20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


အလွဴဒါနျပဳျခင္းသည္ ကုသုိလ္ရရန္ျဖစ္၏။ အလွဴပြဲ၌ ၾကက္၊ ဝက္၊ ႏြားမ်ားကုိ
သတ္၍ ေကြ်းေမြးျခင္းျဖင့္ ကုသုိလ္တစ္ပဲ ငရဲတစ္ပိႆာ ျဖစ္ရ၏။ အလွဴရွင္သည္ ပင့္သံဃာ၊ ဖိတ္ထားေသာ ပရိသတ္အတြက္ ေလာက္ေလာက္ငငျဖစ္ေစရန္ ၾကက္က ဘယ္ႏွစ္ေကာင္၊ ဝက္က ဘယ္ႏွစ္ေကာင္ သတ္၍ေက်ြးရမည္ဟု စိတ္ကုိျဖစ္ေစ၏။

မလွဴမီကပင္ မေနာကံအကုသုိလ္မ်ား ျဖစ္ေနသည္။
တစ္ဖန္ အလွဴပြဲေရာက္ေသာအခါ သတၱဝါမ်ားကုိ မိမိကုိယ္တုိင္ မသတ္ေစကာမူ
သင့္ေတာ္မည့္ ပုဂၢိဳလ္မ်ားကုိ သတ္ရန္ ေျပာဆုိေစခုိင္းရျပန္သည္။
ထုိအခါ ဝစီကံ အကုသိုလ္က ျဖစ္ရျပန္သည္။

တစ္ဖန္ဟင္းလ်ာမ်ား ရရွိေရးအတြက္ ေရွးဦးစြာ ကုိယ္တုိင္အားထုတ္ရ၏။
ၾကက္၊ ဝက္ ရနုိင္သည့္ေနရာသုိ႔ သြားရ၏။ အေရာင္းအဝယ္ကိစၥေဆာင္ရြတ္ရ၏။ တန္ဖုိးကုိေပးေခ်ရ၏။ထုိအခါ ကာယကံအကုသုိလ္ ျဖစ္ေတာ့၏။

အလွဴရွင္သည္ ေကာင္းမႈျပဳမည္ဟု ႏွလုံးသြင္းကာ မေကာင္းမႈကုိ ျပဳဘိ၏။
ကုသုိလ္ျပဳအံ့ဟူ၍ အကုသုိလ္ကုိ ျပဳေန၏။ သုဂတိလမ္းေၾကာင္းကုိ
ရွာမည္ဟုၾကံစည္လ်ွက္ ဒုဂၢတိလမ္းေၾကာင္းကုိ ရွာမီွးေနဘိ၏။
.

သတိထားဖြယ္ မေပးလွဴေကာင္းေသာ အလွဴ(၁၀)မ်ဳိး

ေပးကမ္းလွဴဒါန္းမႈျပဳေသာ္လည္း ဒါနဟု မေခၚရ။ အဒါနဟုသာ ေခၚရသည့္
ေပးကမ္းမႈ(၁၀)မ်ဳိးကုိ မိလိႏၵပဥွာပါဠိေတာ္ (ေဝႆႏၱရပဥွာ) ၌
ေဟာၾကားေတာ္မူသည့္အတုိင္း ေဖာ္ျပပါမည္။
.
ထုိမေပးလွဴေကာင္းေသာ အလွဴ(၁၀)မ်ဳိးမွာ
.
၁။ မူးယစ္ေစတတ္ေသာ ေသရည္ေသရက္ စေသာအရာမ်ားကုိ
ေပးလွဴျခင္း= မဇၨဒါန။
.
၂။ ပြဲလမ္းသဘင္ စသည္တုိ႔ကုိ ေပးလွဴျခင္း= သမဇၨဒါန။
.
၃။ ေမထုန္မွီဝဲမႈျပဳရန္ အမ-သတၱဝါမ်ားကုိေပးလွဴျခင္း= ဣတၳိဒါန
.
၄။ ေမထုန္မွီဝဲေစရန္ ႏြားလားဥသဘ စသည္ကုိ ေပးလွဴျခင္း= ဥသဘဒါန။
.
၅။ ကာမဂုဏ္စိတ္ကုိ ထၾကြပြားမ်ားေစတတ္ေသာ ပန္းခ်ီကား အရုပ္
စသည္ကုိ ေပးလွဴျခင္း= စိတၱကမၼဒါန။
.
၆။ တုတ္ ဓား ေသနတ္စေသာ လက္နက္မ်ားကုိ ေပးလွဴျခင္း= သတၱဒါန။
.
၇။ အဆိပ္ကုိ ေပးလွဴျခင္း= ဝိသဒါန။
.
၈။ လက္ထိပ္၊ သံေျခက်ဥ္း စသည္ကုိ ေပးလွဴျခင္း= သခၤလိကဒါန။
.
၉။ သတ္ျဖတ္စားေသာက္ရန္ ၾကက္ ဝက္ စသသည္ကုိ
ေပးလွဴျခင္း= ကုကၠဳဋသူကရဒါန။
.
၁၀။ မမွန္ကန္ေသာ ခ်ိန္ခြင္-အေလး တင္းေတာင္းၾကိဳး
စသည္ကုိေပးလွဴျခင္း= တုလာကူဋဒါနတုိ႔ ျဖစ္ပါသည္။

.
ထုိအလွဴ(၁၀)မ်ဳိးတုိ႔တြင္ တစ္မ်ဳိးမ်ဳိးကုိ ေပးလွဴလွ်င္ ဒါနကုသုိလ္ မျဖစ္သည့္အျပင္
အကုသုိလ္တရားျဖစ္ပြား၍ အပါယ္သုိ႔ပင္ က်ေရာက္နုိင္ေၾကာင္း မိလိႏၵပဥွာပါဠိေတာ္၌
ေဟာၾကားေတာ္မူထား၏။

ဝိနည္းငါးက်မ္းတြင္ တစ္က်မ္းအျဖစ္ပါဝင္ေသာ ပရိဝါပါဠိေတာ္၌လည္း “လူ႔ေလာကတြင္
မေကာင္းမႈအကုသိုလ္သာ ျဖစ္ပါလ်က္ လူမုိက္မ်ားက ကုသုိလ္ဟု ေခၚေဝၚေနၾကသည့္
အလွဴတုိ႔မွာ ငါးမ်ဳိးရွိ၏။

ထုိငါးမ်ဳိးမွာ
.
(၁)။ ေသရည္ ေသရက္ အလွဴဟူေသာ မဇၨဒါန၊
.
(၂)။ သဘင္အလွဴဟူေသာ သမဇၨဒါန၊
.
(၃)၊ မိန္းမအလွဴဟူေသာ ဣတၳိဒါန၊
.
(၄)။ ႏြားလားဥသဘအလွဴဟူေသာ ဥသဘဒါန၊
.
(၅)။ ကိေလသာပြားေၾကာင္း ပန္းခ်ီေဆးေရးရုပ္ အလွဴ
.
ဟူေသာ စိတၱကမၼဒါနတုိ႔ ျဖစ္၏” ဟု ေဟာ္ၾကားထား၏။

“သူတစ္ပါးတုိ႔ ေသာက္စားရန္ လွဴေသာ ယစ္မ်ဳိးအလွဴ၊ သူတစ္ပါးတုိ႔ ၾကည့္႐ႈေပ်ာ္ပါးေစ။ ရန္လွဴေသာ ပြဲသဘင္အလွဴ၊ အမ်ဳိးသားမ်ား ေမထုန္မွီဝဲရန္ လွဴေသာ မိန္းမအလွဴ၊ ႏြားမကုိ သေႏၶရေအာင္ လွဴေသာ ႏြားလားဥသဘအလွဴ၊ ကိေလသာပြားရန္ ေရးဆြဲထုလုပ္ထားေသာ ပန္းခ်ီေဆးေရးရုပ္ဟူေသာ အလွဴငါးမ်ဳိးတုိ႔မွာ တဏွာရာဂ ပြားေၾကာင္း အစစ္ဧကန္ျဖစ္ေသာေၾကာင့္ ကုသုိလ္မျဖစ္၊ အကုသုိလ္ျဖစ္ေသာ အလွဴတုိ႔သာျဖစ္၏။” ဟု ပရိဝါအ႒ကထာ၌ မိန္႔ဆုိထား၏။

သုိ႔ရာတြင္ ဝိနည္းမဟာဝါပါဠိေတာ္၌ ရဟန္းေတာ္တုိ႔အား အရက္ကုိ လိမ္းက်ံရေသာ နယ္ဆီအျဖစ္ အသုံးျပဳခြင့္ေပးထားေသာေၾကာင့္ အရက္ေသာက္သုံးရန္ မဟုတ္ဘဲ လိမ္းေဆးအျဖစ္ အသုံးျပဳရန္ လွဴေကာင္း၏။

လွဴလ်ွင္ကုသုိလ္ျဖစ္၏။ အမ်ဳိးသမီးတုိ႔အား အရာမ္ေစာင့္အျဖစ္ အလွဴခံခြင့္ျပဳထားေသာေၾကာင့္ အမ်ဳိးသမီးမ်ားကုိ အရာမ္ေစာင့္အတြက္ လွဴေကာင္း၏။ လွဴလ်ွင္ ကုသုိလ္ျဖစ္၏။ ႏြားလား ဥႆဘကုိ ေသနာသနအလုိ႔ငွာ ေက်ာင္းအား လွဴဒါန္းေကာင္း၏။ လွဴလ်ွင္ကုသုိလ္ျဖစ္၏။

