






Credit:nanmalgyi

#Unicode Version# ဖြင့်ဖတ်ပါ ။

ဝေဠုကျော် ဂျင်းထည့်သွားတဲ့ အကြောင်း ပြောပြတဲ့ သင်းသင်း…

ပြည်သူ့ အချစ်တော် ပရဟိတမင်းသားကြီး ဝေဠုကျော်ကို အလှမယ် သင်းသင်း က ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇) ဖြင့် တရားစွဲဆို တိုင်ကြားထားသည့် အမှုကို မတ်လ (၈) ရက်နေ့က ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် (၅) ကြိမ်မြောက် ရုံးချိန်း၌ အသံဖိုင်တွေကို သက်သေအဖြစ် တင်သွင်းခဲ့တဲ့အကြောင်း ရယ် အခုလိုဖြစ်ပျက်ခဲ့တာအတွက် သူမ ဘယ်လို သင်ခန်းစာတွေရလဲဆိုတာကို ပြောပြသွားခဲ့ပါတယ်

“ဒီနေ့ ရုံးချိန်းမှာတော့ သူနဲ့ကိုယ် ပြောတဲ့အကြောင်းအရာတွေကို recordလုပ်ထားတဲ့ အသံဖိုင် ငါးခုဖွင့်ပြခဲ့တယ် အစ်မဖုန်းက auto recordလုပ်ထားတယ် အခု သူနဲ့ recordမရှိဘူးဆိုရင် အစ်မဘယ်လိုရှေ့ဆက် သွားမလဲ သူ့အနေထားနဲ့ အစ်မအနေထားက အဆင်မပြေဘူး အဲ့ဒါလေးလည်းပါပါတယ် ကျန်တဲ့အပိုင်းတော့ မရှိပါဘူး”လို့ recordလုပ်ထားရတဲ့အကြောင်းကို ရှင်းပြသွားပါတယ်

မိန်းကလေးတစ်ယောက်အနေနဲ့ ချစ်တုန်းကြိုက်တုန်းက ပြောခဲ့ဖူးတာကို ပြန်နားထောင်ရတဲ့ အပေါ်မှာ သူမအနေနဲ့ “အဲ့အပေါ်မှာ သူက ဂျင်းထည့်သွားတာဖြစ်တဲ့အတွက် ဘယ်လိုမှ မခံစားရပါဘူး ဂျင်းထည့်ခံလိုက်ရမှန်း သိတဲ့အချိန်မှာ အရမ်းကို နောက်ကျသွားပြီ အစ်မတို့ မိန်းမသားတွေ အများစုက သနားတတ်တယ်လေ သူတို့ဘက်က ယုံနိုင်လောက်တဲ့ အတိုင်းတာဖြစ်အောင် ပြောခဲ့လို့ ခံခဲ့ရတဲ့အတွက်တော့ စိတ်ထဲမှာ တစ်မျိုးတော့ဖြစ်ပါတယ် ကိုယ့်လို ဂျင်းထည့်မခံရအောင် တစ်ချို့ချို့တွေပေါ့နော် အစ်မဘဝမှာ ကြုံရတာနဲ့ ပတ်သက်ပြီး ကိုယ်ချစ်တဲ့ ယောက်ျားတစ်ယောက်ကပြောရင်တောင်မှ ချီးကျွေးရင်တောင် စားမယ့် မိန်းမမျိုးတွေလေ အဲ့လိုထင်တယ် အစ်မကတော့ အရမ်းကိုကြောက်နေပြီ သူတို့ ငိုပြီးတော့ ပြောတိုင်းလည်း ကိုယ်က သနားခဲ့ အဟုတ်ထင်ခဲ့တာပေါ့ ယောက်ျားတစ်ယောက်မျက်ရည်ကျတာ ဘာကြောင့်လဲပေါ့ အခုလို ဟန်ဆောင်သွားပြီး အယုံသွင်းသွားတဲ့ ပုံစံမျိုးပဲ မြင်ပါတယ် တစ်ချို့ယောက်ျားတွေထဲမှာလည်း ယောက်ျားကောင်း ယောက်ျားမြတ်တွေရှိတယ် လူတိုင်းတော့ မဆိုလိုပါဘူး တော်တော်ချင့်ချိန်ချေင်တယ် ကိုယ်ကတော့ တော်တော်လေးကြောက်သွားပါပြီ”လို့ သူမရဲ့ ခံစားချက်ကို ဖွင့်ပြောပြခဲ့ပါတယ်

