20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

အမ်ားျပည္သူေတြအတြက္ ေျပးဆြဲေနတဲ့ ခရီးသြားယာဥ္ေတြဆိုတာဟာ ကုိိယ္ပုိင္ယာဥ္ေတြမဟုတ္တဲ့အတြက္ ကုိယ့္အတြက္ခ်ည္းပဲကိုယ္ၾကည့္လို႕မရပါဘူး။

ဥပမာ- ၂ ေယာက္ထုိင္ ထုိင္ခံမွာ တစ္ေယာက္တည္း ေပါင္ႀကီးဟၿပီးထုိင္ေနတာတို႕၊ ဘတ္စ္ကားေတြရဲ႕အေနာက္ဆံုးတန္းမွာ လွဲအိပ္ေနတာတို႕၊ ကိုယ့္ေဘးကထုိင္ခံကို ေနာက္မွတ္တုိင္မွ တက္လာတဲ့ ကိုယ့္မိတ္ေဆြအတြက္ ပစၥည္းတင္ထားၿပီး ေနရာဦးေပးတာတို႕အျပင္ ကားေခ်ာင္ေနေပါရက္နဲ႕ ဆင္းမယ့္မွတ္တုိင္ အေဝးႀကီးလိုေသးတာကို အေပါက္ဝကိုပိတ္ရပ္တာမ်ိဳးဆိုတာေတြဟာ သိပ္ကို ရိုင္းစိုင္းၿပီး ပညာမဲ့တဲ့ အျပဳအမူမ်ိဳးေတြပါ

တခ်ိဳ႕တေလကေတာ့ အေပၚကလိုမ်ိဳး လူတန္းစားေတြနဲ႕ၾကံဳလာခဲ့ရင္ ဧည့္ေထာက္ခံေျပာမေနခ်င္ေတာ့လို႕ဆိုၿပီး ေရွာင္ထြက္သြားတတ္ၾကေပမယ့္ သည္းမခံႏိုင္တဲ့လူမ်ိဳးနဲ႕ေတြ႕ရင္ေတာ့ သူတို႕ေတြနဲ႕ ထိပ္တိုက္ေတြ႕တတ္ၾကပါတယ္။ ဒီလိုထိပ္တိုက္ေတြ႕ခဲ့တဲ့ နယူးေယာက္ေျမေအာက္ရထားေပၚကအေၾကာင္းေလးကို ေဖာ္ျပေပးခ်င္ပါတယ္။

နယူးေယာက္ရဲ႕ေျမေအာက္ရထားတစ္စင္းေပၚမွာ ခ်ာတိတ္ေလးတစ္ေယာက္က ပံုထဲကအတုိင္း ေနရာလြတ္ရွိတာကို ဖယ္မေပးဘဲ သူ႕အေမလို႕ထင္ရတဲ့အမ်ိဳးသမီးအေပၚေခါင္းအံုးၿပီး ေျခေထာက္ဆင္းကာ ဂိမ္းေဆာင့္ရင္းလိုက္လာခဲ့ပါတယ္။

ေကာင္ေလးရဲ႕ေျခေထာက္ကို ဖယ္ခိုင္းၿပီး ပံုမွန္အတုိင္းထုိင္ဖို႕ေျပာေပမယ့္ ေျပာမရလို႕ မထိုင္ဘဲ အေနာက္ကိုဆက္ေလွ်ာက္သြားသူ ၃ ေယာက္ရွိေနပါၿပီ။ အေမလို႕ထင္ရတဲ့ အမ်ိဳးသမီးမွာလည္း လံုးဝကိုဝင္မေျပာခဲ့ပါဘူး။

ဘူတာတစ္ခုေရာက္ေတာ့ မ်က္မွန္တပ္ၿပီး မာဖလာပတ္ထားတဲ့ အမ်ိဳးသားတစ္ေယာက္ ရထားတြဲေပၚကိုတက္လာကာ ထုိင္ဖို႕အတြက္ ေကာင္ေလးရဲ႕ေျခေထာက္ကို ဖယ္ခိုင္းပါတယ္။ နည္းနည္းၾကာေအာင္ ေျဖာင္းျဖေျပာဆိုခဲ့ေပမယ့္ ေဘးမွအမ်ိဳးသမီးကပါ အခ်ိဳးမေျပဂ်စ္ကန္ကန္နဲ႕ ျပန္လည္တုန္႕ျပန္ခဲ့တဲ့အတြက္ အမ်ိဳးသားဟာ “မင္းဒီေန႕ေတာ့ ဒီလိုလုပ္လို႕မရဘူး”လုိ႕ တစ္ခြန္းတည္းေျပာကာ ေကာင္ေလးရဲ႕ေျခေထာကေပၚကို ခပ္တည္တည္နဲ႕တက္ထုိင္ခဲ့ပါတယ္။