ပရိဝါအဌကထာ၌ “ဇရပ္ တန္ေဆာင္း၊ ဂူ၊ ေက်ာင္း၊ ျပႆဒ္၊ မ႑ပ္ စသည္တုိ႔၌ ငရဲခန္း၊ ဘုံခန္း၊ ေတာထြက္ခန္း၊ ပန္းခ်ီ၊ ပန္းပု၊ ေရးထုျခင္းကုိ ျပဳျခင္းငွာအပ္၏” ဟု မိန္႔ဆုိထားေသာေၾကာင့္ ကိေလသာစိတ္မ်ား မျဖစ္ပြားေစတတ္သည့္ ပန္းခ်ီကား၊ ပန္းပုရုပ္တုိ႔ကုိ ေပးလွဴေကာင္း၏။ လွဴလ်ွင္ကုသုိလ္ျဖစ္၏။

သမဇၨဒါနအရာ၌ ယခုကာလကဲ့သုိ႔ ပြဲသဘင္မ်ား ငွား၍ ပူေဇာ္ျခင္းမ်ဳိးကုိ မည္သည့္နည္းႏွင့္မ်ွ မျပဳေကာင္း၊ ပထမေရႊက်င္ဆရာေတာ္ဘုရားၾကီးက “အလွဴေပးရာ၊ ပြဲထည့္ပါ၊ တုိက္တြန္းလာ၊ သူမုိက္တစ္ေယာက္ လူမုိက္စကား၊ နားေယာင္မွား၊ ပြဲငွားအလွဴရွင္ သူမုိက္တစ္ေယာက္၊” စသည့္ ပြဲသဘင္အ လွဴႏွင့္စပ္၍ လူမုိက္ဟူေသာ အသုံးအႏွုန္းျဖင့္ မိန္႔ဆုိထား၏။

သို႔ရာတြင္ “အပ်က္အေခ်ာ္၊ အသေရာ္၊ အေလာ္မာ၊ ဒုစရုိက္မပါဘဲ၊ ပလလဲေတာ၌ ပ်ားလွဴေသာ ေမ်ာက္ကဲ့သုိ႔ျဖစ္ေစ၊ ဝရုဏနတ္မင္းကဲ့သုိ႔ျဖစ္ေစ မိမိ၏ အလွဴတြင္ ဝမ္းေျမာက္ၾကည္ရုံ သဒၶါဟုန္ျဖင့္ ကုိယ္တုိင္ကခုန္၍ ရတနာသုံးပါးအား ပူေဇာ္ေကာင္း၏။ ပူေဇာ္လ်ွင္ ကုသုိလ္ျဖစ္၏” ဟု ဆုံးျဖတ္ထားေပသည္။

ထုိ႔ျပင္ အဆင္းလွပေသာ မိန္းမေယာက်္ားတုိ႔သည္ ရူပဒါနျဖစ္ေစရန္ အၾကည့္႐ႈခံ၍ အဆင္းကုိလွဴအံ့၊ သဒၵဒါနျဖစ္ေစရန္ သီခ်င္းသီဆုိ၍ အသံကုိ လွဴအံ့၊ ဂႏၶဒါနျဖစ္ေစရန္ အနမ္းအ႐ႈခံ၍ အနံ႔ကုိ လွဴအံ့။ ေဖာ႒ဗၺဒါနျဖစ္ေစရန္ အေမြ႕အပုိက္ကိုခံ၍ အေတြ႕ကုိလွဴအံ့။

ဤအလုံးစုံသည္ ကုသုိလ္မျဖစ္၊ အကုသုိလ္သာျဖစ္သည္။ ကုသုိလ္ေဇာမေစာ၊ အမုိက္ေဇာ၊ အမွားေဇာေတြသာ ေစာသည္။ အမုိက္ေဇာ ဆုိသည္မွာ ေမာဟေဇာ၊ အမွားေဇာဆုိသည္မွာ ဒိ႒ိေဇာကုိ ဆုိသည္။ “ဖေလပါဋိကခၤ ိတြာ” ဟု ဒကၡိဏဝိဘဂၤသုတ္အ႒ကထာဆုိေသာေၾကာင့္ ကုသုိလ္လုိ၍ ေပးမွ ဒါနဆုိရသည္။

“ခ်စ္ေပး၊ ၾကိဳက္ေပး၊
ေၾကာက္ေပး(လာဘ္ေမ်ွာ္ေပး) စသည္တုိ႔ကုိ ဒါနမဆုိရ၊”ဟု တတိယေရႊက်င္သာသနာပုိင္ ဒီပဲယင္းဆရာေတာ္ဘုရားၾကီးက ပရမတၳစကၡဳ က်မ္း၌ မိန္႔ဆုိထား၏။

တိပိဋကဓရ မင္းကြန္းဆရာေတာ္ဘုရားၾကီးကလည္း “ၾကည္လင္စင္ၾကယ္ေသာ သဒၶါတရားျဖင့္ေပးျခင္း မဟုတ္ဘဲ ခ်စ္ၾကိဳက္၍ ေပးျခင္း၊ စိတ္ဆုိး၍ေပးျခင္း၊ ေၾကာက္ရြံ႕၍ေပးျခင္း၊၊ မုိက္မဲေတြေဝ၍ေပးျခင္းမွ စ၍ေပးျခင္း ဟူသမ်ွကုိ ေလာက၌ ျပဳက်င့္ၾကျမဲ ဝတၳရားအတုိင္း ေပးျခင္းမ်ဳိးျဖစ္၍ ဒါနပါရမီႏွင့္ မသက္ဆုိင္” ဟု ဒါနမမည္ေသာ ေပးျခင္းမ်ဳိးကုိ မိန္႔ဆုိထားေပသည္။ သုိ႔ျဖစ္၍ အထက္ပါ ဒါနမမည္ေသာ အလွဴဒါနမ်ားအား မျပဳလုပ္မိ၊ မလွဴမိေစရန္ သတိထားသင့္ပါေၾကာင္း အသိေပးလုိက္ပါသည္။

စာဖတ္သူအားလုံး သက္ရွည္က်န္းမာစိတ္ခ်မ္းသာျပီး လုိရာဆႏၵမ်ား
တစ္လုံးတစ္ဝတည္းျပည့္ဝၾကပါေစ။

အရွင္ဝိမလဝံသ(နာလႏၵာတကၠသုိလ္)

______________________________________________

တစ္ႏွစ္တစ္ခါ ငရဲ႐ွာ လူ႔ရြာဘုရားပြဲ
🔎🔎🔎🔎🔎🔎🔎🔎🔎

🔍 ျမန္မာျပည္မွာ ဘုရားပြဲေတြဆိုတာကလည္း အားလုံးသိၾကတဲ့အတိုင္းပဲ၊
အေကာင္ပေလာင္ေတြသတ္ၿပီးေတာ့ အေကြၽးအေမြးလုပ္ၿပီးေတာ့ ဘုရားပြဲက်င္းပတယ္၊ ဇာတ္ပြဲေတြ ထည့္ၿပီးေတာ့ၾကည့္တယ္။ ၾကည့္ေတာ့ တစ္ခ်ိဳ႕အရပ္ေတြမွာ ၾကားဖူးတာ၊ ျမတ္စြာဘုရားရဲ႕ အလွဴခံပုံးမွာ တစ္ႏွစ္လံုးရိွတာ၊လွဴတဲ့သူေတြကေတာ့ ဘုရားေရႊသကၤန္းကပ္ရန္၊ လွ်ပ္စစ္မီးပူေဇာ္ရန္တို႔ ဘာတို႔ညာတို႔ေပါ့။ သူ႔ေခါင္းစီးနဲ႔သူ၊ ေရႊတိဂံုဘုရားေပၚ တက္ၾကည့္ရင္ ေတြ႔မွာေပါ့။ သူ႔ေခါင္းစီးေလးနဲ႔သူ လွဴထားၾကတာေနာ္။

🔎 ေဂါပကေတြက ဘာလုပ္လဲဆို အဲဒီပိုက္ဆံနဲ႔ ပြဲငွါးတယ္၊ ပြဲၾကည့္တယ္။အဲလိုၾကည့့္ၾကတဲ့အခါက်ေတာ့ ဘုရားထဲမွာ ပြဲလာၾကည့္တဲ့သူေတြက ဘယ္ ဘုရားရိွခိုးဖို႔လာတာဟုတ္မလဲ၊ ပြဲၾကည့္သူေတြက ဘာေတြပါလာလဲဆို ဆီးေပါင္းထုပ္တို႔ ဘာတို႔ ဒါမ်ိဳးေတြ ပါလာတယ္ေပါ့။ အခုေခတ္ဆို ပလတ္စတစ္တို႔ေပါ့၊ ၿပီးရင္ အဲဒါေတြကို ပစ္သြားခဲ့တာ၊ပြဲခင္းဟာ ဘုရားဝင္းထဲမွာ အညစ္အေၾကးေတြနဲ႔ ႐ႈတ္ယွက္ခတ္ၿပီး က်န္ခဲ့တာေပါ့။ ဒီထဲက ဟိုနားေပါက္ေတာ ဒီနား ေပါက္ၿမိဳင္နဲ႔ နံေစာ္က်န္ေနခဲ့တာပဲ။ ဒါ တကယ္ျဖစ္တာကို ေျပာျပတာပါ။

