20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


နယူးဇီလန္ႏုိင္ငံ ခရစ္ခ်တ္ၿမဳိ႕႐ွိ ဗလီႏွစ္ခုမွာ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ေသဆုံးဒဏ္ရာရမႈေတြ ႐ွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က အတည္ျပဳခဲ့ပါတယ္။ ေဒသစံေတာ္ခ်ိန္ ယေန႕ (မတ္လ ၁၅ ရက္) မြန္းလြဲပုိင္း ဝတ္ျပဳဆုေတာင္းမႈ ျပဳလုပ္ေနစဥ္အတြင္း ဗလီႏွစ္ခုမွာ ပစ္ခတ္မႈျဖစ္ပြား ခဲ့ေၾကာင္း သိရပါတယ္။

ပစ္ခတ္မႈနဲ႕ပတ္သက္ၿပီး လူတစ္ဦးကုိ ဖမ္းဆီးထားေၾကာင္း ရဲတပ္ဖြဲ႕အႀကီးအကဲ မုိက္ဘု႐ွ္ က ေျပာပါတယ္။ သုိ႕ေသာ္ ပစ္ခတ္မႈမွာ အျခား ပါဝင္သူမ်ား႐ွိ မ႐ွိ အတိအက် မသိရေသး ဘူးလုိ႕လည္း ၎ကဆုိပါတယ္။ မ်က္ျမင္ေတြက ေဒသခံမီဒီယာကုိ ေျပာၾကားမႈအရ ၎တို႕ ဟာ အသက္လုၿပီး ထြက္ေျပးခဲ့ရေၾကာင္းနဲ႕ Al Noor ဗလီအျပင္ဘက္ ေျမျပင္ေပၚမွာ ေသြး သံရဲရဲနဲ႕ လူေတြ လဲက်ေနတာ ေတြ႕ခဲ့ရတယ္လုိ႕ သိရပါတယ္။

ခရစ္ခ်တ္ၿမဳိ႕ Deans လမ္းမ႐ွိ Al Noor ဗလီနဲ႕ Linwood လမ္းမ႐ွိ ဗလီတုိ႕မွာ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ အာဏာပုိင္ေတြက ေနာက္ထပ္ အသိေပးမႈ မထုတ္ျပန္မခ်င္း ဗလီေတြကုိ မသြားၾကရန္ ေဒသခံေတြကုိ အႀကံျပဳထားတယ္လို႕ ဆုိပါတယ္။



ပစ္ခတ္မႈျဖစ္ၿပီးေနာက္ ခရစ္ခ်တ္ၿမဳိ႕႐ွိ စာသင္ေက်ာင္းအားလုံးကုိလည္း လုံၿခဳံေရးအရ အဝင္အထြက္မ႐ွိေစရန္ ကန္႕သတ္ပိတ္ပင္ထားပါတယ္။ ဗလီႏွစ္ခုမွာ ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈအတြင္း လူေျခာက္ဦးအထိ ေသဆုံးခဲ့ေၾကာင္းနဲ႕ ေသနတ္သမားတစ္ဦး လြတ္ေျမာက္ေနေၾကာင္း ေဒသခံမီဒီယာက အေစာပုိင္းမွာ ေဖာ္ျပခဲ့ပါတယ္။ ပစ္ခတ္မႈေၾကာင့္ လူ ၂၇ ဦး ေသဆုံးခဲ့တယ္လုိ႕လည္း အတည္မျပဳႏုိင္ေသးတဲ့ သတင္းအခ်ဳိ႕လည္းထြက္ေပၚေနပါတယ္။

ဝန္ႀကီးခ်ဳပ္ဂ်က္စင္ဒါအာဒန္းက "ပစ္ခတ္မႈနဲ႕ပတ္သက္ၿပီး အေသးစိတ္ကုိ အတိအက် မသိရေသးပါဘူး၊ ဒါေပမဲ့ ကၽြန္မ အခု ေျပာႏုိင္တာကေတာ့ ဒါက နယူးဇီလန္ရဲ႕ အေမွာင္မုိက္ဆုံးေန႕ရက္ေတြထဲက တစ္ရက္ပါပဲ" လုိ႕ ထုတ္ျပန္ခ်က္မွာ ေျပာခဲ့ပါတယ္။ ဗလီႏွစ္ခုမွာ ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈေတြမွာ ေသနတ္သမား အေရအတြက္ မည္မွ်ပါဝင္ခဲ့ေၾကာင္းကုိလည္း အတိအက် မသိႏုိင္ေသးဘူးလို႕ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

