20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ေက်ာ္သူက ‘’ဂမၻီရ မ်က္လုံး’’ရုပ္ရွင္ကား ရုိက္ကူးေရးကုိ ဂူအတြင္းထဲမွာရုိက္ေနရတာျဖစ္တ့ဲအတြက္ ေအာက္ဆီဂ်င္ဗူးတပ္ရင္း အလုပ္လုပ္ေနရတယ္လုိ႔ဆုိပါတယ္။ ဒီဇာတ္ကားထဲမွာ ေက်ာ္သူ၊ အလင္းေရာင္၊ ထြန္းကုိကုိ၊ ေျပဇင္ နဲ႔ ေရႊသမီးတုိ႔က ပါဝင္သရုပ္ေဆာင္ထားပါတယ္။

သရုပ္ေဆာင္ ေက်ာ္သူက ကုိယ္တုိင္ဒါရုိက္တာအျဖစ္ရုိက္ကူးေနတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ေအာက္ဆီဂ်င္တပ္ၿပီးေတာ့ေတာင္ ရုိက္ကူးေနတာကုိ ေတြ႔ရပါတယ္။

"ေအာက္ဆီဂ်င္စစ္ကူနဲ႔ေပးဆပ္သူမ်ား။" ဂူထဲ၀င္ၾကၿပီဆိုေတာ့လည္း ဖုံရယ္၊smoke ရယ္၊ေလ၀င္ေလထြက္ရယ္၊ႏွလုံးသားရယ္ကို အဆင္ေျပမွ်တ ေအာင္ ေအာက္ဆီဂ်င္အိုးေတြနဲ႔ ပရိသတ္အတြက္အေကာင္းဆုံးျဖစ္ေအာင္ ေပးဆပ္ၾကရၿပီေပါ့’’ ဆုိၿပီးေတာ့ မတ္လ ၃၀ ရက္ေန႔ ည ၁၀ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။



ေက်ာ္သူဟာ ‘’ဂမၻီရ မ်က္လုံး’’ ဆုိတဲ့ ရုပ္ရွင္ကားႀကီးကုိ ေအာင္ပန္းၿမိဳ႕မွာ ရုိက္ကူးေနတာျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ သူ႔ရဲ႕ ကုိယ္ပုိင္ရုပ္ရွင္ထုတ္လုပ္ေရးကေန ဒုတိယေျမာက္ ထုတ္လုပ္လုိက္တဲ့ ရုပ္ရွင္ဇာတ္ကားႀကီးပါ။ ဒီကားမွာေတာ့ သရုပ္ေဆာင္ ေက်ာ္သူ၊ အလင္းေရာင္၊ ေျပဇင္၊ ထြန္းကုိကုိ နဲ႔ ေရႊသမီး တု႔ိက အဓိက ပါဝင္သရုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားကုိေတာ့ ဦးေက်ာ္သူ ကုိယ္တုိင္ ဒါရုိက္တာအျဖစ္ ရုိက္ကူးပုံေဖာ္ေနတာပါ။

ဦးေက်ာ္သူရဲ႕ ‘’ဝရဇိန္’’ ရုပ္ရွင္ထုတ္လုပ္ေရးကေန ပထမဆုံး ထုတ္လုပ္လုိက္တဲ့ ရုပ္ရွင္ကားႀကီးကေတာ့ ‘’၁၀၁၄’’ ရုပ္ရွင္ကားႀကီးျဖစ္ပါတယ္။ ဒီဇာတ္ကားကုိေတာ့ ဦးေက်ာ္သူကုိယ္တုိင္ သရုပ္ေဆာင္၊ ဒါရုိက္တာ အျဖစ္ ပါဝင္ခဲ့သူပါ။ အဲဒီေနာက္ သူကုိယ္တုိင္ ပထမဆုံးအႀကိမ္ ဒါရုိက္တာအျဖစ္ ရုိက္ကူးထားတဲ့ ‘’ပုဂံၿမိဳ႕သူ’’ ရုပ္သံဇာတ္လမ္းတြဲကလည္း ပရိသတ္အႀကိဳက္နဲ႔ ထပ္တူက်ခဲ့ပါတယ္။

ေက်ာ္သူဟာ ၁၉၉၄ခုႏွစ္တြင္ အေကာင္း ဆံုးအမ်ိဳးသားဇာတ္ေဆာင္ဆုကို "တျပည္သူမေရႊထား" ရုပ္ရွင္ဇာတ္ကားနဲ႕ ရရွိခဲ့ၿပီး ၂၀၀၃ခုႏွစ္ မွာေတာ့ အေကာင္းဆံုးဒါရိုက္တာဆုကို အေမ့ႏို႕ဖိုး ရုပ္ရွင္ဇာတ္ကားနဲ႕ ရရွိထားသူ ျဖစ္ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


ကျော်သူက ‘’ဂမ္ဘီရ မျက်လုံး’’ရုပ်ရှင်ကား ရိုက်ကူးရေးကို ဂူအတွင်းထဲမှာရိုက်နေရတာဖြစ်တဲ့အတွက် အောက်ဆီဂျင်ဗူးတပ်ရင်း အလုပ်လုပ်နေရတယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ ကျော်သူ၊ အလင်းရောင်၊ ထွန်းကိုကို၊ ပြေဇင် နဲ့ ရွှေသမီးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

သရုပ်ဆောင် ကျော်သူက ကိုယ်တိုင်ဒါရိုက်တာအဖြစ်ရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အောက်ဆီဂျင်တပ်ပြီးတော့တောင် ရိုက်ကူးနေတာကို တွေ့ရပါတယ်။

"အောက်ဆီဂျင်စစ်ကူနဲ့ပေးဆပ်သူများ။" ဂူထဲဝင်ကြပြီဆိုတော့လည်း ဖုံရယ်၊smoke ရယ်၊လေဝင်လေထွက်ရယ်၊နှလုံးသားရယ်ကို အဆင်ပြေမျှတ အောင် အောက်ဆီဂျင်အိုးတွေနဲ့ ပရိသတ်အတွက်အကောင်းဆုံးဖြစ်အောင် ပေးဆပ်ကြရပြီပေါ့’’ ဆိုပြီးတော့ မတ်လ ၃၀ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ကျော်သူဟာ ‘’ဂမ္ဘီရ မျက်လုံး’’ ဆိုတဲ့ ရုပ်ရှင်ကားကြီးကို အောင်ပန်းမြို့မှာ ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဒုတိယမြောက် ထုတ်လုပ်လိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ။ ဒီကားမှာတော့ သရုပ်ဆောင် ကျော်သူ၊ အလင်းရောင်၊ ပြေဇင်၊ ထွန်းကိုကို နဲ့ ရွှေသမီး တု့ိက အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ ဦးကျော်သူ ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးပုံဖော်နေတာပါ။

ဦးကျော်သူရဲ့ ‘’ဝရဇိန်’’ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ ရုပ်ရှင်ကားကြီးကတော့ ‘’၁၀၁၄’’ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဦးကျော်သူကိုယ်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာ အဖြစ် ပါဝင်ခဲ့သူပါ။ အဲဒီနောက် သူကိုယ်တိုင် ပထမဆုံးအကြိမ် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ‘’ပုဂံမြို့သူ’’ ရုပ်သံဇာတ်လမ်းတွဲကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။

ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top