🔎 ဘုရားပြဲၿပီးလို႔ စာရင္း႐ွင္းတဲ့အခါက်ေတာ့ ဘယ္လို႐ွင္းတုန္းဆို အၿငိမ့္ငွါးခက ဘယ္ေလာက္၊ ဘာက ဘယ္ေလာက္၊ ဘာက ဘယ္ေလာက္နဲ႔ စာရင္း႐ွင္းလိုက္တာ လိုေငြျပလာတဲ့အခါ ဘုရားထံက ရရန္အေႂကြး ဘယ္ေလာက္ဆိုၿပီး ဘုရားေပၚေတာင္ အေႂကြးတင္လိုက္ေသးတယ္ေနာ္။ ဘုရားႀကီးထံက ရရန္အေႂကြးတဲ့။ တကယ္တကယ္ အဲဒါ။ အဲဒါမ်ိဳးေတြကို ရည္ရြယ္ၿပီးေတာ့ ေရႊက်င္ဆရာေတာ္ႀကီးက `ကုသိုလ္တစ္ပဲ ငရဲတစ္ပိႆာ ´တဲ့၊ ဒီလိုေျပာတာေနာ္။

🔎 တကယ္ကေတာ့ ကုသိုလ္စစ္စစ္ရေအာင္လုပ္ဖို႔ အင္မတန္မွ အေရးႀကီးတယ္။ ဘုရားပြဲလုပ္ရင္ ဘယ္လိုလုပ္ရမလဲ၊ ျမတ္စြာဘုရားကို ဝတ္တက္ၾကမယ္၊ ပန္းေရခ်မ္းတို႔ ပူေဇာ္ရမယ္၊ ဗုဒၶါႏုႆတိပြားရမယ္၊ ရိွခိုးၾကမယ္၊ ဒါေတြပဲလုပ္ရမွာ၊ ပြဲျကည့္ဖို႔ လုပ္ေနရမွာ မဟုတ္ဘူးေနာ္။

🔎 ဒါျဖင့္ ဘုရားပြဲေတြမွာ အတီးအမႈတ္နဲ႔ပူေဇာ္လို႔ မရဘူးလား၊ ရတယ္။ အတီးအမႈတ္နဲ႔ ဘယ္လိုပူေဇာ္ရင္ ကုသိုလ္ရႏိုင္မလဲ၊ ေဟာဒီေစာင္းျဖင့္ ျမတ္စြာဘုရားရဲ႕ ဂုဏ္ေက်းဇူးသီခ်င္းေတြကို ဘုရားကိုပူေဇာ္ပါတယ္။ အဲဒါဆိုရင္ ကုသိုလ္ျဖစ္တယ္။ ကုသိုလ္စိတ္နဲ႔လုပ္ရင္ေတာ့ လုပ္ရင္ေတာ့ ကုသိုလ္ျဖစ္ပါတယ္၊ လုပ္လို႔ရတယ္။ စိတ္အထားမတတ္ အလုပ္မတတ္ရင္ေတာ့ ကုသိုလ္မရဘဲနဲ႔ အကုသိုလ္ျဖစ္တယ္။ဒါလည္း သတိထားစရာ အလြန္ေကာင္းတာေပါ့ေနာ္။ ဒါေၾကာင့္မို႔ ေရႊက်င္ဆရာေတာ္ႀကီးက `တစ္ႏွစ္တစ္ခါ ငရဲ႐ွာ လူ႔႐ြာဘုရားပြဲ´ ဆိုၿပီး ေရးထားတာ။ ဆရာေတာ္ႀကီးက အဲဒီအတိုင္းျမင္လို႔ ေရးထားတာ။ စာတမ္းရဲ႕နာမည္ကိုက `ကုသိုလ္တစ္ပဲ ငရဲတစ္ပိႆာ´ စာတမ္းတဲ့ေနာ္။

............................

ကုသိုလ္တစ္ပဲ ငရဲတစ္ပိႆာ
++++++++++++++++++

ဒီေဒသနာေတာ္မွာ ျမတ္စြာဘုရားက ဘာကို အေၾကာင္းျပဳၿပီး ေဟာခဲ့တာလဲလို႔ဆိုေတာ့ လူမိုက္ နကၡတ္ပြဲကို အေၾကာင္းျပဳတာ။ ျမတ္စြာဘုရား လက္ထက္မွာလည္း အလြန္ဆိုးတဲ့့ အေျခအေနေတြ၊ လူမိုက္ေတြ ရွိတာပဲ။ ဘယ္ေခတ္မွာမဆို ပညာရွိတဲ့လူနဲ႔ ပညာမဲ့တဲ့လူ အၿမဲတမ္းရွိတာပဲ။ ပညာမဲ့တဲ့ ပုဂိၢဳလ္ရဲ႔ လုပ္ရပ္က တစ္မ်ိဳး၊ ပညာရွိတဲ႔ ပုဂိၢဳလ္ရဲ႔ လုပ္ရပ္ကတစ္မ်ိဳး၊ ပညာမဲ့တဲ႔ ပုဂိၢဳလ္ရဲ႔ အေတြးက တစ္မ်ိဳး၊ ပညာရွိတဲ႔ ပုဂိၢဳလ္ရဲ႔ အေတြးက တစ္မ်ိဳး၊ ဒီႏွစ္မ်ိဳးဟာ ေပါင္းစပ္လို႔ရႏ ိင္တဲ့ အေနအထားမရွိဘူး။

ျမတ္စြာဘုရား ၂၅-ႏွစ္ သီတင္းသံုးခဲ့တဲ႔ေနရာ သာ၀တၳိၿမိဳ႔ ေဇတ၀န္ေက်ာင္း၊ သာ၀တၳိၿမိဳ႔ကို အမွီျပဳၿပီး ဘုရားက ၂၅-ႏွစ္ေတာင္ ေနခဲ့တာ။ ဘယ္ေနရာမွ ဒီေလာက္အၾကာႀကီး မေနဘူး။ ေဆြေတာ္ မ်ိဳးေတာ္ေတြ ေဆာက္လုပ္ထားတဲ့ နိေျဂာဓာ႐ံုေက်ာင္းေတာင္မွ ဒီေလာက္ အၾကာႀကီးေနတာ မရွိဘူး။ အဲဒီ သာ၀တၳိမွာေတာ့ ျမတ္စြာဘုရားက အၾကာႀကီး သီတင္းသံုးတယ္။ အဲဒီလို ဘုရားအၾကာႀကီး သီတင္းသံုးတဲ႔ သာ၀တၳိကလူေတြဟာ အကုန္လံုး ပညာရွိေတြခ်ည္းပဲ ျဖစ္သလား၊ လူ႔ယဥ္ေက်းေတြခ်ည္းပဲ ျဖစ္သလားဆိုေတာ့ မျဖစ္ဘူး။ လူဆိုးလူမိုက္ေတြ အမ်ားႀကီးပဲ။

"ဗာလ နကၡတၱ" ဆိုတဲ့ သူတို႔မွာ လ,အလိုက္ နကၡတ္ပြဲေတြ ရွိတယ္ေပါ့။ ဘယ္နကၡတ္နဲ႔ေတြ႔ ရင္ ဘာလုပ္၊ ဘယ္နကၡတ္နဲ႔ေတြ႔ရင္ ဘာလုပ္၊ နကၡတ္အလိုက္ ဆိုပါစို႔၊ လျပည့္ လကြယ္ ေကာင္းကင္က moon. ဆိုတဲ့ လ, ႀကီးရဲ႔ အေနအထားကို ၾက ့္ၿပီးေတာ့ လူေတြ ရက္တြက္ၾကတယ္။ .....အဲဒီလို နကၡတ္ေတြရဲ႔ နာမည္နဲ႔ ေဟာ သြား၊ အဲဒီထဲမယ္ ဗမာမွာေတာင္ ရွိတယ္ထင္တယ္။ တန္ေဆာင္မုန္း လျပည့္ဟာ ေစာရနကၡတ္ဆိုၿပီ းေတာ့ လျပည့့္္ေန႔မွာ မဟုတ္တ႐ုတ္လုပ္တ ာေတြ အမ်ားႀကီး ရွိတယ္။ ဆိုင္းဘုတ္ေတြ ဟိုေ႐ႊ႔ ဒီေ႐ႊ႔၊ ဗမာျပည္မွွာလည္း လုပ္ၾကတာေတြ ရွိတယ္ေပါ့။ အဲဒီ တန္ေဆာင္မုန္းလျ ပည့္ေန႔လည္း ျဖစ္ခ်င္ျဖစ္မယ္ေပါ့။

စာထဲမွာေတာ့ ဘယ္လလို႔ေတာ့ မေျပာဘူး။ ဗာလနကၡတ္က လူမိုက္ေတြရဲ႔ ပြဲလမ္းသဘင္က်င္းပတဲ့ နကၡတ္ပြဲသဘင္ရွိ တယ္တဲ့။ သူတို႔ဆီမွာဆိုရင္ တစ္လတစ္ခါ နကၡတ္ပြဲေတြလုပ္ၾကတယ္ေပါ့။ ပူေဇာ္ပြဲေတြ လုပ္ၾကတယ္။ အဲဒီထဲမယ္ သူတို႔ကိုးကြယ္တ ာကလည္း အမ်ိဳးမ်ိဳးရွိတယ္။ ေကာင္းတဲ့ဟာ ရွိသလို မေကာင္းတာလည္းရွိတယ္။ အဲဒီ တခ်ိဳ႔ နကၡတ္ ဗာလ နကၡတ္က်ေတာ့ သူတို႔စာဆိုအရ အဲဒီေန႔မွာ ဘာလုပ္တုန္းဆို ပါးစပ္က ယုတ္ယုတ္မာမာစကားေတြ ေျပာၾကတယ္။ အိမ္တိုင္းအိမ္တိုင္း လိုက္ၿပီးေတာ့ ယုတ္ယုတ္မာမာ စကားေတြ မၾကား၀ံ႔ မနာသာ စကားေတြ ေျပာၾကတယ္။ ဟဲ႔ ေတာ္ၾကပါေတာ့ဆို ပိုက္ဆံေလးေပးလိုက္ရင္ ထြက္သြားၾကတယ္။ ပိုက္ဆံမေပးမခ်င္းေတာ့ မဟုတ္တ႐ုတ္ေတြ ေျပာၾကတာပဲ။

