20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

တ႐ုတ္ႏုိင္ငံတြင္ လူ ကုန္ကူးခံရေသာ ျမန္မာအမ်ိဳး သမီးတစ္ဦး ႏွိပ္စက္႐ိုက္ႏွက္ခံ ေနရသည့္ ႐ုပ္သံဖိုင္ကို လူကုန္ကူး မႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ က ထုတ္ေဖာ္ျပသကာ တ႐ုတ္ ႏုိင္ငံသို႔ သြားေရာက္အလုပ္လုပ္ ကိုင္လိုသူမ်ားအား သတိေပး သည္။

အသက္(၁၅)ႏွစ္ခန္႔သာ ရွိ မည့္ ျမန္မာအမ်ိဳးသမီးတစ္ဦးကို ႐ိုက္ႏွက္ေနသည့္ ဗီဒီယိုဖိုင္အား လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ၎တို႔၏လူမႈကြန္ ရက္စာမ်က္ႏွာတြင္ မတ္လ ၁၂ ရက္က တင္ခဲ့သည္။

၂ မိနစ္ ၅၆ စကၠန္႔သာရွိေသာ ယင္းဗီဒီယိုဖိုင္တြင္ ႐ိုက္ႏွက္ေန သူ အမ်ိဳးသမီးက ျမန္မာစကားကို ပီပီသသေျပာကာ ႐ိုက္ႏွက္ခံ မိန္း ကေလးကုိ  ဆဲဆိုေမးျမန္းေနၿပီး မ်က္ႏွာႏွင့္ ပါးကို အခ်က္ေပါင္း မ်ားစြာ ႐ိုက္ႏွက္ကာ ဆယ္ႀကိမ္ထက္မနည္း ဆံပင္မ်ား ေဆာင့္ဆြဲ ခဲ့သည္။
ျမန္မာအမ်ဳိးသမီးခ်င္း ႏွိပ္စက္ေနစဥ္

‘‘ျမန္မာေတြ ျဖစ္ေနတာ။ ျမင္မေကာင္းဘူး။ တ႐ုတ္ကို ေရာက္ရင္၊ လူကုန္ကူးခံရရင္ ဒီလို ေတြ ႏွိပ္စက္ခံရတယ္ဆိုတာ အ မ်ားျပည္သူသိဖို႔ လိုတယ္။ ဒါ ေၾကာင့္ ထုတ္ျပန္လိုက္တာ’’ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၊ ဒုတိယတပ္ဖြဲ႕မွဴး ရဲမွဴး ႀကီးသက္ေနာင္က ေျပာသည္။

တ႐ုတ္ရဲတပ္ဖြဲ႕ထံ ခ်ိတ္ ဆက္၍ အခင္းျဖစ္ရာေနရာကို စံုစမ္းေမးျမန္းရန္ ရဲတပ္ဖြဲ႕က ျပင္ ဆင္ေနသည္။

ယင္းဗီဒီယိုဖိုင္ကို တ႐ုတ္ ႏုိင္ငံေရာက္ ျမန္မာႏိုင္ငံသားတစ္ ဦးက ရဲတပ္ဖြဲ႕ထံသို႔ မတ္လ ၁၂ ရက္ နံနက္က ေပးပို႔ခဲ့ၿပီး အ႐ိုက္ခံေနရသူအား ဘာေၾကာင့္ အိမ္ကို မီး႐ိႈ႕လဲဟူေသာ ေမးခြန္းမ်ား ေမးကာ ႐ိုက္ႏွက္ေနျခင္းျဖစ္သည္။

ယင္းဗီဒီယိုဖိုင္ကို ၾကည့္႐ႈ သူတစ္ဦးက ‘‘အိမ္ကို မီးနဲ႔႐ိႈ႕ရ ေလာက္ေအာင္ ဘယ္ေလာက္ ထိ ႏွိပ္စက္ထားလဲမွ မသိတာ။ ကေလးမၾကည့္ရတာ ေတာ္ေတာ္ ႏွိပ္စက္ခံထားရမယ့္  ပံုပဲ’’ဟု မွတ္ ခ်က္ျပဳေရးထားသည္။

‘‘မိသားစုအဆင္မေျပလို႔ စြန္႔စားၿပီး အလုပ္သြားလုပ္တာ ေလ။ ခင္ဗ်ားတို႔က နည္းနည္းေလးမွ ကိုယ္ခ်င္းစာတရားမရွိတာပဲ’’ ဟု လူမႈကြန္ရက္သံုးစြဲသူတစ္ဦး က မွတ္ခ်က္ျပဳသည္။

