပွင့်ပဲ ဖြစ်ပါတယ်။ ဒီလို သမီးရည်းစားစုံတွဲတိုင်း မလွတ်ကင်းနိုင်တဲ့ အနမ်းဟာ စိတ်ကျန်းမာရေးအတွက်ရော ကိုယ်ခန္ဓာကျန်းမာရေးအတွက်ရော ကောင်းကျိုးတွေ အများကြီးရှိတယ်ဆိုပေမယ့် ဒီ အနမ်းရဲ့ နောက်ကွယ်မှာ မမြင်နိုင်တဲ့ ရောဂါတွေလည်း ကပ်ပါနေတတ်ပါတယ်။ ဒါဆို တစ်ယောက်နဲ့ တစ်ယောက်နမ်းရှိုက်တာကနေ ဘယ်လိုရောဂါတွေ ကူးစက်နိုင်မှာလဲ ။ ။

လူနှစ်ယောက် နှုတ်ခမ်းချင်း တေ့ပြီး နမ်းရတာဖြစ်တဲ့အတွက် တစ်ယောက်ဆီက ရောဂါပိုးတွေ နောက်တစ်ယောက်ဆီကို တံတွေးကနေ တစ်ဆင့်ပျံ့သွားနိုင်တာကြောင့် အနမ်းနောက်ကွယ်မှာ မမြင်နိုင်တဲ့ လူဆိုးတွေ ရှိနေပါတယ်။ ဘယ်သူတွေများလဲ ။ ။
နမ်းရှုံ့တာကနေ ကူးစက်နိုင်တဲ့ ရောဂါပိုးများ ။ ။

ဗိုင်းရပ်စ် ( virus)

တုပ်ကွေး – လေထဲကတစ်ဆင့် ( ဒါမှမဟုတ်) ကိုယ်ကနေ ထထွက်တဲ့ အရည်တွေကနေ ကူးစက်တတ်တဲ့ ဒီ တုပ်ကွေး ဗိုင်းရပ်စ်ပိုးဟာ နမ်းရာကနေ ကူးစက်နိုင်တယ်ဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူး။

Glandular fever –  Kissing Fever လို့တောင်ခေါ်ရတဲ့ ဒီ Glandular fever ဟာ  Epstein-Barr virus ကြောင့်ဖြစ်ပြီး ဒီရောဂါပိုးဟာ တံတွေးကနေတစ်ဆင် တစ်ယောက်ကနေ တစ်ယောက်ဆီကို ကူးစက်နိုင်ပါတယ်။

ရေယုန် – ရေယုန်က ထွက်တဲ့အရည်တွေထဲမှာ ရေယုန်ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ အပြည့်ပါတဲ့အတွက်ကြောင့် ဒီအရည်ထိတဲ့နေရာတိုင်း ရေယုန်တွေပွားနိုင်သလို ဒီ အရည်တွေကနေပဲ နောက်တစ်ယောက်ဆီကို ကူးစက်နိုင်ပါတယ်။

အသည်းရောင်အသားဝါ B ပိုး – အသည်းရောင် အသားဝါ B  ပိုးဟာ သွေးတွေ၊ ချွေးတွေ ကိုယ်ခန္ဓာက ထွက်တဲ့အရည်တွေကနေ တစ်ဆင့် ကူးစက်နိုင်တာကြောင့် B ပိုးရှိတဲ့သူနဲ့ နမ်းရှုံ့မိရာကနေ ရောဂါပိုးကူးစက်နိုင်ပါတယ်။

ကြွက်နို့ – ပါးစပ်ထဲမှာရှိတဲ့ ကြွက်နို့ဟာလည်း နမ်းရှုံ့ခြင်းကနေတစ်ဆင့် အချင်းချင်းကို ကူးစက်စေတတ်တဲ့ ရောဂါတစ်ခုပါ။
ဘက်တီးရီးယား

Meningococcal disease – ဦးနှောက် အမြှေးပါးရောင်ခြင်းကိုဖြစ်စေတဲ့ ဘက်တီးရီယားရောဂါပိုးတစ်မျိုးပါ။ ဒီရောဂါပိုးရှိတဲ့ သူတစ်ယောက်နဲ့ နမ်းလိုက်ရင် နောက်လူက ဒီရောဂါပိုးချက်ချင်း တန်းကူးစက်သွားပြီး သွေးဆိပ်တွေသင့်ကာ အသက်ဆုံးနိုင်တဲ့အထိ ပြင်းထန်ပါတယ်။

သွားပိုးစားခြင်း – ခံတွင်းထဲမှာရှိတဲ့ သွားပိုးစားခြင်းကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေက အနမ်းကနေတစ်ဆင့် အခြားတစ်ယောက်ဆီကို ရောက်သွားပြီး နောက်လူဆီမှာလည်း သွားပိုးစားခြင်းကို ထပ်ဖြစ်စေပါတယ်။
ဒါဆို တစ်ယောက်နဲတစ်ယောက် အနမ်းချင်း ဖလှယ်လို့မရတော့ဘူးလား။  ။

အပေါ်မှာပြောခဲ့တဲ့ အနမ်းကနေ ကူးစက်နိုင်တဲ့ ရောဂါပိုးတွေဟာ ရှိတော့ရှိတယ် ရှားတယ်ဆိုတဲ့ အထဲမှာပါဝင်ပါတယ်။ နမ်းတဲ့သူတိုင်း ဒီရောဂါတွေ ကူးကိုကူးနိုင်တယ်လို့မဆိုလိုပါဘူး။ ကူးသွားခဲ့တယ်ဆိုရင်တောင် ဝေဒနာ ပြင်းထန်တဲ့သူရှားပါတယ်။

ဒါဆို ရောဂါပိုးတွေ တစ်ယောက်ကနေ တစ်ယောက်ဆီ အနမ်းကတစ်ဆင့် မကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ  ။ ။

    နေမကောင်းဖြစ်နေတဲ့သူနဲ့ အနမ်းဖလှယ်တာကို ရှောင်ပါ။
    ပါးစပ်ထဲမှာ ၊ ပါးစပ်နားတစ်ဝိုက်မှာ ရေယုန်၊ အနာတွေ ပေါက်နေတဲ့သူနဲ့ အနမ်းချင်း မဖလှယ်ပါနဲ့။
    ကိုယ့်ရဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါ။
    အနမ်းဖော် မများပါနဲ့။ အနမ်းအပေါ်မှာ သစ္စာရှိပါ။

ဖိုးသူတော်(www.phothutaw.com)
Credit:Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top