စာထဲမွာေတာ့ "အသဗၻီ၀ါစာ" ဆိုတာ လူၾကားထဲမွာ ၾကားမေကာင္းတဲ့စ ကားလို႔ေျပာတာ။ ကိုယ့္ဘာကိုယ္သာ ေတြးၾကည့္ေတာ့။ လူၾကားထဲမွာ နားေထာင္လို႔မေကာင္းတဲ့ စကားမ်ိဳးေတြ ေျပာၾကတယ္။ ယုတ္ယုတ္မာမာ စကားေတြ ေျပာတယ္။ အဲဒီေတာ့ အိမ္တိုင္းအိမ္တိုင္းက ပိုက္ဆံ ေပးလိုက္တဲ့အခါက်ေတာ့ အဲဒီပိုက္ဆံယူၿပီးေတာ့ ေသာက္စားေပ်ာ္ပါ းၾကတယ္။ ဘယ္ႏွစ္ရက္ ၾကာတုန္းဆိုရင္ ခုနစ္ရက္ၾကာတယ္။

ဘုရားလက္ထက္က ျမတ္စြာဘုရားေတာင္မွပဲ ဘုရားကို ၾကည္ညိဳတဲ့ ဒကာ၊ ဒကာမေတြက "အရွင္ဘုရားတို႔ ဆြမ္းခံမၾကြပါနဲ႔၊ ဒီခုနစ္ရက္ေတာ့ ေက်ာင္းမွာပဲ သီတင္းသံုးပါ ဆိုၿပီးေတာ့ ဆြမ္းခ်က္ၿပီး ေက်ာင္းပို႔ၾကတယ္၊ ဘာျဖစ္လို႔တုန္းဆိုရင္ ခုနက လူမိုက္ေတြက မၾကား၀ံ႔ မနာသာ စကားေတြ ဆဲဆိုၿပီးေတာ့ တစ္ၿမိဳ႔လံုးဟာ အုန္းအုန္းက်က္က်က္ ျဖစ္ေနတယ္။ အဲဒီေန႔မွာ ဆဲလည္း ကိစၥမရွိဘူး။ ဗမာျပည္မွာေတာ့ တျခားအခ်ိန္မွာ ေရပက္ရင္ေတာ့ ရန္ျဖစ္မွာေပါ့၊ သႀကၤန္တြင္း မွာေတာ့ ပက္ရင္ ခံေနၾကရတာပဲ၊ ပြဲကိုး။ အဲဒီ ဗာလနကၡတ္ပြဲမွာဆိုလို႔ရွိရင္ ဆဲခ်င္တိုင္းဆဲ နားဂြမ္းဆို႔ထားမွပဲရမယ္။ ဆဲခ်င္တိုင္းဆဲ၊ ေျပာခ်င္တာေတြေျပာ၊ မၾကား၀ံ႔မနာသာေတ ြေျပာ၊ ဘာမွ ျပန္ေျပာလို႔မရဘူး၊ အခါကာလကိုး။

အဲဒီလိုပြြဲမ်ိဳးဟာ ဘုရားလက္ထက္ သာ၀တၳိၿမိဳ႔မွာ ဒီလိုပြဲမ်ိဳး ျဖစ္ခဲ့တယ္။ ခုနစ္ရက္တိတိ လူေတြဟာ ဒုကၡေရာက္ၾကတယ္။ လူေတာ္လူေကာင္းေတြ ဒုကၡေရာက္ၾကတယ္ေပါ့။ ခုနက လူမိုက္ေတြ ကေတာ့ ေပ်ာ္ၾကတယ္ေပါ့။ အဲဒီပြဲႀကီး သတ္မွတ္ထားတဲ့ရက ကုန္ဆံုးသြားေတာ့မွ အားလံုးဟာ နားခ်မ္းသာၿပီးေတာ့ ဘုရားအမွဴရွိတဲ့ သံဃာေတြ ၿမိဳ႔တြင္း ဆြမ္းခံျပန္၀င္ၾကရတယ္၊ ဒီလိုဆိုတယ္။

.....ေရႊက်င္ဆရာေတာ္ႀကီးေရးတဲ့ "တစ္ႏွစ္တစ္ခါ ငရဲရွာ လူ႔ရြာဘုရားပြဲ" "ကုသိုလ္တစ္ပဲ ငရဲတစ္ပိႆာ" စာတမ္း။ ဘာျဖစ္လို႔တုန္းဆို သူ႔ေခတ္မွာ ခုနက ဘုရားပြဲေတြက ၀က္သတ္၊ ၾကက္သတ္နဲ႔ အသားေတြ သတ္ၿပီးေတာ့ ၊ သံဃာေတြ ပင့္ၿပီးေတာ့ ဆြမ္းေကြ်းၾကတယ္၊ ဧည့္သည္ေတြ ဧည့္ခံၾကတယ္။ ဒီလိုေတြ ျဖစ္တာကို။

■ သားေကာင္ေတြသတ္ၿပီး ဒါနေကာင္းမႈလုပ္တယ္ ဆိုလို႔ရိွရင္ ႏွစ္ပိုင္းရိွတယ္။ သတ္တဲ့အပိုင္းက တစ္ပိုင္း၊
■ ဒါနေကာင္းမႈလုပ္တာက တစ္ပိုင္း၊ သတ္တဲ့အပိုင္းက အကုသိုလ္ျဖစ္တယ္၊
ဒါနေကာင္းမႈလုပ္တာ ကုသိုလ္ျဖစ္တယ္။
အဲဒီ ႏွစ္ခုကို ယွဥ္ၾကည့္လိုက္မယ္ဆိုရင္
ဒါနကုသိုလ္ ရလိုက္တာက နည္းနည္း၊
ငရဲၾကီးလိုက္တာက မ်ားမ်ား။ အဲဒါကို ရည္ရြယ္ၿပီးေတာ့ `ကုသိုလ္တစ္ပဲ ငရဲ တစ္ပိႆာ´ လို႔ ေျပာတာ။

■ ၾကားဖူးၾကပါလိမ့္မယ္၊ အမ်ိဳးသမီးတစ္ေယာက္ဟာ အိမ္ကို ဧည့္သည္ေရာက္လာတယ္၊ အဲဒီေန႔မွာလည္းပဲ ဥပေဒအရ အသားမေပၚရ ဆိုတဲ့ ေန႔နဲ႔ၾကံဳေတာ့ အသားကို ဘယ္မွာမွ ဝယ္မရဘူး။

■ အိမ္ေရာက္လာတဲ့ ဧည့္သည္ကို သူက ဟင္းေကာင္းနဲ႔ ဧည့္ခံခ်င္တယ္၊ အဲဒါနဲ႔ အိမ္မွာ ေမြးထားတဲ့ ဆိတ္ကေလးကို လည္လွီးၿပီး ခ်က္တယ္၊ အဲဒီအမ်ိဳးသမီးဟာ သူက လည္လွီးၿပီးေတာ့ ခ်က္လိုက္လို႔ ဘဝတိုင္း ဘဝတိုင္းမွာ ငရဲက်သြားတယ္။ ငရဲကလြတ္တဲ့ အခါက်ေတာ့လည္း ဇက္ျပတ္ၿပီးေတာ့(ဇာတ္အျဖတ္ခံရျပီးေတာ့) ေသရတဲ့ ဘဝေတြက မနည္းဘူးတဲ့။ ဒါေၾကာင့္မို႔ တစ္ခ်ိဳ႕က ေျပာတယ္၊ ဆိတ္ေမြးအမွ် ခံရတယ္တဲ့။

■ တစ္ခ်ိဳ႕က ထင္ေကာင္းထင္လိမ့့္မယ္၊ ကိုယ္က တစ္ခါတည္းသတ္တာ၊ ဘာျဖစ္လို႔ ဒီေလာက္ ခံရတာတုန္းဆို
လူ႔ရဲ႕ သႏ ၱာန္မွာျဖစ္တဲ့ ေစတနာက နည္းတာမွ မဟုတ္တာ၊ အဲဒါေမးလို႔ရိွရင္ ကိုယ္က ျပန္ေမးရလိမ့္မယ္။ သရက္ပင္စိုက္တဲ့ အခါမွာ တစ္ေစ့တည္းစိုက္တာ၊ ေပါက္လာတဲ့ အပင္ကသီးေတာ့ တစ္လံုးတည္း သီးသလား (သို႔မဟုတ္) အမ်ားႀကီး သီးသလား။ တစ္ခုတည္းလုပ္ေပမယ့္လို႔ အမ်ားႀကီးရတယ္ဆိုတာ ထင္႐ွားတယ္ေနာ္။

