









Credit:mmcelesmedia
# Unicode Version # ဖြင့် ဖတ်ပါ #


ချစ်ပရိတ်သတ်ကြီးရေ… အနုပညာလောကထဲမှာ ပရိတ်သတ်တွေပေးတဲ့နေရာတစ်နေရာကို ခိုင်ခိုင်မာမာရရှိထားပြီးတော့ လူငယ်တွေကော လူကြီးပရိတ်သတ်တွေပါ အားပေးခြင်းခံရတဲ့ အဆိုတော်မလေးအေသင်ချိုကိုမသိတဲ့သူမရှိပါဘူးနော်၊

ဆွဲဆောင်မှုအပြည့်ရှိတဲ့ အသံချိုချိုလေးနဲ့ပရိတ်သတ်တွေရဲ့နှလုံးသားကို သိမ်း ယူသွားနိုင်သူလေးလည်းဖြစ်ပါတယ်နော်။

အေသင်ဟာ လက်ရှိမှာတော့ အလုပ်ပညာအလုပ်တွေကို အရင်ကလောက် တော့မ လုပ်ဖြစ်တော့ပေမယ့် သူမကိုအားပေးတဲ့ပရိတ်သတ်တော့ တပုံတပင်ရှိနေဆဲပါပဲနော် အခုဆိုရင် အေသင်ဟာ အရမ်းကိုချစ်ဖို့ကောင်းတဲ့ သမီးlvyလေးကို ပိုင်ဆိုင်ထားရတဲ့ မိခင်တစ်ယောက်လည်းဖြစ်နေပါပြီနော်။

ဘယ်လောက်ပဲပင်ပန်းပင်ပန်းအေသင်အတွက်ကတော့ သမီးလေးရဲ့အပြုံးဟာ အားဆေး တစ်ခွက်ပါပဲနော်။ သူမလိုပဲတစ်ချိန်က သူမကိုမိခင်မေတ္တာဆိုတဲ့အဓိပ္ပါယ်ကို သင်ကြားပေးခဲ့တဲ့ အေသင့်ရဲ့မေမေကတော့ ဒီကနေ့မှာမွေးနေ့ရက်မြတ်ကျရောက်တဲ့ မွေးနေ့ရှင်လေးဖြစ်သွားခဲ့ပါတယ်နော်။

အေသင်ကိုယ်တိုင်ကမိဘနေရာရောက်လာခဲ့ပြီဖြစ်တဲ့အတွက် မေမေ့ရဲ့မေတ္တာတရားကို ကောင်းကောင်းကြီးနားလည်နေခဲ့ပါပြီနော်။မွေးနေ့ဆုတောင်းအနေနဲ့ကတော့” Happy Birthday ပါမေကြီး …… မေကြီး ဘဝတလျှောက်လုံး စိတ်ရော လူရော ပင်ပန်းခဲ့ပြီးပြီ…အခုကစပြီး ချစ်စရာမြေးလေးနဲ့အတူတူ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင် နဲ့ အေးအေးချမ်းချမ်း နေပေးပါ….ဖြစ်မလာမယ့် ကိစ္စတွေကိုလည်းတွေးပြီးမပူပါနဲ့။

အခုက သမီးတို့ ပင်ပန်းရမယ့်အလှည့် “ဆိုပြီးချစ်မေမေအတွက် ဆုတောင်းပေးထားတာကိုတွေ့ရပါတယ် ပရိတ်သတ်ကြီးရေ….။

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top