20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

အေ၀းထိန္း ဒံုးပ်ံတီထြင္တဲ့ နမ့္စန္ၿမိဳ႕မွ (၉)တန္းေက်ာင္းသားမ်ား… ျမန္မာ့ေက်ာင္းသားေတြ မညံ့ဘူးဆိုတာ 👏 သက္ေသျပလိုက္တာပါပဲ…

ဒံုးပ်ံဟာ ပန္ကာတစ္လံုးတပ္ ျဖစ္ပါတယ္… ေလထီး(Parachute)ကို အေပၚပိုင္းမွာ တပ္ဆင္ထားၿပီးေတာ့ Servo ေမာ္တာနဲ႕ ခလုတ္ျဖဳတ္ၿပီး ျပန္ဆင္းမွာ ျဖစ္ပါတယ္… 2.4GHz ေရဒီယိုအေ၀းထိန္းဝါယာလက္စနစ္နဲ႔ ထိန္းခ်ဳပ္ေမာင္းႏွင္းရတာျဖစ္ပါတယ္…

အေ၀းထိန္းဒံုးပ်ံ မတီထြင္ ခင္မွာ ” ေလေၾကာင္းသိပၸံအေျခခံသင္တန္း ” ကို တက္ေရာက္ေစျပီး

ေရဒီယို အေ၀းထိန္းစနစ္

ပ်ံသန္းျခင္းဆိုင္ရာ အေျခခံသေဘာတရား

ေလယာဥ္ပံုစံငယ္တည္ေဆာက္ပ်ံသန္းျခင္း ေတြကို လုပ္ေဆာင္ရပါတယ္…

MNTV နဲ႔ ပညာေရး အင္တာဗ်ဴး….

ေကာင္းျမတ္ေက်ာင္းမွ ေက်ာင္းသားေလးေတြရဲ႔ တီထြင္မႈကို FB ကေနေတြ႔ၿပီး စိတ္ဝင္စားလို႔ နမ့္စန္ၿမိဳ႕ထိ MNTV မွ႐ုပ္သံမွတ္တမ္းလာ႐ိုက္ကူးခဲ႔ပါတယ္

MNTV ကို ဘာေၾကာင့္လာ႐ိုက္တာလဲေမးၾကည့္ေတာ့?

ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕ျဖစ္တဲ့ နမ့္စန္ၿမိဳ႕မွာအလြတ္က်က္ ပညာေရးကေန ေျပာင္းလဲျပီး တီထြင္ဖန္တီးႏိုင္တဲ့ ပညာေရးစနစ္ေဖာ္ေဆာင္ေနတာေတြေကၽာင္းသားေက်ာင္းသူေတြရဲ႔ သိပၸံဖန္တီးမႈေတြနဲ႔

ကေလးမ်ားအတြက္ ေခတ္မွီလွပစြာ တည္ေဆာက္ထားတဲ့ ေက်ာင္းေတာ္ႀကီးကို တစ္ႏိုင္ငံလံုးက သိေအာင္ ခ်ျပခ်င္လို႔ပါတဲ့…..

သတင္းေထာက္ၾကီးကိုယ္တိုင္ကလဲ အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ေနတာမို႔ ပညာေရးကို စိတ္ဝင္စားတဲ့သူျဖစ္ပါတယ္….

ျမန္မာတစ္ႏိုင္ငံလံုးမွာ ခုလို ျပဳစုပ်ိဳးေထာင္ေပမယ့္ ေက်ာင္းေတြ ေပၚလာမယ္ဆိုရင္ေတာ့ တီထြင္ဖို႔ ပါရမီရွိတဲ႔ ကေလးေတြအတြက္ အခြင့္အလမ္းေတြရလာမွာ ျဖစ္ျပီး စြန္႔ဦးတီထြင္သူေတြ ေပၚထြက္လာမွာ ျဖစ္ပါတယ္