■ လူ႔ရဲ႕ သႏ ၱာန္မွာ စိတ္ေစတနာေတြက ေျမာက္ျမားစြာ ျဖစ္တယ္။ လက္ဖ်စ္တစ္ခ်က္အတြင္းမွာ ေစတနာေပါင္းက တစ္သိန္းေလာက္ ျဖစ္သြားတယ္။ အဲဒီထဲမွာ အက်ိဳးေပးႏိုင္တဲ့ ေစတနာေတြ ေျမာက္ျမားစြာ ပါတယ္တဲ့။ ဒါေၾကာင့္မို႔ ျမတ္စြာဘုရားက ကုသိုလ္ေကာင္းမႈလုပ္တဲ့အခါမွာလည္းပဲ တိရစၧာန္ကို လွဴလို႔ရိွရင္ အဆတစ္ရာ၊ ကိုယ္က်င့္တရား မေကာင္းတဲ့လူကို လွဴရင္ အဆတစ္ေထာင္တဲ့၊ ဒီလိုေျပာတာ။

■ ခုနက အကုသိုလ္အလုပ္ေတြလုပ္လို႔ အကုသိုလ္ေတြ ျဖစ္လာၿပီဆိုလို႔ရိွရင္လည္း ဒီလိုပဲခံရတယ္။ အဲဒီအမ်ိဳးသမီးက ဧည့္သည္ကို ေကြၽးေမြးဧည့္ခံခ်င္တာဟာ ကုသိုလ္ ပဲ။ ေကြၽးခ်င္ေမြးခ်င္တယ္၊ မွန္တယ္၊ ဒါ ကုသိုလ္ ။ သို႔ေသာ္ ဆိတ္ကေလးကို သတ္လိုက္တာကေတာ့ အကုသိုလ္ေပါ့။အဲဒီအကုသိုလ္ကို ခံရတယ္။ ကုသိုလ္ရဲ႕ အက်ိဳးကိုခံရတာ ဒီေလာက္ မထင္႐ွားဘဲနဲ႔ လူ႔ဘဝရလာတိုင္း (သို႔မဟုတ္) ဘဝတစ္ခုရတိုင္း ဇက္ျပတ္ၿပီးေတာ့ (ဇက္အျဖတ္ခံရၿပီးေတာ့) ေသရတယ္တဲ့။ အဲဒီအကုသိုလ္က ခံလိုက္ရတာ အမ်ားျကီးခံရတယ္။အဲဒါမ်ိဳးကို ရည္ရြယ္ေျပာတာ။ `ကုသိုလ္တစ္ပဲ ငရဲတစ္ပိႆာ´ တဲ့။ ဒီလိုခံရရင္ ေတာ္ေတာ္ေလးေၾကာက္စရာ ေကာင္းတဲ့ဟာပဲေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗုဒၶေရအိုးစင္
# Unicode Version # ျဖင့္ ဖတ္ပါ #


အလှူဒါနပြုခြင်းသည် ကုသိုလ်ရရန်ဖြစ်၏။ အလှူပွဲ၌ ကြက်၊ ဝက်၊ နွားများကို
သတ်၍ ကျွေးမွေးခြင်းဖြင့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်ရ၏။ အလှူရှင်သည် ပင့်သံဃာ၊ ဖိတ်ထားသော ပရိသတ်အတွက် လောက်လောက်ငငဖြစ်စေရန် ကြက်က ဘယ်နှစ်ကောင်၊ ဝက်က ဘယ်နှစ်ကောင် သတ်၍ကျွေးရမည်ဟု စိတ်ကိုဖြစ်စေ၏။

မလှူမီကပင် မနောကံအကုသိုလ်များ ဖြစ်နေသည်။
တစ်ဖန် အလှူပွဲရောက်သောအခါ သတ္တဝါများကို မိမိကိုယ်တိုင် မသတ်စေကာမူ
သင့်တော်မည့် ပုဂ္ဂိုလ်များကို သတ်ရန် ပြောဆိုစေခိုင်းရပြန်သည်။
ထိုအခါ ဝစီကံ အကုသိုလ်က ဖြစ်ရပြန်သည်။

တစ်ဖန်ဟင်းလျာများ ရရှိရေးအတွက် ရှေးဦးစွာ ကိုယ်တိုင်အားထုတ်ရ၏။
ကြက်၊ ဝက် ရနိုင်သည့်နေရာသို့ သွားရ၏။ အရောင်းအဝယ်ကိစ္စဆောင်ရွတ်ရ၏။ တန်ဖိုးကိုပေးချေရ၏။ထိုအခါ ကာယကံအကုသိုလ် ဖြစ်တော့၏။

အလှူရှင်သည် ကောင်းမှုပြုမည်ဟု နှလုံးသွင်းကာ မကောင်းမှုကို ပြုဘိ၏။
ကုသိုလ်ပြုအံ့ဟူ၍ အကုသိုလ်ကို ပြုနေ၏။ သုဂတိလမ်းကြောင်းကို
ရှာမည်ဟုကြံစည်လျှက် ဒုဂ္ဂတိလမ်းကြောင်းကို ရှာမှီးနေဘိ၏။
.

သတိထားဖွယ် မပေးလှူကောင်းသော အလှူ(၁၀)မျိုး

ပေးကမ်းလှူဒါန်းမှုပြုသော်လည်း ဒါနဟု မခေါ်ရ။ အဒါနဟုသာ ခေါ်ရသည့်
ပေးကမ်းမှု(၁၀)မျိုးကို မိလိန္ဒပဥှာပါဠိတော် (ဝေဿန္တရပဥှာ) ၌
ဟောကြားတော်မူသည့်အတိုင်း ဖော်ပြပါမည်။
.
ထိုမပေးလှူကောင်းသော အလှူ(၁၀)မျိုးမှာ
.
၁။ မူးယစ်စေတတ်သော သေရည်သေရက် စသောအရာများကို
ပေးလှူခြင်း= မဇ္ဇဒါန။
.
၂။ ပွဲလမ်းသဘင် စသည်တို့ကို ပေးလှူခြင်း= သမဇ္ဇဒါန။
.
၃။ မေထုန်မှီဝဲမှုပြုရန် အမ-သတ္တဝါများကိုပေးလှူခြင်း= ဣတ္ထိဒါန
.
၄။ မေထုန်မှီဝဲစေရန် နွားလားဥသဘ စသည်ကို ပေးလှူခြင်း= ဥသဘဒါန။
.
၅။ ကာမဂုဏ်စိတ်ကို ထကြွပွားများစေတတ်သော ပန်းချီကား အရုပ်
စသည်ကို ပေးလှူခြင်း= စိတ္တကမ္မဒါန။
.
၆။ တုတ် ဓား သေနတ်စသော လက်နက်များကို ပေးလှူခြင်း= သတ္တဒါန။
.
၇။ အဆိပ်ကို ပေးလှူခြင်း= ဝိသဒါန။
.
၈။ လက်ထိပ်၊ သံခြေကျဉ်း စသည်ကို ပေးလှူခြင်း= သင်္ခလိကဒါန။
.
၉။ သတ်ဖြတ်စားသောက်ရန် ကြက် ဝက် စသသည်ကို
ပေးလှူခြင်း= ကုက္ကုဋသူကရဒါန။
.
၁၀။ မမှန်ကန်သော ချိန်ခွင်-အလေး တင်းတောင်းကြိုး
စသည်ကိုပေးလှူခြင်း= တုလာကူဋဒါနတို့ ဖြစ်ပါသည်။

.
ထိုအလှူ(၁၀)မျိုးတို့တွင် တစ်မျိုးမျိုးကို ပေးလှူလျှင် ဒါနကုသိုလ် မဖြစ်သည့်အပြင်
အကုသိုလ်တရားဖြစ်ပွား၍ အပါယ်သို့ပင် ကျရောက်နိုင်ကြောင်း မိလိန္ဒပဥှာပါဠိတော်၌
ဟောကြားတော်မူထား၏။

ဝိနည်းငါးကျမ်းတွင် တစ်ကျမ်းအဖြစ်ပါဝင်သော ပရိဝါပါဠိတော်၌လည်း “လူ့လောကတွင်
မကောင်းမှုအကုသိုလ်သာ ဖြစ်ပါလျက် လူမိုက်များက ကုသိုလ်ဟု ခေါ်ဝေါ်နေကြသည့်
အလှူတို့မှာ ငါးမျိုးရှိ၏။

ထိုငါးမျိုးမှာ
.
(၁)။ သေရည် သေရက် အလှူဟူသော မဇ္ဇဒါန၊
.
(၂)။ သဘင်အလှူဟူသော သမဇ္ဇဒါန၊
.
(၃)၊ မိန်းမအလှူဟူသော ဣတ္ထိဒါန၊
.
(၄)။ နွားလားဥသဘအလှူဟူသော ဥသဘဒါန၊
.
(၅)။ ကိလေသာပွားကြောင်း ပန်းချီဆေးရေးရုပ် အလှူ
.
ဟူသော စိတ္တကမ္မဒါနတို့ ဖြစ်၏” ဟု ဟော်ကြားထား၏။

