ေယာက်ာ္းတစ္ေယာက္ေသဆံုးသြားသည္။

သူ ... ဒါကို ...သတိထားမိတဲ့အခ်ိန္ေသမင္းဟုယူဆရသည့္ ဝတ္ရံုနက္ျခံဳ ထားေသာ လူႀကီးက သူ႔ေဘး​ေရာက္ႏွင့္ေနၿပီ။

လက္ထဲမွာလည္း တစ္ဖက္က သူကိုင္ေနက် တူရႊင္းအ႐ွည္ႀကီးႏွင့္။ ေနာက္တစ္ဖက္မွာ လက္ဆြဲေသတၱာေလးတစ္ခုႏွင့္။ ေသမင္းက
ထိုေယာက္်ားကုိေျပာသည္၊ "လာ ... ကေလး ...သြားဖို႔ အခ်ိ္န္တန္ၿပီ"

လူ -"ဟင္ ... ျမန္လိုက္တာ ...က်ေနာ့္မွာ လုပ္စရာအစီအစဥ္ေတြအမ်ားႀကီး
က်န္ေသးတယ္"

ေသမင္း -"တကယ္စိတ္မေကာင္းပါဘူး။ အခ်ိန္မ႐ွိေတာ့လို႔ပါ ..."

လူ -"ခင္ဗ်ားလက္ထဲက ေသတၱာထဲမွာ ...ဘာေတြထည့္ထားတာလဲ?"

ေသမင္း -"မင္းနဲ႔ ဆိုင္တဲ့ ဥစၥာေတြ"

လူ -"က်ေနာ္ နဲ႔ ဆိုင္တဲ့ဥစၥာေတြ ဟုတ္လား ?ခင္ဗ်ားဆိုလိုတာ
က်ေနာ့္ရဲ႕အဝတ္အစားေတြ၊ေရႊေတြ ေငြေတြကုိလား ..."

ေသမင္း -"အဲဒီဥစၥာေတြကမင္းနဲ႔ အစကတည္းကမဆိုင္ခဲ့ဘူး ... အဲဒါေတြက
ကမာၻႀကီးနဲ႔ပဲဆိုင္တာ"

လူ -"ဒါဆို က်ေနာ့္ရဲ႕မွတ္ဉာဏ္ေတြလား"

ေသမင္း -"မွတ္ဉာဏ္က ...အခ်ိန္နဲ႔ပဲဆိုင္တာ"

လူ -"ဒါဆို က်ေနာ့္ရဲ႕ပညာလား"

ေသမင္း -"ပညာက ...ပတ္ဝန္းက်င္နဲ႔ပဲဆိုင္ခဲ့တာ"

လူ -"ဒါဆို က်ေနာ့္ရဲ႕မိတ္ေဆြေတြလား"

ေသမင္း -"မဟုတ္ဘူး...မိတ္ေဆြေတြကမင္းျဖတ္သန္းလာခဲ့တဲ့ ဘဝရဲ႕ဧည့္ သည္ေတြ"

လူ -"ဒါဆို က်ေနာ့္ရဲ႕မိန္းမ လား"

ေသမင္း -"မဟုတ္ဘူး ...သူက မင္းရဲ႕အေတြးနဲ႔ပဲဆိုင္ခဲ့တာ"

လူ -"ဒါဆို က်ိန္းေသၿပီ၊ အထဲထဲမွာ က်ေနာ့္ရဲ႕ ခႏၶာကိုယ္ပဲျဖစ္ရမယ္"

ေသမင္း -"ဟင့္အင္း ...ခႏၶာကိုယ္ကေျမမွဳန္နဲ႔ပဲဆိုင္တာ"

လူ -"ဒါဆို ေနာက္ဆံုးျဖစ္တဲ့က်ေနာ့္ရဲ႕ ... ဝိညဥ္လား"

ေသမင္း -"သနားစရာေကာင္းတဲ့ကေလးရယ္ ... မင္းရဲ႕ ဝိညဥ္က ငါနဲ႔ပဲဆိုင္တာ"