"လက္႐ွိ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ပါတယ္၊ လူေတြ စုိးရိမ္ပူပန္ေနၾကမယ္လုိ႕ ကၽြန္ေတာ္တုိ႕ နားလည္ပါတယ္၊ ဒါေပမဲ့ နယူးဇီလန္ႏုိင္ငံသားေတြကုိ ကၽြန္ေတာ္တုိ႕ အာမခံႏုိင္တာ ကေတာ့ ရဲတပ္ဖြဲ႕က ဒီ ျဖစ္ရပ္ကုိ ကိုင္တြယ္ေျဖ႐ွင္းဖုိ႕ လုပ္ေဆာင္ႏုိင္သမွ် အားလုံးကုိ လုပ္ေနတယ္ဆုိတာပါပဲ" လုိ႕ ရဲတပ္ဖြဲ႕က Twitter မွာ ထုတ္ျပန္ေျပာၾကားထားပါတယ္။

ပစ္ခတ္မႈျဖစ္ပြားခဲ့တဲ့ Deans လမ္းမ႐ွိ Masjid Al Noor ဗလီမွာ ေသာၾကာေန႕ ဝတ္ျပဳ ဆုေတာင္းသူေတြနဲ႕ ျပည့္ႏွက္ေနခဲ့ၿပီး ဘဂၤလားေဒ့႐ွ္ႏုိင္ငံ ခရစ္ကတ္လက္ေ႐ြးစင္း အသင္းသားေတြလည္း ႐ွိေနခဲ့တယ္လို႕ ဆုိပါတယ္။



"ခရစ္ကတ္ကစားသမားေတြ အႏၱရာယ္ကင္းပါတယ္၊ ဒါေပမဲ့ သူတုိ႕ စိတ္ပုိင္းဆုိင္ရာအ ရေတာ့ အေတာ္ေလး တုန္လႈပ္ေခ်ာက္ခ်ားသြားခဲ့ၾကတယ္၊ သူတုိ႕ကုိ အဝင္အထြက္ ကန္႕သတ္ထားတဲ့ ဟိုတယ္ထဲမွာပဲ ေနၾကဖုိ႕ ေျပာထားပါတယ္" လုိ႕ ဘဂၤလားေဒ့႐ွ္ ခရစ္ကတ္အဖြဲ႕ခ်ဳပ္မွ ေျပာခြင့္ရအမ်ဳိးသား ဂ်လားယူႏြတ္စ္က AFP သတင္းဌာနကုိ ေျပာပါတယ္။

-လတ္တေလာ ျဖစ္ပြားခဲ့တဲ့ သတင္းျဖစ္ၿပီး အခ်က္အလက္အသစ္နဲ႕ အေျပာင္းအလဲမ်ား ႐ွိလာႏုိင္ပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


