ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

က်ေနာ့္ သမီး ၁၀ ႏွစ္ခြဲျပည့္ၿပီ က်ေနာ့္ မ်က္စိထဲမွာေတာ့ သမီးသည္ သမီးသာ ႏို႔ဗူးစို႔ေနသည့္ အရြယ္ကို ျမင္ေယာင္ေနဆဲ။ အ၀တ္အစားလဲလွယ္ေပးရသည့္ မိဘ၀တၱရားမ်ားကို မေမ့ေသး သို႔ေသာ္ က်ေနာ့္ သမီးကား ယခု ဖင္လန္ႏိုင္ငံ ေလးတန္း ေရာက္ေနၿပီ။

အသက္ ၁၀ ႏွစ္မျပည့္ခင္ကပင္ ေက်ာင္းက မီးဖိုအသုံးၿပဳနည္း၊ ေပါင္မုန္႔ဖုတ္နည္းကို စာေတြ႔ လက္ေတြ႔ သင္ၾကားေပးလိုက္ၿပီးၿပီ၊ မိဘက အိမ္တြင္ ေလ့က်င့္ႏိုင္ရန္ ပိုၿပီး အခြင့္အေရးေပးလိုက္ေတာ့ သူကား ေပါင္မုန္႔လည္း ဖုတ္တတ္သြားၿပီ၊ ကိတ္မုန့္လည္း ဖုတ္တတ္သြားၿပီ။ ၿပီးေတာ့ ေက်ာင္းကတဆင့္တက္ၿပီး ဟင္းခ်က္၊ ငါးကိုင္၊ အသားကိုင္ စသည္ျဖင့္ အသက္အရြယ္နဲ႔ လိုက္ေအာင္ တျဖည္းျဖည္း သင္ၾကားေပးလုိက္ေတာ့ အခုေတာ့ ဖင္လန္အစားအစာကို သူ႔ဖာသာ ခ်က္တတ္ျပဳတ္တတ္ စားေသာက္တတ္တဲ့အေျခအေနကို ေရာက္သြားၿပီ။

ေက်ာင္းေတြက ဒီေလာက္နဲ႔ ရပ္မသြား ထမင္းခ်က္၊ ဟင္းခ်က္ၿပီးေတာ့ အိမ္သန္႔ရွင္းေရ၊ တကိုယ္သန္႔ရွင္းေရး၊ မိမိဘာသာရပ္တည္ေရးကို ထပ္မံသင္ၾကားေပးသည္။ အင္က်ီေတြထဲ တံဆိပ္ေတြကို ၾကည့္ၿပီး ဘယ္အင္က်ီက အပူအခ်ိန္ ဘယ္ေလာက္ေလွ်ာ္ရမည္၊ ဘယ္အင္က်ီပိတ္သားကေတာ့ ေရနဲ႔ ေလွ်ာ္လို႔မရ စသည္ျဖင့္ သင္ၾကားေပးသလို၊ မီးပူတိုက္နည္း အင္က်ီေခါက္နည္း၊ အပူခ်ိန္ ထိန္းခ်ဳပ္နည္း စသည္ျဖင့္ သင္ၾကားေပးၾကသည္။

အသက္ ၁၆ ႏွစ္ျပည့္လွ်င္ သူမသည္ ဘာသာရပ္သင္ၾကားမႈ႔အရ အိမ္တြင္ မိဘေတြႏွင့္အတူ ေနၿပီး ပညာသင္ၾကားခြင့္ရခ်င္မွ ရလိမ့္မည္။ မိတကြဲ ဖတကြဲ ပညာသင္ၾကားရမည့္ အေျခအေနေတြႏွင့္လည္း ၾကဳံရႏိုင္သည္။ ပညာသင္ၾကားခြင့္အတြက္ မိဘေတြကလည္း ေငြေၾကးမပူရ၊ အစိုးရႏွင့္ ျမို႔ျမဴနီစပါယ္လူၾကီးမ်ားက ကေလးေတြအတြက္ ပညာေရးကို တာ၀န္ယူၾကရမည္ ျဖစ္သည္။

ေက်ာင္းဆိုသည္မွာ လူတေယာက္ကို မိမိေျခေထာက္ေပၚ မိမိ ရပ္တည္ႏိုင္ေအာင္ သင္ၾကားေပးၿပီး၊ အစိုးရဆုိသည္မွာ မ်ဳိးဆက္သစ္မ်ားကို ပံ့ပိုးေပးရသည္။ မိဘကေတာ့ ကေလးေတြကို ျပဳစုပ်ဳိးေထာင္ သြန္သင္ေပးရျခင္းကို အဓိက တာ၀န္ယူရသည္။

ထိုအရာသည္ ေက်ာင္းျဖစ္သည္။ က်ေနာ္သည္ မိဘျဖစ္သည္။ စိုးရိမ္စိတ္ျဖင့္ တားျမစ္ထားမည့္အစား၊ ၾကိုးစားအားထုတ္ခြင့္ကို ကေလးတုိင္းကို ေပးသင့္သည္။ ခ်စ္တယ္ဆိုၿပီး က်ေနာ္က ရင္ခြင္ထဲမွာ ထားခ်င္ေတာင္ သူက ေနမည္မဟုတ္၊ ထို႔အျပင္ သူ႔တိုးတက္ရာ တိုးတက္ေၾကာင္းအတြက္ သူ႔ေျခေထာက္ေပၚ သူရပ္တည္ႏိုင္ေအာင္သာ ကူညီဖို႔ က်ေနာ္က အေဖျဖစ္ေနျခင္းသာ က်ေနာ္ကလည္း ခံယူထားသူ ျဖစ္သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေမာင္ၾကီးၿငိမ္းခ်မ္း
#Unicode Version#