ေယာက္်ားေလး မ်က္ႏွာမွာအေၾကာက္တရားေတြနဲ႔ျပည့္လာ​ေနခဲ့ၿပီး
ေဇာေခြၽးျပန္လာသည္။

မေစာင့္နိဳင္ေတာ့ဘဲေသမင္းလက္ထဲက​ေသတၱာ​ေလးက္ို
ဆြဲယူဖြင့္လိုက္သည္။ အထဲမွာ ဘာမွ မပါ၊ ဗလာနတၱိျဖစ္ေနသည္။

သူ အသည္းကြဲသြားသည္။မ်က္ရည္အျပည့္နဲ႔ ေသမင္းကို ေမးလိုက္သည္။

လူ -"က်ေနာ္ ဘယ္တုန္းကမွ ...#ဘယ္အရာမွမပိုင္ဆိုင္ခဲ့ဘူးေပါ့။ ဟုတ္သလား ..."

ေသမင္း -"ဟုတ္တယ္ ...မင္း ဘယ္တုန္းကမွ ဘယ္အရာမွ မပိုင္ဆိုင္ခဲ့ဘူး"

လူ - "ဒါဆို ဘယ္အရာက က်ေနာ္နဲ႔ ဆိုင္ခဲ့သလဲ ..."

ေသမင္း -"မင္းရဲ႕ ...စကၠန္႔တိုင္း၊ မိနစ္တိုင္း၊မင္း အသက္႐ွိစဥ္အခါက
မင္းရဲ႕ စကၠန္႔တိုင္း၊ မိနစ္တိုင္းကိုမင္းပိုင္ဆိုင္ခဲ့တယ္၊ လူဘဝဆိုတာ မ်က္ေတာင္ တစ္ခ်က္ခတ္တိုင္းမွာ ျဖစ္ပ်က္သြားၾကတာပဲေလ"တဲ့ ...။

သင့္ရဲ႕ ... စကၠန္႔တိုင္း၊ မိနစ္တိုင္းကို ေကာင္းေကာင္းတန္ဖိုးခ်ပါ။ အသက္ကို ႐ွင္သန္ပါ။ အသက္ကို တန္ဖိုးထားပါ။ အသက္မွာ ေပ်ာ္ရႊင္ပါ။

ေသမင္းေသတၱာထဲမွာ ထည့္သြားနိဳင္တဲ့ ...ဒါန၊သီလ၊ဘာဝနာ မ်ားကို ျပဳပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗုဒၶေရအိုးစင္
# Unicode Version # ျဖင့္ ဖတ္ပါ #


 ယောကျာ်းတစ်ယောက်သေဆုံးသွားသည်။

သူ ... ဒါကို ...သတိထားမိတဲ့အချိန်သေမင်းဟုယူဆရသည့် ဝတ်ရုံနက်ခြုံ ထားသော လူကြီးက သူ့ဘေးရောက်နှင့်နေပြီ။

လက်ထဲမှာလည်း တစ်ဖက်က သူကိုင်နေကျ တူရွှင်းအရှည်ကြီးနှင့်။ နောက်တစ်ဖက်မှာ လက်ဆွဲသေတ္တာလေးတစ်ခုနှင့်။ သေမင်းက
ထိုယောက်ျားကိုပြောသည်၊ "လာ ... ကလေး ...သွားဖို့ အချိန်တန်ပြီ"

လူ -"ဟင် ... မြန်လိုက်တာ ...ကျနော့်မှာ လုပ်စရာအစီအစဉ်တွေအများကြီး
ကျန်သေးတယ်"

သေမင်း -"တကယ်စိတ်မကောင်းပါဘူး။ အချိန်မရှိတော့လို့ပါ ..."

လူ -"ခင်ဗျားလက်ထဲက သေတ္တာထဲမှာ ...ဘာတွေထည့်ထားတာလဲ?"

သေမင်း -"မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ"

လူ -"ကျနော် နဲ့ ဆိုင်တဲ့ဥစ္စာတွေ ဟုတ်လား ?ခင်ဗျားဆိုလိုတာ
ကျနော့်ရဲ့အဝတ်အစားတွေ၊ရွှေတွေ ငွေတွေကိုလား ..."