ခဏအၾကာမွာေတာ့ အမ်ိဳးသားတက္ထုိင္ခံေနရတဲ့ သူ႕ရဲ႕ေျခေထာက္ကို ေျဖးေျဖးခ်င္းမကာ သာမန္လူေတြထုိင္သလိုပဲဲ ေျပာင္းထုိင္ခဲ့ရပါတယ္။

တကယ္ေတာ့ ကေလးပဲျဖစ္ျဖစ္ လူႀကီးပဲျဖစ္ျဖစ္ စည္းကမ္းမဲ့စြာ ယဥ္ေက်းမႈမရွိဘဲ ျပဳမူေနထုိင္ျခင္းကို လူ႕ပတ္ဝန္းက်င္ကလက္မခံဘဲ ရႈတ္ခ်ဖို႕လိုအပ္ပါတယ္။ ဒီအမ်ိဳးသားလုပ္သြားတဲ့အျပဳအမူဟာ ကေလးျဖစ္ေနရက္ အေလွ်ာ႕ေပးရမယ့္အစား လူတုိင္းကို စိတ္တိုင္းက် အႏိုင္ယူလို႕မရေၾကာင္း သသင္ခန္းစားပါးပါးေလးေပးၿပီး ရွိန္သြားေအာင္ လုပ္လိုက္ျခင္းပါ။

ဒီအျဖစ္အပ်က္ဟာ ၂၀၁၈ ခုႏွစ္တုန္းက နယူးေယာက္ေျမေအာက္ရထားေပၚမွာ တကယ္ျဖစ္ပ်က္ခဲ့တာျဖစ္ၿပိး Isabel ဆိုသူ အမ်ိဳးသမီးမွ ဓာတ္ပံုရိုက္မွတ္တမ္းတင္ကာ သူမရဲ႕ Twitter မွာ ျပန္လည္မွ်ေဝခဲ့တာပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thutastar
#Unicode Version#
 အများပြည်သူတွေအတွက် ပြေးဆွဲနေတဲ့ ခရီးသွားယာဉ်တွေဆိုတာဟာ ကိုယ်ပိုင်ယာဉ်တွေမဟုတ်တဲ့အတွက် ကိုယ့်အတွက်ချည်းပဲကိုယ်ကြည့်လို့မရပါဘူး။

ဥပမာ- ၂ ယောက်ထိုင် ထိုင်ခံမှာ တစ်ယောက်တည်း ပေါင်ကြီးဟပြီးထိုင်နေတာတို့၊ ဘတ်စ်ကားတွေရဲ့အနောက်ဆုံးတန်းမှာ လှဲအိပ်နေတာတို့၊ ကိုယ့်ဘေးကထိုင်ခံကို နောက်မှတ်တိုင်မှ တက်လာတဲ့ ကိုယ့်မိတ်ဆွေအတွက် ပစ္စည်းတင်ထားပြီး နေရာဦးပေးတာတို့အပြင် ကားချောင်နေပေါရက်နဲ့ ဆင်းမယ့်မှတ်တိုင် အဝေးကြီးလိုသေးတာကို အပေါက်ဝကိုပိတ်ရပ်တာမျိုးဆိုတာတွေဟာ သိပ်ကို ရိုင်းစိုင်းပြီး ပညာမဲ့တဲ့ အပြုအမူမျိုးတွေပါ

တချို့တလေကတော့ အပေါ်ကလိုမျိုး လူတန်းစားတွေနဲ့ကြုံလာခဲ့ရင် ဧည့်ထောက်ခံပြောမနေချင်တော့လို့ဆိုပြီး ရှောင်ထွက်သွားတတ်ကြပေမယ့် သည်းမခံနိုင်တဲ့လူမျိုးနဲ့တွေ့ရင်တော့ သူတို့တွေနဲ့ ထိပ်တိုက်တွေ့တတ်ကြပါတယ်။ ဒီလိုထိပ်တိုက်တွေ့ခဲ့တဲ့ နယူးယောက်မြေအောက်ရထားပေါ်ကအကြောင်းလေးကို ဖော်ပြပေးချင်ပါတယ်။

