20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ ကင္မြန္းေခ်ာင္းေက်းရြာအုပ္စု က်ိဳက္ထီးရိုးေတာင္ ေရႊနန္းက်င္နတ္နန္း အေနာက္ဘက္ရွိ ေခ်ာက္အတြင္းသို႔ မတ္ ၁၁ ရက္၊ ညေနပိုင္းက စိတ္က်န္းမာေရးခ်ိဳ႕တဲ႔သူ ေစ်းသည္တစ္ဦး ခုန္ခ်မႈျဖစ္ပြားခဲ့ေၾကာင္း ရင္ျပင္ေတာ္အုပ္ခ်ဳပ္ေရးအဖြဲ႔မွ သိရွိရသည္။

“ေကာင္မေလးက စိတ္က်န္းမာေရးသိပ္မေကာင္းဘူးလို႔ သိရတယ္။ အိမ္မွာေနလည္း မၾကာခဏတစ္ခုခု ဒဏ္ရာရေအာင္ လုပ္တတ္တယ္လို႔ သူ႔မိဘေတြကေျပာတယ္။ အဆိပ္ေသာက္တဲ့အထိေတာင္ လုပ္ဖူးတယ္ ေျပာတယ္။ အခုလိုေတာင္ေပၚက ခုန္ခ်တာက ပထမဆံုးပဲ။

ေတာင္ေပၚက ခုန္ခ်တာအျမင့္က နိမ့္ေတာ့ ဒဏ္ရာေလာက္ပဲရသြားတယ္။”ဟု ရင္ျပင္ေတာ္အုပ္ခ်ဳပ္ေရးအဖြဲ႔ ရာအိမ္မွဴး ဦးေက်ာ္မင္းဦးက ေျပာသည္။

လူတစ္ဦးေတာင္ေပၚမွ ခုန္ခ်ေၾကာင္းသတင္းအရ တာဝန္ရွိသူမ်ားက သြားေရာက္စစ္ေဆးရာ မစိုးစိုး(ခ) ညွပ္စိ (၁၈)ႏွစ္ က်ိဳက္ထီးရိုးရင္ျပင္ေတာ္ေနသူသည္ က်ိဳက္ထီးရိုး ရင္ျပင္ေတာ္အတက္ ေရႊနန္းက်င္နတ္နန္း အေက်ာ္ လမ္းဝဲဘက္ရွိ View Point စတီးသံတန္းေနရာမွ ေတာင္ေအာက္ ေခ်ာက္အတြင္းသို႔ ခုန္ခ်ခဲ့ရာ အမ်ိဳးသမီးမွာ အနက္ ၁၅ ေပရွိ ေခ်ာက္အတြင္းလဲက်ေနသည္ကို ေတြ႔ရွိရေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ထိုသို႔ ေတာင္ေပၚမွ ခုန္ခ်မႈေၾကာင့္ မစိုးစိုး (ခ) ညွပ္စိမွာ ေျခေထာက္ႏွင့္ လက္မ်ားတြင္ ပြန္းပဲ့ဒဏ္ရာ၊ ႏွာေခါင္းေသြးထြက္၊ ယာဂ်ိဳေစာင္း ဖူးေရာင္ဒဏ္ရာမ်ား (စိုးရိမ္ရ) ရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မိမိကုိယ္ကို ေသေစႏိုင္ေလာက္ေအာင္ ျပဳလုပ္သူ မစိုးစိုး(ခ)ညွပ္စိအား ကင္မြန္းေခ်ာင္း နယ္ေျမ ရဲစခန္းမွ (ပ )၅၁၇/၂၀၁၉ ရာဇသတ္ႀကီး ပုဒ္မ ၃၀၉ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ရတနာပုံေန႔စဥ္ သတင္းစာ
#Unicode Version#
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာအုပ်စု ကျိုက်ထီးရိုးတောင် ရွှေနန်းကျင်နတ်နန်း အနောက်ဘက်ရှိ ချောက်အတွင်းသို့ မတ် ၁၁ ရက်၊ ညနေပိုင်းက စိတ်ကျန်းမာရေးချို့တဲ့သူ ဈေးသည်တစ်ဦး ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း ရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့မှ သိရှိရသည်။

“ကောင်မလေးက စိတ်ကျန်းမာရေးသိပ်မကောင်းဘူးလို့ သိရတယ်။ အိမ်မှာနေလည်း မကြာခဏတစ်ခုခု ဒဏ်ရာရအောင် လုပ်တတ်တယ်လို့ သူ့မိဘတွေကပြောတယ်။ အဆိပ်သောက်တဲ့အထိတောင် လုပ်ဖူးတယ် ပြောတယ်။ အခုလိုတောင်ပေါ်က ခုန်ချတာက ပထမဆုံးပဲ။

တောင်ပေါ်က ခုန်ချတာအမြင့်က နိမ့်တော့ ဒဏ်ရာလောက်ပဲရသွားတယ်။”ဟု ရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့ ရာအိမ်မှူး ဦးကျော်မင်းဦးက ပြောသည်။

လူတစ်ဦးတောင်ပေါ်မှ ခုန်ချကြောင်းသတင်းအရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ မစိုးစိုး(ခ) ညှပ်စိ (၁၈)နှစ် ကျိုက်ထီးရိုးရင်ပြင်တော်နေသူသည် ကျိုက်ထီးရိုး ရင်ပြင်တော်အတက် ရွှေနန်းကျင်နတ်နန်း အကျော် လမ်းဝဲဘက်ရှိ View Point စတီးသံတန်းနေရာမှ တောင်အောက် ချောက်အတွင်းသို့ ခုန်ချခဲ့ရာ အမျိုးသမီးမှာ အနက် ၁၅ ပေရှိ ချောက်အတွင်းလဲကျနေသည်ကို တွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ တောင်ပေါ်မှ ခုန်ချမှုကြောင့် မစိုးစိုး (ခ) ညှပ်စိမှာ ခြေထောက်နှင့် လက်များတွင် ပွန်းပဲ့ဒဏ်ရာ၊ နှာခေါင်းသွေးထွက်၊ ယာဂျိုစောင်း ဖူးရောင်ဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မိမိကိုယ်ကို သေစေနိုင်လောက်အောင် ပြုလုပ်သူ မစိုးစိုး(ခ)ညှပ်စိအား ကင်မွန်းချောင်း နယ်မြေ ရဲစခန်းမှ (ပ )၅၁၇/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ရတနာပုံနေ့စဉ် သတင်းစာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top