သေမင်း -"အဲဒီဥစ္စာတွေကမင်းနဲ့ အစကတည်းကမဆိုင်ခဲ့ဘူး ... အဲဒါတွေက
ကမ္ဘာကြီးနဲ့ပဲဆိုင်တာ"

လူ -"ဒါဆို ကျနော့်ရဲ့မှတ်ဉာဏ်တွေလား"

သေမင်း -"မှတ်ဉာဏ်က ...အချိန်နဲ့ပဲဆိုင်တာ"

လူ -"ဒါဆို ကျနော့်ရဲ့ပညာလား"

သေမင်း -"ပညာက ...ပတ်ဝန်းကျင်နဲ့ပဲဆိုင်ခဲ့တာ"

လူ -"ဒါဆို ကျနော့်ရဲ့မိတ်ဆွေတွေလား"

သေမင်း -"မဟုတ်ဘူး...မိတ်ဆွေတွေကမင်းဖြတ်သန်းလာခဲ့တဲ့ ဘဝရဲ့ဧည့် သည်တွေ"

လူ -"ဒါဆို ကျနော့်ရဲ့မိန်းမ လား"

သေမင်း -"မဟုတ်ဘူး ...သူက မင်းရဲ့အတွေးနဲ့ပဲဆိုင်ခဲ့တာ"

လူ -"ဒါဆို ကျိန်းသေပြီ၊ အထဲထဲမှာ ကျနော့်ရဲ့ ခန္ဓာကိုယ်ပဲဖြစ်ရမယ်"

သေမင်း -"ဟင့်အင်း ...ခန္ဓာကိုယ်ကမြေမှုန်နဲ့ပဲဆိုင်တာ"

လူ -"ဒါဆို နောက်ဆုံးဖြစ်တဲ့ကျနော့်ရဲ့ ... ဝိညဉ်လား"

သေမင်း -"သနားစရာကောင်းတဲ့ကလေးရယ် ... မင်းရဲ့ ဝိညဉ်က ငါနဲ့ပဲဆိုင်တာ"

ယောက်ျားလေး မျက်နှာမှာအကြောက်တရားတွေနဲ့ပြည့်လာနေခဲ့ပြီး
ဇောချွေးပြန်လာသည်။

မစောင့်နိုင်တော့ဘဲသေမင်းလက်ထဲကသေတ္တာလေးကို
ဆွဲယူဖွင့်လိုက်သည်။ အထဲမှာ ဘာမှ မပါ၊ ဗလာနတ္တိဖြစ်နေသည်။

သူ အသည်းကွဲသွားသည်။မျက်ရည်အပြည့်နဲ့ သေမင်းကို မေးလိုက်သည်။

လူ -"ကျနော် ဘယ်တုန်းကမှ ...#ဘယ်အရာမှမပိုင်ဆိုင်ခဲ့ဘူးပေါ့။ ဟုတ်သလား ..."

သေမင်း -"ဟုတ်တယ် ...မင်း ဘယ်တုန်းကမှ ဘယ်အရာမှ မပိုင်ဆိုင်ခဲ့ဘူး"

လူ - "ဒါဆို ဘယ်အရာက ကျနော်နဲ့ ဆိုင်ခဲ့သလဲ ..."

သေမင်း -"မင်းရဲ့ ...စက္ကန့်တိုင်း၊ မိနစ်တိုင်း၊မင်း အသက်ရှိစဉ်အခါက
မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကိုမင်းပိုင်ဆိုင်ခဲ့တယ်၊ လူဘဝဆိုတာ မျက်တောင် တစ်ချက်ခတ်တိုင်းမှာ ဖြစ်ပျက်သွားကြတာပဲလေ"တဲ့ ...။

သင့်ရဲ့ ... စက္ကန့်တိုင်း၊ မိနစ်တိုင်းကို ကောင်းကောင်းတန်ဖိုးချပါ။ အသက်ကို ရှင်သန်ပါ။ အသက်ကို တန်ဖိုးထားပါ။ အသက်မှာ ပျော်ရွှင်ပါ။

သေမင်းသေတ္တာထဲမှာ ထည့်သွားနိုင်တဲ့ ...ဒါန၊သီလ၊ဘာဝနာ များကို ပြုပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:ဗုဒ္ဓရေအိုးစင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top