20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 ျမန္မာအမ်ိဳးသမီးအမ်ားစုဟာ တရုတ္အမ်ိဳးသားေတြနဲ႔ အတင္းအက်ပ္လက္ထပ္ဖို႔ လူကုန္ကူးခံေနရေၾကာင္းနဲ႔ ဒီလုိျဖစ္ရတာ လက္နက္ကိုင္တိုက္ပြဲေတြ အပါအဝင္ ေငြေၾကးမျပည့္စံုတဲ႔အေျခအေနေတြေၾကာင့္ ျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံ တကာဖြံ႔ျဖိဳးေရးေအဂ်င္စီ USAID ရဲ႕ ျမန္မာျပည္ဌာေန ညႊန္ၾကားေရးမွဴးက ေျပာလိုက္ပါတယ္။

ျပည္ပကို လူကုန္ကူခံရတဲ႔ ျမန္မာအမ်ိဳးသမီးအမ်ားစုဟာ တရုတ္ျပည္ကို လူကုန္ကူးခံရတာျဖစ္ျပီး ၇၀ရာခိုင္ႏႈန္းေက်ာ္က တရုတ္အမ်ိဳးသားေတြနဲ႔ အလိုမတူဘဲ လက္ထပ္ေနရတာျဖစ္တယ္လို႔ ဒီကေန႔ အေမရိကန္စင္တာမွာလုပ္တဲ့ လူကုန္ကူးမႈ အေျခအေနဆိုင္ရာ ေလ့လာေတြ႔ရွိခ်က္သစ္မွာ ေဖာ္ျပထားပါတယ္။ ဒါဟာ အခုေနာက္ပိုင္းမွာ ပိုဆိုးရြားတဲ႔အေျခအေနျဖစ္လာတယ္လို႔ အေမရိကန္ ႏုိင္ငံတကာဖြံ႔ျဖိဳးေရးေအဂ်င္စီရဲ႕ ျမန္မာျပည္ဌာေန ညႊန္ၾကားေရးမွဴး ထရီဆာမက္ဂီက ေျပာလိုက္ပါတယ္။

“၂၀၁၇မွာ လူကုန္ကူးမႈရဲ႕ ၇၂% ေလာက္က တရုတ္ျပည္ကိုပါ။ ျမန္မာျပည္တြင္းလူကုန္ကူးမႈကိစၥေတြကလည္း ရာခိုင္ႏႈန္း ျမင့္လာတာပါ။ ဘာေၾကာင့္လဲဆိုရင္ တရုတ္ျပည္မွာလူကုန္ကူးခံရတဲ႔ အမ်ိဳးသမီးေတြက သူတို႔ဖာသာျပန္လာျပီး ျပည္တြင္းလိင္လုပ္ငန္းေတြမွာျပန္လုပ္ေနတာေၾကာင့္ပါ။ ဒါကသူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ ဒဏ္ရာေတြနဲ႔လည္း ပတ္သတ္ေနပါတယ္။ ျမန္မာႏုိင္ငံကတရုတ္ႏုိင္ငံနဲ႔ အိမ္နီးခ်င္းကပ္ေနတာျဖစ္ျပီး နယ္စပ္မွာ လက္နက္ကိုင္ပဋိပကၡေတြျဖစ္ေနတာေၾကာင့္လည္း လူကုန္ကူးတာေတြကုိအကာအကြယ္ေပးေနတဲ႔ အေျခအေနျဖစ္ေန။ အစိုးရက ဒါကိုဘာေၾကာင့္ ေျဖရွင္းသင့္လဲဆိုတာ ေနာက္ျဖစ္လာမယ့္ ဆိုးရြားတဲ႔ကိစၥေတြအတြက္ျပင္ဆင္ႏုိင္ဖို ႔ပါ”

အေမရိကန္အေျခစိုက္ ဂၽြန္ေဟာ့ပ္ကင္း တကၠသိုလ္က ေလ့လာျပဳစုခ်က္ေတြကို တင္ျပတဲ့ ေဆြးေႏြးပြဲမွာေတာ့ ျပီးခဲ့တဲ့ ၂၀၁၃ ကေန ၂၀၁၇ အထိ တရုတ္ကေန ျပည္တြင္း ျပန္လာတဲ႔ အမ်ိဳးသမီး ၁၀၆,၀၀၀ ရွိတဲ့အေၾကာင္း ဒီတကၠသိုလ္က ေဒါက္တာ ေကာ႔လန္ေရာ္ဘင္ဆင္က ေျပာပါတယ္။