နယူးဇီလန်နိုင်ငံ ခရစ်ချတ်မြို့ရှိ ဗလီနှစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဒေသစံတော်ချိန် ယနေ့ (မတ်လ ၁၅ ရက်) မွန်းလွဲပိုင်း ဝတ်ပြုဆုတောင်းမှု ပြုလုပ်နေစဉ်အတွင်း ဗလီနှစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်ပြီး လူတစ်ဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ မိုက်ဘုရှ် က ပြောပါတယ်။ သို့သော် ပစ်ခတ်မှုမှာ အခြား ပါဝင်သူများရှိ မရှိ အတိအကျ မသိရသေး ဘူးလို့လည်း ၎င်းကဆိုပါတယ်။ မျက်မြင်တွေက ဒေသခံမီဒီယာကို ပြောကြားမှုအရ ၎င်းတို့ ဟာ အသက်လုပြီး ထွက်ပြေးခဲ့ရကြောင်းနဲ့ Al Noor ဗလီအပြင်ဘက် မြေပြင်ပေါ်မှာ သွေး သံရဲရဲနဲ့ လူတွေ လဲကျနေတာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ခရစ်ချတ်မြို့ Deans လမ်းမရှိ Al Noor ဗလီနဲ့ Linwood လမ်းမရှိ ဗလီတို့မှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက နောက်ထပ် အသိပေးမှု မထုတ်ပြန်မချင်း ဗလီတွေကို မသွားကြရန် ဒေသခံတွေကို အကြံပြုထားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ခရစ်ချတ်မြို့ရှိ စာသင်ကျောင်းအားလုံးကိုလည်း လုံခြုံရေးအရ အဝင်အထွက်မရှိစေရန် ကန့်သတ်ပိတ်ပင်ထားပါတယ်။ ဗလီနှစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း လူခြောက်ဦးအထိ သေဆုံးခဲ့ကြောင်းနဲ့ သေနတ်သမားတစ်ဦး လွတ်မြောက်နေကြောင်း ဒေသခံမီဒီယာက အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် လူ ၂၇ ဦး သေဆုံးခဲ့တယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းအချို့လည်းထွက်ပေါ်နေပါတယ်။

ဝန်ကြီးချုပ်ဂျက်စင်ဒါအာဒန်းက "ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အသေးစိတ်ကို အတိအကျ မသိရသေးပါဘူး၊ ဒါပေမဲ့ ကျွန်မ အခု ပြောနိုင်တာကတော့ ဒါက နယူးဇီလန်ရဲ့ အမှောင်မိုက်ဆုံးနေ့ရက်တွေထဲက တစ်ရက်ပါပဲ" လို့ ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။ ဗလီနှစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေမှာ သေနတ်သမား အရေအတွက် မည်မျှပါဝင်ခဲ့ကြောင်းကိုလည်း အတိအကျ မသိနိုင်သေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

"လက်ရှိ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်၊ လူတွေ စိုးရိမ်ပူပန်နေကြမယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်၊ ဒါပေမဲ့ နယူးဇီလန်နိုင်ငံသားတွေကို ကျွန်တော်တို့ အာမခံနိုင်တာ ကတော့ ရဲတပ်ဖွဲ့က ဒီ ဖြစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ဆောင်နိုင်သမျှ အားလုံးကို လုပ်နေတယ်ဆိုတာပါပဲ" လို့ ရဲတပ်ဖွဲ့က Twitter မှာ ထုတ်ပြန်ပြောကြားထားပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ Deans လမ်းမရှိ Masjid Al Noor ဗလီမှာ သောကြာနေ့ ဝတ်ပြု ဆုတောင်းသူတွေနဲ့ ပြည့်နှက်နေခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရစ်ကတ်လက်ရွေးစင်း အသင်းသားတွေလည်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

"ခရစ်ကတ်ကစားသမားတွေ အန္တရာယ်ကင်းပါတယ်၊ ဒါပေမဲ့ သူတို့ စိတ်ပိုင်းဆိုင်ရာအ ရတော့ အတော်လေး တုန်လှုပ်ချောက်ချားသွားခဲ့ကြတယ်၊ သူတို့ကို အဝင်အထွက် ကန့်သတ်ထားတဲ့ ဟိုတယ်ထဲမှာပဲ နေကြဖို့ ပြောထားပါတယ်" လို့ ဘင်္ဂလားဒေ့ရှ် ခရစ်ကတ်အဖွဲ့ချုပ်မှ ပြောခွင့်ရအမျိုးသား ဂျလားယူနွတ်စ်က AFP သတင်းဌာနကို ပြောပါတယ်။

-လတ်တလော ဖြစ်ပွားခဲ့တဲ့ သတင်းဖြစ်ပြီး အချက်အလက်အသစ်နဲ့ အပြောင်းအလဲများ ရှိလာနိုင်ပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top