နယူးယောက်ရဲ့မြေအောက်ရထားတစ်စင်းပေါ်မှာ ချာတိတ်လေးတစ်ယောက်က ပုံထဲကအတိုင်း နေရာလွတ်ရှိတာကို ဖယ်မပေးဘဲ သူ့အမေလို့ထင်ရတဲ့အမျိုးသမီးအပေါ်ခေါင်းအုံးပြီး ခြေထောက်ဆင်းကာ ဂိမ်းဆောင့်ရင်းလိုက်လာခဲ့ပါတယ်။

ကောင်လေးရဲ့ခြေထောက်ကို ဖယ်ခိုင်းပြီး ပုံမှန်အတိုင်းထိုင်ဖို့ပြောပေမယ့် ပြောမရလို့ မထိုင်ဘဲ အနောက်ကိုဆက်လျှောက်သွားသူ ၃ ယောက်ရှိနေပါပြီ။ အမေလို့ထင်ရတဲ့ အမျိုးသမီးမှာလည်း လုံးဝကိုဝင်မပြောခဲ့ပါဘူး။

ဘူတာတစ်ခုရောက်တော့ မျက်မှန်တပ်ပြီး မာဖလာပတ်ထားတဲ့ အမျိုးသားတစ်ယောက် ရထားတွဲပေါ်ကိုတက်လာကာ ထိုင်ဖို့အတွက် ကောင်လေးရဲ့ခြေထောက်ကို ဖယ်ခိုင်းပါတယ်။ နည်းနည်းကြာအောင် ဖြောင်းဖြပြောဆိုခဲ့ပေမယ့် ဘေးမှအမျိုးသမီးကပါ အချိုးမပြေဂျစ်ကန်ကန်နဲ့ ပြန်လည်တုန့်ပြန်ခဲ့တဲ့အတွက် အမျိုးသားဟာ “မင်းဒီနေ့တော့ ဒီလိုလုပ်လို့မရဘူး”လို့ တစ်ခွန်းတည်းပြောကာ ကောင်လေးရဲ့ခြေထောကပေါ်ကို ခပ်တည်တည်နဲ့တက်ထိုင်ခဲ့ပါတယ်။


ခဏအကြာမှာတော့ အမျိုးသားတက်ထိုင်ခံနေရတဲ့ သူ့ရဲ့ခြေထောက်ကို ဖြေးဖြေးချင်းမကာ သာမန်လူတွေထိုင်သလိုပဲ ပြောင်းထိုင်ခဲ့ရပါတယ်။

တကယ်တော့ ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် စည်းကမ်းမဲ့စွာ ယဉ်ကျေးမှုမရှိဘဲ ပြုမူနေထိုင်ခြင်းကို လူ့ပတ်ဝန်းကျင်ကလက်မခံဘဲ ရှုတ်ချဖို့လိုအပ်ပါတယ်။ ဒီအမျိုးသားလုပ်သွားတဲ့အပြုအမူဟာ ကလေးဖြစ်နေရက် အလျှော့ပေးရမယ့်အစား လူတိုင်းကို စိတ်တိုင်းကျ အနိုင်ယူလို့မရကြောင်း သသင်ခန်းစားပါးပါးလေးပေးပြီး ရှိန်သွားအောင် လုပ်လိုက်ခြင်းပါ။

ဒီအဖြစ်အပျက်ဟာ ၂၀၁၈ ခုနှစ်တုန်းက နယူးယောက်မြေအောက်ရထားပေါ်မှာ တကယ်ဖြစ်ပျက်ခဲ့တာဖြစ်ပြိး Isabel ဆိုသူ အမျိုးသမီးမှ ဓာတ်ပုံရိုက်မှတ်တမ်းတင်ကာ သူမရဲ့ Twitter မှာ ပြန်လည်မျှဝေခဲ့တာပါ။


ဖိုးသူတော်(www.phothutaw.com)
Credit:Thutastar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top