အဲဒီအထဲက အမ်ိဳးသမီး ၇၈၀၀ ဟာ တရုတ္အမ်ိဳးသားေတြနဲ႔လက္ထပ္ခဲ႔ျပီး ၅၀၀၀ ေလာက္က အတင္းအက်ပ္ လက္ထပ္ခဲ႔ရတာျဖစ္ပါတယ္။ ၂၈၀၀ ေလာက္က ကေလးေမြးေပးဖို႔အတြက္ အတင္းအက်ပ္ေစခိုင္းခံခဲ႔ရတာလို႔ဆိုပါတယ္။

တခ်ိဳ႕အမ်ိဳးသားေတြက ကေလးရရံုေလာက္ပဲ လက္ထပ္တာျဖစ္ျပီး တခ်ိဳ႕ကေတာ႔ အတူေနဖို႔လက္ထပ္လိုတာပါ။ လူကုန္ကူးခံရသူေတြရဲ႕ ေတြ႔ၾကံဳခံစားမႈေတြ၊ သြင္ျပင္လကၡဏာေတြကို ေလ႔လာျပီးေကာက္ယူထားတဲ႔ေတြ႔ရွိခ်က္ (Qualitative and Quantitative findings) အရဆိုရင္ ေငြေၾကးမျပည့္စံုတဲ႔အေျခအေနေတြက ၾကိဳတင္စီစဥ္လက္ထပ္ေပးစားတဲ႔ ကိစၥေတြကို ျဖစ္ေစနိုင္ေၾကာင္း ဂၽြန္ေဟာ႔ကင္းတကၠသိုလ္ ကေဒါက္တာ ေကာ႔လန္ေရာ္ဘင္ဆင္ ကေျပာပါတယ္။

ျမန္မာႏိုင္ငံအတြင္း ဆင္းရဲႏြမ္းပါးမႈနဲ႔ အလုပ္အကိုင္ရွားပါးမႈေတြေၾကာင့္ အိမ္နီးခ်င္းႏုိင္ငံေတြမွာ သြားေရာက္ လုပ္ကိုင္ၾကဖို႔ ၾကိဳးစားၾကသူေတြ၊ အထူးသျဖင့္ အမ်ိဳးသမီးေတြဟာ လူကုန္ကူးမႈရဲ႕သားေကာင္ေတြ ျဖစ္ၾကရေလ့ရွိတာပါ။ အခုေနာက္ပိုင္းမွာဆိုရင္ အိမ္နီးခ်င္း တရုတ္ႏုိင္ငံကို ေရာင္းစားခံရတဲ့ အမ်ိဳးသမီးေတြ ပိုမိုမ်ားျပားလာေနတာပါ။ လူကုန္ကူးမႈတိုးလာရတဲ႔ အေၾကာင္းအရင္းေတြထဲမွာေတာ့ ျမန္မာႏုိင္ငံတြင္း လက္နက္ကိုင္ ပဋိပကၡေတြ၊ ေျမသိမ္းသိမ္ဆည္းမႈ၊ အတင္းအဓမၼဖယ္ရွားခံရမႈ၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္တာေတြနဲ႔ အလုပ္အကိုင္ အခြင့္အလမ္း ရွားပါးမႈေတြေၾကာင့္ အခုလို တရုတ္ျပည္ကိုသြားၾကတဲ့ ျမန္မာ ေရႊ႕ေျပာင္းလုပ္သား တိုးလာေနတာျဖစ္တယ္လုိ႔ ဒီကေန႔ေဆြးေႏြးပြဲမွာ အဓိက ေထာက္ျပခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:VOA

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာအမျိုးသမီးအများစုဟာ တရုတ်အမျိုးသားတွေနဲ့ အတင်းအကျပ်လက်ထပ်ဖို့ လူကုန်ကူးခံနေရကြောင်းနဲ့ ဒီလိုဖြစ်ရတာ လက်နက်ကိုင်တိုက်ပွဲတွေ အပါအဝင် ငွေကြေးမပြည့်စုံတဲ့အခြေအနေတွေကြောင့် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ တကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ မြန်မာပြည်ဌာနေ ညွှန်ကြားရေးမှူးက ပြောလိုက်ပါတယ်။

ပြည်ပကို လူကုန်ကူခံရတဲ့ မြန်မာအမျိုးသမီးအများစုဟာ တရုတ်ပြည်ကို လူကုန်ကူးခံရတာဖြစ်ပြီး ၇၀ရာခိုင်နှုန်းကျော်က တရုတ်အမျိုးသားတွေနဲ့ အလိုမတူဘဲ လက်ထပ်နေရတာဖြစ်တယ်လို့ ဒီကနေ့ အမေရိကန်စင်တာမှာလုပ်တဲ့ လူကုန်ကူးမှု အခြေအနေဆိုင်ရာ လေ့လာတွေ့ရှိချက်သစ်မှာ ဖော်ပြထားပါတယ်။ ဒါဟာ အခုနောက်ပိုင်းမှာ ပိုဆိုးရွားတဲ့အခြေအနေဖြစ်လာတယ်လို့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီရဲ့ မြန်မာပြည်ဌာနေ ညွှန်ကြားရေးမှူး ထရီဆာမက်ဂီက ပြောလိုက်ပါတယ်။