ကျနော့် သမီး ၁၀ နှစ်ခွဲပြည့်ပြီ ကျနော့် မျက်စိထဲမှာတော့ သမီးသည် သမီးသာ နို့ဗူးစို့နေသည့် အရွယ်ကို မြင်ယောင်နေဆဲ။ အဝတ်အစားလဲလှယ်ပေးရသည့် မိဘဝတ္တရားများကို မမေ့သေး သို့သော် ကျနော့် သမီးကား ယခု ဖင်လန်နိုင်ငံ လေးတန်း ရောက်နေပြီ။

အသက် ၁၀ နှစ်မပြည့်ခင်ကပင် ကျောင်းက မီးဖိုအသုံးပြုနည်း၊ ပေါင်မုန့်ဖုတ်နည်းကို စာတွေ့ လက်တွေ့ သင်ကြားပေးလိုက်ပြီးပြီ၊ မိဘက အိမ်တွင် လေ့ကျင့်နိုင်ရန် ပိုပြီး အခွင့်အရေးပေးလိုက်တော့ သူကား ပေါင်မုန့်လည်း ဖုတ်တတ်သွားပြီ၊ ကိတ်မုန့်လည်း ဖုတ်တတ်သွားပြီ။ ပြီးတော့ ကျောင်းကတဆင့်တက်ပြီး ဟင်းချက်၊ ငါးကိုင်၊ အသားကိုင် စသည်ဖြင့် အသက်အရွယ်နဲ့ လိုက်အောင် တဖြည်းဖြည်း သင်ကြားပေးလိုက်တော့ အခုတော့ ဖင်လန်အစားအစာကို သူ့ဖာသာ ချက်တတ်ပြုတ်တတ် စားသောက်တတ်တဲ့အခြေအနေကို ရောက်သွားပြီ။

ကျောင်းတွေက ဒီလောက်နဲ့ ရပ်မသွား ထမင်းချက်၊ ဟင်းချက်ပြီးတော့ အိမ်သန့်ရှင်းရေ၊ တကိုယ်သန့်ရှင်းရေး၊ မိမိဘာသာရပ်တည်ရေးကို ထပ်မံသင်ကြားပေးသည်။ အင်ကျီတွေထဲ တံဆိပ်တွေကို ကြည့်ပြီး ဘယ်အင်ကျီက အပူအချိန် ဘယ်လောက်လျှော်ရမည်၊ ဘယ်အင်ကျီပိတ်သားကတော့ ရေနဲ့ လျှော်လို့မရ စသည်ဖြင့် သင်ကြားပေးသလို၊ မီးပူတိုက်နည်း အင်ကျီခေါက်နည်း၊ အပူချိန် ထိန်းချုပ်နည်း စသည်ဖြင့် သင်ကြားပေးကြသည်။

အသက် ၁၆ နှစ်ပြည့်လျှင် သူမသည် ဘာသာရပ်သင်ကြားမှု့အရ အိမ်တွင် မိဘတွေနှင့်အတူ နေပြီး ပညာသင်ကြားခွင့်ရချင်မှ ရလိမ့်မည်။ မိတကွဲ ဖတကွဲ ပညာသင်ကြားရမည့် အခြေအနေတွေနှင့်လည်း ကြုံရနိုင်သည်။ ပညာသင်ကြားခွင့်အတွက် မိဘတွေကလည်း ငွေကြေးမပူရ၊ အစိုးရနှင့် မြို့မြူနီစပါယ်လူကြီးများက ကလေးတွေအတွက် ပညာရေးကို တာဝန်ယူကြရမည် ဖြစ်သည်။

ကျောင်းဆိုသည်မှာ လူတယောက်ကို မိမိခြေထောက်ပေါ် မိမိ ရပ်တည်နိုင်အောင် သင်ကြားပေးပြီး၊ အစိုးရဆိုသည်မှာ မျိုးဆက်သစ်များကို ပံ့ပိုးပေးရသည်။ မိဘကတော့ ကလေးတွေကို ပြုစုပျိုးထောင် သွန်သင်ပေးရခြင်းကို အဓိက တာဝန်ယူရသည်။

ထိုအရာသည် ကျောင်းဖြစ်သည်။ ကျနော်သည် မိဘဖြစ်သည်။ စိုးရိမ်စိတ်ဖြင့် တားမြစ်ထားမည့်အစား၊ ကြိုးစားအားထုတ်ခွင့်ကို ကလေးတိုင်းကို ပေးသင့်သည်။ ချစ်တယ်ဆိုပြီး ကျနော်က ရင်ခွင်ထဲမှာ ထားချင်တောင် သူက နေမည်မဟုတ်၊ ထို့အပြင် သူ့တိုးတက်ရာ တိုးတက်ကြောင်းအတွက် သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်အောင်သာ ကူညီဖို့ ကျနော်က အဖေဖြစ်နေခြင်းသာ ကျနော်ကလည်း ခံယူထားသူ ဖြစ်သည်။

ဖိုးသူတော်(www.phothutaw.com)
Credit:မောင်ကြီးငြိမ်းချမ်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top