“သူတစ်ပါးတို့ သောက်စားရန် လှူသော ယစ်မျိုးအလှူ၊ သူတစ်ပါးတို့ ကြည့်ရှုပျော်ပါးစေ။ ရန်လှူသော ပွဲသဘင်အလှူ၊ အမျိုးသားများ မေထုန်မှီဝဲရန် လှူသော မိန်းမအလှူ၊ နွားမကို သန္ဓေရအောင် လှူသော နွားလားဥသဘအလှူ၊ ကိလေသာပွားရန် ရေးဆွဲထုလုပ်ထားသော ပန်းချီဆေးရေးရုပ်ဟူသော အလှူငါးမျိုးတို့မှာ တဏှာရာဂ ပွားကြောင်း အစစ်ဧကန်ဖြစ်သောကြောင့် ကုသိုလ်မဖြစ်၊ အကုသိုလ်ဖြစ်သော အလှူတို့သာဖြစ်၏။” ဟု ပရိဝါအဋ္ဌကထာ၌ မိန့်ဆိုထား၏။

သို့ရာတွင် ဝိနည်းမဟာဝါပါဠိတော်၌ ရဟန်းတော်တို့အား အရက်ကို လိမ်းကျံရသော နယ်ဆီအဖြစ် အသုံးပြုခွင့်ပေးထားသောကြောင့် အရက်သောက်သုံးရန် မဟုတ်ဘဲ လိမ်းဆေးအဖြစ် အသုံးပြုရန် လှူကောင်း၏။

လှူလျှင်ကုသိုလ်ဖြစ်၏။ အမျိုးသမီးတို့အား အရာမ်စောင့်အဖြစ် အလှူခံခွင့်ပြုထားသောကြောင့် အမျိုးသမီးများကို အရာမ်စောင့်အတွက် လှူကောင်း၏။ လှူလျှင် ကုသိုလ်ဖြစ်၏။ နွားလား ဥဿဘကို သေနာသနအလို့ငှာ ကျောင်းအား လှူဒါန်းကောင်း၏။ လှူလျှင်ကုသိုလ်ဖြစ်၏။

ပရိဝါအဌကထာ၌ “ဇရပ် တန်ဆောင်း၊ ဂူ၊ ကျောင်း၊ ပြဿဒ်၊ မဏ္ဍပ် စသည်တို့၌ ငရဲခန်း၊ ဘုံခန်း၊ တောထွက်ခန်း၊ ပန်းချီ၊ ပန်းပု၊ ရေးထုခြင်းကို ပြုခြင်းငှာအပ်၏” ဟု မိန့်ဆိုထားသောကြောင့် ကိလေသာစိတ်များ မဖြစ်ပွားစေတတ်သည့် ပန်းချီကား၊ ပန်းပုရုပ်တို့ကို ပေးလှူကောင်း၏။ လှူလျှင်ကုသိုလ်ဖြစ်၏။

သမဇ္ဇဒါနအရာ၌ ယခုကာလကဲ့သို့ ပွဲသဘင်များ ငှား၍ ပူဇော်ခြင်းမျိုးကို မည်သည့်နည်းနှင့်မျှ မပြုကောင်း၊ ပထမရွှေကျင်ဆရာတော်ဘုရားကြီးက “အလှူပေးရာ၊ ပွဲထည့်ပါ၊ တိုက်တွန်းလာ၊ သူမိုက်တစ်ယောက် လူမိုက်စကား၊ နားယောင်မှား၊ ပွဲငှားအလှူရှင် သူမိုက်တစ်ယောက်၊” စသည့် ပွဲသဘင်အ လှူနှင့်စပ်၍ လူမိုက်ဟူသော အသုံးအနှုန်းဖြင့် မိန့်ဆိုထား၏။

သို့ရာတွင် “အပျက်အချော်၊ အသရော်၊ အလော်မာ၊ ဒုစရိုက်မပါဘဲ၊ ပလလဲတော၌ ပျားလှူသော မျောက်ကဲ့သို့ဖြစ်စေ၊ ဝရုဏနတ်မင်းကဲ့သို့ဖြစ်စေ မိမိ၏ အလှူတွင် ဝမ်းမြောက်ကြည်ရုံ သဒ္ဓါဟုန်ဖြင့် ကိုယ်တိုင်ကခုန်၍ ရတနာသုံးပါးအား ပူဇော်ကောင်း၏။ ပူဇော်လျှင် ကုသိုလ်ဖြစ်၏” ဟု ဆုံးဖြတ်ထားပေသည်။

ထို့ပြင် အဆင်းလှပသော မိန်းမယောကျ်ားတို့သည် ရူပဒါနဖြစ်စေရန် အကြည့်ရှုခံ၍ အဆင်းကိုလှူအံ့၊ သဒ္ဒဒါနဖြစ်စေရန် သီချင်းသီဆို၍ အသံကို လှူအံ့၊ ဂန္ဓဒါနဖြစ်စေရန် အနမ်းအရှုခံ၍ အနံ့ကို လှူအံ့။ ဖောဋ္ဌဗ္ဗဒါနဖြစ်စေရန် အမွေ့အပိုက်ကိုခံ၍ အတွေ့ကိုလှူအံ့။

ဤအလုံးစုံသည် ကုသိုလ်မဖြစ်၊ အကုသိုလ်သာဖြစ်သည်။ ကုသိုလ်ဇောမစော၊ အမိုက်ဇော၊ အမှားဇောတွေသာ စောသည်။ အမိုက်ဇော ဆိုသည်မှာ မောဟဇော၊ အမှားဇောဆိုသည်မှာ ဒိဋ္ဌိဇောကို ဆိုသည်။ “ဖလေပါဋိကင်္ခ ိတွာ” ဟု ဒက္ခိဏဝိဘင်္ဂသုတ်အဋ္ဌကထာဆိုသောကြောင့် ကုသိုလ်လို၍ ပေးမှ ဒါနဆိုရသည်။

“ချစ်ပေး၊ ကြိုက်ပေး၊
ကြောက်ပေး(လာဘ်မျှော်ပေး) စသည်တို့ကို ဒါနမဆိုရ၊”ဟု တတိယရွှေကျင်သာသနာပိုင် ဒီပဲယင်းဆရာတော်ဘုရားကြီးက ပရမတ္ထစက္ခု ကျမ်း၌ မိန့်ဆိုထား၏။

တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီးကလည်း “ကြည်လင်စင်ကြယ်သော သဒ္ဓါတရားဖြင့်ပေးခြင်း မဟုတ်ဘဲ ချစ်ကြိုက်၍ ပေးခြင်း၊ စိတ်ဆိုး၍ပေးခြင်း၊ ကြောက်ရွံ့၍ပေးခြင်း၊၊ မိုက်မဲတွေဝေ၍ပေးခြင်းမှ စ၍ပေးခြင်း ဟူသမျှကို လောက၌ ပြုကျင့်ကြမြဲ ဝတ္ထရားအတိုင်း ပေးခြင်းမျိုးဖြစ်၍ ဒါနပါရမီနှင့် မသက်ဆိုင်” ဟု ဒါနမမည်သော ပေးခြင်းမျိုးကို မိန့်ဆိုထားပေသည်။ သို့ဖြစ်၍ အထက်ပါ ဒါနမမည်သော အလှူဒါနများအား မပြုလုပ်မိ၊ မလှူမိစေရန် သတိထားသင့်ပါကြောင်း အသိပေးလိုက်ပါသည်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများ
တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

______________________________________________

တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ
🔎🔎🔎🔎🔎🔎🔎🔎🔎

🔍 မြန်မာပြည်မှာ ဘုရားပွဲတွေဆိုတာကလည်း အားလုံးသိကြတဲ့အတိုင်းပဲ၊
အကောင်ပလောင်တွေသတ်ပြီးတော့ အကျွေးအမွေးလုပ်ပြီးတော့ ဘုရားပွဲကျင်းပတယ်၊ ဇာတ်ပွဲတွေ ထည့်ပြီးတော့ကြည့်တယ်။ ကြည့်တော့ တစ်ချို့အရပ်တွေမှာ ကြားဖူးတာ၊ မြတ်စွာဘုရားရဲ့ အလှူခံပုံးမှာ တစ်နှစ်လုံးရှိတာ၊လှူတဲ့သူတွေကတော့ ဘုရားရွှေသင်္ကန်းကပ်ရန်၊ လျှပ်စစ်မီးပူဇော်ရန်တို့ ဘာတို့ညာတို့ပေါ့။ သူ့ခေါင်းစီးနဲ့သူ၊ ရွှေတိဂုံဘုရားပေါ် တက်ကြည့်ရင် တွေ့မှာပေါ့။ သူ့ခေါင်းစီးလေးနဲ့သူ လှူထားကြတာနော်။

🔎 ဂေါပကတွေက ဘာလုပ်လဲဆို အဲဒီပိုက်ဆံနဲ့ ပွဲငှါးတယ်၊ ပွဲကြည့်တယ်။အဲလိုကြည့်ကြတဲ့အခါကျတော့ ဘုရားထဲမှာ ပွဲလာကြည့်တဲ့သူတွေက ဘယ် ဘုရားရှိခိုးဖို့လာတာဟုတ်မလဲ၊ ပွဲကြည့်သူတွေက ဘာတွေပါလာလဲဆို ဆီးပေါင်းထုပ်တို့ ဘာတို့ ဒါမျိုးတွေ ပါလာတယ်ပေါ့။ အခုခေတ်ဆို ပလတ်စတစ်တို့ပေါ့၊ ပြီးရင် အဲဒါတွေကို ပစ်သွားခဲ့တာ၊ပွဲခင်းဟာ ဘုရားဝင်းထဲမှာ အညစ်အကြေးတွေနဲ့ ရှုတ်ယှက်ခတ်ပြီး ကျန်ခဲ့တာပေါ့။ ဒီထဲက ဟိုနားပေါက်တော ဒီနား ပေါက်မြိုင်နဲ့ နံစော်ကျန်နေခဲ့တာပဲ။ ဒါ တကယ်ဖြစ်တာကို ပြောပြတာပါ။

