20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

မႏၲေလးၿမိဳ႕က အသက္ ၅၆ ႏွစ္အ႐ြယ္ ဆရာဝန္ႀကီးတစ္ဦးဟာ ေက်ာက္ကပ္ေဝဒနာေၾကာင့္ မိသားစုအေဖာ္ မည္သူမွ်မပါပဲ အိႏၵိယႏိုင္ငံ အပိုလိုေဆး႐ုံမွာ ေဆးစစ္ခ်က္ခံယူေနစဥ္ ကြယ္လြန္ခဲ့ရတဲ့ ေနာက္ဆုံးခရီးက စိတ္မေကာင္းစရာ ေကာင္းလွပါတယ္။
“လာတုန္းကလည္း တစ္ေယာက္ထဲ၊ ျပန္သြားေတာ့လဲ တစ္ေယာက္ထဲ” ဆိုတဲ့ သခၤါရ ေဆာင္ပုဒ္ထဲက စာသားေလးအတိုင္း ႏိုင္ငံရပ္ျခားမွာ တစ္ေယာက္ထဲ မသိလမ္းကို ခရီးဆက္ ထြက္သြားခဲ့ရတဲ့အေၾကာင္းနဲ႔ ဗုဒၶဘာသာဝင္ျဖစ္တဲ့ သူ႔ရဲ႕ေနာက္ဆုံးခရီးကို အေခ်ာေမြ႕ဆုံးျဖစ္ေအာင္ ကူညီေဆာင္႐ြက္ေပးခဲ့တဲ့ ဆရာေတာ္တစ္ပါးက ေရးသားေဖာ္ျပခဲ့ပါတယ္။
.
မႏၲေလးက ဆရာဝန္။ အသက္ ၅၆ ႏွစ္။ နယူးေဒလီ အပိုလိုေဆး႐ုံမွာ ေဆးကုသမႈခံယူရင္း ကြယ္လြန္။
မိသားစု၊ ေဆြမ်ိဳးသားခ်င္း တစ္ဦးတေလမွ် ပါမလာခဲ့။ သူနဲ႔ အနီးစပ္ဆုံးပါလာသူဆိုလို႔ လူနာေအးဂ်င့္ျဖစ္တဲ့ အစၥလာမ္ဒကာေလးတစ္ဦးေတာ့ ရွိရဲ႕။ သူ႔အတြက္ ထမင္းခ်က္စသည္ ျပဳစုဖို႔ ေခၚထားတာက အိႏၵိယေရာက္ ခရစ္ယန္ဘာသာဝင္ ခ်င္းအမ်ိဳးသား။
ကြယ္လြန္သူ ကိုယ္တိုင္က ဆရာဝန္ျဖစ္ေနတာရယ္။ ေရာဂါကလည္း အျခားမဟုတ္။ လြန္ခဲ့ႏွစ္ႏွစ္က ေက်ာက္ကပ္ အစားထိုးထားတာ။ အခု အဆင္မေျပတာေလးရွိလို႔ ျပန္လာျပတာရယ္ဆိုေတာ့ မိသားစုေတြ အကူေတြမပါဘဲ ေအးဂ်င့္အားကိုးနဲ႔ လာခဲ့ဟန္တူပါတယ္။
.
မေမွ်ာ္လင့္ဘဲ ဆုံးပါးသြားေတာ့ မိသားစုဆုံးျဖတ္ခ်က္က ဘယ္သူမွလည္း လိုက္မလာသလို ေဘာ္ဒီကိုလည္း ျမန္မာျပည္ ျပန္မသယ္ဖို႔။ အိႏၵိယမွာပဲ သၿဂႋဳဟ္ၿပီး အ႐ိုးျပာပဲ ျပန္ယူလာဖို႔ ျဖစ္လာတယ္။
လူတစ္ေယာက္ေသဆုံးတာ အလြယ္တကူ သၿဂႋဳဟ္လိုက္ဖို႔ဆိုေတာ့ လူ႔ယဥ္ေက်းမႈအစြဲစိတ္က ခြင့္မျပဳ။ ကြယ္လြန္သူရဲ႕ ဘာသာေရးဓေလ့ထုံးတမ္းအတိုင္း သူ႔ေနာက္ဆုံးခရီးကို ပို႔ေပးလိုက္ခ်င္သည္။ ဒါသည္ပင္ လူ႔တာဝန္လူ႔ဝတ္တရားဟု မွတ္ယူၾကသည္မဟုတ္လား။အနီးစပ္ဆုံး တာဝန္ရွိသူကလည္း အစၥလာမ္ဘာသာဝင္ဆိုေတာ့ ေဆာင္႐ြက္ေပးႏိုင္မယ့္သူကို ဟိုေမးဒီစမ္းနဲ႔ ရွာေဖြရေတာ့သည္။
.No photo description available.
