20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

အမဲသား ဆိုတာ အသားေတြထဲမွာ စားလို႕အေကာင္းဆံုး အားအရွိဆံုး အသားလို႕ လူတုိင္းက လက္ခံထားၾကတဲ့အရာတစ္ခုပါ။ ျမန္မာႏုိင္ငံက လူတစ္ခ်ိဳ႕ကသာ ေရွာင္စားၾကေပမယ့္ အေနာက္ႏိုင္ငံေတြ မွာေတာ့ အမဲသားကုိ အဓိကထား စားသံုးၾကပါတယ္။  တစ္ခ်ိဳ႕လူေတြကလည္း အမဲသားဟာ အနီေရာင္အသားအုပ္စုဝင္ျဖစ္တာေၾကာင့္ က်န္းမာေရးနဲ႔ မညီညြတ္ဘူးဆိုျပီး ေျပာၾကသလို အမဲသားဟာ အားအင္ျပည့္ေစဖို႕ အေကာငး္ဆံုး ျဖည့္တင္းေပးႏုိင္တဲ့ အစားအေသာက္လို႕လည္း ေျပာၾကပါတယ္။ ဒီေဆာင္ပါးေလးထဲမွာေတာ့ အမဲသား စားျခင္းရဲ႕ အက်ိဳးေက်းဇူး ၇ ခ်က္ အေၾကာင္းေျပာျပေပးေတာ့မွာပဲ ျဖစ္ပါတယ္။ စာေရးသူကိုယ္တုိင္ကလည္း အမဲေၾကာ္ဆုိ သိပ္ၾကိဳက္တာဆုိေတာ့ ။  ။
အမဲသားကေနရႏုိင္တဲ့ က်န္းမာေရး အက်ိဳးေက်းဇူး ၇ ခ်က္ ။  ။
၁ –  L-carnitine ပါဝင္မႈ အမ်ားဆံုးပါ။  ။

L-carnitine ဆိုတာ အသားေတြမွာ အျမဲေတြ႕ရေလ့ရွိတဲ့ ပရိုတင္း တစ္မ်ိဳးပါ။  L-carnitine ဟာ ဇီဝကမၼျဖစ္စဥ္ေတြကို ျမန္ဆန္ေစလို႕ အဆီေတြကို ေလာင္ကၽြမ္းေစပါတယ္။ ဒါ့အျပင္ ဆီးခ်ိဳအမ်ိဳးအစား ၂ သမားေတြ မွာ မနက္ပိုင္းျပန္ျပန္တိုင္းတဲ့ ေသြးတြင္းသၾကားဓာတ္ ပမာဏကို L-carnitine ထိန္းေပးပါေသးတယ္။ အသားတုိင္းမွာပါဝင္တယ္ဆိုေပမယ့္ အမဲသားမွာ ပါဝင္မႈ အမ်ားဆံုးျဖစ္တာေၾကာင့္ အမဲသားဟာ က်န္းမာေရးကို အက်ိဳးျပဳတဲ့အသားတစ္ခုပါ။
၂ –  ဓာတ္တိုးဆန္႕က်င္တဲ့ေနရာမွာ ဆရာတစ္ဆူျဖစ္တဲ့ Glutathione ထြက္ဖို႔ကို အမဲသားက အားေပးပါတယ္။

ကိုယ္တြင္း အဆိပ္အေတာက္ေတြကို ဓာတ္တိုးဆန္႕က်င္ေပးတဲ့ေနရာမွာ Glutathione  ေလာက္ ဆရာက်တဲ့သူ မရွိေတာ့ပါဘူး။ Glutathione ကုိ ကိုယ္ခႏၶာက ထုတ္ေပမယ့္ သူ႕ကိုထုတ္တဲ့ျဖစ္စဥ္မွာ လိုအပ္တဲ့ amino acid ေတြကိုေတာ့ စားလိုက္တဲ့ အသားေတြ အထူးသျဖင့္ အမဲသားကေန ရပါတယ္။
၃ –  ပရိုတင္းဓာတ္ၾကြယ္ဝတာေၾကာင့္ ၾကြက္သားတည္ေဆာက္ဖို႕အတြက္လည္း သူက အားေပးပါေသးတယ္ ။ ။

ၾကြက္သားတည္ေဆာက္ဖို႕အတြက္ လိုအပ္တဲ့ ပရိုတင္း ဓာတ္ ရဖို႔ဆို အဆီမပါတဲ့ အသားေတြ စားမွျဖစ္တာပါ။ အဆီမပါတဲ့ အသားဆိုေတာ့ အမဲသားနဲ႕ ၾကက္သားက အေကာင္းဆံုးပဲေလေနာ္။
၄ –  သတၱဳဓာတ္ေတြ ၾကြယ္ဝစြာပါဝင္ပါတယ္။

