Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
လူ့ခန္ဓာကိုယ်ကြီးကထူးဆန်းမှုတွေနဲ့ပြည့်နေတယ်ဆိုတာသတိထားမိကြရဲ့လား။ဦးနှောက်အစိတ်အပိုင်းတွေကလည်း ဆန်းကြယ်တဲ့အတွေးတွေနဲ့ပြည့်နေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းလှုပ်ရှားမှုတွေကလည်းဆန်းနေရော။မသိရောမသိချင်ကြဘူးလား။
ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းလှုပ်ရှားမှုတွေဘယ်လိုအလုပ်လုပ်လဲဆိုတာ!အခုပြောပြမယ့်အချက်လေးတွေကိုဖတ်ပြီးရင် ဒီထက်ပိုပြီးသိချင်သွားမယ်ဆိုတာသေ ချာပါတယ်။ကြည့်လိုက်ရအောင်
၁။သင့်ရဲ့ဘဝသက်တမ်းတစ်လျှောက်လုံးမှာ နှလုံးဟာ နှလုံးအပြင် ဘက်ကသွေးလီတာပေါင်းများစွာကို အကြိမ်ရေသန်း၂၀၀နီးပါးစုပ်ယူလေ့ရှိပါ တယ်။ အဲ့ဒါက သင့်ရဲ့နှလုံးသားကိုအမြဲတမ်းဘာလိုှ့ဂရုစိုက်နေတာလဲဆိုတဲ့ အကြောင်းတစ်ခုပါပဲ။
၂။သင့်ရဲ့ဦးနှောက်ထဲက လျှပ်စီးကြောင်းတွေလှုပ်ရှားပြေးလွှားတဲ့အခါမှာ အချက်ပြ မီးသီးတစ်လုံးလိုလင်းသွားစေပါတယ်တဲ့။ဒါပေမဲ့ အဲ့ဒါကလည်း ဦးနှောက်ကိုစဉ်း စားအသုံးပြုတဲ့လူတွေမှာသာဖြစ်လေ့ရှိပါတယ်။
၃။ငါးမန်းတစ်ကောင်ရဲ့သွားတွေဟာ လူသားတွေရဲ့သွားတွေထက်အနည်းငယ်ပိုပြီး သန်မာပါတယ်။
၄။ အစာအိမ်ထဲကအက်စစ်ဓာတ်ဟာ အရေပြားထဲမှာ လွယ်လွယ်ကူကူ အပေါက်ဖြစ်သွားအောင်လုပ်နိုင်ပါတယ်။XENOMORPHS လိုမျိုးပေါ့။ The Prometheus ရုပ်ရှင်တောင်ရုတ်တရက် ပိုပြီးကြည့်ကောင်းလာသလိုပဲ!
၅။ မျက်နှာပေါ်က ကြွက်သားတွေက မျက်နှာအမူအရာပေါင်း ၇၀၀၀ကျော်တောင်လုပ်နိုင်ပါတယ်တဲ့။ ယုံနိုင်စရာတောင်မရှိပါဘူး။တကယ်လို့ ၇၀၀၀ကျော်သာဆိုရင် အဲ့ဒီအမူအရာတွေအတွက်အီမိုဂျီတွေအများကြီးလုပ် သင့်ပြီပေါ့။
၆။ ကလေးတွေမှာ သူတို့ရဲ့ခန္ဓာကိုယ်နဲ့မလိုက်ဖက်လှစွာအရိုးပေါင်းများစွာရှိနေ တယ်ဆိုတာသင်သိပြီးပြီလား?ကလေးလေးတွေကတကယ့်ကိုအံ့ဖွယ်လူသားတွေပါပဲ။သူတို့မှာတခြားအစွမ်းတွေလည်းရှိပါသေးတယ်။ဥပမာ ရေငုပ်နိုင်တာမျိုးပေါ့။
၇။လူတစ်ယောက်ရဲ့မျက်လုံးဟာ ရုပ်ပုံ ၅၀၀နီးပါးကိုခွဲခြားဖမ်းယူနိုင်ပါတယ်။ခေတ်မီဖုန်းကင်မရာတွေတောင်မဖမ်းယူနိုင်တဲ့ရုပ်ပုံကားချပ်တွေကိုပေါ့။
