ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

မ်က္ႏွာ၊ လက္ေတြ အားနည္းလာၿပီးေတာ့ စကားေျပာတဲ့အခါမွာ ခက္ခဲလာတာေတြက ေလျဖတ္ရင္ အျဖစ္မ်ားဆံုးေသာ လကၡဏာေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ ဒါေတြတင္လားဆိုေတာ့လည္း မဟုတ္ပါဘူး။ တျခားလကၡဏာေတြလည္း ရွိပါေသးတယ္။

●        ခႏၶာကိုယ္တစ္ျခမ္း (သို႔) ႏွစ္ျခမ္းလံုးမွာရွိတဲ့ မ်က္ႏွာ၊ လက္ေတြ၊ ေျခေထာက္ေတြ အားနည္းလာျခင္း၊ ထံုက်ဥ္လာျခင္း

●        စကားေျပာရ ခက္လာျခင္း၊ သူမ်ားေျပာတာကို နားလည္ဖို႔ခက္လာျခင္း

●        မူးေဝထိုင္းမႈိင္းျခင္း၊ ဟန္ခ်က္မထိန္းႏိုင္ျခင္း၊ ဘာအေၾကာင္းမွမရွိဘဲ ေခ်ာ္လဲက်ျခင္း

●        မ်က္လံုးတစ္ဖက္ (သို႔) ႏွစ္ဖက္စလံုးမွာ အျမင္အာ႐ံုဆံုးရံႈးျခင္း၊ အျမင္အာ႐ံု ရုတ္တရက္ ေဝဝါးလာျခင္း၊ အျမင္အာ႐ံု က်ဆင္းလာျခင္း

●        ေခါင္းကိုက္ျခင္း - ႐ုတ္တရက္ႀကီး ေခါင္းအရမ္း ထိုးကိုက္တတ္ပါတယ္။

●        အစာမ်ိဳခ်ရခက္ျခင္း

          အထက္ပါလကၡဏာေတြက တစ္မ်ိဳးတည္း (သို႔) ၂ မ်ိဳးသံုးမ်ိဳးေပါင္းၿပီးေတာ့ ျဖစ္တတ္ပါတယ္။ လကၡဏာေတြျပၿပီးေတာ့ ၂၄ နာရီအတြင္းမွာ ျပန္ေပ်ာက္သြားရင္ ေခတၱေလျဖန္းျခင္းလို႔ ေခၚပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီလကၡဏာေတြ ခံစားရၿပီဆိုရင္ေတာ့ နီးစပ္ရာ ေဆး႐ံု၊ ေဆးခန္းကို ခ်က္ခ်င္းသြားျပပါ။



>>    ေလျဖတ္ျခင္း ျဖစ္ႏိုင္ေခ်မ်ားေသာ အခ်က္မ်ား

          ေလျဖတ္ႏိုင္ေခ် မ်ားေစတဲ့အခ်က္ေတြကို (၃) မ်ိဳး ခြဲျခားႏုိင္ပါတယ္။



၁။     မိမိထိန္းခ်ဳပ္လို႔ မရႏိုင္တဲ့အခ်က္ေတြ

●        အသက္ - အသက္ႀကီးလာေလ ေလျဖတ္ႏိုင္ေခ် မ်ားေလပါ။

●        ေလျဖတ္တာက အမ်ိဳးသားေတြမွာ အျဖစ္မ်ားပါတယ္။

●        မ်ိဳး႐ိုးထဲမွာ ေလျဖတ္ဖူးတဲ့ ရာဇဝင္ရွိျခင္း



၂။     က်န္းမာေရးနဲ႔ဆိုင္ေသာ အခ်က္မ်ား

●        ၂၄ နာရီအတြင္း ျပန္ေပ်ာက္သြားတဲ့ ေခတၱေလျဖန္းဖူးျခင္း

●        ႏွလံုးခုန္ႏႈန္း ပံုမမွန္ျခင္း

●        ဆီးခ်ိဳေရာဂါ



၃။     မိမိထိန္းခ်ဳပ္လို႔ရတဲ့ ေနထိုင္စားေသာက္မႈပံုစံေတြ

●        ေသြးတိုးႏွင့္ ေလျဖတ္ျခင္း - ေသြးတိုးကေတာ့ ေလျဖတ္တာကို အမ်ားဆံုးျဖစ္ေစတဲ့အခ်က္ပါပဲ။ ေသြးတိုးတဲ့အခါမွာ ေသြးေၾကာေတြ ပ်က္စီးၿပီးေတာ့ ေနာက္ဆံုးမွာ ေလျဖတ္ေစႏိုင္ပါတယ္။