ေတြ႕မယ့္ေတြ႕ေတာ့ ကိုနန္းကို ေတြ႕သည္။ ကိုနန္းလို႔ေခၚရေပမယ့္ အ႐ြယ္က ၆၀ ဝန္းက်င္။ ရန္ကုန္ဇာတိ ရန္ကုန္သား။ နယူးေဒလီမွာ ႀကီးျပင္းခဲ့သူ။ သူ႔လိပ္စာကတ္မွာ ေရးထားတာက ကိုနန္း(ရန္ကုန္သား)တဲ့။ ရန္ကုန္စြဲႀကီးလွပါလားလို႔ ေတြးမိေသးသည္။ ကိုနန္းဆိုတာ သူ႔နာမည္အရင္း (Kaudan ကြန္ဒန္း)ကို ျမန္မာသံနဲ႔ ေခၚၾကရင္း တြင္ခဲ့ေလသလားမသိ။ သိရသေလာက္ ကိုနန္းက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အိႏၵိယေရာက္လာၿပီး အကူညီလိုအပ္ၾကသူ ျမန္မာေတြကို မၿငီးမျငဴ ကူညီတတ္တဲ့သူ။ ကူညီရတာအဆင္ေျပေအာင္ လြန္ခဲ့တဲ့ေလးႏွစ္က အိႏၵိယျမန္မာသဟာယအသင္း ေထာင္ထားခဲ့တာတဲ့။
.Image may contain: one or more people and text
အဲဒီ့ကိုနန္းက သူကူညီရမယ့္ နာေရးအတြက္ သရဏဂုံတင္ေပးမယ့္ ဘုန္းႀကီးပင့္ဖို႔ ရွာရင္း တိုက္တိုက္ဆိုင္ဆိုင္ ရခဲ့သည့္ဖုန္းနံပါတ္က တကၠသိုလ္တက္ေနတဲ့ မိမိရဲ႕ ဖုန္းနံပါတ္ျဖစ္ေနသည္။ အေၾကာင္းစုံေလွ်ာက္ထားၿပီး ႂကြႏိုင္မလား ေမးေလေတာ့ သူငယ္ခ်င္းသုံးပါး ႂကြလာဖို႔ အာမခံလိုက္သည္။
ဒီေန႔ ၁၂:၃:၂၀၁၉ တကၠသိုလ္တက္ေနတဲ့ အတန္းတူ အေဆာင္တူ သူငယ္ခ်င္းသုံးပါး ျမန္မာဗုဒၶဘာသာတစ္ဦးရဲ႕ ေနာက္ဆုံးခရီးကို ပို႔ေဆာင္ေပးဖို႔ နံနက္ ဆယ္နာရီခြဲကတည္းက ေရာက္ေနခဲ့သည္။ အစၥလာမ္ဒကာေလးက လာေတြ႕သည္။ လက္အုပ္ခ်ီသည္။ အရွင္ဘုရား တပည့္ေတာ္ နာမ္စားမွန္မွန္ျဖင့္ ေျပာႏိုင္သည္ကိုေတြ႕ရေတာ့ လူမႈဆက္ဆံေရး ကြၽမ္းက်င္မႈအတြက္ အမွတ္ေပးမိေသးသည္။
.
ကိုနန္းေရာက္မလာေသးလို႔ ေစာင့္တာရယ္၊ ေရာက္လာျပန္ေတာ့လည္း Body ထုတ္ခြင့္ရဖို႔ ေစာင့္တာရယ္ဆိုေတာ့ ႏွစ္နာရီခြဲမွ ေဆး႐ုံမွထြက္ရသည္။
သၿဂႋဳဟ္မယ့္သုႆာန္ေရာက္ေတာ့ နိဗၺာန္ယာဥ္ေနာက္ဖုံးဖြင့္ထားၿပီး အနားက ေလွကားတက္မွာ တန္းလ်ားခ် ကန္ေတာ့ပြဲ ေရစက္ခြက္ လႉဖြယ္သကၤန္းျပင္ဆင္ၿပီး သရဏဂုံတင္ရသည္။ တရားနာ သီလယူ ေရစက္ခ်သူကား ကိုနန္းတစ္ေယာက္သာ။ ဘုန္းႀကီးကား သုံးပါး။ တကယ့္ကို မွတ္မွတ္ရရ နာေရးတစ္ခု။ ဘုန္းႀကီးသုံးပါး လူသုံးေယာက္ ဘာသာေလးမ်ိဳးပါဝင္သည့္ နာေရး။ ေရျခားေျမျခား ဘာသာျခား အရပ္ေဒသမွာ ကိုယ့္ဘာသာ ဓေလ့ထုံးတမ္းအတိုင္း သၿဂႋဳဟ္ရသည္ကပင္ ေတာ္လွၿပီ။

ကြယ္လြန္သူ ဆရာဝန္ဒကာႀကီး ေကာင္းရာသုဂတိဘုံဘဝေရာက္ပါေစ....