ေသြးအားနည္းရင္ အမဲသားစားသင့္တယ္ဆုိတဲ့ အၾကံျပဳခ်က္ေတြ သင္ၾကားဖူးမွာပါ။ ဒါဟာ အမွန္တကယ္ပါ။ အမဲသားမွာ ေသြးအားနည္းျခင္းကို အဓိက ကာကြယ္ေပးမယ့္ သံဓာတ္ေတြ ၾကြယ္ဝစြာပါတာေၾကာင့္ ေသြးအားနည္းတဲ့သူေတြ အဓိကထား စားသင့္တဲ့ အသားတစ္မ်ိဳးပါ။ အမဲသားမွာ သံဓာတ္ေတြ အျပင္ ေဖာ့စေဖာရက္စ္၊ ဇင့္ဓာတ္နဲ႕ selenium သတၱဳဓာတ္ေတြလည္း ၾကြယ္ဝစြာပါပါတယ္။
၅ –  ဗီတာမင္ B 12 ၾကြယ္ဝစြာပါပါတယ္။

အာရံုေၾကာနဲ႔ ဦးေႏွာက္ စြမ္းေဆာင္မႈတို႕အတြက္ မရွိမျဖစ္လိုအပ္တဲ့ ဗီတာမင္ B12 ဟာ အသားေတြကေနပဲ အဓိက ရတဲ့ ဗီတာမင္ တစ္ခုျဖစ္ပါတယ္။ အမဲသားထဲမွာ အျခား ဗီတာမင္ B 2.3.5.6 တို႕ ပါဝင္ေပမယ့္ B12 ကပါဝင္မႈ အမ်ားဆံုးပါ။
၆ –  Conjugated Linoleic Acid လည္းၾကြယ္ဝစြာပါပါတယ္။

အင္ဆူလင္ အာရံုခံႏုိင္မႈကို တိုးေစတဲ့အျပင္ အဆီေတြ ေလာင္ကၽြမ္းေစတဲ့အာနိသင္လည္းရွိတဲ့ Conjugated Linoleic Acid ပါဝင္မႈဟာ ျမက္ကိုပဲ အဓိကထား စားသံုးတဲ့ ႏြားေတြမွာ အမ်ားဆံုးပါ။
၇ –  ကိုယ္ခႏၶာ ရဲ႕ လုပ္ေဆာင္ခ်က္တုိင္းကို ေခ်ာေမြ႔ေစတဲ့ Creatine ဟာ အမဲသားမွာ အမ်ားဆံုးပါဝင္တာပါ။

ၾကြက္သားတက္ေစဖို႕၊ ကိုယ္ခႏၶာရဲ႕လႈပ္ရွားမႈေတြ စည္းခ်က္ညီဖို႔၊ အတြက္ Creatine ရွိမွရတာပါ။ ဒီိလို မရွိမျဖစ္လိုအပ္တဲ့ Creatine ကို အသည္းကထုတ္ေပးပါတယ္။ အမဲသားဟာ အသည္းကေန Creatine ထုတ္တဲ့ ျဖစ္စဥ္ကို အားေပးသလို သူကိုယ္တိုင္ကလည္း Creatine ၾကြယ္ဝတဲ့ အသားတစ္ခုပါ။

ကဲ ဒီေလာက္ဆိုရင္ေတာ့ အဆီလည္း မပါ အသားခ်ည္းပဲ ရွိတဲ႔ အမဲသား ဟာ က်န္းမာေရးအတြက္ တကယ္ကို အေထာက္အကူျပဳတဲ့ အသားတစ္မ်ိဳးဆိုတာကို အားလံုး သေဘာတူၾကေလာက္ျပီ ထင္ပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Hellosayarwon
#Unicode Version#
အမဲသား ဆိုတာ အသားတွေထဲမှာ စားလို့အကောင်းဆုံး အားအရှိဆုံး အသားလို့ လူတိုင်းက လက်ခံထားကြတဲ့အရာတစ်ခုပါ။ မြန်မာနိုင်ငံက လူတစ်ချို့ကသာ ရှောင်စားကြပေမယ့် အနောက်နိုင်ငံတွေ မှာတော့ အမဲသားကို အဓိကထား စားသုံးကြပါတယ်။  တစ်ချို့လူတွေကလည်း အမဲသားဟာ အနီရောင်အသားအုပ်စုဝင်ဖြစ်တာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပြီး ပြောကြသလို အမဲသားဟာ အားအင်ပြည့်စေဖို့ အကောင်းဆုံး ဖြည့်တင်းပေးနိုင်တဲ့ အစားအသောက်လို့လည်း ပြောကြပါတယ်။ ဒီဆောင်ပါးလေးထဲမှာတော့ အမဲသား စားခြင်းရဲ့ အကျိုးကျေးဇူး ၇ ချက် အကြောင်းပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်ကလည်း အမဲကြော်ဆို သိပ်ကြိုက်တာဆိုတော့ ။  ။
အမဲသားကနေရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၇ ချက် ။  ။
၁ –  L-carnitine ပါဝင်မှု အများဆုံးပါ။  ။