●        ေသြးတြင္း ကိုလက္စေရာဓာတ္ မ်ားျခင္း - ေသြးေၾကာေရာဂါ ျဖစ္ေစၿပီးေတာ့ ေလျဖတ္ေစႏိုင္ပါတယ္။

●        ေဆးလိပ္ေသာက္ျခင္း - ေဆးလိပ္ေသာက္တာကလည္း ေသြးတိုးေစၿပီး ေသြးထဲက ေအာက္ဆီဂ်င္ပမာဏကို ေလ်ာ့နည္းေစျခင္းအားျဖင့္ ေလျဖတ္ႏိုင္ေခ်ကို မ်ားေစပါတယ္။

●        အဝလြန္ျခင္း - ခႏၶာကိုယ္မွာ အဆီေတြ အရမ္းမ်ားလြန္းတဲ့အခါ ေသြးတိုးျခင္း၊ ေသြးတြင္းအဆီဓာတ္မ်ားျခင္းေတြ ျဖစ္ေစၿပီးေတာ့ ႏွလံုးေရာဂါနဲ႔ ဆီးခ်ိဳေရာဂါေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒီေတာ့ ကိုယ္အေလးခ်ိန္ကို ရွိသင့္တဲ့ပမာဏအတြင္းမွာ ရွိေအာင္ ထိန္းမထားႏိုင္ဘူးဆိုရင္ ဆရာဝန္ (သို႔) အာဟာရပညာရွင္နဲ႔ တိုင္ပင္ေဆြးေႏြးပါ။

●        က်န္းမာေရးနဲ႔ မညီညြတ္တဲ့ အစားအစာေတြစားျခင္း၊ ေလ့က်င့္ခန္း မလုပ္ျခင္း - လႈပ္ရွားမႈမရွိတာ အဝလြန္တာေတြေၾကာင့္ ေသြးတိုး၊ ေသြးတြင္းအဆီဓာတ္မ်ား၊ ဆီးခ်ိဳ၊ ႏွလံုးေရာဂါနဲ႔ ေလျဖတ္တာေတြကို ျဖစ္ေႏုိင္ေခ် မ်ားေစပါတယ္။ က်န္းမာေရးနဲ႔ ညီညြတ္ဖို႔အတြက္ တတ္ႏိုင္သမွ် လတ္ဆတ္တဲ့ အစားအစာေတြကို စားပါ။ အစာစားတာနဲ႔ ေလ့က်င့္ခန္းလုပ္တာ ညီေနဖို႔လည္း အေရးႀကီးပါတယ္။ ကိုယ္လက္လႈပ္ရွားမႈ အေတာ္အသင့္ရွိသူေတြက ေလျဖတ္ႏိုင္ေခ်နည္းပါတယ္။ ဒါေၾကာင့္ တစ္ေန႔ကို အတန္အသင့္ ကိုယ္လက္လႈပ္ရွားမႈ အနည္းဆံုး မိနစ္ ၃၀ ေလာက္ လုပ္ႏုိင္ေအာင္ ႀကိဳးစားပါ။

●        အရက္ အလြန္အကၽြံေသာက္ျခင္း - တစ္ေန႔ကို အရက္ ၆ ခြက္နဲ႔အထက္ ေသာက္သံုးျခင္းက ေလျဖတ္ႏို္င္ေခ်ကို မ်ားေစပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)
#Unicode Version#
မျက်နှာ၊ လက်တွေ အားနည်းလာပြီးတော့ စကားပြောတဲ့အခါမှာ ခက်ခဲလာတာတွေက လေဖြတ်ရင် အဖြစ်များဆုံးသော လက္ခဏာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေတင်လားဆိုတော့လည်း မဟုတ်ပါဘူး။ တခြားလက္ခဏာတွေလည်း ရှိပါသေးတယ်။

●        ခန္ဓာကိုယ်တစ်ခြမ်း (သို့) နှစ်ခြမ်းလုံးမှာရှိတဲ့ မျက်နှာ၊ လက်တွေ၊ ခြေထောက်တွေ အားနည်းလာခြင်း၊ ထုံကျဉ်လာခြင်း

●        စကားပြောရ ခက်လာခြင်း၊ သူများပြောတာကို နားလည်ဖို့ခက်လာခြင်း

●        မူးဝေထိုင်းမှိုင်းခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း၊ ဘာအကြောင်းမှမရှိဘဲ ချော်လဲကျခြင်း

●        မျက်လုံးတစ်ဖက် (သို့) နှစ်ဖက်စလုံးမှာ အမြင်အာရုံဆုံးရှုံးခြင်း၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးလာခြင်း၊ အမြင်အာရုံ ကျဆင်းလာခြင်း