၈။ခန္ဓာကိုယ်အလေးချိန်ရဲ့၁၆ရာခိုင်နှုန်းလောက်ဟာ အရေပြားပါပဲ။ အရေပြားကပျမ်းမျှအားဖြင့် ၈ကီလိုဂရမ်တောင်ရှိပါတယ်။ အဲ့ဒါကြောင့် လွယ်လွယ်နဲ့လည်းဝိတ်ကျဖို့ခက်ခဲတာပါ။
၉ ။နိုးထရှင်သန်နေတဲ့အချိန်တွေရဲ့၁၀ရာခိုင်နှုန်းလောက်က မျက်စိမှိတ်တာနဲ့ပဲ အချိန်ကုန်ပါတယ်။ဥပမာ သင့်အသက်က ၅၀ဆိုပါစို့။သင့်ရဲ့နှစ်ပေါင်း၂၀စာက အိပ်တာနဲ့မျက်တောင်ခတ်တာနဲ့အချိန်ကုန်ပါတယ်တဲ့။
၁၀။ကျောက်ကပ်ရဲ့အလုပ်လုပ်ပုံက အံ့သြစရာပါပဲ။တစ်နေ့တည်းမှာပဲ ခန္ဓာကိုယ် ထဲကသွေးတွေကို ၂၅ကြိမ်သန့်စင်ပေးပါတယ်။ တစ်နာရီကိုတစ်ခါ လောက်သန့်စင်ပေးနေတာပါ။
၁၁။ မျက်လုံးထောင့်မှာရှိတဲ့ပန်းရောင်မျက်ခမ်းသားဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းကအသုံးပြုပြီးသားဖြစ်တဲ့အတွင်းမျက်ခွံကိုကာကွယ်ပေးဖို့ ကျန်ရှိနေတဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။
၁၂။ ကျွန်တော်တို့ရဲ့အသည်းဟာ သူ့အစိတ်အပိုင်းတစ်ခုလုံးရဲ့၂၅ရာခိုင်နှုန်းလော က်ထိကိုယ်တိုင်ပြန်လည်ရှင်သန်ကြီးထွားနိုင်ပါတယ်။ဒီနေ့ခေတ်မှာဆို လူ့ခန္ဓာကိုယ်ရဲ့ကိုယ်တိုင်ပြန်လည်ရှင်သန်နိုင်တဲ့အစိတ်အပိုင်း(Wolverine) လိုမျိုးခေါ်ဆိုလို့ရပါတယ်။
၁၃။သင့်ရဲ့နှလုံးခုန်သံဟာ သင်နားထောင်တဲ့သီချင်းအမျိုးအစားပေါ်မှာမူတည်ပြီး နှလုံးခုန်လေ့ရှိပါတယ်။နောက်တစ်ခါသီချင်းနားထောင်ရင်းသီချင်းအေးအေးလေးတွေကိုနားထောင်ပြီးနှလုံးခုန်သံကို စမ်းသပ်ကြည့်ပါ။ဒါမှမဟုတ် အိပ်ချင်နေတဲ့အချိန် ဆူညံတဲ့ဂီတအမျိုးအစားတစ်မျိုးကိုနားထောင်ကြည့်ပါ။ နှလုံးခုန်သံပြောင်းလဲသွားတာကိုခံစားရပါလိ့မ်မယ်။
၁၄။ခန္ဓာကိုယ်အစာအိမ်ထဲမှာအစာချေဖျက်ဖို့ လုံးဝမရှိတော့တဲ့အခါ အထဲက အင်ဇိုင်းဓာတ်တွေက သင့်ရဲ့ခန္ဓာကိုယ်ကိုတဖြည်းဖြည်းဝါးမျိုလာလိမ့်မယ်ဆိုတာ သတိထားမိရဲ့လား?
၁၅။နောက်ဆုံးတစ်ခု ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးလူတိုင်းသိချင်နေကြတာကတော့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့ ကျွန်တော်တို့ဘေးနားကအရာတွေအားလုံးနီးပါးကို သန်းပေါင်းများစွာသော ကြယ်မှုန်လေးတွေနဲ့ဖွဲ့စည်းထားတာပါတဲ့။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top