(မွတ္ခ်က္...ကြယ္လြန္သူ၏ အမည္ကို ထည့္မထားျခင္းမွာ တမင္မထည့္ျခင္း ျဖစ္ပါသည္။)
ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
မန္တလေးမြို့က အသက် ၅၆ နှစ်အရွယ် ဆရာဝန်ကြီးတစ်ဦးဟာ ကျောက်ကပ်ဝေဒနာကြောင့် မိသားစုအဖော် မည်သူမျှမပါပဲ အိန္ဒိယနိုင်ငံ အပိုလိုဆေးရုံမှာ ဆေးစစ်ချက်ခံယူနေစဉ် ကွယ်လွန်ခဲ့ရတဲ့ နောက်ဆုံးခရီးက စိတ်မကောင်းစရာ ကောင်းလှပါတယ်။
“လာတုန်းကလည်း တစ်ယောက်ထဲ၊ ပြန်သွားတော့လဲ တစ်ယောက်ထဲ” ဆိုတဲ့ သင်္ခါရ ဆောင်ပုဒ်ထဲက စာသားလေးအတိုင်း နိုင်ငံရပ်ခြားမှာ တစ်ယောက်ထဲ မသိလမ်းကို ခရီးဆက် ထွက်သွားခဲ့ရတဲ့အကြောင်းနဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ သူ့ရဲ့နောက်ဆုံးခရီးကို အချောမွေ့ဆုံးဖြစ်အောင် ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဆရာတော်တစ်ပါးက ရေးသားဖော်ပြခဲ့ပါတယ်။
.
မန္တလေးက ဆရာဝန်။ အသက် ၅၆ နှစ်။ နယူးဒေလီ အပိုလိုဆေးရုံမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်။
မိသားစု၊ ဆွေမျိုးသားချင်း တစ်ဦးတလေမျှ ပါမလာခဲ့။ သူနဲ့ အနီးစပ်ဆုံးပါလာသူဆိုလို့ လူနာအေးဂျင့်ဖြစ်တဲ့ အစ္စလာမ်ဒကာလေးတစ်ဦးတော့ ရှိရဲ့။ သူ့အတွက် ထမင်းချက်စသည် ပြုစုဖို့ ခေါ်ထားတာက အိန္ဒိယရောက် ခရစ်ယန်ဘာသာဝင် ချင်းအမျိုးသား။
ကွယ်လွန်သူ ကိုယ်တိုင်က ဆရာဝန်ဖြစ်နေတာရယ်။ ရောဂါကလည်း အခြားမဟုတ်။ လွန်ခဲ့နှစ်နှစ်က ကျောက်ကပ် အစားထိုးထားတာ။ အခု အဆင်မပြေတာလေးရှိလို့ ပြန်လာပြတာရယ်ဆိုတော့ မိသားစုတွေ အကူတွေမပါဘဲ အေးဂျင့်အားကိုးနဲ့ လာခဲ့ဟန်တူပါတယ်။
.
မမျှော်လင့်ဘဲ ဆုံးပါးသွားတော့ မိသားစုဆုံးဖြတ်ချက်က ဘယ်သူမှလည်း လိုက်မလာသလို ဘော်ဒီကိုလည်း မြန်မာပြည် ပြန်မသယ်ဖို့။ အိန္ဒိယမှာပဲ သြင်္ဂိုဟ်ပြီး အရိုးပြာပဲ ပြန်ယူလာဖို့ ဖြစ်လာတယ်။
လူတစ်ယောက်သေဆုံးတာ အလွယ်တကူ သြင်္ဂိုဟ်လိုက်ဖို့ဆိုတော့ လူ့ယဉ်ကျေးမှုအစွဲစိတ်က ခွင့်မပြု။ ကွယ်လွန်သူရဲ့ ဘာသာရေးဓလေ့ထုံးတမ်းအတိုင်း သူ့နောက်ဆုံးခရီးကို ပို့ပေးလိုက်ချင်သည်။ ဒါသည်ပင် လူ့တာဝန်လူ့ဝတ်တရားဟု မှတ်ယူကြသည်မဟုတ်လား။အနီးစပ်ဆုံး တာဝန်ရှိသူကလည်း အစ္စလာမ်ဘာသာဝင်ဆိုတော့ ဆောင်ရွက်ပေးနိုင်မယ့်သူကို ဟိုမေးဒီစမ်းနဲ့ ရှာဖွေရတော့သည်။
.
