မံုရြာ တကၠသိုလ္အတြင္း ယခုလ ၁၁ ရက္ေန႔ည ၁၀ နာရီအခ်ိန္ခန္႔က ေရပို႔လာသည္႔ကားမွာ ယာဥ္ေပၚပါ ေရ သန္႔ လုပ္သားမ်ားႏွင္႔ ၎တို႔၏သူငယ္ခ်င္း စံုတြဲႏွင္႔ အတူ ကန္႔သတ္နယ္ေျမအနီး ၀ိုင္းဖြဲ႔၍ အရက္ေသာက္ သံုးေနသည္ကို လွည္႔ကင္း ရဲတပ္ဖြဲ႔ႏွင္႔အတူ တကၠသိုလ္တာ၀န္ရွိသူမ်ားက ေတြ႔ရွိရသျဖင္႔ အေရးယူ တားျမစ္ လိုက္ေၾကာင္း မံုရြာနယ္ေျမရဲစခန္းမွဴး ရဲအုပ္ ဆန္းလင္းထံမွ သိရသည္။

ရဲစခန္းမွဴး ရဲအုပ္ ဆန္းလင္းက “ … တကၠသိုလ္အနီး အရက္၀ိုင္းဖြဲ႔ေသာက္တဲ႔သူေတြကို လိုက္လံရွင္းလင္းေန တဲ႔အခ်ိန္မွာ သူတို႔က တကၠသိုလ္အတြင္းက ပညာေအာင္ေျမလမ္းနဲ႔ ကန္႔သတ္နယ္ေျမ Camp လမ္းဆံုေနရာ အေမွာင္ရိပ္ထဲမွာ အရက္၀ိုင္းဖြဲ႔႔ေသာက္ေနတာ .. အဲ႔ဒါေၾကာင္႔ အေရးယူ တားျမစ္လိုက္တာပါ ..” ဟု ေျပာ သည္။

မံုရြာျမို႕ေပၚတြင္ ေရသန္႔ပို႔သည္႔ ကားအမ်ားစုသည္ ယာဥ္ေၾကာေျပာင္းျပန္ေမာင္းႏွင္းျခင္း ၊ သတ္မွတ္အရွိန္ ႏႈန္းထက္ပိုမိုေမာင္းႏွင္ျခင္း ၊ လမ္းအသံုးျပဳ႕ရာတြင္ ဦးစားေပးယာဥ္မ်ားအား ဦးစားေပးမႈမရွိျခင္း ၊ ေရသန္႔ပို႔ ကားႏွင္႔ ယာဥ္မေတာ္တဆမႈေၾကာင္႔ တကၠသို္လ္ ပညာသင္ေက်ာင္းသား ေက်ာင္းသူအခ်ိဳ႕ ထိခိုက္နာက်င္ေသဆံုးရျခင္းအျပင္ ယခုအခါ တကၠသိုလ္ေက်ာင္း၀င္းအတြင္း ညအခ်ိန္မေတာ္ အုပ္စုဖြဲ႔ အရက္ေသာက္သည္႔ အေျခ အေနမ်ားအထိ ရဲတင္းစြာ လုပ္ေဆာင္လာေနျခင္းျဖစ္ေၾကာင္း လွည္႔ကင္းရဲတပ္ဖြဲ႔၀င္မ်ား ၏ ေျပာျပခ်က္မ်ားအရ သိရသည္။

အဆိုပါ အရက္၀ိုင္းဖြဲ႔ေသာက္သူမ်ားအား မံုရြာခရိုင္

ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးၾကီး ေသာင္းညႊန္႔မွ ထိေရာက္စြာ

အေရးယူေဆာင္ရြက္သြားရန္ လမ္းညႊန္မွာေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ကိုတိုးၾကီး
#Unicode Version#
မုံရွာ တက္ကသိုလ်အတွင်း ယခုလ ၁၁ ရက်နေ့ည ၁၀ နာရီအချိန်ခန့်က ရေပို့လာသည့်ကားမှာ ယာဉ်ပေါ်ပါ ရေ သန့် လုပ်သားများနှင့် ၎င်းတို့၏သူငယ်ချင်း စုံတွဲနှင့် အတူ ကန့်သတ်နယ်မြေအနီး ဝိုင်းဖွဲ့၍ အရက်သောက် သုံးနေသည်ကို လှည့်ကင်း ရဲတပ်ဖွဲ့နှင့်အတူ တက္ကသိုလ်တာဝန်ရှိသူများက တွေ့ရှိရသဖြင့် အရေးယူ တားမြစ် လိုက်ကြောင်း မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ဆန်းလင်းထံမှ သိရသည်။

ရဲစခန်းမှူး ရဲအုပ် ဆန်းလင်းက “ … တက္ကသိုလ်အနီး အရက်ဝိုင်းဖွဲ့သောက်တဲ့သူတွေကို လိုက်လံရှင်းလင်းနေ တဲ့အချိန်မှာ သူတို့က တက္ကသိုလ်အတွင်းက ပညာအောင်မြေလမ်းနဲ့ ကန့်သတ်နယ်မြေ Camp လမ်းဆုံနေရာ အမှောင်ရိပ်ထဲမှာ အရက်ဝိုင်းဖွဲ့သောက်နေတာ .. အဲ့ဒါကြောင့် အရေးယူ တားမြစ်လိုက်တာပါ ..” ဟု ပြော သည်။

မုံရွာမြို့ပေါ်တွင် ရေသန့်ပို့သည့် ကားအများစုသည် ယာဉ်ကြောပြောင်းပြန်မောင်းနှင်းခြင်း ၊ သတ်မှတ်အရှိန် နှုန်းထက်ပိုမိုမောင်းနှင်ခြင်း ၊ လမ်းအသုံးပြု့ရာတွင် ဦးစားပေးယာဉ်များအား ဦးစားပေးမှုမရှိခြင်း ၊ ရေသန့်ပို့ ကားနှင့် ယာဉ်မတော်တဆမှုကြောင့် တက္ကသိုလ် ပညာသင်ကျောင်းသား ကျောင်းသူအချို့ ထိခိုက်နာကျင်သေဆုံးရခြင်းအပြင် ယခုအခါ တက္ကသိုလ်ကျောင်းဝင်းအတွင်း ညအချိန်မတော် အုပ်စုဖွဲ့ အရက်သောက်သည့် အခြေ အနေများအထိ ရဲတင်းစွာ လုပ်ဆောင်လာနေခြင်းဖြစ်ကြောင်း လှည့်ကင်းရဲတပ်ဖွဲ့ဝင်များ ၏ ပြောပြချက်များအရ သိရသည်။

အဆိုပါ အရက်ဝိုင်းဖွဲ့သောက်သူများအား မုံရွာခရိုင်

ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်မှ ထိရောက်စွာ

အရေးယူဆောင်ရွက်သွားရန် လမ်းညွှန်မှာကြောင်း သိရှိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ကိုတိုးကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top