ရန်ကင်းရှိ ဇူလိုင်လတွင်အခန်းအပ်မည့် Skysuites ကွန်ဒိုအရောင်းပြပွဲ
×


ရုန်းထွက်လိုက်ပါ



ဝမ်းမနည်းပါနဲ့ မျှတမှုကိုမခံစားချင်တဲ့သူတို့အတွက် ငဲ့ညှာထောက်ထားမှုတွေကင်းမဲ့ဖို့ လိပ်ပြာလုံလုံနဲ့သာကျင့်သုံးလိုက်ပါ”


Credit:mmcelesmedia
# Unicode Version # ဖြင့် ဖတ်ပါ #


ရုန်းထွက်လိုက်ပါ
လူတစ်ချို့မင်းဘယ်လောက်ကောင်းပြကောင်းပြ အသိအမှတ်မပြုဘူးလား???
ဘာမှတွေဝေမနေနဲ့တော့….. မင်းရဲ့ဂုဏ်အရည်အချင်းကိုသူတို့မှနားမလည်တာ ပေးဆပ်ရတာမတန်ဘူး ခပ်ကင်းကင်းသာသာနေလိုက်ပါ”

စေတနာပါပါနဲ့ သဘောကောင်းပြတာကို ပေါကြောင်ကြောင်နိုင်တယ်လို့ ထင်ကြေးပေးနေကြပြီလား ???
စိတ်ညစ်မနေပါနဲ့”….. မင်းရဲ့ရိုးသားမှုကိုမြင်အောင်မကြည့်တတ်တဲ့သူတို့အတွက် အသုံးဝင်မှာမဟုတ်လို့ မင်းရဲ့အတိုင်းထက်လွန် အပြုအမူတွေကိုသာ ရုတ်သိမ်းလိုက်ပါ”
မင်းချစ်ပြသလောက်သူ့ဘက်က တန်ဖိုးမထားဘူးလား???

သိပ်လဲချစ်မနေနဲ့တော့ ……သူမင်းကို တကယ်မြတ်နိုးနေတာမဟုတ်လို့ မင်းရဲ့ကြီးမြတ် တဲ့ချစ်ခြင်းတရားကိုအသိအမှတ်ပေးမှာမဟုတ်သည့်အတွက် အချစ်တွေရပ်တန့်နိုင်အောင် သာ ကြိုးစားလိုက်ပါ”

မျှတွေးပေးတာကို ခပ်တုံးတုံးလို့အပြောခံနေရပြီလား???
ဝမ်းမနည်းပါနဲ့ မျှတမှုကိုမခံစားချင်တဲ့သူတို့အတွက် ငဲ့ညာှထောက်ထားမှုတွေကင်းမဲ့ဖို့ လိပ်ပြာလုံလုံနဲ့သာကျင့်သုံးလိုက်ပါ”

မယူချင်သူတွေကိုမလိုအပ်သူတွေကို မင်းတပ်မက်မနေပါနဲ့တော့ အလကားပဲလို့တွေးနေ တဲ့သူတို့ရဲ့ခံယူချက်အောက်မှာ ကြေမွရမယ့်အတူတူ တန်ဖိုးရှိလှတဲ့အချိန်တွေကုန်ဆုံးမ သွားအောင် သူ့တို့ဆီကရုန်းထွက်ခဲ့လိုက်ပါတော့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top