တွေ့မယ့်တွေ့တော့ ကိုနန်းကို တွေ့သည်။ ကိုနန်းလို့ခေါ်ရပေမယ့် အရွယ်က ၆၀ ဝန်းကျင်။ ရန်ကုန်ဇာတိ ရန်ကုန်သား။ နယူးဒေလီမှာ ကြီးပြင်းခဲ့သူ။ သူ့လိပ်စာကတ်မှာ ရေးထားတာက ကိုနန်း(ရန်ကုန်သား)တဲ့။ ရန်ကုန်စွဲကြီးလှပါလားလို့ တွေးမိသေးသည်။ ကိုနန်းဆိုတာ သူ့နာမည်အရင်း (Kaudan ကွန်ဒန်း)ကို မြန်မာသံနဲ့ ခေါ်ကြရင်း တွင်ခဲ့လေသလားမသိ။ သိရသလောက် ကိုနန်းက အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယရောက်လာပြီး အကူညီလိုအပ်ကြသူ မြန်မာတွေကို မငြီးမငြူ ကူညီတတ်တဲ့သူ။ ကူညီရတာအဆင်ပြေအောင် လွန်ခဲ့တဲ့လေးနှစ်က အိန္ဒိယမြန်မာသဟာယအသင်း ထောင်ထားခဲ့တာတဲ့။
.
အဲဒီ့ကိုနန်းက သူကူညီရမယ့် နာရေးအတွက် သရဏဂုံတင်ပေးမယ့် ဘုန်းကြီးပင့်ဖို့ ရှာရင်း တိုက်တိုက်ဆိုင်ဆိုင် ရခဲ့သည့်ဖုန်းနံပါတ်က တက္ကသိုလ်တက်နေတဲ့ မိမိရဲ့ ဖုန်းနံပါတ်ဖြစ်နေသည်။ အကြောင်းစုံလျှောက်ထားပြီး ကြွနိုင်မလား မေးလေတော့ သူငယ်ချင်းသုံးပါး ကြွလာဖို့ အာမခံလိုက်သည်။
ဒီနေ့ ၁၂:၃:၂၀၁၉ တက္ကသိုလ်တက်နေတဲ့ အတန်းတူ အဆောင်တူ သူငယ်ချင်းသုံးပါး မြန်မာဗုဒ္ဓဘာသာတစ်ဦးရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ပေးဖို့ နံနက် ဆယ်နာရီခွဲကတည်းက ရောက်နေခဲ့သည်။ အစ္စလာမ်ဒကာလေးက လာတွေ့သည်။ လက်အုပ်ချီသည်။ အရှင်ဘုရား တပည့်တော် နာမ်စားမှန်မှန်ဖြင့် ပြောနိုင်သည်ကိုတွေ့ရတော့ လူမှုဆက်ဆံရေး ကျွမ်းကျင်မှုအတွက် အမှတ်ပေးမိသေးသည်။
.
ကိုနန်းရောက်မလာသေးလို့ စောင့်တာရယ်၊ ရောက်လာပြန်တော့လည်း Body ထုတ်ခွင့်ရဖို့ စောင့်တာရယ်ဆိုတော့ နှစ်နာရီခွဲမှ ဆေးရုံမှထွက်ရသည်။
သြင်္ဂိုဟ်မယ့်သုဿာန်ရောက်တော့ နိဗ္ဗာန်ယာဉ်နောက်ဖုံးဖွင့်ထားပြီး အနားက လှေကားတက်မှာ တန်းလျားချ ကန်တော့ပွဲ ရေစက်ခွက် လှူဖွယ်သင်္ကန်းပြင်ဆင်ပြီး သရဏဂုံတင်ရသည်။ တရားနာ သီလယူ ရေစက်ချသူကား ကိုနန်းတစ်ယောက်သာ။ ဘုန်းကြီးကား သုံးပါး။ တကယ့်ကို မှတ်မှတ်ရရ နာရေးတစ်ခု။ ဘုန်းကြီးသုံးပါး လူသုံးယောက် ဘာသာလေးမျိုးပါဝင်သည့် နာရေး။ ရေခြားမြေခြား ဘာသာခြား အရပ်ဒေသမှာ ကိုယ့်ဘာသာ ဓလေ့ထုံးတမ်းအတိုင်း သြင်္ဂိုဟ်ရသည်ကပင် တော်လှပြီ။

ကွယ်လွန်သူ ဆရာဝန်ဒကာကြီး ကောင်းရာသုဂတိဘုံဘဝရောက်ပါစေ....
(မှတ်ချက်...ကွယ်လွန်သူ၏ အမည်ကို ထည့်မထားခြင်းမှာ တမင်မထည့်ခြင်း ဖြစ်ပါသည်။)

ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top