“A Star Is Born” ႐ုပ္ရွင္ဇာတ္ဝင္ေတး “Shallow” နဲ႔ ပူပူပူေႏြးေႏြး ေအာ္စကာဆုရခဲ့တဲ့ ေလဒီဂါဂါက သူမရဲ့အေၾကာင္းကို လူမွုကြန္ယက္ေပၚကေန မဟုတ္တမ္းတရား စြပ္စြဲေျပာဆိုေနမွုမ်ားအေပၚ တုံ႔ျပန္တဲ့အေနနဲ႔ “ရွင္းရွင္းေျပာရရင္ လူမွုကြန္ယက္ဆိုတာ အင္တာနက္ရဲ့ မစင္စြန႔္တဲ့ အိမ္သာပါပဲ” လို႔ ျပင္းျပင္းထန္ထန္ ျပန္လည္ေျပာဆိုလိုက္ပါတယ္။

“A Star Is Born” ႐ုပ္ရွင္ဇာတ္ကားမွာ သူမနဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္ခဲ့တဲ့ ‘Bradley Cooper’ နဲ႔ ခ်စ္ႀကိဳက္ေနၾကတဲ့လို႔ လူမွုကြန္ယက္ေပၚမွာ စြပ္စြဲေရးသားေနတာေတြအေပၚ ေလဒီဂါဂါက ျပန္လည္တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ ‘Bradley Cooper’ ဟာ သူ႔ရဲ့ခ်စ္သူျဖစ္တဲ့ “Irina Shayk’ နဲ႔ အတူေနထိုင္ၿပီး ၁ ႏွစ္ ၉ လအရြယ္ သမီးေလးတစ္ဦးေတာင္ ရွိထားသူျဖစ္ပါတယ္။

ေကာလဟာလနဲ႔ ပက္သက္ၿပီး ေလဒီဂါဂါကို အင္တာဗ်ဴးတဲ့အခါမွာ သူမက “A Star Is Born ဇာတ္ကားက အခ်စ္ဇာတ္ကားေလးပါ၊ ဒီဇာတ္ကားကိုလူေတြၾကည့္ၿပီး အခ်စ္ကိုျမင္လာၾကတယ္ အဲဒီနာက္ သူတို႔စိတ္ထဲမွာ ျဖစ္ခ်င္တာကို သူတို႔ျမင္ၾကတာပါ။ ကၽြန္မတို႔ႏွစ္ေယာက္စလုံးက အႏုပညာသည္ေတြပါ၊ လူေတြကို အတတ္နိုင္ဆုံး အေကာင္းဆုံး သ႐ုပ္ေဆာင္မွုေတြ ခ်ျပခဲ့ၾကတာပါ” ဟု ေျပာၾကားခဲ့ပါတယ္။

“Bradley Cooper က အခ်စ္နဲ႔ပက္သက္ၿပီး ရိုးရွင္းတဲ့သူပါ။ Irina နဲ႔ သူတို႔ရဲ့ခ်စ္ျခင္းက ခိုင္ျမဲပါတယ္၊ အဲဒီလိုလူတစ္ေယာက္ကို အတင္းအဖ်င္းေတြေၾကာင့္ မထိခိုက္ေစခ်င္ဘူး။ Irina ကလည္း သူ႔အနားမွာ အျမဲတတြဲတြဲရွိေနၿပီး အေတာ္ခ်စ္စရာေကာင္းတဲ့ စုံတြဲပါ” လို႔ ေလဒီဂါဂါက ျပန္လည္ေျဖရွင္းခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay
# Unicode Version # ျဖင့္ ဖတ္ပါ #


 “A Star Is Born” ရုပ်ရှင်ဇာတ်ဝင်တေး “Shallow” နဲ့ ပူပူပူနွေးနွေး အော်စကာဆုရခဲ့တဲ့ လေဒီဂါဂါက သူမရဲ့အကြောင်းကို လူမှုကွန်ယက်ပေါ်ကနေ မဟုတ်တမ်းတရား စွပ်စွဲပြောဆိုနေမှုများအပေါ် တုံ့ပြန်တဲ့အနေနဲ့ “ရှင်းရှင်းပြောရရင် လူမှုကွန်ယက်ဆိုတာ အင်တာနက်ရဲ့ မစင်စွန့်တဲ့ အိမ်သာပါပဲ” လို့ ပြင်းပြင်းထန်ထန် ပြန်လည်ပြောဆိုလိုက်ပါတယ်။

“A Star Is Born” ရုပ်ရှင်ဇာတ်ကားမှာ သူမနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ‘Bradley Cooper’ နဲ့ ချစ်ကြိုက်နေကြတဲ့လို့ လူမှုကွန်ယက်ပေါ်မှာ စွပ်စွဲရေးသားနေတာတွေအပေါ် လေဒီဂါဂါက ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ‘Bradley Cooper’ ဟာ သူ့ရဲ့ချစ်သူဖြစ်တဲ့ “Irina Shayk’ နဲ့ အတူနေထိုင်ပြီး ၁ နှစ် ၉ လအရွယ် သမီးလေးတစ်ဦးတောင် ရှိထားသူဖြစ်ပါတယ်။

ကောလဟာလနဲ့ ပက်သက်ပြီး လေဒီဂါဂါကို အင်တာဗျူးတဲ့အခါမှာ သူမက “A Star Is Born ဇာတ်ကားက အချစ်ဇာတ်ကားလေးပါ၊ ဒီဇာတ်ကားကိုလူတွေကြည့်ပြီး အချစ်ကိုမြင်လာကြတယ် အဲဒီနာက် သူတို့စိတ်ထဲမှာ ဖြစ်ချင်တာကို သူတို့မြင်ကြတာပါ။ ကျွန်မတို့နှစ်ယောက်စလုံးက အနုပညာသည်တွေပါ၊ လူတွေကို အတတ်နိုင်ဆုံး အကောင်းဆုံး သရုပ်ဆောင်မှုတွေ ချပြခဲ့ကြတာပါ” ဟု ပြောကြားခဲ့ပါတယ်။

“Bradley Cooper က အချစ်နဲ့ပက်သက်ပြီး ရိုးရှင်းတဲ့သူပါ။ Irina နဲ့ သူတို့ရဲ့ချစ်ခြင်းက ခိုင်မြဲပါတယ်၊ အဲဒီလိုလူတစ်ယောက်ကို အတင်းအဖျင်းတွေကြောင့် မထိခိုက်စေချင်ဘူး။ Irina ကလည်း သူ့အနားမှာ အမြဲတတွဲတွဲရှိနေပြီး အတော်ချစ်စရာကောင်းတဲ့ စုံတွဲပါ” လို့ လေဒီဂါဂါက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top