🔎 ဘုရားပွဲပြီးလို့ စာရင်းရှင်းတဲ့အခါကျတော့ ဘယ်လိုရှင်းတုန်းဆို အငြိမ့်ငှါးခက ဘယ်လောက်၊ ဘာက ဘယ်လောက်၊ ဘာက ဘယ်လောက်နဲ့ စာရင်းရှင်းလိုက်တာ လိုငွေပြလာတဲ့အခါ ဘုရားထံက ရရန်အကြွေး ဘယ်လောက်ဆိုပြီး ဘုရားပေါ်တောင် အကြွေးတင်လိုက်သေးတယ်နော်။ ဘုရားကြီးထံက ရရန်အကြွေးတဲ့။ တကယ်တကယ် အဲဒါ။ အဲဒါမျိုးတွေကို ရည်ရွယ်ပြီးတော့ ရွှေကျင်ဆရာတော်ကြီးက `ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ´တဲ့၊ ဒီလိုပြောတာနော်။

🔎 တကယ်ကတော့ ကုသိုလ်စစ်စစ်ရအောင်လုပ်ဖို့ အင်မတန်မှ အရေးကြီးတယ်။ ဘုရားပွဲလုပ်ရင် ဘယ်လိုလုပ်ရမလဲ၊ မြတ်စွာဘုရားကို ဝတ်တက်ကြမယ်၊ ပန်းရေချမ်းတို့ ပူဇော်ရမယ်၊ ဗုဒ္ဓါနုဿတိပွားရမယ်၊ ရှိခိုးကြမယ်၊ ဒါတွေပဲလုပ်ရမှာ၊ ပွဲကြည့်ဖို့ လုပ်နေရမှာ မဟုတ်ဘူးနော်။

🔎 ဒါဖြင့် ဘုရားပွဲတွေမှာ အတီးအမှုတ်နဲ့ပူဇော်လို့ မရဘူးလား၊ ရတယ်။ အတီးအမှုတ်နဲ့ ဘယ်လိုပူဇော်ရင် ကုသိုလ်ရနိုင်မလဲ၊ ဟောဒီစောင်းဖြင့် မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးသီချင်းတွေကို ဘုရားကိုပူဇော်ပါတယ်။ အဲဒါဆိုရင် ကုသိုလ်ဖြစ်တယ်။ ကုသိုလ်စိတ်နဲ့လုပ်ရင်တော့ လုပ်ရင်တော့ ကုသိုလ်ဖြစ်ပါတယ်၊ လုပ်လို့ရတယ်။ စိတ်အထားမတတ် အလုပ်မတတ်ရင်တော့ ကုသိုလ်မရဘဲနဲ့ အကုသိုလ်ဖြစ်တယ်။ဒါလည်း သတိထားစရာ အလွန်ကောင်းတာပေါ့နော်။ ဒါကြောင့်မို့ ရွှေကျင်ဆရာတော်ကြီးက `တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ´ ဆိုပြီး ရေးထားတာ။ ဆရာတော်ကြီးက အဲဒီအတိုင်းမြင်လို့ ရေးထားတာ။ စာတမ်းရဲ့နာမည်ကိုက `ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ´ စာတမ်းတဲ့နော်။

............................

ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
++++++++++++++++++

ဒီဒေသနာတော်မှာ မြတ်စွာဘုရားက ဘာကို အကြောင်းပြုပြီး ဟောခဲ့တာလဲလို့ဆိုတော့ လူမိုက် နက္ခတ်ပွဲကို အကြောင်းပြုတာ။ မြတ်စွာဘုရား လက်ထက်မှာလည်း အလွန်ဆိုးတဲ့ အခြေအနေတွေ၊ လူမိုက်တွေ ရှိတာပဲ။ ဘယ်ခေတ်မှာမဆို ပညာရှိတဲ့လူနဲ့ ပညာမဲ့တဲ့လူ အမြဲတမ်းရှိတာပဲ။ ပညာမဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ လုပ်ရပ်က တစ်မျိုး၊ ပညာရှိတဲ့ ပုဂ္ဂိုလ်ရဲ့ လုပ်ရပ်ကတစ်မျိုး၊ ပညာမဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ အတွေးက တစ်မျိုး၊ ပညာရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အတွေးက တစ်မျိုး၊ ဒီနှစ်မျိုးဟာ ပေါင်းစပ်လို့ရန ိင်တဲ့ အနေအထားမရှိဘူး။

မြတ်စွာဘုရား ၂၅-နှစ် သီတင်းသုံးခဲ့တဲ့နေရာ သာဝတ္ထိမြို့ ဇေတဝန်ကျောင်း၊ သာဝတ္ထိမြို့ကို အမှီပြုပြီး ဘုရားက ၂၅-နှစ်တောင် နေခဲ့တာ။ ဘယ်နေရာမှ ဒီလောက်အကြာကြီး မနေဘူး။ ဆွေတော် မျိုးတော်တွေ ဆောက်လုပ်ထားတဲ့ နိဂြောဓာရုံကျောင်းတောင်မှ ဒီလောက် အကြာကြီးနေတာ မရှိဘူး။ အဲဒီ သာဝတ္ထိမှာတော့ မြတ်စွာဘုရားက အကြာကြီး သီတင်းသုံးတယ်။ အဲဒီလို ဘုရားအကြာကြီး သီတင်းသုံးတဲ့ သာဝတ္ထိကလူတွေဟာ အကုန်လုံး ပညာရှိတွေချည်းပဲ ဖြစ်သလား၊ လူ့ယဉ်ကျေးတွေချည်းပဲ ဖြစ်သလားဆိုတော့ မဖြစ်ဘူး။ လူဆိုးလူမိုက်တွေ အများကြီးပဲ။

"ဗာလ နက္ခတ္တ" ဆိုတဲ့ သူတို့မှာ လ,အလိုက် နက္ခတ်ပွဲတွေ ရှိတယ်ပေါ့။ ဘယ်နက္ခတ်နဲ့တွေ့ ရင် ဘာလုပ်၊ ဘယ်နက္ခတ်နဲ့တွေ့ရင် ဘာလုပ်၊ နက္ခတ်အလိုက် ဆိုပါစို့၊ လပြည့် လကွယ် ကောင်းကင်က moon. ဆိုတဲ့ လ, ကြီးရဲ့ အနေအထားကို ကြ့်ပြီးတော့ လူတွေ ရက်တွက်ကြတယ်။ .....အဲဒီလို နက္ခတ်တွေရဲ့ နာမည်နဲ့ ဟော သွား၊ အဲဒီထဲမယ် ဗမာမှာတောင် ရှိတယ်ထင်တယ်။ တန်ဆောင်မုန်း လပြည့်ဟာ စောရနက္ခတ်ဆိုပြီ းတော့ လပြည့့််နေ့မှာ မဟုတ်တရုတ်လုပ်တ ာတွေ အများကြီး ရှိတယ်။ ဆိုင်းဘုတ်တွေ ဟိုရွှေ့ ဒီရွှေ့၊ ဗမာပြည်မှာလည်း လုပ်ကြတာတွေ ရှိတယ်ပေါ့။ အဲဒီ တန်ဆောင်မုန်းလြ ပည့်နေ့လည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။

စာထဲမှာတော့ ဘယ်လလို့တော့ မပြောဘူး။ ဗာလနက္ခတ်က လူမိုက်တွေရဲ့ ပွဲလမ်းသဘင်ကျင်းပတဲ့ နက္ခတ်ပွဲသဘင်ရှိ တယ်တဲ့။ သူတို့ဆီမှာဆိုရင် တစ်လတစ်ခါ နက္ခတ်ပွဲတွေလုပ်ကြတယ်ပေါ့။ ပူဇော်ပွဲတွေ လုပ်ကြတယ်။ အဲဒီထဲမယ် သူတို့ကိုးကွယ်တ ာကလည်း အမျိုးမျိုးရှိတယ်။ ကောင်းတဲ့ဟာ ရှိသလို မကောင်းတာလည်းရှိတယ်။ အဲဒီ တချို့ နက္ခတ် ဗာလ နက္ခတ်ကျတော့ သူတို့စာဆိုအရ အဲဒီနေ့မှာ ဘာလုပ်တုန်းဆို ပါးစပ်က ယုတ်ယုတ်မာမာစကားတွေ ပြောကြတယ်။ အိမ်တိုင်းအိမ်တိုင်း လိုက်ပြီးတော့ ယုတ်ယုတ်မာမာ စကားတွေ မကြားဝံ့ မနာသာ စကားတွေ ပြောကြတယ်။ ဟဲ့ တော်ကြပါတော့ဆို ပိုက်ဆံလေးပေးလိုက်ရင် ထွက်သွားကြတယ်။ ပိုက်ဆံမပေးမချင်းတော့ မဟုတ်တရုတ်တွေ ပြောကြတာပဲ။

စာထဲမှာတော့ "အသဗ္ဘီဝါစာ" ဆိုတာ လူကြားထဲမှာ ကြားမကောင်းတဲ့စ ကားလို့ပြောတာ။ ကိုယ့်ဘာကိုယ်သာ တွေးကြည့်တော့။ လူကြားထဲမှာ နားထောင်လို့မကောင်းတဲ့ စကားမျိုးတွေ ပြောကြတယ်။ ယုတ်ယုတ်မာမာ စကားတွေ ပြောတယ်။ အဲဒီတော့ အိမ်တိုင်းအိမ်တိုင်းက ပိုက်ဆံ ပေးလိုက်တဲ့အခါကျတော့ အဲဒီပိုက်ဆံယူပြီးတော့ သောက်စားပျော်ပါ းကြတယ်။ ဘယ်နှစ်ရက် ကြာတုန်းဆိုရင် ခုနစ်ရက်ကြာတယ်။