ျမန္မာႏိုင္ငံအတြင္း လူကုန္ ကူးခံရမႈ၏ ၇၂ ရာခိုင္ႏႈန္းေက်ာ္ သည္ တ႐ုတ္ႏုိင္ငံသို႔ ဦးတည္ ေနၿပီး အမ်ားအျပားမွာ ဒုကၡမ်ိဳးစံုႀကံဳေတြ႕ေနေၾကာင္း လူကုန္ကူး မႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတိေပးထားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: 7daydaily
#Unicode Version#
တရုတ်နိုင်ငံတွင် လူ ကုန်ကူးခံရသော မြန်မာအမျိုး သမီးတစ်ဦး နှိပ်စက်ရိုက်နှက်ခံ နေရသည့် ရုပ်သံဖိုင်ကို လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က ထုတ်ဖော်ပြသကာ တရုတ် နိုင်ငံသို့ သွားရောက်အလုပ်လုပ် ကိုင်လိုသူများအား သတိပေး သည်။

အသက်(၁၅)နှစ်ခန့်သာ ရှိ မည့် မြန်မာအမျိုးသမီးတစ်ဦးကို ရိုက်နှက်နေသည့် ဗီဒီယိုဖိုင်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ၎င်းတို့၏လူမှုကွန် ရက်စာမျက်နှာတွင် မတ်လ ၁၂ ရက်က တင်ခဲ့သည်။

၂ မိနစ် ၅၆ စက္ကန့်သာရှိသော ယင်းဗီဒီယိုဖိုင်တွင် ရိုက်နှက်နေ သူ အမျိုးသမီးက မြန်မာစကားကို ပီပီသသပြောကာ ရိုက်နှက်ခံ မိန်း ကလေးကို  ဆဲဆိုမေးမြန်းနေပြီး မျက်နှာနှင့် ပါးကို အချက်ပေါင်း များစွာ ရိုက်နှက်ကာ ဆယ်ကြိမ်ထက်မနည်း ဆံပင်များ ဆောင့်ဆွဲ ခဲ့သည်။
မြန်မာအမျိုးသမီးချင်း နှိပ်စက်နေစဉ်

‘‘မြန်မာတွေ ဖြစ်နေတာ။ မြင်မကောင်းဘူး။ တရုတ်ကို ရောက်ရင်၊ လူကုန်ကူးခံရရင် ဒီလို တွေ နှိပ်စက်ခံရတယ်ဆိုတာ အ များပြည်သူသိဖို့ လိုတယ်။ ဒါ ကြောင့် ထုတ်ပြန်လိုက်တာ’’ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး ရဲမှူး ကြီးသက်နောင်က ပြောသည်။

တရုတ်ရဲတပ်ဖွဲ့ထံ ချိတ် ဆက်၍ အခင်းဖြစ်ရာနေရာကို စုံစမ်းမေးမြန်းရန် ရဲတပ်ဖွဲ့က ပြင် ဆင်နေသည်။

ယင်းဗီဒီယိုဖိုင်ကို တရုတ် နိုင်ငံရောက် မြန်မာနိုင်ငံသားတစ် ဦးက ရဲတပ်ဖွဲ့ထံသို့ မတ်လ ၁၂ ရက် နံနက်က ပေးပို့ခဲ့ပြီး အရိုက်ခံနေရသူအား ဘာကြောင့် အိမ်ကို မီးရှို့လဲဟူသော မေးခွန်းများ မေးကာ ရိုက်နှက်နေခြင်းဖြစ်သည်။

ယင်းဗီဒီယိုဖိုင်ကို ကြည့်ရှု သူတစ်ဦးက ‘‘အိမ်ကို မီးနဲ့ရှို့ရ လောက်အောင် ဘယ်လောက် ထိ နှိပ်စက်ထားလဲမှ မသိတာ။ ကလေးမကြည့်ရတာ တော်တော် နှိပ်စက်ခံထားရမယ့်  ပုံပဲ’’ဟု မှတ် ချက်ပြုရေးထားသည်။

‘‘မိသားစုအဆင်မပြေလို့ စွန့်စားပြီး အလုပ်သွားလုပ်တာ လေ။ ခင်ဗျားတို့က နည်းနည်းလေးမှ ကိုယ်ချင်းစာတရားမရှိတာပဲ’’ ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦး က မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံအတွင်း လူကုန် ကူးခံရမှု၏ ၇၂ ရာခိုင်နှုန်းကျော် သည် တရုတ်နိုင်ငံသို့ ဦးတည် နေပြီး အများအပြားမှာ ဒုက္ခမျိုးစုံကြုံတွေ့နေကြောင်း လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတိပေးထားသည်။


ဖိုးသူတော်(www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top