“၂၀၁၇မှာ လူကုန်ကူးမှုရဲ့ ၇၂% လောက်က တရုတ်ပြည်ကိုပါ။ မြန်မာပြည်တွင်းလူကုန်ကူးမှုကိစ္စတွေကလည်း ရာခိုင်နှုန်း မြင့်လာတာပါ။ ဘာကြောင့်လဲဆိုရင် တရုတ်ပြည်မှာလူကုန်ကူးခံရတဲ့ အမျိုးသမီးတွေက သူတို့ဖာသာပြန်လာပြီး ပြည်တွင်းလိင်လုပ်ငန်းတွေမှာပြန်လုပ်နေတာကြောင့်ပါ။ ဒါကသူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့လည်း ပတ်သတ်နေပါတယ်။ မြန်မာနိုင်ငံကတရုတ်နိုင်ငံနဲ့ အိမ်နီးချင်းကပ်နေတာဖြစ်ပြီး နယ်စပ်မှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတာကြောင့်လည်း လူကုန်ကူးတာတွေကိုအကာအကွယ်ပေးနေတဲ့ အခြေအနေဖြစ်နေ။ အစိုးရက ဒါကိုဘာကြောင့် ဖြေရှင်းသင့်လဲဆိုတာ နောက်ဖြစ်လာမယ့် ဆိုးရွားတဲ့ကိစ္စတွေအတွက်ပြင်ဆင်နိုင်ဖို့ပါ”

အမေရိကန်အခြေစိုက် ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က လေ့လာပြုစုချက်တွေကို တင်ပြတဲ့ ဆွေးနွေးပွဲမှာတော့ ပြီးခဲ့တဲ့ ၂၀၁၃ ကနေ ၂၀၁၇ အထိ တရုတ်ကနေ ပြည်တွင်း ပြန်လာတဲ့ အမျိုးသမီး ၁၀၆,၀၀၀ ရှိတဲ့အကြောင်း ဒီတက္ကသိုလ်က ဒေါက်တာ ကော့လန်ရော်ဘင်ဆင်က ပြောပါတယ်။

အဲဒီအထဲက အမျိုးသမီး ၇၈၀၀ ဟာ တရုတ်အမျိုးသားတွေနဲ့လက်ထပ်ခဲ့ပြီး ၅၀၀၀ လောက်က အတင်းအကျပ် လက်ထပ်ခဲ့ရတာဖြစ်ပါတယ်။ ၂၈၀၀ လောက်က ကလေးမွေးပေးဖို့အတွက် အတင်းအကျပ်စေခိုင်းခံခဲ့ရတာလို့ဆိုပါတယ်။

တချို့အမျိုးသားတွေက ကလေးရရုံလောက်ပဲ လက်ထပ်တာဖြစ်ပြီး တချို့ကတော့ အတူနေဖို့လက်ထပ်လိုတာပါ။ လူကုန်ကူးခံရသူတွေရဲ့ တွေ့ကြုံခံစားမှုတွေ၊ သွင်ပြင်လက္ခဏာတွေကို လေ့လာပြီးကောက်ယူထားတဲ့တွေ့ရှိချက် (Qualitative and Quantitative findings) အရဆိုရင် ငွေကြေးမပြည့်စုံတဲ့အခြေအနေတွေက ကြိုတင်စီစဉ်လက်ထပ်ပေးစားတဲ့ ကိစ္စတွေကို ဖြစ်စေနိုင်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် ကဒေါက်တာ ကော့လန်ရော်ဘင်ဆင် ကပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက် လုပ်ကိုင်ကြဖို့ ကြိုးစားကြသူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေဟာ လူကုန်ကူးမှုရဲ့သားကောင်တွေ ဖြစ်ကြရလေ့ရှိတာပါ။ အခုနောက်ပိုင်းမှာဆိုရင် အိမ်နီးချင်း တရုတ်နိုင်ငံကို ရောင်းစားခံရတဲ့ အမျိုးသမီးတွေ ပိုမိုများပြားလာနေတာပါ။ လူကုန်ကူးမှုတိုးလာရတဲ့ အကြောင်းအရင်းတွေထဲမှာတော့ မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေ၊ မြေသိမ်းသိမ်ဆည်းမှု၊ အတင်းအဓမ္မဖယ်ရှားခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတွေကြောင့် အခုလို တရုတ်ပြည်ကိုသွားကြတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား တိုးလာနေတာဖြစ်တယ်လို့ ဒီကနေ့ဆွေးနွေးပွဲမှာ အဓိက ထောက်ပြခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:VOA
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top