ဖိုးသူေတာ္(www.phothutaw.com)
Credit:မဟာေခတ္သစ္မီဒီယာ
Source : ေကာင္းျမတ္ ကိုယ္ပိုင္အထက္တန္းေက်ာင္း ၊ နမ့္စန္ၿမိဳ႕၊ ႐ွမ္းေတာင္
#Unicode Version#
အဝေးထိန်း ဒုံးပျံတီထွင်တဲ့ နမ့်စန်မြို့မှ (၉)တန်းကျောင်းသားများ… မြန်မာ့ကျောင်းသားတွေ မညံ့ဘူးဆိုတာ 👏 သက်သေပြလိုက်တာပါပဲ…

ဒုံးပျံဟာ ပန်ကာတစ်လုံးတပ် ဖြစ်ပါတယ်… လေထီး(Parachute)ကို အပေါ်ပိုင်းမှာ တပ်ဆင်ထားပြီးတော့ Servo မော်တာနဲ့ ခလုတ်ဖြုတ်ပြီး ပြန်ဆင်းမှာ ဖြစ်ပါတယ်… 2.4GHz ရေဒီယိုအဝေးထိန်းဝါယာလက်စနစ်နဲ့ ထိန်းချုပ်မောင်းနှင်းရတာဖြစ်ပါတယ်…

အဝေးထိန်းဒုံးပျံ မတီထွင် ခင်မှာ ” လေကြောင်းသိပ္ပံအခြေခံသင်တန်း ” ကို တက်ရောက်စေပြီး

ရေဒီယို အဝေးထိန်းစနစ်

ပျံသန်းခြင်းဆိုင်ရာ အခြေခံသဘောတရား

လေယာဉ်ပုံစံငယ်တည်ဆောက်ပျံသန်းခြင်း တွေကို လုပ်ဆောင်ရပါတယ်…

MNTV နဲ့ ပညာရေး အင်တာဗျူး….

ကောင်းမြတ်ကျောင်းမှ ကျောင်းသားလေးတွေရဲ့ တီထွင်မှုကို FB ကနေတွေ့ပြီး စိတ်ဝင်စားလို့ နမ့်စန်မြို့ထိ MNTV မှရုပ်သံမှတ်တမ်းလာရိုက်ကူးခဲ့ပါတယ်

MNTV ကို ဘာကြောင့်လာရိုက်တာလဲမေးကြည့်တော့?

မြို့ငယ်လေးတစ်မြို့ဖြစ်တဲ့ နမ့်စန်မြို့မှာအလွတ်ကျက် ပညာရေးကနေ ပြောင်းလဲပြီး တီထွင်ဖန်တီးနိုင်တဲ့ ပညာရေးစနစ်ဖော်ဆောင်နေတာတွေကျောင်းသားကျောင်းသူတွေရဲ့ သိပ္ပံဖန်တီးမှုတွေနဲ့

ကလေးများအတွက် ခေတ်မှီလှပစွာ တည်ဆောက်ထားတဲ့ ကျောင်းတော်ကြီးကို တစ်နိုင်ငံလုံးက သိအောင် ချပြချင်လို့ပါတဲ့…..

သတင်းထောက်ကြီးကိုယ်တိုင်ကလဲ အင်ဂျင်နီယာတစ်ယောက်ဖြစ်နေတာမို့ ပညာရေးကို စိတ်ဝင်စားတဲ့သူဖြစ်ပါတယ်….

မြန်မာတစ်နိုင်ငံလုံးမှာ ခုလို ပြုစုပျိုးထောင်ပေမယ့် ကျောင်းတွေ ပေါ်လာမယ်ဆိုရင်တော့ တီထွင်ဖို့ ပါရမီရှိတဲ့ ကလေးတွေအတွက် အခွင့်အလမ်းတွေရလာမှာ ဖြစ်ပြီး စွန့်ဦးတီထွင်သူတွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်

ဖိုးသူတော်(www.phothutaw.com)
Credit:မဟာခေတ်သစ်မီဒီယာ
Source : ကောင်းမြတ် ကိုယ်ပိုင်အထက်တန်းကျောင်း ၊ နမ့်စန်မြို့၊ ရှမ်းတောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top