ဘုရားလက်ထက်က မြတ်စွာဘုရားတောင်မှပဲ ဘုရားကို ကြည်ညိုတဲ့ ဒကာ၊ ဒကာမတွေက "အရှင်ဘုရားတို့ ဆွမ်းခံမကြွပါနဲ့၊ ဒီခုနစ်ရက်တော့ ကျောင်းမှာပဲ သီတင်းသုံးပါ ဆိုပြီးတော့ ဆွမ်းချက်ပြီး ကျောင်းပို့ကြတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ခုနက လူမိုက်တွေက မကြားဝံ့ မနာသာ စကားတွေ ဆဲဆိုပြီးတော့ တစ်မြို့လုံးဟာ အုန်းအုန်းကျက်ကျက် ဖြစ်နေတယ်။ အဲဒီနေ့မှာ ဆဲလည်း ကိစ္စမရှိဘူး။ ဗမာပြည်မှာတော့ တခြားအချိန်မှာ ရေပက်ရင်တော့ ရန်ဖြစ်မှာပေါ့၊ သြင်္ကန်တွင်း မှာတော့ ပက်ရင် ခံနေကြရတာပဲ၊ ပွဲကိုး။ အဲဒီ ဗာလနက္ခတ်ပွဲမှာဆိုလို့ရှိရင် ဆဲချင်တိုင်းဆဲ နားဂွမ်းဆို့ထားမှပဲရမယ်။ ဆဲချင်တိုင်းဆဲ၊ ပြောချင်တာတွေပြော၊ မကြားဝံ့မနာသာတေ ွပြော၊ ဘာမှ ပြန်ပြောလို့မရဘူး၊ အခါကာလကိုး။

အဲဒီလိုပွဲမျိုးဟာ ဘုရားလက်ထက် သာဝတ္ထိမြို့မှာ ဒီလိုပွဲမျိုး ဖြစ်ခဲ့တယ်။ ခုနစ်ရက်တိတိ လူတွေဟာ ဒုက္ခရောက်ကြတယ်။ လူတော်လူကောင်းတွေ ဒုက္ခရောက်ကြတယ်ပေါ့။ ခုနက လူမိုက်တွေ ကတော့ ပျော်ကြတယ်ပေါ့။ အဲဒီပွဲကြီး သတ်မှတ်ထားတဲ့ရက ကုန်ဆုံးသွားတော့မှ အားလုံးဟာ နားချမ်းသာပြီးတော့ ဘုရားအမှူရှိတဲ့ သံဃာတွေ မြို့တွင်း ဆွမ်းခံပြန်ဝင်ကြရတယ်၊ ဒီလိုဆိုတယ်။

.....ရွှေကျင်ဆရာတော်ကြီးရေးတဲ့ "တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ" "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ" စာတမ်း။ ဘာဖြစ်လို့တုန်းဆို သူ့ခေတ်မှာ ခုနက ဘုရားပွဲတွေက ဝက်သတ်၊ ကြက်သတ်နဲ့ အသားတွေ သတ်ပြီးတော့ ၊ သံဃာတွေ ပင့်ပြီးတော့ ဆွမ်းကျွေးကြတယ်၊ ဧည့်သည်တွေ ဧည့်ခံကြတယ်။ ဒီလိုတွေ ဖြစ်တာကို။

■ သားကောင်တွေသတ်ပြီး ဒါနကောင်းမှုလုပ်တယ် ဆိုလို့ရှိရင် နှစ်ပိုင်းရှိတယ်။ သတ်တဲ့အပိုင်းက တစ်ပိုင်း၊
■ ဒါနကောင်းမှုလုပ်တာက တစ်ပိုင်း၊ သတ်တဲ့အပိုင်းက အကုသိုလ်ဖြစ်တယ်၊
ဒါနကောင်းမှုလုပ်တာ ကုသိုလ်ဖြစ်တယ်။
အဲဒီ နှစ်ခုကို ယှဉ်ကြည့်လိုက်မယ်ဆိုရင်
ဒါနကုသိုလ် ရလိုက်တာက နည်းနည်း၊
ငရဲကြီးလိုက်တာက များများ။ အဲဒါကို ရည်ရွယ်ပြီးတော့ `ကုသိုလ်တစ်ပဲ ငရဲ တစ်ပိဿာ´ လို့ ပြောတာ။

■ ကြားဖူးကြပါလိမ့်မယ်၊ အမျိုးသမီးတစ်ယောက်ဟာ အိမ်ကို ဧည့်သည်ရောက်လာတယ်၊ အဲဒီနေ့မှာလည်းပဲ ဥပဒေအရ အသားမပေါ်ရ ဆိုတဲ့ နေ့နဲ့ကြုံတော့ အသားကို ဘယ်မှာမှ ဝယ်မရဘူး။

■ အိမ်ရောက်လာတဲ့ ဧည့်သည်ကို သူက ဟင်းကောင်းနဲ့ ဧည့်ခံချင်တယ်၊ အဲဒါနဲ့ အိမ်မှာ မွေးထားတဲ့ ဆိတ်ကလေးကို လည်လှီးပြီး ချက်တယ်၊ အဲဒီအမျိုးသမီးဟာ သူက လည်လှီးပြီးတော့ ချက်လိုက်လို့ ဘဝတိုင်း ဘဝတိုင်းမှာ ငရဲကျသွားတယ်။ ငရဲကလွတ်တဲ့ အခါကျတော့လည်း ဇက်ပြတ်ပြီးတော့(ဇာတ်အဖြတ်ခံရပြီးတော့) သေရတဲ့ ဘဝတွေက မနည်းဘူးတဲ့။ ဒါကြောင့်မို့ တစ်ချို့က ပြောတယ်၊ ဆိတ်မွေးအမျှ ခံရတယ်တဲ့။

■ တစ်ချို့က ထင်ကောင်းထင်လိမ့်မယ်၊ ကိုယ်က တစ်ခါတည်းသတ်တာ၊ ဘာဖြစ်လို့ ဒီလောက် ခံရတာတုန်းဆို
လူ့ရဲ့ သန ္တာန်မှာဖြစ်တဲ့ စေတနာက နည်းတာမှ မဟုတ်တာ၊ အဲဒါမေးလို့ရှိရင် ကိုယ်က ပြန်မေးရလိမ့်မယ်။ သရက်ပင်စိုက်တဲ့ အခါမှာ တစ်စေ့တည်းစိုက်တာ၊ ပေါက်လာတဲ့ အပင်ကသီးတော့ တစ်လုံးတည်း သီးသလား (သို့မဟုတ်) အများကြီး သီးသလား။ တစ်ခုတည်းလုပ်ပေမယ့်လို့ အများကြီးရတယ်ဆိုတာ ထင်ရှားတယ်နော်။

■ လူ့ရဲ့ သန ္တာန်မှာ စိတ်စေတနာတွေက မြောက်မြားစွာ ဖြစ်တယ်။ လက်ဖျစ်တစ်ချက်အတွင်းမှာ စေတနာပေါင်းက တစ်သိန်းလောက် ဖြစ်သွားတယ်။ အဲဒီထဲမှာ အကျိုးပေးနိုင်တဲ့ စေတနာတွေ မြောက်မြားစွာ ပါတယ်တဲ့။ ဒါကြောင့်မို့ မြတ်စွာဘုရားက ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလည်းပဲ တိရစ္ဆာန်ကို လှူလို့ရှိရင် အဆတစ်ရာ၊ ကိုယ်ကျင့်တရား မကောင်းတဲ့လူကို လှူရင် အဆတစ်ထောင်တဲ့၊ ဒီလိုပြောတာ။

■ ခုနက အကုသိုလ်အလုပ်တွေလုပ်လို့ အကုသိုလ်တွေ ဖြစ်လာပြီဆိုလို့ရှိရင်လည်း ဒီလိုပဲခံရတယ်။ အဲဒီအမျိုးသမီးက ဧည့်သည်ကို ကျွေးမွေးဧည့်ခံချင်တာဟာ ကုသိုလ် ပဲ။ ကျွေးချင်မွေးချင်တယ်၊ မှန်တယ်၊ ဒါ ကုသိုလ် ။ သို့သော် ဆိတ်ကလေးကို သတ်လိုက်တာကတော့ အကုသိုလ်ပေါ့။အဲဒီအကုသိုလ်ကို ခံရတယ်။ ကုသိုလ်ရဲ့ အကျိုးကိုခံရတာ ဒီလောက် မထင်ရှားဘဲနဲ့ လူ့ဘဝရလာတိုင်း (သို့မဟုတ်) ဘဝတစ်ခုရတိုင်း ဇက်ပြတ်ပြီးတော့ (ဇက်အဖြတ်ခံရပြီးတော့) သေရတယ်တဲ့။ အဲဒီအကုသိုလ်က ခံလိုက်ရတာ အများကြီးခံရတယ်။အဲဒါမျိုးကို ရည်ရွယ်ပြောတာ။ `ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ´ တဲ့။ ဒီလိုခံရရင် တော်တော်လေးကြောက်စရာ ကောင်းတဲ့ဟာပဲနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဗုဒ္ဓရေအိုးစင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top