20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


မေလးရွားႏိုင္ငံမွာ ျမစ္တစ္ျမစ္အတြင္း အဆိပ္သင့္အမႈိက္ေတြ စုပုံရာကေန ကေလးငယ္ေတြအပါအဝင္ လူရာေပါင္းမ်ားစြာ နာမက်န္းျဖစ္ၿပီးေနာက္ စာသင္ေက်ာင္း ၁၀၀ ေက်ာ္ ပိတ္ထားရေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္က ေတာင္ပိုင္း ဂ်ိဳေဟာျပည္နယ္မွာ ေလာ္ရီကားတစ္စီးကေန အမႈိက္ေတြ ျမစ္ထဲ စြန႔္ပစ္ခဲ့တာ ျဖစ္ဖြယ္ရွိၿပီး ဝန္းက်င္တစ္ဝိုက္ ဧရိယာေတာ္ေတာ္မ်ားမ်ားမွာ အႏၲရာယ္ရွိ အခိုးအေငြ႕ေတြ ျဖစ္ေပၚၿပီး လူေတာ္ေတာ္မ်ားမ်ား ပ်ိဳ႕တာ၊ အန္တာေတြ ခံစားျဖစ္ေပၚခဲ့ရပါတယ္။

ေက်ာင္းသားေက်ာင္းသူအမ်ားဆုံးပါတဲ့ လူ ၅၀၀ ေက်ာ္ထက္မနည္း အဆိပ္ေငြ႕ေတြ ရႈရႈိက္မိၾကလို႔ ကုသေစာင့္ေရွာက္ေပးရသလို လူ ၁၆၀ ေက်ာ္ကို ေဆး႐ုံတင္ပို႔ ကုသေပးေနရေၾကာင္း ႏိုင္ငံပိုင္ Bernama သတင္းဌာနက ေဖာ္ျပပါတယ္။

ပါဆာဂူဒန္စက္မႈၿမိဳ႕နားမွာ ခုလို အဆိပ္ေငြ႕ေတြ ထြက္ေပၚတာျဖစ္ၿပီး ဘယ္လို အဆိပ္သင့္တဲ့ ဓာတ္ေငြ႕အမ်ိဳးအစားဆိုတာ ေသခ်ာ မသိၾကရေသးပါ။

ဗုဒၶဟူးေန႔မွာ စာသင္ေက်ာင္း ၄၃ ေက်ာင္းကို ပိတ္ထားရန္ ပညာေရးဝန္ႀကီး မာဇစ္လီမာလစ္က ၫႊန္ၾကားခ်က္ ထုတ္ခဲ့ၿပီးေနာက္ ေနာက္ပိုင္းမွာ ထပ္ၿပီး ပိတ္ခိုင္းရတဲ့ စာသင္ေက်ာင္း အေရအတြက္က ႏွစ္ဆေက်ာ္ မက တိုးမ်ားလာခဲ့တာ ျဖစ္ပါတယ္။

“ပါဆာဂူဒန္ဧရိယာ တစ္ဝိုက္က စာသင္ေက်ာင္း ၁၁၁ ေက်ာင္းစလုံးကို ပိတ္ထားဖို႔ ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ဆုံးျဖတ္လိုက္ရတာ ျဖစ္ပါတယ္။”လို႔ ၎က ေျပာခဲ့ပါတယ္။

ဒီလို အဆိပ္သင့္အမႈိက္ေတြ စြန႔္ပစ္တာနဲ႔ ပတ္သက္ၿပီး လူသုံးဦးကို အေစာပိုင္းမွာပဲ ဖမ္းဆီးထားပါတယ္။ သူတို႔အနက္ကမွ တစ္ဦးကို တရား႐ုံးတင္ စြဲဆိုဖို႔ ရွိၿပီး သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဥပေဒကို ခ်ိဳးေဖာက္တဲ့ အျပစ္ရွိေၾကာင္း ေတြ႕ရွိရင္ ေထာင္ဒဏ္ ငါးႏွစ္အထက္ က်ခံရမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


မလေးရှားနိုင်ငံမှာ မြစ်တစ်မြစ်အတွင်း အဆိပ်သင့်အမှိုက်တွေ စုပုံရာကနေ ကလေးငယ်တွေအပါအဝင် လူရာပေါင်းများစွာ နာမကျန်းဖြစ်ပြီးနောက် စာသင်ကျောင်း ၁၀၀ ကျော် ပိတ်ထားရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က တောင်ပိုင်း ဂျိုဟောပြည်နယ်မှာ လော်ရီကားတစ်စီးကနေ အမှိုက်တွေ မြစ်ထဲ စွန့်ပစ်ခဲ့တာ ဖြစ်ဖွယ်ရှိပြီး ဝန်းကျင်တစ်ဝိုက် ဧရိယာတော်တော်များများမှာ အန္တရာယ်ရှိ အခိုးအငွေ့တွေ ဖြစ်ပေါ်ပြီး လူတော်တော်များများ ပျို့တာ၊ အန်တာတွေ ခံစားဖြစ်ပေါ်ခဲ့ရပါတယ်။

ကျောင်းသားကျောင်းသူအများဆုံးပါတဲ့ လူ ၅၀၀ ကျော်ထက်မနည်း အဆိပ်ငွေ့တွေ ရှုရှိုက်မိကြလို့ ကုသစောင့်ရှောက်ပေးရသလို လူ ၁၆၀ ကျော်ကို ဆေးရုံတင်ပို့ ကုသပေးနေရကြောင်း နိုင်ငံပိုင် Bernama သတင်းဌာနက ဖော်ပြပါတယ်။

ပါဆာဂူဒန်စက်မှုမြို့နားမှာ ခုလို အဆိပ်ငွေ့တွေ ထွက်ပေါ်တာဖြစ်ပြီး ဘယ်လို အဆိပ်သင့်တဲ့ ဓာတ်ငွေ့အမျိုးအစားဆိုတာ သေချာ မသိကြရသေးပါ။

ဗုဒ္ဓဟူးနေ့မှာ စာသင်ကျောင်း ၄၃ ကျောင်းကို ပိတ်ထားရန် ပညာရေးဝန်ကြီး မာဇစ်လီမာလစ်က ညွှန်ကြားချက် ထုတ်ခဲ့ပြီးနောက် နောက်ပိုင်းမှာ ထပ်ပြီး ပိတ်ခိုင်းရတဲ့ စာသင်ကျောင်း အရေအတွက်က နှစ်ဆကျော် မက တိုးများလာခဲ့တာ ဖြစ်ပါတယ်။

“ပါဆာဂူဒန်ဧရိယာ တစ်ဝိုက်က စာသင်ကျောင်း ၁၁၁ ကျောင်းစလုံးကို ပိတ်ထားဖို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

ဒီလို အဆိပ်သင့်အမှိုက်တွေ စွန့်ပစ်တာနဲ့ ပတ်သက်ပြီး လူသုံးဦးကို အစောပိုင်းမှာပဲ ဖမ်းဆီးထားပါတယ်။ သူတို့အနက်ကမှ တစ်ဦးကို တရားရုံးတင် စွဲဆိုဖို့ ရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေကို ချိုးဖောက်တဲ့ အပြစ်ရှိကြောင်း တွေ့ရှိရင် ထောင်ဒဏ် ငါးနှစ်အထက် ကျခံရမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top