“ယောက်ျားတစ်ယောက်မျက်ရည်ကျတာက ဂျင်းထည့်ဖို့ ဆိုတာက အစ်မတို့ မိန်းမသားတွေအတွက် မျက်ရည်ကျတယ်ဆိုတာက တကယ်စိတ်ခံစားချက်ရှိမှာလေ ကိုယ့်စိတ်နဲ့ နှိုင်းလိုက်မိတာပေါ့ သူတို့ မျက်ရည်က မိန်းမတစ်ယောက်ကို အယုံသွင်းလိုက်တာပါပဲ ကိုယ်တိုင် လိမ်ခံခဲ့ရတဲ့သူဆိုတော့ ပြန်ပြန်တွေးတိုင်းလည်း အရမ်းကို ကြောက်ရပါတယ် ဟာခနဲ ဟင်ခနဲထိတောင်ဖြစ်တယ် အဲ့လောက်ထိခံစားရတယ် ဘာလို့လဲဆိုတော့ စကားတွေက လုံးဝကို အဓိပ္ပါယ်မရှိဘူး တကယ်ကို ဂျင်းထည့်ခံလိုက်ရတာပါ”လို့ အယုံလွယ်မိတဲ့အတွက် နောင်တရခဲ့တဲ့အကြောင်း ပြောပြသွားပါတယ်

ဝေဖန်ခံရမှုတွေ အပေါ်မှာတော့ သူမအနေနဲ့”ဒါက ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး တစ်ခါတစ်လေကျရင် အမှန်တရားတစ်ခုပေါ်လာဖို့ အချိန်တစ်ခုကို စောင့်ရပါတယ် အဲ့ဒါလေးပဲ ခံယူထားပါတယ် ဒါဘာလို့လဲဆိုတော့ သူများကိုလည်း အပြစ်မပြောပါဘူး ကာယကံရှင်လောက်တော့ ဘယ်သူမှ မသိနိုင်ဘူးလေ လူတစ်ယောက်မှာ စိတ်တစ်မျိုးစီရှိကြတော့ လောလောဆယ်တော့ ကိုယ်ထိခိုက် နစ်နာနေရတာလေ သူ့အနေနဲ့ မရည်ရွယ်ခဲ့ဘူးဆိုရင် ဘာလို့ ကိုယ့်ဆီကို ချဉ်းကပ်ခဲ့လဲ ဒါကတော့ သူ့စိတ်ပေါ့နော် ကိုယ်လည်း မသိဘူး အနေထားတစ်ခုမှာ ကိုယ်က စခဲ့တာမရှိပါဘူး အာ့ကို သူရော ကိုယ်ရော နှစ်ယောက်လုံးသိပါတယ်”လို့ ပြောပြသွားခဲ့ပါတယ်

“အခုဆို တော်တော်များများ messengerမှာ လာပြောကြပါတယ် တစ်ချို့ကလည်း ကိုယ့်ကို အားပေးတဲ့သူရှိသလို တစ်ချို့ကျတော့လည်း ဘယ်လိုရည်ရွယ်ချက်နဲ့လည်း မသိဘူး ပြောကြတာတွေရှိတယ် ဒါပေမယ့် အဲ့အပေါ်မှာလည်း ခံစားမှုမရှိပါဘူး အရင်တုန်းကလည်း ကိုယ်က အဲ့လို လူမဟုတ်ခဲ့တော့ ဒါတွေက ကိုယ်မကျေနပ်ရင် ကိုယ်အဆင်မပြေရင် blockလိုက်တယ် ခေါင်းထဲမှာ သိပ်ပြီး မထည့်ထားတော့ဘူး အမှန်တရားတစ်ခုကို အချိန်ကာလတစ်ခုစောင့်ရတာဖြစ်တယ်လို့ ခံယူထားတဲ့အတွက် တစ်နေ့တော့ ပေါ်ပေါက်လာမှာပါလို့” သူမရဲ့ အခုလက်ရှိ ရင်ဆိုင်နေရတဲ့ တရားစွဲဆိုမှုအပေါ် သူမရဲ့ ခံယူချက်ကိုပြောပြသွားပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top