●        ခေါင်းကိုက်ခြင်း - ရုတ်တရက်ကြီး ခေါင်းအရမ်း ထိုးကိုက်တတ်ပါတယ်။

●        အစာမျိုချရခက်ခြင်း

          အထက်ပါလက္ခဏာတွေက တစ်မျိုးတည်း (သို့) ၂ မျိုးသုံးမျိုးပေါင်းပြီးတော့ ဖြစ်တတ်ပါတယ်။ လက္ခဏာတွေပြပြီးတော့ ၂၄ နာရီအတွင်းမှာ ပြန်ပျောက်သွားရင် ခေတ္တလေဖြန်းခြင်းလို့ ခေါ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလက္ခဏာတွေ ခံစားရပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားပြပါ။



>>    လေဖြတ်ခြင်း ဖြစ်နိုင်ချေများသော အချက်များ

          လေဖြတ်နိုင်ချေ များစေတဲ့အချက်တွေကို (၃) မျိုး ခွဲခြားနိုင်ပါတယ်။



၁။     မိမိထိန်းချုပ်လို့ မရနိုင်တဲ့အချက်တွေ

●        အသက် - အသက်ကြီးလာလေ လေဖြတ်နိုင်ချေ များလေပါ။

●        လေဖြတ်တာက အမျိုးသားတွေမှာ အဖြစ်များပါတယ်။

●        မျိုးရိုးထဲမှာ လေဖြတ်ဖူးတဲ့ ရာဇဝင်ရှိခြင်း



၂။     ကျန်းမာရေးနဲ့ဆိုင်သော အချက်များ

●        ၂၄ နာရီအတွင်း ပြန်ပျောက်သွားတဲ့ ခေတ္တလေဖြန်းဖူးခြင်း

●        နှလုံးခုန်နှုန်း ပုံမမှန်ခြင်း

●        ဆီးချိုရောဂါ



၃။     မိမိထိန်းချုပ်လို့ရတဲ့ နေထိုင်စားသောက်မှုပုံစံတွေ

●        သွေးတိုးနှင့် လေဖြတ်ခြင်း - သွေးတိုးကတော့ လေဖြတ်တာကို အများဆုံးဖြစ်စေတဲ့အချက်ပါပဲ။ သွေးတိုးတဲ့အခါမှာ သွေးကြောတွေ ပျက်စီးပြီးတော့ နောက်ဆုံးမှာ လေဖြတ်စေနိုင်ပါတယ်။

●        သွေးတွင်း ကိုလက်စရောဓာတ် များခြင်း - သွေးကြောရောဂါ ဖြစ်စေပြီးတော့ လေဖြတ်စေနိုင်ပါတယ်။

●        ဆေးလိပ်သောက်ခြင်း - ဆေးလိပ်သောက်တာကလည်း သွေးတိုးစေပြီး သွေးထဲက အောက်ဆီဂျင်ပမာဏကို လျော့နည်းစေခြင်းအားဖြင့် လေဖြတ်နိုင်ချေကို များစေပါတယ်။

●        အဝလွန်ခြင်း - ခန္ဓာကိုယ်မှာ အဆီတွေ အရမ်းများလွန်းတဲ့အခါ သွေးတိုးခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်းတွေ ဖြစ်စေပြီးတော့ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ကိုယ်အလေးချိန်ကို ရှိသင့်တဲ့ပမာဏအတွင်းမှာ ရှိအောင် ထိန်းမထားနိုင်ဘူးဆိုရင် ဆရာဝန် (သို့) အာဟာရပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

●        ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေစားခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်း - လှုပ်ရှားမှုမရှိတာ အဝလွန်တာတွေကြောင့် သွေးတိုး၊ သွေးတွင်းအဆီဓာတ်များ၊ ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်တာတွေကို ဖြစ်နေိုင်ချေ များစေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ဖို့အတွက် တတ်နိုင်သမျှ လတ်ဆတ်တဲ့ အစားအစာတွေကို စားပါ။ အစာစားတာနဲ့ လေ့ကျင့်ခန်းလုပ်တာ ညီနေဖို့လည်း အရေးကြီးပါတယ်။ ကိုယ်လက်လှုပ်ရှားမှု အတော်အသင့်ရှိသူတွေက လေဖြတ်နိုင်ချေနည်းပါတယ်။ ဒါကြောင့် တစ်နေ့ကို အတန်အသင့် ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး မိနစ် ၃၀ လောက် လုပ်နိုင်အောင် ကြိုးစားပါ။

●        အရက် အလွန်အကျွံသောက်ခြင်း - တစ်နေ့ကို အရက် ၆ ခွက်နဲ့အထက် သောက်သုံးခြင်းက လေဖြတ်နိုင်ချေကို များစေပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top