L-carnitine ဆိုတာ အသားတွေမှာ အမြဲတွေ့ရလေ့ရှိတဲ့ ပရိုတင်း တစ်မျိုးပါ။  L-carnitine ဟာ ဇီဝကမ္မဖြစ်စဉ်တွေကို မြန်ဆန်စေလို့ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် ဆီးချိုအမျိုးအစား ၂ သမားတွေ မှာ မနက်ပိုင်းပြန်ပြန်တိုင်းတဲ့ သွေးတွင်းသကြားဓာတ် ပမာဏကို L-carnitine ထိန်းပေးပါသေးတယ်။ အသားတိုင်းမှာပါဝင်တယ်ဆိုပေမယ့် အမဲသားမှာ ပါဝင်မှု အများဆုံးဖြစ်တာကြောင့် အမဲသားဟာ ကျန်းမာရေးကို အကျိုးပြုတဲ့အသားတစ်ခုပါ။
၂ –  ဓာတ်တိုးဆန့်ကျင်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ Glutathione ထွက်ဖို့ကို အမဲသားက အားပေးပါတယ်။

ကိုယ်တွင်း အဆိပ်အတောက်တွေကို ဓာတ်တိုးဆန့်ကျင်ပေးတဲ့နေရာမှာ Glutathione  လောက် ဆရာကျတဲ့သူ မရှိတော့ပါဘူး။ Glutathione ကို ကိုယ်ခန္ဓာက ထုတ်ပေမယ့် သူ့ကိုထုတ်တဲ့ဖြစ်စဉ်မှာ လိုအပ်တဲ့ amino acid တွေကိုတော့ စားလိုက်တဲ့ အသားတွေ အထူးသဖြင့် အမဲသားကနေ ရပါတယ်။
၃ –  ပရိုတင်းဓာတ်ကြွယ်ဝတာကြောင့် ကြွက်သားတည်ဆောက်ဖို့အတွက်လည်း သူက အားပေးပါသေးတယ် ။ ။

ကြွက်သားတည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ပရိုတင်း ဓာတ် ရဖို့ဆို အဆီမပါတဲ့ အသားတွေ စားမှဖြစ်တာပါ။ အဆီမပါတဲ့ အသားဆိုတော့ အမဲသားနဲ့ ကြက်သားက အကောင်းဆုံးပဲလေနော်။
၄ –  သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

သွေးအားနည်းရင် အမဲသားစားသင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ သင်ကြားဖူးမှာပါ။ ဒါဟာ အမှန်တကယ်ပါ။ အမဲသားမှာ သွေးအားနည်းခြင်းကို အဓိက ကာကွယ်ပေးမယ့် သံဓာတ်တွေ ကြွယ်ဝစွာပါတာကြောင့် သွေးအားနည်းတဲ့သူတွေ အဓိကထား စားသင့်တဲ့ အသားတစ်မျိုးပါ။ အမဲသားမှာ သံဓာတ်တွေ အပြင် ဖော့စဖောရက်စ်၊ ဇင့်ဓာတ်နဲ့ selenium သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါပါတယ်။
၅ –  ဗီတာမင် B 12 ကြွယ်ဝစွာပါပါတယ်။

အာရုံကြောနဲ့ ဦးနှောက် စွမ်းဆောင်မှုတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် B12 ဟာ အသားတွေကနေပဲ အဓိက ရတဲ့ ဗီတာမင် တစ်ခုဖြစ်ပါတယ်။ အမဲသားထဲမှာ အခြား ဗီတာမင် B 2.3.5.6 တို့ ပါဝင်ပေမယ့် B12 ကပါဝင်မှု အများဆုံးပါ။
၆ –  Conjugated Linoleic Acid လည်းကြွယ်ဝစွာပါပါတယ်။

အင်ဆူလင် အာရုံခံနိုင်မှုကို တိုးစေတဲ့အပြင် အဆီတွေ လောင်ကျွမ်းစေတဲ့အာနိသင်လည်းရှိတဲ့ Conjugated Linoleic Acid ပါဝင်မှုဟာ မြက်ကိုပဲ အဓိကထား စားသုံးတဲ့ နွားတွေမှာ အများဆုံးပါ။
၇ –  ကိုယ်ခန္ဓာ ရဲ့ လုပ်ဆောင်ချက်တိုင်းကို ချောမွေ့စေတဲ့ Creatine ဟာ အမဲသားမှာ အများဆုံးပါဝင်တာပါ။

ကြွက်သားတက်စေဖို့၊ ကိုယ်ခန္ဓာရဲ့လှုပ်ရှားမှုတွေ စည်းချက်ညီဖို့၊ အတွက် Creatine ရှိမှရတာပါ။ ဒီလို မရှိမဖြစ်လိုအပ်တဲ့ Creatine ကို အသည်းကထုတ်ပေးပါတယ်။ အမဲသားဟာ အသည်းကနေ Creatine ထုတ်တဲ့ ဖြစ်စဉ်ကို အားပေးသလို သူကိုယ်တိုင်ကလည်း Creatine ကြွယ်ဝတဲ့ အသားတစ်ခုပါ။

ကဲ ဒီလောက်ဆိုရင်တော့ အဆီလည်း မပါ အသားချည်းပဲ ရှိတဲ့ အမဲသား ဟာ ကျန်းမာရေးအတွက် တကယ်ကို အထောက်အကူပြုတဲ့ အသားတစ်မျိုးဆိုတာကို အားလုံး သဘောတူကြလောက်ပြီ ထင်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top